ကျောင်းပေါင်း ၆၀၀၀ ကျော်ပြန်ဖွင့်မယ်

ဇူလိုင်လ(၁၃)ရက်နေ့မှ စတင်ကာ ကျောင်းအပ်လက်ခံ
(Unicode)⤵⤵⤵
မြန်မာတစ်နိုင်ငံလုံးက အစိုးရကျောင်းတွေမှာ အထက်တန်းအဆင့် ကျောင်းသူကျောင်းသားတွေကို ဇူလိုင်လ ၁၃ ရက်နေ့က စတင်ပြီး ကျောင်းအပ်လက်ခံနေပြီဖြစ်ပြီး လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့မှာ ကိုယ်ပိုင်ကျောင်းတွေ အပါအဝင် တစ်နိုင်ငံလုံး ကျောင်းပေါင်း ၆၀၀၀ ကျော် ပြန်ဖွင့်ဖို့ရှိတယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဇူလိုင် ၁၇ ရက်နေ့ သောကြာနေ့အထိ ရက်သတ္တပတ် တစ်ပတ်လုံး ကျောင်းအပ်ကာလ သတ်မှတ်ထားပြီး ဆရာ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေဟာ ခပ်ခွာခွာ နည်းလမ်းနဲ့ စတင် ကျောင်းအပ်နေကြတာကိုလည်းမြင်တွေ့ရပါတယ်။

ကျောင်းတွေပြန်ဖွင့်ချိန်မှာတော့ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေအတိုင်း လိုက်နာဖို့ ဆရာမတွေကို လမ်းညွှန်ထားတယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ဘီဘီစီကို ပြောပါတယ်။

အရင်က ကိုးတန်း၊ ဆယ်တန်းလို့ခေါ်တဲ့ Grade 10 နဲ့ Grade 11 အတန်း နှစ်တန်းကိုပဲ ကျောင်းအပ်လက်ခံသွားမှာဖြစ်ပြီး ကိုယ်ပိုင်ကျောင်းတွေ အပါအဝင် ကျောင်းပေါင်း ၆၀၀၀ ကျော်ဟာ ဇူလိုင် ၂၁ ရက်နေ့မှာ စတင်ဖွင့်လှစ်မှာလည်းဖြစ်ပါတယ်။
လာမယ့် ဇူလိုင်လ(၂၁)ရက်နေ့မှာ စဖွင့်မယ်
ကိုဗစ် ရောဂါ ကာလအတွင်းမှာ ဒီလို ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တာနဲ့ ပတ်သက်လို့ ဒေါက်တာတင်မောင်ဝင်းက " ကျောင်းဝင်ကတည်းက ဆိုရှယ်ဒစ်စတန်းဆင်း ထားပြီး ဝင်ဖို့၊ ပြီးရင် အပူချိန်တိုင်းမယ်။ လက်ဆေးမယ် ဖျားနေတဲ့ကလေးကတော့ လုံး၀ ကျောင်းထဲမဝင်ဖို့ပေါ့၊ မတော်တဆ ကိုယ်အပူချိန်တက်မယ်ဆို အခန်းသီးသန့်ထား ထားဖို့ လမ်းညွှန်ထားတယ် " လို့ဆိုပါတယ်။

ကျောင်းတွေရဲ့ ကျန်းမာရေးလုံခြုံမှုနဲ့ ပတ်သက်လို့ ရန်ကုန်နဲ့ နေပြည်တော်တို့လို ကျောင်းဖယ်ရီကားရှိတဲ့ နေရာတွေ အတွက်လည်း ကျောင်းကားမောင်းသူတွေ ယာဉ်နောက်လိုက်တွေ လိုက်နာရမယ့် စည်းကမ်းတွေကို ထုတ်ပြန်ထားပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဇူလိုင်၁၃ ရက် ကျောင်းအပ်တဲ့နေ့မှာတော့ တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေခွာကာ တန်းစီပြီး ကျောင်းအပ်ခဲ့ရတယ်လို့ တောင်ဥက္ကလာပ မြို့နယ်ထဲက ဆယ်တန်းကျောင်းသားမိခင် တစ်ဦးကဆိုပါတယ်။

