မက်ဆင်ဂျာကနေ ချိန်းတွေ့ရန်ခေါ်ကာ ဓားနဲ့ထိုးသတ်သူကို ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီး


မုံရွာ၊ ဇူလိုင် ၁၈

ချောင်းဦးမြို့နယ် ခင်မွန်ရွာတောင်ဘက် ယာခင်းအတွင်း ဇူလိုင် ၁၄ ရက် ည ၈ ခွဲခန့်က အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးသတ်သွားသူအား ရဲတပ်ဖွဲ့မှ ယနေ့ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ အသက် ၂၅ နှစ်အရွယ်ရှိပြီး ချောင်းဦးမြို့ ရန်အောင်မြင်ရပ်ကွက် ညောင်ပင်ရပ်တွင် နေထိုင်သူဖြစ်သည်။

ရဲတပ်ဖွဲ့၏ စုံစမ်းဖော်ထုတ်မှုအရ ဖေ့ဘွတ်မက်ဆင်ဂျာမှ ချိန်းဆိုကာ ဓားဖြင့် သုံးချက်ဆင့်ထိုးသတ်သွားခြင်းဖြစ်ကြောင်း မုံရွာခရိုင်မှုခင်းနှိမ်နင်းရေးအရာရှိ ရဲအုပ်ညိုသက်ဝင်းက ပြောသည်။
"သက်တဲ့သူက မိန်းမစိတ်ဝင်နေတဲ့ မိန်းမလျာတစ်ယောက်ပါ။ ပထမအကြိမ်ချိန်းတွေ့တုန်းက သူ့စအိုကို ဆေးလိပ်မီးနဲ့ ထိုးလို့ဆိုပြီး မ‌ကျေမနပ်ဖြစ်နေတာ။ သတ်မယ့်နေ့ကတော့ ဖေ့ဘွတ်မက်ဆင်ဂျာကနေ မိန်းခလေးဟန်ဆောင်ပြီး ခေါ်ချိန်းတယ်။ ရွှေတိုးနိုင် ဆီဆိုင်နောက်ကျောဘက် လယ်ကွင်းထဲက တမာပင်အောက်မှာ တွေ့ကြတာ။ လူချင်းတွေ့တော့ သူတခွန်းကိုယ်တခွန်း စကားများပြီး မိန်းမစိတ်ပေါက်နေတဲ့သူက ပါလာတဲ့ ခေါက်ဓားနဲ့ ဆီးခုံကိုတစ်ချက်ထိုးလိုက်တယ်" ဟု ရဲအုပ်ညိုသက်ဝင်းက‌ ပြောသည်။

ဓားဖြင့်အထိုးခံရသူမှ လက်သီးဖြင့် ပြန်လည်ထိုးကာ လုံးထွေးခဲ့သဖြင့် နံကြားတစ်ချက် ရင်ညွန့်သို့ တစ်ချက် ထပ်မံထိုးသတ်ခဲ့ကြောင်း အသက် ၄၄ နှစ်အရွယ်ရှိ မိန်းမလျာအမျိုးသားက ရဲထံထွက်ဆိုခဲ့သည်။

၎င်းမှာ သေဆုံးသူ၏ ဖုန်းကို ယူဆောင်ဖျက်ဆီးကာဖျောက်ဖျက်ခဲ့‌ ကြောင်း သိရသည်။
ရဲတပ်ဖွဲ့မှ အဆိုပါအမှု ပေါ်ပေါက်ရေးအတွက် ဖုန်းနဲ့အတူပါသွားသော  သေဆုံးသူ အသုံးပြုသည့် ဖေ့ဘွတ်အကောင့်အား ပြန်လည် ဆယ်ယူကာ စုံစမ်းစစ်ဆေးခဲ့ရကြောင်း ဆိုသည်။

သေဆုံးသူနှင့်မက်ဆင်ဂျာမှ ပြောဆိုထားသည့် စကားအသွားအလာအရ မိန်းမလျာတစ်ဦးဖြစ်နေကြောင်း သိရှိရသဖြင့် သေဆုံးသူနှင့် ရင်းနှီးဘူးသည့် မိန်းမလျာများအား စုံစမ်းရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြစ်မှုကျူးလွန်သည့် မိန်းမလျာအမျိုးသားမှာလည်း ချောင်းဦးမြို့နေထိုင်သူဖြစ်ကာ ၎င်းအား တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် ရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိသည်။

မောင်လေး ငယ်ငယ်
https://www.facebook.com/www.myasoe453
မက်ဆင်ဂျာကနေ ချိန်းတွေ့ရန်ခေါ်ကာ ဓားနဲ့ထိုးသတ်သူကို ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီး မက်ဆင်ဂျာကနေ ချိန်းတွေ့ရန်ခေါ်ကာ ဓားနဲ့ထိုးသတ်သူကို ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီး Reviewed by THITHTOOLWIN on 23:38 Rating: 5
Powered by Blogger.