ရသေ့တောင်၊ ချိန်ခါလီကျေးရွာအနီးတိုက်ပွဲဖြစ် ၊ ရွာလုံးကျွတ်ထွက်ပြေး


(Unicode)⤵⤵⤵
ရခိုင်ပြည်နယ်၊ မြောက်ပိုင်း ရသေ့တောင်မြို့နယ်အတွင်းမှာ ဇူလိုင်လ ၁၃ ရက် မနက်ပိုင်းက တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ရွာသားတစ်ဦး နေအိမ်မှာ ပစ်ခတ်ခံလိုက်ရကာ ရွာလုံးကျွတ် ဘေးလွတ်ရာကိုထွက်ပြေးနေကြရတယ်လို့ အဲ့ဒီရွာသားတွေကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ နေရာဟာ ရသေ့တောင်မြို့နယ်မြောက်ပိုင်း မေယုကမ်းဒေသ မောင်တော-အငူမော် ကားလမ်း ကိုးတန်ကောက်နဲ့ ချိန်ခါလီကျေးရွာအကြားမှာ မနက်ပိုင်း ၇ နာရီခွဲလောက်မှာ စတင်ဖြစ်ပွားခဲ့ကြတာဖြစ်ပြီး ကျေးရွာအတွင်းကိုလည်း ကျည်ဆံတွေ ကျရောက်ခဲ့တဲ့အတွက် ရွာသားတွေက နီးစပ်ကျေးရွာတွေနဲ့ ဆွေမျိုးတွေရှိတဲ့ ကျေးရွာတွေဆီကို ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲဟာ မနက်ပိုင်း ၇ နာရီခွဲလောက်မှာ ချိန်ခါလီကျေးရွာမြောက်ဘက်မှာရှိတဲ့ နယ်ခြားစောင့် ရဲစခန်းအနီးကို လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ကြတယ်လို့ အမည်မဖော်လိုတဲ့ ချိန်ခါလီကျေးရွာသားတစ်ဦးက ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားအပြီး ရွာသားတွေထွက်ပြေးခဲ့ကြတဲ့အချိန်မှာ ကျေးရွာအတွင်းကို တပ်မတော်သားတွေရောက်ရှိလာခဲ့ပြီး နေအိမ်ဆိုင်ခန်းအတွင်းမှာ ပုန်းအောင်းနေတဲ့ အသက် ၆၀ ခန့်အရွယ် ဦးထွန်းမောင်စိန်ဟာ ဆိုင်ခန်းအတွင်းမှာ ပစ်ခတ်ခံလိုက်ရပြီး သေဆုံးသွားခဲ့တာလို့ တူမဖြစ်သူက ပြောပါတယ်။

အဲ့ဒီမိသားစုဟာ ရွာမှာ ကုန်စုံဈေးဆိုင်ရောင်းချနေတာဖြစ်ပြီး ရွာသားတွေ ထွက်ပြေးကြတဲ့အချိန်မှာ ကျန်နေခဲ့ကာ တပ်မတော် စစ်ကြောင်းတွေ ရွာထဲကို ရောက်လာခဲ့တဲ့ အချိန်မှာ ဦးထွန်းမောင်စိန်က ဈေးဆိုင်အတွင်းမှာပုန်းအောင်းနေပြီး ဇနီဖြစ်သူက ဗုံးခိုကျင်းထဲမှာ ပုန်းအောင်နေခဲ့တာလို့ သိရပါတယ်။

"အပစ်ခံရတာက ကျွန်မဦးလေးပါ။ အဒေါ်ပြောတာက အိမ်ထဲကိုစစ်သားတွေဝင်လာပြီး ပစ်ခတ်ခဲ့တာ လို့ပြောပါတယ်။ သူကဆိုင်ထဲမှာပါ။ အဒေါ်က ဗုံးခိုကျင်းထဲမှာလို့ပြောပါတယ်။ အခု သူ ရွာကနေ ထွက်ပြေးလာပြီး ဆင်ပိုက် ကိုရောက်နေပါပြီ။ အလောင်းကိုတော့ ရွာမှာ ထားခဲ့ရတာပေါ့။ လူတွေ မရှိတော့ဘူး။"လို့ တူမဖြစ်သူက သူ့အဒေါ်ပြောပြချက်တွေကို ပြန်လည်ပြောကြားခဲ့ပါတယ်၊

မိသားစုဝင်တွေဘက်က အခုလို စွပ်စွဲ ပြောဆိုပေမဲ့ တပ်မတော် တာဝန်ရှိသူတွေကို ဖုန်းဆက်သွယ် မရတာကြောင့် ဒီအပေါ်မှာ တပ်မတော်ဘက်က တုံ့ပြန်ပြောဆို တာကို မသိရသေးပါဘူး။

