ဖားကန့်မြေပြိုမှုမှာ အမှုဖွင့်ထားတဲ့ လောပန်း ၁၃ ဦးထဲက ၃ဦးကို ဖမ်းမိ

လူ၁၇၂ ဦးရုပ်အလောင်းပြန်ရခဲ့ပြီး ဖားကန့်မှာ လူအသေအပျောက်အများဆုံးမြေပြိုမှုဖြစ်
(Unicode)⤵⤵⤵
ကချင်ပြည်နယ် ဖားကန့်မြို့က ဝှေခါမှော်မှာ လူ ၁၇၀ ကျော် စံချိန်တင်သေဆုံးခဲ့တဲ့ ဖြစ်စဉ်အတွက် ရေမဆေးလောပန်း ၁၃ ဦးကို ထောင် ၃နှစ်ထိကျခံရနိုင်တဲ့ ကျောက်မျက်ဥပဒေပုဒ်မ ၅၀ (က)နဲ့ အမှုဖွင့်လိုက်တယ်လို့ ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းအောင် ကဘီဘီစီကိုပြောပါတယ်။

ဒီလူတွေကို အမှုဖွင့်အရေးယူဖို့ လုပ်ရတာဟာ အန္တရာယ်ရှိလို့ တားမြစ်ထားတဲ့နေရာကို ကျင်းသားတွေကို တားမြစ်ရမယ့် အစားအဲဒီနေရာမှာ တူးခိုင်းတယ်၊ လုပ်ခွင့်မရှိတဲ့နေရာမှာ တူးခိုင်းတာဖြစ်လို့ အဲဒီ ပုဒ်မနဲ့ အမှုဖွင့်ရတာဖြစ်တယ်လို့ သူကရှင်းပြပါတယ်။

ရေမဆေးလောပန်း ဆိုတာကတော့ ဖားကန့်မှာ ရေမဆေးကျောက်တူးသမားတွေကို ထမင်းကျွေးကာ နေရာထိုင်ခင်း ပေးထားသူဖြစ်ပြီး ကျောက်ရပါက လောပန်းတစ်ဝက် ရေမဆေးကျောက်သမားက တစ်ဝက်ခွဲ ယူတဲ့ အလေ့အထ ရှိကြောင်းလည်း ဖားကန့်ဒေသခံတွေက ပြောပါတယ်။

အမှုဖွင့်ထားတဲ့ လောပန်း ၁၃ ဦးထဲက ၃ဦးကို ဖမ်းဆီးရ မိထားပြီဖြစ်ပြီး တော့ ကျန် ၁၀ ဦးကိုတော့ ရဲစခန်းက လာရောက် အဖမ်းခံဖို့ ဆင့်ခေါ်ထားကြောင်းလည်းရဲမှူးကပြောပါတယ်။
သတိပေးချက်တွေ ထုတ်ပြန်ထားပေမဲ့ ရေမဆေးကျောက်ရှာသူတွေက အန္တရာယ်ကို ဂရုမထားကြ
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းဒေသမှာ အခုလို စက်ယန္တရားကြီးနဲ့ တူးဖော်လာကြတာဟာ နှစ်ပေါင်း ဆယ်စုနှစ်တစ်ခု ကျော်လာပြီဖြစ်ပါတယ်။

ကျင်းတွေက သေးလာရာကနေ ကျယ်လာတဲ့အပြင် မိုင်းဒဏ်တွေကြောင့် တောင်နံရံတွေ ကျောက်လွှာကြော အက်ကွဲလာကြတာလည်း ရှိတယ်၊ ကျင်းလို့သာပြောပေမဲ့ ဧကပေါင်းရာချီ ကျယ်တဲ့ နေရတွေ ဖြစ်နေတယ်လို့ လည်း ဖားကန့်မြို့ဒေသခံ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ပြောပါတယ်။

