ဝါးခယ်မ ဒီ/ချုပ် အလုပ်အမှုဆောင်များကို ပါတီတာဝန်မှရပ်နား


(Unicode)⤵⤵⤵
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ် အမှုဆောင်အဖွဲ့ (၂၁)ဦးရှိပြီး အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ အဖွဲ့ဝင်အားလုံး ပါတီတာဝန်တွေက ရပ်နားခံလိုက်ရတာလို့ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှုးဦးအောင်ကြွယ်က ပြောပါတယ်။

အခုလို ပါတီတာဝန်တွေက ရပ်နားလိုက်တာကို ခရိုင်အလုပ်အမှုဆောင်အဖွဲ့ဥက္ကဌက တဆင့် ပြောကြားချက်ကြောင့် သိရတာဖြစ်တယ်လို့ ဦးအောင်ကြွယ်က ဆိုပါတယ်။
"ပါတီဗဟိုက ထုတ်ပြန်တဲ့စာတော့ ခုအချိန်အထိကျွန်တော်တို့ လက်ထဲကို မရောက်သေးဘူး။ ခရိုင်ဥက္ကဌ ပြောမှသိရတာပါ။ ဘာကြောင့်အရေးယူတယ်။ ပါတီတာဝန်ကရပ်နားတယ်ဆိုတာလည်းမသိရသေးဘူး။ ဒီလုပ်ရပ်ဟာအခုလိုရွေးကောက်ပွဲနီးတဲ့အချိန်မှာ မြို့ရဲ့ဂုဏ်သိက္ခါကိုထိခိုက်စေသလို၊ ပါတီရဲ့အောင်နိုင်ရေးအတွက်လည်းထိခိုက်နိုင်ပါတယ် "လို့ ပြောပါတယ်။

အခုလို ပါတီတာဝန်တွေက ရပ်နားမှုကို ဇူလိူင်လ (၂) ရက်က ကျင်းပတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်အဝေး ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်တာလို့ ပါတီတွင်းက သိရကြောင်း အရေးယူခံရသူတွေက ပြောပါတယ်။

ဝါးခယ်မမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသောင်းမြင့်ကတော့  "ကျွန်တော်တို့လည်း ဘာပြစ်မှုမှ မကျူးလွန်ခဲ့ဘူး။ ပါတီဗဟိုရဲ့မူဘောင်တွေ။ ထုတ်ပြန်ချက်တွေ။ ညွှန်ကြားချက်တွေကိုလည်း လိုက်နာခဲ့ပါ တယ်။ ကျွန်တော်တို့အဖွဲ့ဟာ အရေးယူခြင်းလည်းမခံရဘူး။ စုံစမ်းစစ်ဆေးလောက်တဲ့ပြစ်မှုလည်း မကျူး လွန်ခဲ့ပါဘူး။ ဒါကိုပါတီဗဟိုကနေ အခုလိုအရေးယူတာတရား မျတမှုရှိပါသလားဆိုတာ လူထုခေါင်းဆောင်အမေဒေါ်အောင်ဆန်းစုကြည်သိပါစေ" လို့ ပြောပါတယ်။

ပါတီဗဟိုရဲ့ ပါတီတာဝန်များရုတ်သိမ်းရပ်နားခြင်း အရေးယူခံရပေမယ့် ဝါးခယ်မမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလုပ်အမှုဆောင်တွေကတော့ ညီညီညွတ်ညွတ်နဲ့ ပါတီဗဟိုနဲ့ ညှိနှိုင်းသွားဖို့ ရှိတယ်လို့  ပြောကြပါတယ်။

သတင်း - ဘိုဘို ( မြောင်းမြ) / One News Myanmar
-----------------------------------
(Zawgyi)⤵⤵⤵
ဝါးခယ္မ ဒီ/ခ်ဳပ္ အလုပ္အမႈေဆာင္မ်ားကို ပါတီတာဝန္မွရပ္နား

ဧရာဝတီတိုင္းေဒသႀကီး၊ ေျမာင္းျမခ႐ိုင္၊ဝါးခယ္မၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ၿမိဳ႕နယ္အလုပ္ အမႈေဆာင္အဖြဲ႕ (၂၁)ဦးရွိၿပီး အေၾကာင္းျပခ်က္တစ္စုံတစ္ရာမရွိဘဲ အဖြဲ႕ဝင္အားလုံး ပါတီတာဝန္ေတြက ရပ္နားခံလိုက္ရတာလို႔ ၿမိဳ႕နယ္အလုပ္အမႈေဆာင္အဖြဲ႕ အတြင္းေရးမႈးဦးေအာင္ႂကြယ္က ေျပာပါတယ္။