ဒါ့အပြင် ချိန်ခါလီ ရဲကင်းစခန်းထဲမှာ ကျေးရွာသားသုံးဦးကိုဖမ်းဆီးထားပြီး ဖမ်းဆီးခံနေရသူတွေ ဘယ်သူဆိုတာကို မသိရသေးဘူးလို့ လည်းရွာသားတွေက ပြောပါတယ်။

နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေကြောင့်ကျေးရွာအတွင်းက ကျည်တွေ ကျရောက်ခဲ့တဲ့အတွက် နေအိမ်တွေမှာ ကျည်ထိမှန်တာတွေ ရှိခဲ့သလို ကျေးရွာအနီးမှာ လက်နက်ကြီးကျည်တွေလည်း ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့မှာ အသေးစား ဒဏ်ရာတွေရရှိခဲ့ကြပေမဲ့ စိုးရိမ်စရာမရှိဘူးလို့ ချိန်ခါလီကျေးရွာသား ဦးထွန်းတင်စိုးက ပြောပါတယ်။

ဇူလိုင်၁၂ ရက်နေ့ နေ့လယ်ပိုင်းမှာ မောင်တောနဲ့ ရသေ့တောင်အစပ် သဝင်ချောင်းကျေးရွာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာ ချိန်ခါလီကျေးရွာကို တပ်မတော်စစ်ကြောင်း ရောက်ရှိလာခဲ့တာ ဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့အတွက် ကျေးရွာသားတွေ ထွက်ပြေးခဲ့ကြတဲ့အချိန်မှာ ကျေးရွာအတွင်း ပိတ်မိကျန်နေခဲ့တဲ့ အသက်ကြီးပိုင်းတွေအပါအဝင် ရွာသား ၁၀ ဦးခန့်ရှိနေတယ်လို့ ဆင်ပိုက်ကျေးရွာကို ထွက်ပြေးရောက်ရှိနေတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။

အခုအခါ တိုက်ပွဲဖြစ်ပွားတာ မရှိတော့ပေမဲ့ အခုညနေပိုင်းအထိ ကျေးရွာအနီးမှာ ပစ်ခတ်သံတွေကို ကြားနေရတယ်လို့ ဆင်ပိုက်ကျေးရွာကိုရောက်ရှိနေတဲ့ ချိန်ခါလီကျေးရွာက အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"သေနတ်ပစ်တာကတော့ မိုးရွာသလိုပဲဗျ။ ပစ်သံကြားတာနဲ့ကျွန်တော်တို့က အိမ်အောက်မှာပုန်းနေတယ်။ ပစ်တာကတော့ ရွာထဲတွေကလည်းပစ်တယ်။ ရွာမှာက စစ်တပ်ကရောက်နေတော့ စိုးရိမ်ရတဲ့အတွက် ထွက်ပြေးခဲ့ကြတာ။ တချို့ကျန်ခဲ့တဲ့သူတွေလည်းရှိပါတယ်။ ပြေးလို့မရောက်ဘဲကျန်ခဲ့တာ ၁၀ ယောက်လောက်တော့ရှိနိုင်တယ်။"လို့ အဲ့ဒီရွာသားက ပြောပါတယ်။

ကိုးတန်ကောက်နဲ့ သဝင်ချောင်းကျေးရွာအကြားမှာ မကြာသေးခင်ကလည်း အင်းဒင်နယ်ခြားစောင့်ရဲတပ်ဖွဲ့က လိုက်ပါလာခဲ့တဲ့ ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး အရပ်သားကားသမားတစ်ဦးနဲ့ ရဲတပ်ဖွဲ့တချို့သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူတွေလည်းရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းက စတင်ကာ ရသေ့တောင်မြို့နယ်အတွင်း တပ်မတော်နဲ့အေအေတို့အကြား နှစ်ဖက်တိုက်ပွဲတွေပြင်းထန်လာခဲ့သလို တပ်မတော်ရဲ့နယ်မြေရှင်းလင်းရေးဆောင်ရွက်မှုတွေကြောင့် ရသေ့တောင်မြို့နယ်အတွင်းက လူဦးရေ တစ်သောင်းလောက်အထိ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။

BBC Burmese
----------------------------------------
(Zawgyi)⤵⤵⤵
ရေသ့ေတာင္၊ခ်ိန္ခါလီေက်း႐ြာအနီးတိုက္ပြဲျဖစ္ ၊႐ြာလုံးကြၽတ္ထြက္ေျပး