ဒီနေရာမှာ အခင်းမဖြစ်ခင် မြေပြိုလို့ ပြောင်းရွှေ့ပေးခဲ့တာရှိပြီး မြေပြိုမှု မဖြစ်ခင် မိုး ၁၅ ရက်လောက် ဆက်တိုက် ရွာသွန်းခဲ့တာရယ်၊ တောင်နံရံ အက်ကြောင်းတွေထဲ မိုးရေတွေဝင်တာကြောင့်လည်း ကျင်းပြိုမှုတွေ ဖြစ်ခဲ့တာ လို့လည်း ဦးတင်စိုးကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့က ဖားကန်မြေပြိုမှုကြောင် လူပေါင်း၁၇၂ ဦးရုပ်အလောင်းပြန်ရခဲ့ပြီး ဖားကန့်မှာ လူအသေအပျောက် အများဆုံးမြေပြိုမှု အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အစိုးရအနေနဲ့ ဖားကန့်မှာ အသေးစားနဲ့ အလတ်စားလုပ်ကွက်တွေ ချထားပေးမယ့် အစီအစဉ်တွေ ရှိပြီးအဲဒီလို ချထားပေးနိုင်ရင်တော့ အခုလို ကုမ္ပဏီလုပ်ကွက်တွေမှာ ဝင်တူးတာတွေ နည်းသွားမယ်လို့ ကချင်ပြည်နယ် သယံဇာတဝန်ကြီး ဦးဒါရှီလာဆိုင်းကတော့ ကပြောခဲ့ပါတယ်။
သေဆုံးသူ ၁၇၂ ဦးရဲ့ ရုပ်အလောင်းတွေ ရရှိထား
မြန်မာနိုင်ငံမှာ ကျောက်စိမ်းထုတ်လုပ်မှုကနေ ရတဲ့ ဝင်ငွေဟာ တစ်နှစ်ကို ဒေါ်လာ ၃၀ ဘီလီယံ လောက် တန်ကြေးရှိတယ်လို့ စစ်တမ်းတွေက ဖော်ပြကြပါတယ်။

ဖားကန့်မှာ ရေမဆေးကျောက်ရှာသူ အရေအတွက်ဟာ သိန်းနဲ့ချီရှိပြီး တူးဖော်မှုတွေလုပ်ကိုင်နေကြပါတယ်။

ဒီဖြစ်စဉ်အတွက် လောပန်းတွေကို အရေးယူရတာဟာ ဖားကန့်မြေပြိုလူသေဆုံးမှု အတွက် အမှု မှာ ထင်ရှားပေါ်လွင်လာလိုဖြစ်တယ်လို့ ရဲမှူးက ရှင်းပြပါတယ်။

ဖားကန့်မှာ မြေပြိုမှု ကြောင့် လောပန်းတွေကို အရေးယူတာနဲ့ ပတ်သက်လို့ ဒေသခံတွေဘက် ကတော့ ဝေဖန်မှုတွေရှိပါတယ်။

ယန္တရားကြီးနဲ့ တူးဖော်တဲ့လုပ်ကွက် လုပ်ခွင့်ရသူတွေဟာ သူတို့လုပ်ကွက်တွေကို ကျင်းပြိုမှု မဖြစ်အောင် ရပ်နားထားချိန်ဖြစ်လို့ သူတို့နဲ့ ပတ်သက်လို့ လတ်တလော အရေးယူဖိုမရှိကြောင်းနဲ့ ကျန်အပိုင်းတွေက စုံစမ်းရေးအဖွဲ့ အစီရင်ခံစာ ထွက်လာမှသာ ပြောနိုင်မှာ ဖြစ်တယ်လို့ လည်းရဲမှူးကပြောပါတယ်။

BBC Burmese
-------------------------------------
(Zawgyi)⤵⤵⤵
ဖားကန္႔ေျမၿပိဳမႈမွာ အမႈဖြင့္ထားတဲ့ ေလာပန္း ၁၃ ဦးထဲက ၃ဦးကို ဖမ္းမိ

