ဧရာဝတီမြစ်ရေကြီးနိုင်တဲ့ အန္တရာယ်


(Unicode)⤵⤵⤵
မြန်မာနိုင်ငံနေရာတချို့မှာ မိုးသည်းထန် ရေကြီးမှုတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ကြရတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပေးပါမယ်။

မြန်မာနိုင်ငံ အထက်ပိုင်း ဒေသတွေမှာ မကြာသေးခင်ရက်တွေအတွင်း ဧရာဝတီမြစ်ရေ ဆက်တိုက်မြင့်တက်လာနေတာကြောင့် ရေကြီးနိုင်တဲ့ အန္တရာယ် သတိထားဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသလို၊ ရာနဲ့ချီတဲ့ ဒေသခံတွေကိုလည်း ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးထွန်းဦးကတော့ ဒီသီတင်းပတ်ထဲ မိုးလျော့နည်းမယ်လို့ ခန့်မှန်းထားတဲ့အတွက် စိုးရိမ်ရေမှတ်အထိ ရောက်နိုင်တဲ့ အန္တရာယ်မရှိပေမဲ့ သတိထားဖို့လိုတယ်လို့ ပြောပါတယ်။

"ဒီသတ်မှတ်ထားတဲ့စခန်းမှာ စိုးရိမ်ရေမှတ်ကို မရောက်သော်ငြားလည်း ကိုယ့်ရဲ့နေရာအနေအထားပေါ်မှာ မူတည်ပြီး ပြင်ဆင်ထားသင့်တယ်ပေါ့နော်။ ဘာလို့လည်းဆိုတော့ ရေတက်နေတယ်ဆိုတော့ အထက်မှာတက်နေသည့်အတွက် အောက်မှာတော့ သက်ရောက်မှုကရှိမှာပဲ။ အနည်းနဲ့အများတော့ တက်လာမှာပဲ။ စိုးရိမ်ရတဲ့ရေမှတ်မရောက်သော်လည်းပဲ အနိမ့်ပိုင်းတွေ့တော့ ရေလွှမ်းမိုးမှုက ရှိဦးမှာပါပဲခင်ဗျ။"

ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ ရွှေကူမှာလည်း ပြီးခဲ့တဲ့ စနေနေ့ နှောင်းပိုင်းကစလို ရေဘေးကယ်ဆယ်ရေးစခန်း ၁၁ ခုဖွင့်လှစ်ခဲ့ရပြီး လူဦးရေ ၆၀၀ ကျော်ကို ပြောင်းရွှေ့နေရာချထားပေးရတယ်လို့လည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ရေဘေးကြောင့် ရွှေ့ပြောင်းလာသူတွေကို ကိုဗစ်ကာလအတွင်း အရင်နှစ်တွေကနဲ့မတူ တခြားထောက်ပံ့မှုတွေပါ စီစဉ်ပေးထားတယ်လို့ လူကယ်ပြန်ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

"ရေတော့ပြန်ကျနေတယ်။ အဲတော့ ပြန်ပြောင်းရွှေ့ဖို့ တချို့တလေတော့ လုပ်နေကြပြီပေါ့။ ဝိုင်းမော်မှာတော့ ပြန်ရွှေ့ကုန်ကြပြီ။ အခုကတော့ ရေကြီးရေလျှံတဲ့ကာလ ရောက်လာပြီပေါ့နော်။ ရောက်လာတဲ့အခါကျတော့ ပြီးခဲ့တဲ့နှစ်တွေနဲ့ မတူတာက ဒီနှစ်ရေဘေးပြောင်းရွှေ့ရသူတွေကို Mask တွေပါ ထောက်ပံ့ဖို့ပေါ့နော်။ Mask တို့ ဆပ်ပြာတို့ အဲဒါတွေထောက်ပံ့ဖို့ စီစဉ်ထားတာရှိတယ်။"

နောက်လာမယ့် ၂ ရက်အတွင်းမှာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာလည်း ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ရောက်လာနိုင်လို့ မြစ်ကမ်းဘေးနေထိုင်သူတွေကို ရေဘေးသတိပေး လိုက်လံနှိုးဆော်နေကြပါတယ်။

စုစု  / ဗွီအိုအေ ( မြန်မာပိုင်း)
----------------------------------
(Zawgyi)⤵⤵⤵
ဧရာဝတီျမစ္ေရႀကီးႏိုင္တဲ့ အႏၲရာယ္

ျမန္မာႏိုင္ငံေနရာတခ်ိဳ႕မွာ မိုးသည္းထန္ ေရႀကီးမႈေတြေၾကာင့္ ေဒသခံေတြ ေဘးလြတ္ရာ ေျပာင္းေ႐ႊ႕ခဲ့ၾကရတဲ့ အေျခအေနကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက ေျပာျပေပးပါမယ္။

