မဲပေးခွင့်ရှိသူစာရင်း ဇူလိုင် ၁၈ စတင်ကြေညာမယ်

၂၀၁၅ ခုနှစ်တုန်းက ရန်ကုန်မြို့ရှိ မဲရုံတခုမှာ မဲပေးနေသူတချို့ရဲ့ မြင်ကွင်း။ ( နိုဝင်ဘာ ၀၈၊ ၂၀၁၅)
(Unicode)⤵⤵⤵
မြန်မာနိုင်ငံမှာ နိုဝင်ဘာလထဲ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူတွေ စာရင်းကို စနေနေ့ကစလို့ ထုတ်ပြန်သွားမယ့်အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက ပြောပြပေးပါမယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ စာရင်းကို ရပ်ကွက်၊ ကျေးရွာတွေအလိုက် ဇူလိုင်လ ၁၈ ရက်နေ့ကစ ကြေညာသွားမှာပါ။ မဲပေးခွင့်ရှိသူတွေ အနေနဲ့ စာရင်းမှာ ပါ-မပါ စစ်ဆေးဖို့လည်း ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကြည်မြင့်က တိုက်တွန်းထားပါတယ်။

"၂ ပတ်လုပ်သွားမယ်။ အခု ဇူလိုင် ၁၈ က ပထမဆုံးအနေနဲ့ ကြေညာတာ မပါဘူး။ နောက် မပါသင့်တဲ့ သူတွေပါနေရင်၊ ပါသင့်တာ မပါရင် သက်ဆိုင်ရာ ရွေးကောက်ပွဲတွေမှာ ဖြည့်ရမယ့် ပုံစံအတိုင်း ဖြည့်တာတွေ ကန့်ကွက်တာတို့ ဖြည့်တာတို့ လုပ်လို့ရမယ်။ မဲရုံတွေကတော့ ဒီမှာတော့ ၅,၀၀၀ ကျော်လောက်ရှိမယ်။ မဲစာရင်းတွေက ဒုတိယအကြိမ်ကြေညာမှာကို အဲဒီမှာကျရင်တော့ မဲရုံစာရင်းတွေကို ထည့်သွင်းကြေညာမယ်။"

၁၄ ရက်တိတိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ကြေညာပေးသွားမယ့် မဲစာရင်းဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပထမဆုံး အနေနဲ့ ထုတ်ပြန်တာဖြစ်ပြီး ဒုတိယပိုင်းအနေနဲ့ ထပ်ပြီးလည်း ကြေညာသွားဖို့ ရှိတယ်လို့ ပြောပါတယ်။ တပ်မတော်က မဲဆန္ဒရှင် စာရင်းနဲ့ ပတ်သက်လို့တော့ တိတိကျကျ မသိရသေးဘူးလို့လည်း ဦးကြည်မြင့်က ပြောပါတယ်။

"တပ်မတော်ဘက်ကဟာတွေပါ ဒီ ၁၈ ရက်မှာ ပါလာဖို့ လုပ်နေပါတယ်။ နောက်ကျတာက ဘယ်လိုဖြစ်လို့လဲဆိုရင် ၁၈နှစ်ပြည့်တွေ ကောက်ခိုင်းတာမှာ အသက်လေးတွေ ပြန်ပြီး စိစစ်တာမှာ နည်းနည်းကြာသွားတာပါ။ ဒီတခေါက် ၁၈နှစ်ပြည့်တဲ့စာရင်းတွေနဲ့ ပတ်သတ် လို့ ကောက်တာက ဒီဇင်ဘာ ၃၁ အထိ သတ်မှတ်ကောက်ခဲ့တာကို ပမာဏကောက်တုန်းကလေ။ အခု ရွေးကောက်ပွဲက နိုဝင်ဘာ ၈ ရက်ဆိုတော့ နိုဝင်ဘာ ၈ ရက်မှာ အသက် ၁၈နှစ်ပြည့်ဖြစ်ရမယ်ဆိုတာမျိုး ဖြစ်တော့နည်းနည်းပြန် စစ်ဆေးရတာတွေ အဲလိုဖြစ်သွားတာပါ။"

