မြန်မာ-အိန္ဒိယ-ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်း ဆက်အကောင်အထည်ဖော်ဖို့ အိန္ဒိယတရားရုံးချုပ် အမိန့်ချ



အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ဖို့အိန္ဒိယ တရားရုံးချုပ် က အင်္ဂါနေ့ က ခွင့်ပြုလိုက်ပါတယ်။ ဒီ စီမံကိန်းနဲ့ ပတ်သက်လို့ ချုပ်ဆိုတားတဲ့ စာချုပ် အပေါ် အစိုးရနဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုတို့ အငြင်းပွါးမှုကို မဏိပူရ တရားရုံးမှာ ကြားနာ စစ်ဆေးနေချိန်မှာ အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။


ဒီစီမံကိန်းက အရေးကြီးတဲ့ စီမံကိန်းဖြစ်လို့ ဆက်ပြီးအကောင်အထည်ဖော်သင့်တယ်လို့ တရားရုံးချုပ်က ရှု့မြင်ကြောင်း အိန္ဒိယ တရားရုံးချုပ် (CJI) တရားသူကြီးချုပ် Sharad Arvind Bobde ကပြောပါတယ်။ဒီအမှုကို ၂ ပတ် အတွင်း အမြန်ဆုံး အဆုံးသတ် ပေးဖို့ မဏိပူရ တရားရုံးကို တောင်းဆိုကြောင်းလည်း ပြောပါတယ်။


ရှေ့နေချုပ် KK Venugopal ကလည်း သူ့အနေနဲ့ မြန်မာနိုင်ငံက စာတစောင်လက်ခံရရှိကြောင်းနဲ့ စာထဲမှာ တရုတ်နိုင်ငံဘက်က စီမံကိန်းတွေကို အချိန်မီပြီးစီးအောင် အမြန်ဆုံး အကောင်အထည်ဖော်တည်ဆောက်ကြောင်းနဲ့ အိန္ဒိယဘက်က စီမံကိန်း အခြေ အနေကတော့ မရေမရာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း ဖော်ပြထားတယ်လို့ ပြောပါတယ်။ဒါကြောင့်အိန္ဒိယနိုင်ငံဘက်ကလည်း ဆောက်လုပ်ရေး စီမံကိန်းတွေကို စတင်ဖို့လိုတယ်လို့ ပြောပါတယ်။


အိန္ဒိယ အနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ရပ်နားထားတဲ့ တံတား တည်ဆောက်ရေးလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် ပြန် စတင်နိုင်ပြီလို့လည်း တရားရုံးချုပ်က ပြောပါတယ်။


ကီလိုမီတာ ၁၃၆၀ ရှည်လျားတဲ့ အိန္ဒိယ-မြန်မာ-ထိုင်းအဝေးပြေးလမ်းမကြီးက ၃ နိုင်ငံ ကူးလူးဆက်သွယ်နိုင်တဲ့ လမ်းမကြီးဖြစ်ပြီး ၇၅ မိုင် ရှည်တဲ့ ကလေးဝ-ယာကြီး လမ်းပိုင်း တည်ဆောက်ဖို့နဲ့ ၉၃ မိုင်ရှည်တဲ့ တမူး-ကျီကုန်း-ကလေးဝ(TKK) လမ်းပိုင်းမှာ ချဉ်းကပ်လမ်းနဲ့အတူ တံတား ၆၉ စင်းတည်ဆောက်ဖို့ အိန္ဒိယက တာဝန်ယူထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/india-myanmar-thai-highway-project-/5540231.html

မြန်မာ-အိန္ဒိယ-ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်း ဆက်အကောင်အထည်ဖော်ဖို့ အိန္ဒိယတရားရုံးချုပ် အမိန့်ချ မြန်မာ-အိန္ဒိယ-ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်း ဆက်အကောင်အထည်ဖော်ဖို့ အိန္ဒိယတရားရုံးချုပ် အမိန့်ချ Reviewed by THITHTOOLWIN on 21:39 Rating: 5

No comments:

Powered by Blogger.