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕က ေဝွခါေမွာ္မွာ လူ ၁၇၀ ေက်ာ္ စံခ်ိန္တင္ေသဆုံးခဲ့တဲ့ ျဖစ္စဥ္အတြက္ ေရမေဆးေလာပန္း ၁၃ ဦးကို ေထာင္ ၃ႏွစ္ထိက်ခံရႏိုင္တဲ့ ေက်ာက္မ်က္ဥပေဒပုဒ္မ ၅၀ (က)နဲ႔ အမႈဖြင့္လိုက္တယ္လို႔ ဖားကန႔္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးသန္းဝင္းေအာင္ ကဘီဘီစီကိုေျပာပါတယ္။

ဒီလူေတြကို အမႈဖြင့္အေရးယူဖို႔ လုပ္ရတာဟာ အႏၲရာယ္ရွိလို႔ တားျမစ္ထားတဲ့ေနရာကို က်င္းသားေတြကို တားျမစ္ရမယ့္ အစားအဲဒီေနရာမွာ တူးခိုင္းတယ္၊ လုပ္ခြင့္မရွိတဲ့ေနရာမွာ တူးခိုင္းတာျဖစ္လို႔ အဲဒီ ပုဒ္မနဲ႔ အမႈဖြင့္ရတာျဖစ္တယ္လို႔ သူကရွင္းျပပါတယ္။

ေရမေဆးေလာပန္း ဆိုတာကေတာ့ ဖားကန္႔မွာ ေရမေဆးေက်ာက္တူးသမားေတြကို ထမင္းေကြၽးကာ ေနရာထိုင္ခင္း ေပးထားသူျဖစ္ၿပီး ေက်ာက္ရပါက ေလာပန္းတစ္ဝက္ ေရမေဆးေက်ာက္သမားက တစ္ဝက္ခြဲ ယူတဲ့ အေလ့အထ ရွိေၾကာင္းလည္း ဖားကန္႔ေဒသခံေတြက ေျပာပါတယ္။

အမႈဖြင့္ထားတဲ့ ေလာပန္း ၁၃ ဦးထဲက ၃ဦးကို ဖမ္းဆီးရ မိထားၿပီျဖစ္ၿပီး ေတာ့ က်န္ ၁၀ ဦးကိုေတာ့ ရဲစခန္းက လာေရာက္ အဖမ္းခံဖို႔ ဆင့္ေခၚထားေၾကာင္းလည္းရဲမႉးကေျပာပါတယ္။

ကခ်င္ျပည္နယ္ ဖားကန္႔ေက်ာက္စိမ္းေဒသမွာ အခုလို စက္ယႏၲရားႀကီးနဲ႔ တူးေဖာ္လာၾကတာဟာ ႏွစ္ေပါင္း ဆယ္စုႏွစ္တစ္ခု ေက်ာ္လာၿပီျဖစ္ပါတယ္။

က်င္းေတြက ေသးလာရာကေန က်ယ္လာတဲ့အျပင္ မိုင္းဒဏ္ေတြေၾကာင့္ ေတာင္နံရံေတြ ေက်ာက္လႊာေၾကာ အက္ကြဲလာၾကတာလည္း ရွိတယ္၊ က်င္းလို႔သာေျပာေပမဲ့ ဧကေပါင္းရာခ်ီ က်ယ္တဲ့ ေနရေတြ ျဖစ္ေနတယ္လို႔ လည္း ဖားကန္႔ၿမိဳ႕ေဒသခံ ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္စိုးက ေျပာပါတယ္။

