လိင်အမြတ်ထုတ်တဲ့ ရဲမှူးချုပ်ကို ပြစ်ဒဏ်ချမှတ်လိုက်ပြီ

(ရဲမှူးချုပ် ဇော်မိုးသန်းကိုတွေ့ရစဉ်) Photo: Yangon Police's facebook
(Unicode)⤵⤵⤵
လိင်အမြတ်ထုတ်မှု ကျူးလွန်တယ်ဆိုပြီး တိုင်ကြားခံထားရတဲ့ ရဲမှူးချုပ် ဇော်မိုးသန်းကို ရဲတရားရုံးက အပြစ်ရှိကြောင်းပေါ်ပေါက်တဲ့အတွက် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟက RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ရဲမေတွေအပေါ် ရာထူးတိုးပေးမယ်ဆိုပြီး လိင်အမြတ်ထုတ်ခဲ့တဲ့အတွက် ရဲမေ ရှစ်ဦးတို့က စုပေါင်းတိုင်ကြားတာဖြစ်တယ်လို့ သိရပါတယ်။

ရဲမှူးချုပ် ဇော်မိုးသန်းကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေထဲက ဘယ်လိုပုဒ်မမျိုးနဲ့ ထောင်ဘယ်နှနှစ် ချလိုက်တယ်ဆိုတာကိုတော့ အတည်ပြုချက်မယူရသေးကြောင်း ရဲမှူးကြီး ကျော်သီဟက ပြောပါ တယ်။

ရာထူးအာဏာ မလျော်သြဇာသုံးစွဲပြီး တပ်ဖွဲ့ဝင်အချင်းချင်း လိင်အမြတ်ထုတ်မှု အပြစ်ရှိကြောင်း ပေါ် ပေါက်တဲ့အတွက် ရဲမှူးချုပ် ဇော်မိုးသန်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူသင့်တယ်လို့လည်း ဥပဒေ ပညာရှင်တွေကလည်း သုံးသပ်ထားပါတယ်။

RFA Burmese
----------------------------------
(Zawgyi)⤵⤵⤵
လိင္အျမတ္ထုတ္တဲ့ ရဲမႉးခ်ဳပ္ကို ျပစ္ဒဏ္ခ်မွတ္လိုက္ၿပီ

လိင္အျမတ္ထုတ္မႈ က်ဴးလြန္တယ္ဆိုၿပီး တိုင္ၾကားခံထားရတဲ့ ရဲမႉးခ်ဳပ္ ေဇာ္မိုးသန္းကို ရဲတရား႐ုံးက အျပစ္ရွိေၾကာင္းေပၚေပါက္တဲ့အတြက္ ျပစ္ဒဏ္ခ်မွတ္လိုက္ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ရဲမႉးႀကီး ေက်ာ္သီဟက RFA ကို ေျပာပါတယ္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္ ရဲေမေတြအေပၚ ရာထူးတိုးေပးမယ္ဆိုၿပီး လိင္အျမတ္ထုတ္ခဲ့တဲ့အတြက္ ရဲေမ ရွစ္ဦးတို႔က စုေပါင္းတိုင္ၾကားတာျဖစ္တယ္လို႔ သိရပါတယ္။

ရဲမႉးခ်ဳပ္ ေဇာ္မိုးသန္းကို ရဲစည္းကမ္းထိန္းသိမ္းေရးဥပေဒထဲက ဘယ္လိုပုဒ္မမ်ိဳးနဲ႔ ေထာင္ဘယ္ႏွႏွစ္ ခ်လိုက္တယ္ဆိုတာကိုေတာ့ အတည္ျပဳခ်က္မယူရေသးေၾကာင္း ရဲမႉးႀကီး ေက်ာ္သီဟက ေျပာပါ တယ္။

ရာထူးအာဏာ မေလ်ာ္ၾသဇာသုံးစြဲၿပီး တပ္ဖြဲ႕ဝင္အခ်င္းခ်င္း လိင္အျမတ္ထုတ္မႈ အျပစ္ရွိေၾကာင္း ေပၚ ေပါက္တဲ့အတြက္ ရဲမႉးခ်ဳပ္ ေဇာ္မိုးသန္းကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒအရ အေရးယူသင့္တယ္လို႔လည္း ဥပေဒ ပညာရွင္ေတြကလည္း သုံးသပ္ထားပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
လိင်အမြတ်ထုတ်တဲ့ ရဲမှူးချုပ်ကို ပြစ်ဒဏ်ချမှတ်လိုက်ပြီ လိင်အမြတ်ထုတ်တဲ့ ရဲမှူးချုပ်ကို ပြစ်ဒဏ်ချမှတ်လိုက်ပြီ Reviewed by THITHTOOLWIN on 18:14 Rating: 5
Powered by Blogger.