အခုလို ပါတီတာဝန္ေတြက ရပ္နားလိုက္တာကို ခ႐ိုင္အလုပ္အမႈေဆာင္အဖြဲ႕ဥကၠဌက တဆင့္ ေျပာၾကားခ်က္ေၾကာင့္ သိရတာျဖစ္တယ္လို႔ ဦးေအာင္ႂကြယ္က ဆိုပါတယ္။
"ပါတီဗဟိုက ထုတ္ျပန္တဲ့စာေတာ့ ခုအခ်ိန္အထိကြၽန္ေတာ္တို႔ လက္ထဲကို မေရာက္ေသးဘူး။ ခ႐ိုင္ဥကၠဌ ေျပာမွသိရတာပါ။ ဘာေၾကာင့္အေရးယူတယ္။ ပါတီတာဝန္ကရပ္နားတယ္ဆိုတာလည္းမသိရေသးဘူး။ ဒီလုပ္ရပ္ဟာအခုလိုေ႐ြးေကာက္ပြဲနီးတဲ့အခ်ိန္မွာ ၿမိဳ႕ရဲ႕ဂုဏ္သိကၡါကိုထိခိုက္ေစသလို၊ ပါတီရဲ႕ေအာင္ႏိုင္ေရးအတြက္လည္းထိခိုက္ႏိုင္ပါတယ္ "လို႔ ေျပာပါတယ္။

အခုလို ပါတီတာဝန္ေတြက ရပ္နားမႈကို ဇူလိူင္လ (၂) ရက္က က်င္းပတဲ့ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕အစည္အေဝး ဆုံးျဖတ္ခ်က္နဲ႔ လုပ္ေဆာင္တာလို႔ ပါတီတြင္းက သိရေၾကာင္း အေရးယူခံရသူေတြက ေျပာပါတယ္။

ဝါးခယ္မၿမိဳ႕နယ္အလုပ္အမႈေဆာင္အဖြဲ႕ဝင္ ဦးေသာင္းျမင့္ကေတာ့  "ကြၽန္ေတာ္တို႔လည္း ဘာျပစ္မႈမွ မက်ဴးလြန္ခဲ့ဘူး။ ပါတီဗဟိုရဲ႕မူေဘာင္ေတြ။ ထုတ္ျပန္ခ်က္ေတြ။ ၫႊန္ၾကားခ်က္ေတြကိုလည္း လိုက္နာခဲ့ပါ တယ္။ ကြၽန္ေတာ္တို႔အဖြဲ႕ဟာ အေရးယူျခင္းလည္းမခံရဘူး။ စုံစမ္းစစ္ေဆးေလာက္တဲ့ျပစ္မႈလည္း မက်ဴး လြန္ခဲ့ပါဘူး။ ဒါကိုပါတီဗဟိုကေန အခုလိုအေရးယူတာတရား မ်တမႈရွိပါသလားဆိုတာ လူထုေခါင္းေဆာင္အေမေဒၚေအာင္ဆန္းစုၾကည္သိပါေစ" လို႔ ေျပာပါတယ္။

ပါတီဗဟိုရဲ႕ ပါတီတာဝန္မ်ား႐ုတ္သိမ္းရပ္နားျခင္း အေရးယူခံရေပမယ့္ ဝါးခယ္မၿမိဳ႕နယ္အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အလုပ္အမႈေဆာင္ေတြကေတာ့ ညီညီၫြတ္ၫြတ္နဲ႔ ပါတီဗဟိုနဲ႔ ညႇိႏႈိင္းသြားဖို႔ ရွိတယ္လို႔  ေျပာၾကပါတယ္။

သတင္း - ဘိုဘို ( ေျမာင္းျမ) / One News Myanmar
https://www.facebook.com/onenewsmyan
ဝါးခယ်မ ဒီ/ချုပ် အလုပ်အမှုဆောင်များကို ပါတီတာဝန်မှရပ်နား ဝါးခယ်မ ဒီ/ချုပ် အလုပ်အမှုဆောင်များကို ပါတီတာဝန်မှရပ်နား Reviewed by THITHTOOLWIN on 07:26 Rating: 5
Powered by Blogger.