ဒီတကြိမ် စာရင်းမှာတော့ ရန်ကုန်တိုင်းအတွင်း မဲပေးခွင့်ရှိသူ အရေအတွက်ဟာ ၅၀၀,၀၀၀ လောက် ပိုတိုးလာတယ်လို့လည်း ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကတော့ မဲစာရင်းထုတ်ပြန်မှုတွေမှာ ၂၀၁၅ တုန်းက ကြုံခဲ့ရတဲ့ အားနည်းချက်တွေကို ရှောင်ရှားနိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

"အခုစစ်ဖြစ်နေတဲ့နေရာတွေ ရှိတယ်လေ။ ရခိုင်မှာဆို တပြည်နယ်လုံးလိုလိုပဲ။ ချင်းပြည်နယ်တဝက်ပါတယ်။ အရှေ့မြောက်ဘက်နဲ့ တောင်ဘက်က လူတွေလည်း ရှိတယ်။ အဲဒီဘက်က လူတွေရဲ့မဲစာရင်း ဘယ်လောက်ပြည့်ပြည့်စုံစုံရနိုင် မလားမရနိုင်ဘူးလားဆိုတာ ကျနော်တို့မှာ မေးခွန်းထုတ်စရာဖြစ်တယ်။ အထူးသဖြင့် ပြည်ပနိုင်ငံ နိုင်ငံတကာကိုရောက် နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက နည်းတဲ့ အရေအတွက်တွေမဟုတ်ဘူး။ ကျနော်ထင်တယ် သန်းနဲ့ချီ ရှိတယ်လို့ ထင်တယ်။ သူတို့ဘယ်လောက်ပါဝင်မလဲနောက်ပြီး သူတို့ ဘယ်လောက်ထိ မဲပေးနိုင်မလဲဆိုတာတွေကို ဘယ်လောက်ထိ လုပ်နိုင်လဲဆိုတာကို ကျနော်တို့အတွက် မေးခွန်းထုတ်စရာဖြစ်နေတယ်။"

မဲစာရင်းတွေ တရားဝင်ထုတ်ပြန်တဲ့အခါ ကိုယ့်နာမည်မပါရင် သတ်မှတ်ထားတဲ့ ပုံစံ ၃ လို့ခေါ်တဲ့ မဲဆန္ဒရှင်စာရင်းမှာ ထည့်သွင်းပေးရန် တောင်းဆိုလွှာကို အချက်အလက်အထောက်အထားတွေနဲ့တကွ တင်ပြဖို့လည်း ရွေးကောက်ပွဲ ကော်မရှင်က တိုက်တွန်းထားပါတယ်။ မဲစာရင်းပါ အချက်အလက်တွေ မှားယွင်းနေတာ၊ သေဆုံးသူတွေ ပါဝင်နေတာမျိုးတွေ ရှိမယ်ဆိုရင်လည်း ပုံစံ ၄ လို့ ခေါ်တဲ့ အချက်အလက်များ ပြင်ဆင်ပေးဖို့ တောင်းဆိုလွှာကို သတ်မှတ် အထောက်အထားတွေနဲ့အတူ တင်ပြနိုင်တယ်လို့လည်း ပြောဆိုထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ဦးရေဟာ ၃၇ သန်းကျော် ရှိမယ်လို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခန့်မှန်းထားပါတယ်။

မေခ  / ဗွီအိုအေ ( မြန်မာပိုင်း)
-------------------------------------
(Zawgyi)⤵⤵⤵
မဲေပးခြင့္ရွိသူစာရင္း ဇူလိုင္ ၁၈ စတင္ေၾကညာမယ္

ျမန္မာႏိုင္ငံမွာ ႏိုဝင္ဘာလထဲ က်င္းပမယ့္ ေ႐ြးေကာက္ပြဲအတြက္ မဲေပးခြင့္ရွိသူေတြ စာရင္းကို စေနေန႔ကစလို႔ ထုတ္ျပန္သြားမယ့္အေၾကာင္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေၾကညာလိုက္တဲ့အေၾကာင္းကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက ေျပာျပေပးပါမယ္။

ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ မဲေပးခြင့္ရွိသူ စာရင္းကို ရပ္ကြက္၊ ေက်း႐ြာေတြအလိုက္ ဇူလိုင္လ ၁၈ ရက္ေန႔ကစ ေၾကညာသြားမွာပါ။ မဲေပးခြင့္ရွိသူေတြ အေနနဲ႔ စာရင္းမွာ ပါ-မပါ စစ္ေဆးဖို႔လည္း ရန္ကုန္တိုင္းေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးၾကည္ျမင့္က တိုက္တြန္းထားပါတယ္။

"၂ ပတ္လုပ္သြားမယ္။ အခု ဇူလိုင္ ၁၈ က ပထမဆုံးအေနနဲ႔ ေၾကညာတာ မပါဘူး။ ေနာက္ မပါသင့္တဲ့ သူေတြပါေနရင္၊ ပါသင့္တာ မပါရင္ သက္ဆိုင္ရာ ေ႐ြးေကာက္ပြဲေတြမွာ ျဖည့္ရမယ့္ ပုံစံအတိုင္း ျဖည့္တာေတြ ကန႔္ကြက္တာတို႔ ျဖည့္တာတို႔ လုပ္လို႔ရမယ္။ မဲ႐ုံေတြကေတာ့ ဒီမွာေတာ့ ၅,၀၀၀ ေက်ာ္ေလာက္ရွိမယ္။ မဲစာရင္းေတြက ဒုတိယအႀကိမ္ေၾကညာမွာကို အဲဒီမွာက်ရင္ေတာ့ မဲ႐ုံစာရင္းေတြကို ထည့္သြင္းေၾကညာမယ္။"

၁၄ ရက္တိတိ သက္ဆိုင္ရာ ရပ္ကြက္/ေက်း႐ြာအုပ္စုမ်ားတြင္ ေၾကညာေပးသြားမယ့္ မဲစာရင္းဟာ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲအတြက္ ပထမဆုံး အေနနဲ႔ ထုတ္ျပန္တာျဖစ္ၿပီး ဒုတိယပိုင္းအေနနဲ႔ ထပ္ၿပီးလည္း ေၾကညာသြားဖို႔ ရွိတယ္လို႔ ေျပာပါတယ္။ တပ္မေတာ္က မဲဆႏၵရွင္ စာရင္းနဲ႔ ပတ္သက္လို႔ေတာ့ တိတိက်က် မသိရေသးဘူးလို႔လည္း ဦးၾကည္ျမင့္က ေျပာပါတယ္။

"တပ္မေတာ္ဘက္ကဟာေတြပါ ဒီ ၁၈ ရက္မွာ ပါလာဖို႔ လုပ္ေနပါတယ္။ ေနာက္က်တာက ဘယ္လိုျဖစ္လို႔လဲဆိုရင္ ၁၈ႏွစ္ျပည့္ေတြ ေကာက္ခိုင္းတာမွာ အသက္ေလးေတြ ျပန္ၿပီး စိစစ္တာမွာ နည္းနည္းၾကာသြားတာပါ။ ဒီတေခါက္ ၁၈ႏွစ္ျပည့္တဲ့စာရင္းေတြနဲ႔ ပတ္သတ္ လို႔ ေကာက္တာက ဒီဇင္ဘာ ၃၁ အထိ သတ္မွတ္ေကာက္ခဲ့တာကို ပမာဏေကာက္တုန္းကေလ။ အခု ေ႐ြးေကာက္ပြဲက ႏိုဝင္ဘာ ၈ ရက္ဆိုေတာ့ ႏိုဝင္ဘာ ၈ ရက္မွာ အသက္ ၁၈ႏွစ္ျပည့္ျဖစ္ရမယ္ဆိုတာမ်ိဳး ျဖစ္ေတာ့နည္းနည္းျပန္ စစ္ေဆးရတာေတြ အဲလိုျဖစ္သြားတာပါ။"