ဒီေနရာမွာ အခင္းမျဖစ္ခင္ ေျမၿပိဳလို႔ ေျပာင္းေ႐ႊ႕ေပးခဲ့တာရွိၿပီး ေျမၿပိဳမႈ မျဖစ္ခင္ မိုး ၁၅ ရက္ေလာက္ ဆက္တိုက္ ႐ြာသြန္းခဲ့တာရယ္၊ ေတာင္နံရံ အက္ေၾကာင္းေတြထဲ မိုးေရေတြ၀င္တာေၾကာင့္လည္း က်င္းၿပိဳမႈေတြ ျဖစ္ခဲ့တာ လို႔လည္း ဦးတင္စိုးကေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လ ၂ ရက္ေန႔က ဖားကန္ေျမၿပိဳမႈေၾကာင္ လူေပါင္း၁၇၂ ဦး႐ုပ္အေလာင္းျပန္ရခဲ့ၿပီး ဖားကန္႔မွာ လူအေသအေပ်ာက္ အမ်ားဆုံးေျမၿပိဳမႈ အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

အစိုးရအေနနဲ႔ ဖားကန္႔မွာ အေသးစားနဲ႔ အလတ္စားလုပ္ကြက္ေတြ ခ်ထားေပးမယ့္ အစီအစဥ္ေတြ ရွိၿပီးအဲဒီလို ခ်ထားေပးႏိုင္ရင္ေတာ့ အခုလို ကုမၸဏီလုပ္ကြက္ေတြမွာ ဝင္တူးတာေတြ နည္းသြားမယ္လို႔ ကခ်င္ျပည္နယ္ သယံဇာတဝန္ႀကီး ဦးဒါရွီလာဆိုင္းကေတာ့ ကေျပာခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ေက်ာက္စိမ္းထုတ္လုပ္မႈကေန ရတဲ့ ဝင္ေငြဟာ တစ္ႏွစ္ကို ေဒၚလာ ၃၀ ဘီလီယံ ေလာက္ တန္ေၾကးရွိတယ္လို႔ စစ္တမ္းေတြက ေဖာ္ျပၾကပါတယ္။

ဖားကန္႔မွာ ေရမေဆးေက်ာက္ရွာသူ အေရအတြက္ဟာ သိန္းနဲ႔ခ်ီရွိၿပီး တူးေဖာ္မႈေတြလုပ္ကိုင္ေနၾကပါတယ္။

ဒီျဖစ္စဥ္အတြက္ ေလာပန္းေတြကို အေရးယူရတာဟာ ဖားကန္႔ေျမၿပိဳလူေသဆုံးမႈ အတြက္ အမႈ မွာ ထင္ရွားေပၚလြင္လာလိုျဖစ္တယ္လို႔ ရဲမႉးက ရွင္းျပပါတယ္။

ဖားကန္႔မွာ ေျမၿပိဳမႈ ေၾကာင့္ ေလာပန္းေတြကို အေရးယူတာနဲ႔ ပတ္သက္လို႔ ေဒသခံေတြဘက္ ကေတာ့ ေဝဖန္မႈေတြရွိပါတယ္။

ယႏၲရားႀကီးနဲ႔ တူးေဖာ္တဲ့လုပ္ကြက္ လုပ္ခြင့္ရသူေတြဟာ သူတို႔လုပ္ကြက္ေတြကို က်င္းၿပိဳမႈ မျဖစ္ေအာင္ ရပ္နားထားခ်ိန္ျဖစ္လို႔ သူတို႔နဲ႔ ပတ္သက္လို႔ လတ္တေလာ အေရးယူဖိုမရွိေၾကာင္းနဲ႔ က်န္အပိုင္းေတြက စုံစမ္းေရးအဖြဲ႕ အစီရင္ခံစာ ထြက္လာမွသာ ေျပာႏိုင္မွာ ျဖစ္တယ္လို႔ လည္းရဲမႉးကေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53391709
ဖားကန့်မြေပြိုမှုမှာ အမှုဖွင့်ထားတဲ့ လောပန်း ၁၃ ဦးထဲက ၃ဦးကို ဖမ်းမိ ဖားကန့်မြေပြိုမှုမှာ အမှုဖွင့်ထားတဲ့ လောပန်း ၁၃ ဦးထဲက ၃ဦးကို ဖမ်းမိ Reviewed by THITHTOOLWIN on 07:28 Rating: 5
Powered by Blogger.