ကမ္ဘာတဝန်း COVID-19 ကူးစက်သူ ၁၁ သန်းကျော်ပြီ

တက္ကဆက်စ်ပြည်နယ် ဟူစတန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာတဦးကို ကုသမှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတချို့။ (ဇွန် ၂၉၊ ၂၀၂၀)
(Unicode)⤵⤵⤵
ကမ္ဘာတဝန်း COVID-19 ကပ်ရောဂါ ကူးစက်သူအရေအတွက် ၁၁ သန်းကျော်သွားပြီ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံ အတော်များများမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ဆက်တိုးနေပြီး အဲဒီထဲမှာ အမေရိကန်ပြည်ထောင်စုကတော့ ကူးစက်သူ ၂.၈ သန်းကျော်နဲ့ အများဆုံးဖြစ်ပါတယ်။

အမေရိကန်မှာ မနေ့ သောကြာနေ့ တရက်တည်းမှာကိုပဲ ကူးစက်သူ ၅၇,၀၀၀ ကျော်ရှိခဲ့ပြီး ဒါဟာ တရက်တည်းမှာ ကူးစက်မှုအများဆုံး စံချိန်တင်ခဲ့တာဖြစ်သလို ၉ ရက်အတွင်းမှာ ၇ ရက်မြောက် စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၂၄၄ နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်တဲ့အတွက် နိုင်ငံတဝန်း လွတ်လပ်ရေးနေ့ အခမ်းအနားတွေ ဆင်နွှဲဖို့ လုပ်နေချိန်မှာပဲ ရောဂါပိုးကူးစက်မှုနှုန်းတွေ ပြန်များလာနေတဲ့အတွက် ပြည်နယ်အုပ်ချုပ်ရေးမှူး အတော်များများကလည်း သူတို့ပြည်နယ်တွေမှာ ကန့်သတ်ချက်တွေ လျှော့ချထားတာကို ပြန်ရုပ်သိမ်းလာနေပါတယ်။

ဘရာဇီးနိုင်ငံမှာတော့ ရောဂါကူးစက်သူ ၁ သန်းခွဲကျော်ရှိပြီး အမေရိကန်ပြီးရင် ကူးစက်မှု ဒုတိယအများဆုံး ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံမှာ တရုတ်နိုင်ငံ Sinovac ဆေးကုမ္ပဏီက ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေး စမ်းသပ်မှု အစီအစဉ်ကို လုပ်ဖို့ သဘောတူလိုက်ပါတယ်။

ဒါ့အပြင် လူတွေအနေနဲ့ လမ်းတွေပေါ်နဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်တွေပေါ်မှာ နှာခေါင်းစည်း မျက်နှာဖုံး တပ်ရမယ်ဆိုတဲ့ ဥပဒေကို သမ္မတ Jair Blosonaro က မနေ့က အတည်ပြုလိုက်ပါတယ်။

ဒါပေမယ့် ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ ဈေးဆိုင်တွေလိုမျိုး အလုံပိတ်နေရာတွေမှာ နှာခေါင်းစည်းတွေ တပ်ရမယ်ဆိုတဲ့ အပိုဒ်ကိုတော့ ဗီတိုသုံးပြီး ပယ်ချခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဗြိတိန်မှာတော့ သန့်ရှင်းရေးအလုပ်သမားတွေ၊ ကုန်တင်ကုန်ချ အလုပ်သမားတွေနဲ့ ရုံးဝန်ထမ်းတွေဟာ ဗိုင်းရပ်စ်ပျံ့နှံ့အောင် တကယ့်ဖြန့်နေတဲ့သူတွေ ဖြစ်တယ်လို့ အမျိုးသားကျန်းမာရေးဌာနရဲ့ လေ့လာတွေ့ရှိမှု အသစ်တခုမှာ တွေ့ရပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
----------------------------------------
(Zawgyi)⤵⤵⤵
ကမာၻတဝန္း COVID-19 ကူးစက္သူ ၁၁ သန္းေက်ာ္ၿပီ