ဒီတႀကိမ္ စာရင္းမွာေတာ့ ရန္ကုန္တိုင္းအတြင္း မဲေပးခြင့္ရွိသူ အေရအတြက္ဟာ ၅၀၀,၀၀၀ ေလာက္ ပိုတိုးလာတယ္လို႔လည္း ရန္ကုန္တိုင္းေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးၾကည္ျမင့္က ေျပာပါတယ္။ လာမယ့္ေ႐ြးေကာက္ပြဲမွာ ယွဥ္ၿပိဳင္ဖို႔ ျပင္ဆင္ေနတဲ့ လူ႔ေဘာင္သစ္ ဒီမိုကရက္တစ္ပါတီဥကၠ႒ ဦးေအာင္မိုးေဇာ္ကေတာ့ မဲစာရင္းထုတ္ျပန္မႈေတြမွာ ၂၀၁၅ တုန္းက ႀကဳံခဲ့ရတဲ့ အားနည္းခ်က္ေတြကို ေရွာင္ရွားႏိုင္ဖို႔ ေမွ်ာ္လင့္တယ္လို႔ ဆိုပါတယ္။

"အခုစစ္ျဖစ္ေနတဲ့ေနရာေတြ ရွိတယ္ေလ။ ရခိုင္မွာဆို တျပည္နယ္လုံးလိုလိုပဲ။ ခ်င္းျပည္နယ္တဝက္ပါတယ္။ အေရွ႕ေျမာက္ဘက္နဲ႔ ေတာင္ဘက္က လူေတြလည္း ရွိတယ္။ အဲဒီဘက္က လူေတြရဲ႕မဲစာရင္း ဘယ္ေလာက္ျပည့္ျပည့္စုံစုံရႏိုင္ မလားမရႏိုင္ဘူးလားဆိုတာ က်ေနာ္တို႔မွာ ေမးခြန္းထုတ္စရာျဖစ္တယ္။ အထူးသျဖင့္ ျပည္ပႏိုင္ငံ ႏိုင္ငံတကာကိုေရာက္ ေနတဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြက နည္းတဲ့ အေရအတြက္ေတြမဟုတ္ဘူး။ က်ေနာ္ထင္တယ္ သန္းနဲ႔ခ်ီ ရွိတယ္လို႔ ထင္တယ္။ သူတို႔ဘယ္ေလာက္ပါဝင္မလဲေနာက္ၿပီး သူတို႔ ဘယ္ေလာက္ထိ မဲေပးႏိုင္မလဲဆိုတာေတြကို ဘယ္ေလာက္ထိ လုပ္ႏိုင္လဲဆိုတာကို က်ေနာ္တို႔အတြက္ ေမးခြန္းထုတ္စရာျဖစ္ေနတယ္။"

မဲစာရင္းေတြ တရားဝင္ထုတ္ျပန္တဲ့အခါ ကိုယ့္နာမည္မပါရင္ သတ္မွတ္ထားတဲ့ ပုံစံ ၃ လို႔ေခၚတဲ့ မဲဆႏၵရွင္စာရင္းမွာ ထည့္သြင္းေပးရန္ ေတာင္းဆိုလႊာကို အခ်က္အလက္အေထာက္အထားေတြနဲ႔တကြ တင္ျပဖို႔လည္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္က တိုက္တြန္းထားပါတယ္။ မဲစာရင္းပါ အခ်က္အလက္ေတြ မွားယြင္းေနတာ၊ ေသဆုံးသူေတြ ပါဝင္ေနတာမ်ိဳးေတြ ရွိမယ္ဆိုရင္လည္း ပုံစံ ၄ လို႔ ေခၚတဲ့ အခ်က္အလက္မ်ား ျပင္ဆင္ေပးဖို႔ ေတာင္းဆိုလႊာကို သတ္မွတ္ အေထာက္အထားေတြနဲ႔အတူ တင္ျပႏိုင္တယ္လို႔လည္း ေျပာဆိုထားပါတယ္။

ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ မဲေပးခြင့္ရွိသူ ဦးေရဟာ ၃၇ သန္းေက်ာ္ ရွိမယ္လို႔လည္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ခန႔္မွန္းထားပါတယ္။

ေမခ  / ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/myanmar-election-2020/5500640.html
မဲပေးခွင့်ရှိသူစာရင်း ဇူလိုင် ၁၈ စတင်ကြေညာမယ် မဲပေးခွင့်ရှိသူစာရင်း ဇူလိုင် ၁၈ စတင်ကြေညာမယ် Reviewed by THITHTOOLWIN on 07:28 Rating: 5
Powered by Blogger.