ဧရာဝတီလင်းပိုင်များ သေဆုံးနေမှုအပေါ် စစ်ကိုင်းဒေသကြီးအစိုးရအဖွဲ့ အရေးယူဆောင်ရွက်သွားမည်


စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က  ဧရာဝတီမြစ်အတွင်း လျှပ်စစ် ရှော့တိုက် ငါးဖမ်းမှုကြောင့် ဧရာဝတီ လင်းပိုင်များ သေဆုံး နေမှုအပေါ် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ တိုင်းဒေသကြီး အစိုးအရအဖွဲ့ဝင်  လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက  ပြောကြားပါတယ်။ ဩဂုတ် (၂) ရက်က မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။ 

လက်ရှိ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ရှော့တိုက်တိုက်ငါးဖမ်းသူတွေကို အရေးယူ နိုင်ရေးအတွက် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဖမ်းဆီးရမည့်နေရာ၊ ပိတ်ဆို့ ဆောင်ရွက်ရမည့် နေရာ ၊မြေပြင်အခြေအနေတွေကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ထားပြီး မြစ်ရေကျတဲ့အခါမှာ ဖမ်းဆီးအရေးယူတာတွေ ဆောင်ရွက်သွားမယ်လို့  လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးမိုးကျော်သူက ပြော ပါတယ်။ ဧရာဝတီလင်းပိုင်တွေ သေဆုံးမှုအတွက် အရေးယူဆောင်ရွက်ရာမှာ စစ်ကိုင်းတိုင်း တစ်ခုတည်း လုပ်ဆောင်လို့ မရနိုင်ဘဲ  မန္တလေးတိုင်းနဲ့ ပူးပေါင်း ဆောင်ရွက်မှသာလျှပ်စစ်ရှော့တိုက်တိုက်ငါးဖမ်းသူတွေကို ထိထိ ရောက်ရောက် အရေးယူ နိုင်မယ်လို့လည်း ပြောပါတယ်။

 ဧရာဝတီလင်းပိုင်တွေဟာ  တစ်ကြိမ်ကို (၁)ကောင်သာ မွေးဖွားပြီး  သားပေါက် ကောင်ငယ်တွေကို (၁၈)လကြာ စောင့်ရှောက်ကြတယ်လို့ သိရပါတယ်။ (၅)နှစ်ကနေ  (၇)နှစ် အတွင်း အရွယ်ရောက်ကာ သက်တမ်းနှစ် (၃၀)ကနေ နှစ် (၅၀)အထိ အသက်ရှည်တယ်လို့ သိရပါတယ်။  ဧရာဝတီလင်းပိုင်းတွေကို  ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး ဧရိယာ သတ်မှတ်ပြီး  ထိန်းသိမ်းစောင့်ရှောက်နေတယ်လို့လည်း  ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သန်းဦး က ပြောကြားပါတယ်။ 

သတင်း- ထွန်းမြင့်အောင်(ရွှေဘို)- One News Myanmar
ဧရာဝတီလင်းပိုင်များ သေဆုံးနေမှုအပေါ် စစ်ကိုင်းဒေသကြီးအစိုးရအဖွဲ့ အရေးယူဆောင်ရွက်သွားမည် ဧရာဝတီလင်းပိုင်များ သေဆုံးနေမှုအပေါ်  စစ်ကိုင်းဒေသကြီးအစိုးရအဖွဲ့ အရေးယူဆောင်ရွက်သွားမည် Reviewed by THITHTOOLWIN on 18:18 Rating: 5

No comments:

Powered by Blogger.