ကမာၻတဝန္း COVID-19 ကပ္ေရာဂါ ကူးစက္သူအေရအတြက္ ၁၁ သန္းေက်ာ္သြားၿပီ ျဖစ္ပါတယ္။

ကမာၻ႔ႏိုင္ငံ အေတာ္မ်ားမ်ားမွာ ဗိုင္းရပ္စ္ကူးစက္မႈေတြ ဆက္တိုးေနၿပီး အဲဒီထဲမွာ အေမရိကန္ျပည္ေထာင္စုကေတာ့ ကူးစက္သူ ၂.၈ သန္းေက်ာ္နဲ႔ အမ်ားဆုံးျဖစ္ပါတယ္။

အေမရိကန္မွာ မေန႔ ေသာၾကာေန႔ တရက္တည္းမွာကိုပဲ ကူးစက္သူ ၅၇,၀၀၀ ေက်ာ္ရွိခဲ့ၿပီး ဒါဟာ တရက္တည္းမွာ ကူးစက္မႈအမ်ားဆုံး စံခ်ိန္တင္ခဲ့တာျဖစ္သလို ၉ ရက္အတြင္းမွာ ၇ ရက္ေျမာက္ စံခ်ိန္တင္ခဲ့တာ ျဖစ္ပါတယ္။

ဒီကေန႔ဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ ၂၄၄ ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ ျဖစ္တဲ့အတြက္ ႏိုင္ငံတဝန္း လြတ္လပ္ေရးေန႔ အခမ္းအနားေတြ ဆင္ႏႊဲဖို႔ လုပ္ေနခ်ိန္မွာပဲ ေရာဂါပိုးကူးစက္မႈႏႈန္းေတြ ျပန္မ်ားလာေနတဲ့အတြက္ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး အေတာ္မ်ားမ်ားကလည္း သူတို႔ျပည္နယ္ေတြမွာ ကန႔္သတ္ခ်က္ေတြ ေလွ်ာ့ခ်ထားတာကို ျပန္႐ုပ္သိမ္းလာေနပါတယ္။

ဘရာဇီးႏိုင္ငံမွာေတာ့ ေရာဂါကူးစက္သူ ၁ သန္းခြဲေက်ာ္ရွိၿပီး အေမရိကန္ၿပီးရင္ ကူးစက္မႈ ဒုတိယအမ်ားဆုံး ျဖစ္ပါတယ္။ ဘရာဇီးႏိုင္ငံမွာ တ႐ုတ္ႏိုင္ငံ Sinovac ေဆးကုမၸဏီက ထုတ္လုပ္တဲ့ COVID-19 ကာကြယ္ေဆး စမ္းသပ္မႈ အစီအစဥ္ကို လုပ္ဖို႔ သေဘာတူလိုက္ပါတယ္။

ဒါ့အျပင္ လူေတြအေနနဲ႔ လမ္းေတြေပၚနဲ႔ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး ယာဥ္ေတြေပၚမွာ ႏွာေခါင္းစည္း မ်က္ႏွာဖုံး တပ္ရမယ္ဆိုတဲ့ ဥပေဒကို သမၼတ Jair Blosonaro က မေန႔က အတည္ျပဳလိုက္ပါတယ္။

ဒါေပမယ့္ ဘုရားေက်ာင္းေတြ၊ စာသင္ေက်ာင္းေတြနဲ႔ ေဈးဆိုင္ေတြလိုမ်ိဳး အလုံပိတ္ေနရာေတြမွာ ႏွာေခါင္းစည္းေတြ တပ္ရမယ္ဆိုတဲ့ အပိုဒ္ကိုေတာ့ ဗီတိုသုံးၿပီး ပယ္ခ်ခဲ့ပါတယ္။

တခ်ိန္တည္းမွာပဲ ၿဗိတိန္မွာေတာ့ သန႔္ရွင္းေရးအလုပ္သမားေတြ၊ ကုန္တင္ကုန္ခ် အလုပ္သမားေတြနဲ႔ ႐ုံးဝန္ထမ္းေတြဟာ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔ေအာင္ တကယ့္ျဖန႔္ေနတဲ့သူေတြ ျဖစ္တယ္လို႔ အမ်ိဳးသားက်န္းမာေရးဌာနရဲ႕ ေလ့လာေတြ႕ရွိမႈ အသစ္တခုမွာ ေတြ႕ရပါတယ္။

ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/world-covid/5488712.html
ကမ္ဘာတဝန်း COVID-19 ကူးစက်သူ ၁၁ သန်းကျော်ပြီ ကမ္ဘာတဝန်း COVID-19 ကူးစက်သူ ၁၁ သန်းကျော်ပြီ Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.