တစ်ချို့ ကျောင်းသားမိဘတွေကတော့ စိုးရိမ်စိတ်တွေရှိပေမဲ့ ကျောင်းတစ်နှစ် မတက်လိုက်ရမှာစိုးတဲ့အတွက် ကျောင်းထားရတာတွေလည်း ရှိပါတယ်။

ပုံမှန်အားဖြင့် အထက်တန်းကျောင်းတွေကို ဖွင့်ပြီးတဲ့အခါ အလယ်တန်း၊ မူလတန်း အဆင့်ဆင့် ဆက်ဖွင့်သွားဖို့ လုပ်ဆောင်နေတယ်လို့ မန္တလေးမြို့ အထက ၁၆ က ကျောင်းအုပ် ဒေါက်တာသန်းထက်စိုးက ပြောပါတယ်။

" နိုင်ငံတော်က ပေးထားတဲ့ ပုံနှိပ်စာအုပ်တွေ လုံလုံလောက်လောက် တစ်ခါတည်း ဖြန့်ဖြူးတယ်။ နောက် အထက ၁၆ အစီအစဉ်နဲ့ လျှော်လို့ရတဲ့ mask တစ်ခုပေးတယ်။ နောက်ခွဲစိတ်ခန်းသုံးMask နှစ်ခုဆီပေးတယ်" လို့သူကပြောပါတယ်။

ကိုဗစ် ရောဂါ ကာကွယ်ရေးအတွက် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေကို အဝတ် Mask နှစ်ခု၊ Face Shied မျက်နှာအကာ တစ်ခုစီ ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီး ကျောင်းတိုင်းကို ကျောင်းသားတစ်ရာကို ကိုယ်အပူချိန်တိုင်း ကိရိယာ တစ်ခုနှုန်း၊ ကျောင်းသား ၅၀၀ ကို နှစ်ခုနှုန်းနဲ့ စုစုပေါင်း ကျပ်သိန်းပေါင်း ၇၈၀၀၀ ကျော်ဖိုး သုံးစွဲသွားမယ်လို့ အခြေခံပညာဦးစီးဌာန ကနေ သိရပါတယ်။

အခု ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်အတွက် လိုက်နာရမယ့် လိုက်နာချက်တွေထဲမှာ မျက်နှာအကာတပ်ပြီး ပါးစပ်နဲ့ နှာခေါင်းစည်းတွေကို ညွှန်ကြားချက်အတိုင်း စနစ်တကျ တပ်ဆင်ဖို့ ၊ လူစုလူဝေးဖြစ်စေမယ့် ကျောင်းတွင်း လှုပ်ရှားမှုတွေကို ရှောင်ကြဖို့နဲ့ စာသင်ခန်းအတွင်း ကျောင်းသူကျောင်းသားအချင်းချင်း ကိုဗစ်ရောဂါ ကာကွယ်အသိပညာပေး အချက်တွေကို ပြန့်ပွားစေဖို့ စတဲ့ အချက်တွေပါဝင်ပါတယ်။

ကျောင်းဖွင့်ချိန်မှာတော့ ကျောင်းစာသင်ခန်းအတွင်း တစ်ဦးနဲ့ တစ်ဦး အတတ်နိုင်ဆုံး ခြောက်ပေအကွာ နေရာချထားရေး စီစဉ်ထားသလို ဒီလို နေရာချထားတဲ့ အကွာအဝေးတွေကြောင့် စာသင်ခန်း လုံလောက်မှုရှိရန် ကျောင်းစာသင်ချိန်တွေကိုလည်း လျှော့ချထားပါတယ်။

တစ်ရက်ကို အများဆုံး စာသင်ချိန် လေးနာရီခန့်သာ သင်ကြားဖို့ နဲ့ ကျောင်းတွေကို အသုတ်လိုက် ခွဲတက်ဖို့ ပြည်နယ်အလိုက် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ပညာရေးဝန်ကြီးဌာက သိရပါတယ်။

ကိုဗစ်ကြောင့် ကျောင်းချိန်တွေ ခွဲခြားပြီး တက်ရတဲ့အခါ ကျောင်းဆရာ မလုံလောက်မှုတွေနဲ့ ကြုံနေရသလို နဂိုကတည်းကလည်း ကျောင်းဆရာလုံလောက်မှု မရှိဘူးလို့ ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။

