မြိတ်တွင် "အိပ်မက်သစ် KTV"ဆိုင်ရှင်မှ အလုပ်သမတစ်ဦးအားရိုက်နှက်မှုဖြစ်ပွား


မြိတ်မြို့၊မြိတ်တောင်ကျေးရွာ၊ ကားကြီးဝင်းသစ်အနီးမှာဖွင့်လှစ်ထားတဲ့ "အိပ်မက်သစ် KTV"ဆိုင်တွင် သြဂုတ်လ ၈ ရက်နေ့က ဆိုင်ရှင်မှ အလုပ်သမတစ်ဦးအားရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်းသိ ပါတယ်။

"အိပ်မက်သစ် KTV"ဆိုင်တွင် အလုပ်လုပ်နေတဲ့ မ------- ဆိုသူက ဧည့်သည်ရောက်လာတဲ့အချိန် ဧည့်ခံရန် အခန်းနံပါတ် ၄ အတွင်းဝင်ရောက်စဥ် အဆိုပါဧည့်သည်မှ အဓမ္မပြုကျင့်ရန်ကြံစည်ရာ  မ-------က လက်မခံသဖြင့် ဧည့်သည်မှ KTVဆိုင်ရှင်အားတိုင်ကြားရာ ဆိုင်ရှင်ဖြစ်သူဦးမြင့်သန်းက မ--------အား ရိုက်နှက်၊ကန်ကြောက် ခဲ့ကြောင်းသိရပါတယ်။

မ-------မှာ ဆိုင်ရှင်ဦးမြင့်သန်းရဲ့ ညှင်းပမ်းနှိပ်စက်မှုကြောင့် မျက်နှာတွင်ဖူးရောင်ဒဏ်ရာ နှင့် နောက်ကျောတွင် အတွင်းဒဏ်ရာများရရှိပြီး မြိတ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရကြောင်းသိရပါတယ်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းတွင် သွားရောက်အမှုဖွင့်ရာ ရဲအရေးမပိုင်တဲ့ အမှုဟုဆိုကာ တရားရုံးသို့ ဦးတိုက်လျှောက်ရန် ညွှန်ကြားထားကြောင်းသိရပါတယ်။


Myat Htut - Myeik

https://www.facebook.com/Myat-Htut-Myeik-222869948053294

မြိတ်တွင် "အိပ်မက်သစ် KTV"ဆိုင်ရှင်မှ အလုပ်သမတစ်ဦးအားရိုက်နှက်မှုဖြစ်ပွား မြိတ်တွင် "အိပ်မက်သစ် KTV"ဆိုင်ရှင်မှ အလုပ်သမတစ်ဦးအားရိုက်နှက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:38 Rating: 5

No comments:

Powered by Blogger.