အပေါင်ဆိုင် အိမ်ထဲဝင်ပြီး လူလေးဦးအား ဓါးဖြင့် ထိုးသတ်မှု ဖြစ်ပွါး


နတ္တလင်း ဇူလိုင် ၁၈-၂၀၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်၊ သာဇီရပ်ကွက်၊ အပြင်သာဇီလမ်းရှိ ‘အောင်သစ္စာ’ အမိန့်ရ အပေါင်ဆိုင်တွင် ဇူလိုင်လ ၁၈ရက်နေ့ နံက် ၇နာရီ၃၀မိနစ် အချိန်ခန့်က အမည်မသိ အမျိုးသားတစ်ဦးမှ ဖုန်းလာရောက်ပေါင်နှံစဉ် အိမ်ရှင်ဖြစ်သူ ဦးဝင်းဇော်နှင့် စကားများပြီး ဓါးထိုးမှုဖြစ်ပွါးရာ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီး ၃ဦး ဒါဏ်ရာ အသီးသီးရရှိခဲ့ကြောင်းသတင်းရရှိသည်။

‘အောင်သစ္စာ’အမိန့်ရ အပေါင်ဆိုင်၏‌ နေအိမ်တွင် အသက်(၄၀)နှစ်ရှိ ဦးဝင်းဇော် ရှိနေစဉ် အမည်မသိ အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ၄င်း၏လက်ကိုင်ဖုန်း MI အမျိုးအစား အဖြူရောင်ဖုန်းကို လာရောက်ပေါင်နှံစဉ် စကားများရန်ဖြစ်ပြီး အမည်မသိအမျိုးသားက အသင့်ပါလာသော ဓါးမြှောင်ဖြင့် ဦးဝင်းဇော်၏ လည်ပင်းကို လှီးခဲ့ကြောင်း သိရပါသည်။

အဲဒီအချိန် ဦးဝင်းဇော်၏ နေအိမ်မီးဖိုချောင်၌ရှိနေသော ဦးဝင်းဇော်၏ အစ်မနှစ်ယောက်ဖြစ်သည့်
မနှင်းနှင်းနိုင်၊ မသင်းသင်းခိုင်၊ တူမဖြစ်သူ မနီနီမွန်တို့မှ ဧည့်ခန်းသို့ အော်ဟစ်ပြေးထွက်လာစဉ်
၄င်းအမျိုးသားမှ ဓါးမြောင်ဖြင့် ဆက်လက်ထိုးသဖြင့် ဦးဝင်းဇော် တွင် လည်ပင်းပြတ်ရှဒဏ်ရာရရှိကာ နတ္တလင်းပြည်သူ့ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။

အဲဒီအပြင် အသက်(၅၀)နှစ်ရှိ မနှင်းနှင်းခိုင်တွင် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ၊ ဆီးခုံအထက် ထိုးသွင်းဒဏ်ရာ၊ ယာဘက်နို့အုံထိုးသွင်းဒဏ်ရာ၊ ယာလက်မောင်းရင်း ပြတ်ရှဒဏ်ရာရရှိပြီး အသက်(၄၆)နှစ်ရှိ မသင်းသင်းခိုင်တွင် ယာဘက်နို့အုံ ထိုးသွင်းဒဏ်ရာပြင်းထန်/ စိုးရိမ်ရ ဒါဏ်ရာရရှိကြောင်း၊ အသက်(၃၄)နှစ်ရှိ မနီနီမွန်တွင် ယာလက်မောင်း (၁)လက်မခန့်ပြတ်ရှဒဏ်ရာ၊ ဝဲဘက်ရင်ဘက် (၁)လက်မခန့် ပြတ်ရှ ဒဏ်ရာပြင်းထန်/ စိုးရိမ်ရဒါဏ်ရာများရရှိခဲ့ကြောင်း သိရပါသည်။

ဓါးဖြင့်ထိုးသော အမည်မသိလူမှာ အခင်းဖြစ်နေအိမ်မှထွက်‌‌ပြေးသဖြင့် နတ္တလင်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထွန်းလင်းခိုင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ခင်မောင်ချင်းနှင့် နယ်ထိန်းတပ်ဖွဲ့ဝင် များမှ ချက်ချင်းလိုက်လံစုံစမ်း ဖမ်းဆီးခဲ့ရာ သာဇီရပ်ကွက်၊ ဇီးတောကွက်သစ်သုဿန်အတွင်းရှိ ခြုံပုတ်များအတွင်း၌ ပုန်းခိုနေစဉ် နံက်၇နာရီ၄၅ မိနစ်အချိန်ခန့်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဓါးဖြင့် ထိုးသောလူမှာ ဇာနည်ထွန်း၊ (၂၆)နှစ်၊ (ဘ)ဦးသန်းစိုး၊ ရွာမလမ်း၊ ရွာမရပ်ကွက်နေသူဖြစ်ကြောင်းသိရှိခဲ့ပြီး သက်သေခံအား ရှာဖွေသိမ်းဆည်းခဲ့ရာ အခင်းဖြစ် နေအိမ် ယာဘက်ဘေးခြံစည်းရိုးအနီးမှ အသွား (၈)လက်မ၊ အရိုး (၄)လက်မ၊ အရိုးအသွား (၁၂)လက်မခန့်ရှိ (ကျောရိုးငါးမန်းစွယ်ပါ)ပါးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


 ဖြစ်စဉ်နှင့်ပါတ်သက်၍ သေဆုံး/ဒဏ်ရာရရှိအောင်ပြုလုပ်သူ ဇာနည်ထွန်းအား(ပ) ၄၉၁/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၂၆ အရ အမှုဖွင့်လှစ်ရန် စီစဉ်ထားကြောင်းနှင့် ဒါဏ်ရာရရှိသူအမျိုးသမီး ၃ဦးအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း နတ္တလင်းမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ခင်မောင်ချင်းထံမှ သိရသည်။

သတင်း - ဝေဇင်ကြည်၊ မိုးကြီး(နတ္တလင်း) bagowatchnews
Bago watch news agency
အပေါင်ဆိုင် အိမ်ထဲဝင်ပြီး လူလေးဦးအား ဓါးဖြင့် ထိုးသတ်မှု ဖြစ်ပွါး အပေါင်ဆိုင် အိမ်ထဲဝင်ပြီး လူလေးဦးအား ဓါးဖြင့် ထိုးသတ်မှု ဖြစ်ပွါး Reviewed by THITHTOOLWIN on 23:48 Rating: 5
Powered by Blogger.