ထိုင်းပြန် မြန်မာလုပ်သားတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွား


(Unicode)⤵⤵⤵
ထိုင်း-မြန်မာ အမှတ်(၂)ချစ်ကြည်ရေးတံတားရဲ့ မြန်မာဘက်ခြမ်း စိစစ်ရေးစခန်းမှာ ဒီကနေ့ဇူလိုင်(၄)ရက်၊ မွန်းလွဲပိုင်းက မြန်မာလုပ်သားတစ်ဦးဟာ မိမိကိုယ်ကို လည်ပင်းကို ဓားနဲ့လှီးပြီး အဆုံးစီရင်ခဲ့တယ်လို့ မြဝတီမြို့မ ရဲစခန်းကသိရပါတယ်။
သေဆုံးသူဟာ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ အင်းနိုကျေးရွာမှာနေထိုင်တဲ့ အသက်(၂၆) နှစ်အရွယ် အမျိုးသား ဖြစ်ပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့ကနေ အလုပ်လုပ်ကိုင်ပြီး ပြန်လာတဲ့သူလို့သိရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မျက်မြင်တွေ့ရှိသူ ယာဉ်မောင်းတစ်ဦးက " အသံကြားလို့ အဝေးကနေလှမ်းကြည့်လိုက် တာ အဲ့ဒီလူကတုံးလုံးလဲပြီး သွေးအန်နေတယ်ပဲထင်တာ အဲ့ဒါနဲ့ ရှေ့ကိုတိုးပြီးသူ့နဲ့ ဆယ်ကိုက်ခန့်အကွာကနေ မြင်ရတာက သူ့လည်ပင်းကို ဓားနဲ့လှီးထားပြီး သွေးတွေထွက်နေတာကိုတွေ့ရတယ်။ အဲ့ဒါနဲ့ ခပ်လှမ်းလှမ်းမှာရှိတဲ့ လုံခြုံရေးတာဝန်ရှိသူတွေကို လှမ်းခေါ်ပြီးအသိပေးခဲ့တယ် ” လို့ပြောပါတယ်။

မြဝတီဘက်ခြမ်း ပြန်လည်ကြိုဆိုရေးနေရာမှာ နေရပ်ပြန်တွေအတွက် ကားစီစဉ်ပေးနေသူ မြဝတီအ.ထ.က(၂) ကျောင်းအုပ်ဆရာကြီး ဦးမိုးကျော်ကတော့ အဆုံးစီရင်သွားတဲ့သူဟာ မြန်မာဘက်ကိုဝင်လာကတည်းက မူမမှန်တာ တွေရှိခဲ့တယ်လို့ပြောပါတယ်။
အဲဒီအဆုံးစီရင်မှုနဲ့ပတ်သက်ပြီး အကြောင်းရင်းကိုစုံစမ်းနေတယ်လို့ မြဝတီမြို့မရဲစခန်းကသိရပါတယ်။

သတင်း- နေနော်( မြဝတီ) / One News Myanmar
----------------------------------------
(Zawgyi)⤵⤵⤵
ထိုင္းျပန္ ျမန္မာလုပ္သားတစ္ဦး မိမိကိုယ္ကို အဆုံးစီရင္မႈျဖစ္ပြား

ထိုင္း-ျမန္မာ အမွတ္(၂)ခ်စ္ၾကည္ေရးတံတားရဲ႕ ျမန္မာဘက္ျခမ္း စိစစ္ေရးစခန္းမွာ ဒီကေန႔ဇူလိုင္(၄)ရက္၊ မြန္းလြဲပိုင္းက ျမန္မာလုပ္သားတစ္ဦးဟာ မိမိကိုယ္ကို လည္ပင္းကို ဓားနဲ႔လွီးၿပီး အဆုံးစီရင္ခဲ့တယ္လို႔ ျမဝတီၿမိဳ႕မ ရဲစခန္းကသိရပါတယ္။
ေသဆုံးသူဟာ ကရင္ျပည္နယ္၊ လႈိင္းဘြဲ႕ၿမိဳ႕နယ္၊ အင္းႏိုေက်း႐ြာမွာေနထိုင္တဲ့ အသက္(၂၆) ႏွစ္အ႐ြယ္ အမ်ိဳးသား ျဖစ္ၿပီး ထိုင္းႏိုင္ငံဘန္ေကာက္ၿမိဳ႕ကေန အလုပ္လုပ္ကိုင္ၿပီး ျပန္လာတဲ့သူလို႔သိရပါတယ္။

အဲဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး မ်က္ျမင္ေတြ႕ရွိသူ ယာဥ္ေမာင္းတစ္ဦးက " အသံၾကားလို႔ အေဝးကေနလွမ္းၾကည့္လိုက္ တာ အဲ့ဒီလူကတုံးလုံးလဲၿပီး ေသြးအန္ေနတယ္ပဲထင္တာ အဲ့ဒါနဲ႔ ေရွ႕ကိုတိုးၿပီးသူ႔နဲ႔ ဆယ္ကိုက္ခန႔္အကြာကေန ျမင္ရတာက သူ႔လည္ပင္းကို ဓားနဲ႔လွီးထားၿပီး ေသြးေတြထြက္ေနတာကိုေတြ႕ရတယ္။ အဲ့ဒါနဲ႔ ခပ္လွမ္းလွမ္းမွာရွိတဲ့ လုံၿခဳံေရးတာဝန္ရွိသူေတြကို လွမ္းေခၚၿပီးအသိေပးခဲ့တယ္ ” လို႔ေျပာပါတယ္။

ျမဝတီဘက္ျခမ္း ျပန္လည္ႀကိဳဆိုေရးေနရာမွာ ေနရပ္ျပန္ေတြအတြက္ ကားစီစဥ္ေပးေနသူ ျမဝတီအ.ထ.က(၂) ေက်ာင္းအုပ္ဆရာႀကီး ဦးမိုးေက်ာ္ကေတာ့ အဆုံးစီရင္သြားတဲ့သူဟာ ျမန္မာဘက္ကိုဝင္လာကတည္းက မူမမွန္တာ ေတြရွိခဲ့တယ္လို႔ေျပာပါတယ္။
အဲဒီအဆုံးစီရင္မႈနဲ႔ပတ္သက္ၿပီး အေၾကာင္းရင္းကိုစုံစမ္းေနတယ္လို႔ ျမဝတီၿမိဳ႕မရဲစခန္းကသိရပါတယ္။

သတင္း- ေနေနာ္( ျမဝတီ) / One News Myanmar
https://www.facebook.com/onenewsmyan
ထိုင်းပြန် မြန်မာလုပ်သားတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွား ထိုင်းပြန် မြန်မာလုပ်သားတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.