ကမ္ဘာတဝန်း ကိုဗစ်ကူးစက်သူ စံချိန်တင်မြင့်တက်



Share/Bookmark
မွမ်ဘိုင်းမြို့မှာ COVID-19 ကူးစက်ခံရမှုရှိမရှိ စစ်ဆေးပေးနေတဲ့ ကျန်မာရေးဝန်ထမ်း။ (ဇူလိုင် ၁၈၊ ၂၀၂၀)
ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက်ဟာ စနေနေ့ တရက်တည်းတင် ၂၆၀,၀၀၀ လောက် တိုးလာတာကြောင့် နေ့စဉ်ကူးစက်မှုနှုန်း စံချိန်တင်ခဲ့ပြီး ဒါဟာ ၂ ရက်ဆက်တိုက် နေ့စဉ်ကူးစက်မှုနှုန်း စံချိန်တင် မြင့်တက်ခဲ့တာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောလိုက်ပါတယ်။

သောကြာနေ့တုန်းကတော့ ကမ္ဘာတဝန်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၃၈,၀၀၀ လောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ စနေနေ့ညနေကအထိ ၆၀၀,၀၀၀ နီးပါး ရှိလာခဲ့ပြီဖြစ်တယ်လို့ WHO က ပြောပါတယ်။

အခုလို သေဆုံးသူအရေအတွက် တိုးလာရတာဟာ မနေ့က တရက်တည်းမှာတင် ၇,၃၀၀ လောက် သေဆုံးခဲ့တာကြောင့်ဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့ မေလလယ်ကစပြီး တရက်တည်းမှာ ဗိုင်းရပ်စ်ကြောင့် အများဆုံးသေဆုံးတာ ဖြစ်ပါတယ်။

အခု ဇူလိုင်လထဲမှာ ဗိုင်းရပ်စ်ကြောင့် နေ့စဉ်သေဆုံးမှုနှုန်းဟာ ပျမ်းမျှ ၄,၈၀၀ လောက်ရှိတယ်လို့ WHO က ဆိုပါတယ်။

နေ့စဉ် ဗိုင်းရပ်စ်ကူးစက်မှု အများဆုံးဖြစ်တဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနဲ့ တောင်အာဖရိကနိုင်ငံတွေ ဖြစ်ပါတယ်။

အမေရိကန်မှာ မနေ့က ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၂,၀၀၀ လောက်နဲ့ အများဆုံးဖြစ်ခဲ့ပြီး ဘရာဇီးနိုင်ငံမှာ ၄၅,၀၀၀ လောက်ရှိပြီး အိန္ဒိယမှာတော့ ကူးစက်သူ အရေအတွက်ဟာ မနေ့က ၃၅,၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တောင်အာဖရိကနိုင်ငံမှာလည်း မနေ့က ရောဂါကူးစက်ခံရသူ ၁၄,၀၀၀ လောက်ရှိတယ်လို့ ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-worldwide/5508594.html

Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