" ဖြည့်မှာပါ ။ အခု လတ်တလောကတော့ ပညာရေးတက္ကသိုလ်က ဆင်းထားတဲ့ သင်တန်းဆင်းတွေရှိတယ် သူတို့ကတော့ အထက်တန်းပြတွေဖြစ်မှာပေါ့။ တစ်ထောင်ကျော်လောက်ရှိတာပေါ့။ တကယ်တမ်း လိုအပ်နေတာ တစ်သောင်းလောက် လိုတာပေါ့နော်။ " လို့ဆိုပါတယ်။

အထက်တန်းအဆင့်တွေ ကျောင်းတွေ ဖွင့်လှစ်ပြီး အလယ်တန်းကို သြဂုတ်လ ၄ ရက်နေ့နဲ့ မူလတန်းကို သြဂုတ် ၁၁ ရက်နေ့မှာ ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ အခြေခံပညာ ဦးစီးဌာနကနေ သတင်းရရှိပါတယ်။

BBC Burmese
---------------------------------
(Zawgyi)⤵⤵⤵
ေက်ာင္းေပါင္း ၆၀၀၀ ေက်ာ္ျပန္ဖြင့္မယ္

ျမန္မာတစ္ႏိုင္ငံလုံးက အစိုးရေက်ာင္းေတြမွာ အထက္တန္းအဆင့္ ေက်ာင္းသူေက်ာင္းသားေတြကို ဇူလိုင္လ ၁၃ ရက္ေန႔က စတင္ၿပီး ေက်ာင္းအပ္လက္ခံေနၿပီျဖစ္ၿပီး လာမယ့္ ဇူလိုင္လ ၂၁ ရက္ေန႔မွာ ကိုယ္ပိုင္ေက်ာင္းေတြ အပါအဝင္ တစ္ႏိုင္ငံလုံး ေက်ာင္းေပါင္း ၆၀၀၀ ေက်ာ္ ျပန္ဖြင့္ဖို႔ရွိတယ္လို႔ အေျခခံပညာဦးစီးဌာန ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ဘီဘီစီကို ေျပာပါတယ္။

ဇူလိုင္ ၁၇ ရက္ေန႔ ေသာၾကာေန႔အထိ ရက္သတၱပတ္ တစ္ပတ္လုံး ေက်ာင္းအပ္ကာလ သတ္မွတ္ထားၿပီး ဆရာ ဆရာမေတြနဲ႔ ေက်ာင္းသူေက်ာင္းသားေတြဟာ ခပ္ခြာခြာ နည္းလမ္းနဲ႔ စတင္ ေက်ာင္းအပ္ေနၾကတာကိုလည္းျမင္ေတြ႕ရပါတယ္။

ေက်ာင္းေတြျပန္ဖြင့္ခ်ိန္မွာေတာ့ ကိုဗစ္ ကာကြယ္ထိန္းခ်ဳပ္ေရးနဲ႔ ပတ္သက္ၿပီး က်န္းမာေရးဦးစီးဌာနက ထုတ္ျပန္ထားတဲ့ ထုတ္ျပန္ခ်က္ေတြအတိုင္း လိုက္နာဖို႔ ဆရာမေတြကို လမ္းၫႊန္ထားတယ္လို႔ အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ဘီဘီစီကို ေျပာပါတယ္။

အရင္က ကိုးတန္း၊ ဆယ္တန္းလို႔ေခၚတဲ့ Grade 10 နဲ႔ Grade 11 အတန္း ႏွစ္တန္းကိုပဲ ေက်ာင္းအပ္လက္ခံသြားမွာျဖစ္ၿပီး ကိုယ္ပိုင္ေက်ာင္းေတြ အပါအဝင္ ေက်ာင္းေပါင္း ၆၀၀၀ ေက်ာ္ဟာ ဇူလိုင္ ၂၁ ရက္ေန႔မွာ စတင္ဖြင့္လွစ္မွာလည္းျဖစ္ပါတယ္။