ျမန္မာႏိုင္ငံ အထက္ပိုင္း ေဒသေတြမွာ မၾကာေသးခင္ရက္ေတြအတြင္း ဧရာဝတီျမစ္ေရ ဆက္တိုက္ျမင့္တက္လာေနတာေၾကာင့္ ေရႀကီးႏိုင္တဲ့ အႏၲရာယ္ သတိထားဖို႔ မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက သတိေပးထားသလို၊ ရာနဲ႔ခ်ီတဲ့ ေဒသခံေတြကိုလည္း ေဘးလြတ္ရာ ေျပာင္းေ႐ႊ႕ေပးထားရပါတယ္။

မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးမ်ိဳးထြန္းဦးကေတာ့ ဒီသီတင္းပတ္ထဲ မိုးေလ်ာ့နည္းမယ္လို႔ ခန႔္မွန္းထားတဲ့အတြက္ စိုးရိမ္ေရမွတ္အထိ ေရာက္ႏိုင္တဲ့ အႏၲရာယ္မရွိေပမဲ့ သတိထားဖို႔လိုတယ္လို႔ ေျပာပါတယ္။

"ဒီသတ္မွတ္ထားတဲ့စခန္းမွာ စိုးရိမ္ေရမွတ္ကို မေရာက္ေသာ္ျငားလည္း ကိုယ့္ရဲ႕ေနရာအေနအထားေပၚမွာ မူတည္ၿပီး ျပင္ဆင္ထားသင့္တယ္ေပါ့ေနာ္။ ဘာလို႔လည္းဆိုေတာ့ ေရတက္ေနတယ္ဆိုေတာ့ အထက္မွာတက္ေနသည့္အတြက္ ေအာက္မွာေတာ့ သက္ေရာက္မႈကရွိမွာပဲ။ အနည္းနဲ႔အမ်ားေတာ့ တက္လာမွာပဲ။ စိုးရိမ္ရတဲ့ေရမွတ္မေရာက္ေသာ္လည္းပဲ အနိမ့္ပိုင္းေတြ႕ေတာ့ ေရလႊမ္းမိုးမႈက ရွိဦးမွာပါပဲခင္ဗ်။"

ကခ်င္ျပည္နယ္ ျမစ္ႀကီးနား၊ ဝိုင္းေမာ္နဲ႔ ေ႐ႊကူမွာလည္း ၿပီးခဲ့တဲ့ စေနေန႔ ေႏွာင္းပိုင္းကစလို ေရေဘးကယ္ဆယ္ေရးစခန္း ၁၁ ခုဖြင့္လွစ္ခဲ့ရၿပီး လူဦးေရ ၆၀၀ ေက်ာ္ကို ေျပာင္းေ႐ႊ႕ေနရာခ်ထားေပးရတယ္လို႔လည္း လူမႈဝန္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ေရေဘးေၾကာင့္ ေ႐ႊ႕ေျပာင္းလာသူေတြကို ကိုဗစ္ကာလအတြင္း အရင္ႏွစ္ေတြကနဲ႔မတူ တျခားေထာက္ပံ့မႈေတြပါ စီစဥ္ေပးထားတယ္လို႔ လူကယ္ျပန္ဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉး ေဒၚျဖဴလဲ့လဲ့ထြန္းက ေျပာပါတယ္။

"ေရေတာ့ျပန္က်ေနတယ္။ အဲေတာ့ ျပန္ေျပာင္းေ႐ႊ႕ဖို႔ တခ်ိဳ႕တေလေတာ့ လုပ္ေနၾကၿပီေပါ့။ ဝိုင္းေမာ္မွာေတာ့ ျပန္ေ႐ႊ႕ကုန္ၾကၿပီ။ အခုကေတာ့ ေရႀကီးေရလွ်ံတဲ့ကာလ ေရာက္လာၿပီေပါ့ေနာ္။ ေရာက္လာတဲ့အခါက်ေတာ့ ၿပီးခဲ့တဲ့ႏွစ္ေတြနဲ႔ မတူတာက ဒီႏွစ္ေရေဘးေျပာင္းေ႐ႊ႕ရသူေတြကို Mask ေတြပါ ေထာက္ပံ့ဖို႔ေပါ့ေနာ္။ Mask တို႔ ဆပ္ျပာတို႔ အဲဒါေတြေထာက္ပံ့ဖို႔ စီစဥ္ထားတာရွိတယ္။"

ေနာက္လာမယ့္ ၂ ရက္အတြင္းမွာ ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕နယ္နဲ႔ စစ္ကိုင္းတိုင္း၊ ကသာၿမိဳ႕နယ္မွာလည္း ဧရာဝတီျမစ္ေရ စိုးရိမ္ေရမွတ္ေရာက္လာႏိုင္လို႔ ျမစ္ကမ္းေဘးေနထိုင္သူေတြကို ေရေဘးသတိေပး လိုက္လံႏႈိးေဆာ္ေနၾကပါတယ္။

စုစု  / ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/irrawaddy-river-weather/5500565.html
ဧရာဝတီမြစ်ရေကြီးနိုင်တဲ့ အန္တရာယ် ဧရာဝတီမြစ်ရေကြီးနိုင်တဲ့ အန္တရာယ် Reviewed by THITHTOOLWIN on 07:27 Rating: 5
Powered by Blogger.