ကိုဗစ္ ေရာဂါ ကာလအတြင္းမွာ ဒီလို ေက်ာင္းေတြ ျပန္လည္ဖြင့္လွစ္တာနဲ႔ ပတ္သက္လို႔ ေဒါက္တာတင္ေမာင္ဝင္းက " ေက်ာင္းဝင္ကတည္းက ဆိုရွယ္ဒစ္စတန္းဆင္း ထားၿပီး ဝင္ဖို႔၊ ၿပီးရင္ အပူခ်ိန္တိုင္းမယ္။ လက္ေဆးမယ္ ဖ်ားေနတဲ့ကေလးကေတာ့ လုံး၀ ေက်ာင္းထဲမဝင္ဖို႔ေပါ့၊ မေတာ္တဆ ကိုယ္အပူခ်ိန္တက္မယ္ဆို အခန္းသီးသန္႔ထား ထားဖို႔ လမ္းၫႊန္ထားတယ္ " လို႔ဆိုပါတယ္။

ေက်ာင္းေတြရဲ႕ က်န္းမာေရးလုံၿခဳံမႈနဲ႔ ပတ္သက္လို႔ ရန္ကုန္နဲ႔ ေနျပည္ေတာ္တို႔လို ေက်ာင္းဖယ္ရီကားရွိတဲ့ ေနရာေတြ အတြက္လည္း ေက်ာင္းကားေမာင္းသူေတြ ယာဥ္ေနာက္လိုက္ေတြ လိုက္နာရမယ့္ စည္းကမ္းေတြကို ထုတ္ျပန္ထားၿပီး ျဖစ္တယ္လို႔ သူက ေျပာပါတယ္။

ဇူလိုင္၁၃ ရက္ ေက်ာင္းအပ္တဲ့ေန႔မွာေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ ေျခာက္ေပခြာကာ တန္းစီၿပီး ေက်ာင္းအပ္ခဲ့ရတယ္လို႔ ေတာင္ဥကၠလာပ ၿမိဳ႕နယ္ထဲက ဆယ္တန္းေက်ာင္းသားမိခင္ တစ္ဦးကဆိုပါတယ္။

တစ္ခ်ိဳ႕ ေက်ာင္းသားမိဘေတြကေတာ့ စိုးရိမ္စိတ္ေတြရွိေပမဲ့ ေက်ာင္းတစ္ႏွစ္ မတက္လိုက္ရမွာစိုးတဲ့အတြက္ ေက်ာင္းထားရတာေတြလည္း ရွိပါတယ္။

ပုံမွန္အားျဖင့္ အထက္တန္းေက်ာင္းေတြကို ဖြင့္ၿပီးတဲ့အခါ အလယ္တန္း၊ မူလတန္း အဆင့္ဆင့္ ဆက္ဖြင့္သြားဖို႔ လုပ္ေဆာင္ေနတယ္လို႔ မႏၲေလးၿမိဳ႕ အထက ၁၆ က ေက်ာင္းအုပ္ ေဒါက္တာသန္းထက္စိုးက ေျပာပါတယ္။

" ႏိုင္ငံေတာ္က ေပးထားတဲ့ ပုံႏွိပ္စာအုပ္ေတြ လုံလုံေလာက္ေလာက္ တစ္ခါတည္း ျဖန္႔ျဖဴးတယ္။ ေနာက္ အထက ၁၆ အစီအစဥ္နဲ႔ ေလွ်ာ္လို႔ရတဲ့ mask တစ္ခုေပးတယ္။ ေနာက္ခြဲစိတ္ခန္းသုံးMask ႏွစ္ခုဆီေပးတယ္" လို႔သူကေျပာပါတယ္။

ကိုဗစ္ ေရာဂါ ကာကြယ္ေရးအတြက္ ဆရာ၊ ဆရာမေတြနဲ႔ ေက်ာင္းသားေတြကို အဝတ္ Mask ႏွစ္ခု၊ Face Shied မ်က္ႏွာအကာ တစ္ခုစီ ေထာက္ပံ့ေပးသြားမွာ ျဖစ္ၿပီး ေက်ာင္းတိုင္းကို ေက်ာင္းသားတစ္ရာကို ကိုယ္အပူခ်ိန္တိုင္း ကိရိယာ တစ္ခုႏႈန္း၊ ေက်ာင္းသား ၅၀၀ ကို ႏွစ္ခုႏႈန္းနဲ႔ စုစုေပါင္း က်ပ္သိန္းေပါင္း ၇၈၀၀၀ ေက်ာ္ဖိုး သုံးစြဲသြားမယ္လို႔ အေျခခံပညာဦးစီးဌာန ကေန သိရပါတယ္။

အခု ၂၀၂၀ - ၂၀၂၁ ပညာသင္ႏွစ္အတြက္ လိုက္နာရမယ့္ လိုက္နာခ်က္ေတြထဲမွာ မ်က္ႏွာအကာတပ္ၿပီး ပါးစပ္နဲ႔ ႏွာေခါင္းစည္းေတြကို ၫႊန္ၾကားခ်က္အတိုင္း စနစ္တက် တပ္ဆင္ဖို႔ ၊ လူစုလူေဝးျဖစ္ေစမယ့္ ေက်ာင္းတြင္း လႈပ္ရွားမႈေတြကို ေရွာင္ၾကဖို႔နဲ႔ စာသင္ခန္းအတြင္း ေက်ာင္းသူေက်ာင္းသားအခ်င္းခ်င္း ကိုဗစ္ေရာဂါ ကာကြယ္အသိပညာေပး အခ်က္ေတြကို ျပန္႔ပြားေစဖို႔ စတဲ့ အခ်က္ေတြပါဝင္ပါတယ္။

ေက်ာင္းဖြင့္ခ်ိန္မွာေတာ့ ေက်ာင္းစာသင္ခန္းအတြင္း တစ္ဦးနဲ႔ တစ္ဦး အတတ္ႏိုင္ဆုံး ေျခာက္ေပအကြာ ေနရာခ်ထားေရး စီစဥ္ထားသလို ဒီလို ေနရာခ်ထားတဲ့ အကြာအေဝးေတြေၾကာင့္ စာသင္ခန္း လုံေလာက္မႈရွိရန္ ေက်ာင္းစာသင္ခ်ိန္ေတြကိုလည္း ေလွ်ာ့ခ်ထားပါတယ္။

တစ္ရက္ကို အမ်ားဆုံး စာသင္ခ်ိန္ ေလးနာရီခန္႔သာ သင္ၾကားဖို႔ နဲ႔ ေက်ာင္းေတြကို အသုတ္လိုက္ ခြဲတက္ဖို႔ ျပည္နယ္အလိုက္ ညႇိႏႈိင္းေဆာင္႐ြက္သြားမယ္လို႔ ပညာေရးဝန္ႀကီးဌာက သိရပါတယ္။

ကိုဗစ္ေၾကာင့္ ေက်ာင္းခ်ိန္ေတြ ခြဲျခားၿပီး တက္ရတဲ့အခါ ေက်ာင္းဆရာ မလုံေလာက္မႈေတြနဲ႔ ႀကဳံေနရသလို နဂိုကတည္းကလည္း ေက်ာင္းဆရာလုံေလာက္မႈ မရွိဘူးလို႔ ေဒါက္တာ တင္ေမာင္ဝင္းက ေျပာပါတယ္။

" ျဖည့္မွာပါ ။ အခု လတ္တေလာကေတာ့ ပညာေရးတကၠသိုလ္က ဆင္းထားတဲ့ သင္တန္းဆင္းေတြရွိတယ္ သူတို႔ကေတာ့ အထက္တန္းျပေတြျဖစ္မွာေပါ့။ တစ္ေထာင္ေက်ာ္ေလာက္ရွိတာေပါ့။ တကယ္တမ္း လိုအပ္ေနတာ တစ္ေသာင္းေလာက္ လိုတာေပါ့ေနာ္။ " လို႔ဆိုပါတယ္။

အထက္တန္းအဆင့္ေတြ ေက်ာင္းေတြ ဖြင့္လွစ္ၿပီး အလယ္တန္းကို ၾသဂုတ္လ ၄ ရက္ေန႔နဲ႔ မူလတန္းကို ၾသဂုတ္ ၁၁ ရက္ေန႔မွာ ဖြင့္လွစ္သြားဖို႔ ရွိတယ္လို႔ အေျခခံပညာ ဦးစီးဌာနကေန သတင္းရရွိပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53396203
ကျောင်းပေါင်း ၆၀၀၀ ကျော်ပြန်ဖွင့်မယ် ကျောင်းပေါင်း ၆၀၀၀ ကျော်ပြန်ဖွင့်မယ် Reviewed by THITHTOOLWIN on 07:26 Rating: 5
Powered by Blogger.