ရခိုင္ျပည္နယ္၊ ေျမာက္ပိုင္း ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းမွာ ဇူလိုင္လ ၁၃ ရက္ မနက္ပိုင္းက တပ္မေတာ္နဲ႔ ေအေအတို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့ၾကၿပီး ႐ြာသားတစ္ဦး ေနအိမ္မွာ ပစ္ခတ္ခံလိုက္ရကာ ႐ြာလုံးကြၽတ္ ေဘးလြတ္ရာကိုထြက္ေျပးေနၾကရတယ္လို႔ အဲ့ဒီ႐ြာသားေတြကေျပာပါတယ္။

တိုက္ပြဲျဖစ္ပြားတဲ့ ေနရာဟာ ရေသ့ေတာင္ၿမိဳ႕နယ္ေျမာက္ပိုင္း ေမယုကမ္းေဒသ ေမာင္ေတာ-အငူေမာ္ ကားလမ္း ကိုးတန္ေကာက္နဲ႔ ခ်ိန္ခါလီေက်း႐ြာအၾကားမွာ မနက္ပိုင္း ၇ နာရီခြဲေလာက္မွာ စတင္ျဖစ္ပြားခဲ့ၾကတာျဖစ္ၿပီး ေက်း႐ြာအတြင္းကိုလည္း က်ည္ဆံေတြ က်ေရာက္ခဲ့တဲ့အတြက္ ႐ြာသားေတြက နီးစပ္ေက်း႐ြာေတြနဲ႔ ေဆြမ်ိဳးေတြရွိတဲ့ ေက်း႐ြာေတြဆီကို ထြက္ေျပးေနၾကရတယ္လို႔ ဆိုပါတယ္။

အဲ့ဒီတိုက္ပြဲဟာ မနက္ပိုင္း ၇ နာရီခြဲေလာက္မွာ ခ်ိန္ခါလီေက်း႐ြာေျမာက္ဘက္မွာရွိတဲ့ နယ္ျခားေစာင့္ ရဲစခန္းအနီးကို လက္နက္ႀကီးက်ည္တစ္လုံး က်ေရာက္ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး အျပန္အလွန္ ပစ္ခတ္မႈေတြျဖစ္ပြားခဲ့ၾကတယ္လို႔ အမည္မေဖာ္လိုတဲ့ ခ်ိန္ခါလီေက်း႐ြာသားတစ္ဦးက ဘီဘီစီကို ေျပာၾကားခဲ့ပါတယ္။

တိုက္ပြဲျဖစ္ပြားအၿပီး ႐ြာသားေတြထြက္ေျပးခဲ့ၾကတဲ့အခ်ိန္မွာ ေက်း႐ြာအတြင္းကို တပ္မေတာ္သားေတြေရာက္ရွိလာခဲ့ၿပီး ေနအိမ္ဆိုင္ခန္းအတြင္းမွာ ပုန္းေအာင္းေနတဲ့ အသက္ ၆၀ ခန႔္အ႐ြယ္ ဦးထြန္းေမာင္စိန္ဟာ ဆိုင္ခန္းအတြင္းမွာ ပစ္ခတ္ခံလိုက္ရၿပီး ေသဆုံးသြားခဲ့တာလို႔ တူမျဖစ္သူက ေျပာပါတယ္။

အဲ့ဒီမိသားစုဟာ ႐ြာမွာ ကုန္စုံေဈးဆိုင္ေရာင္းခ်ေနတာျဖစ္ၿပီး ႐ြာသားေတြ ထြက္ေျပးၾကတဲ့အခ်ိန္မွာ က်န္ေနခဲ့ကာ တပ္မေတာ္ စစ္ေၾကာင္းေတြ ႐ြာထဲကို ေရာက္လာခဲ့တဲ့ အခ်ိန္မွာ ဦးထြန္းေမာင္စိန္က ေဈးဆိုင္အတြင္းမွာပုန္းေအာင္းေနၿပီး ဇနီျဖစ္သူက ဗုံးခိုက်င္းထဲမွာ ပုန္းေအာင္ေနခဲ့တာလို႔ သိရပါတယ္။

"အပစ္ခံရတာက ကြၽန္မဦးေလးပါ။ အေဒၚေျပာတာက အိမ္ထဲကိုစစ္သားေတြဝင္လာၿပီး ပစ္ခတ္ခဲ့တာ လို႔ေျပာပါတယ္။ သူကဆိုင္ထဲမွာပါ။ အေဒၚက ဗုံးခိုက်င္းထဲမွာလို႔ေျပာပါတယ္။ အခု သူ ႐ြာကေန ထြက္ေျပးလာၿပီး ဆင္ပိုက္ ကိုေရာက္ေနပါၿပီ။ အေလာင္းကိုေတာ့ ႐ြာမွာ ထားခဲ့ရတာေပါ့။ လူေတြ မရွိေတာ့ဘူး။"လို႔ တူမျဖစ္သူက သူ႔အေဒၚေျပာျပခ်က္ေတြကို ျပန္လည္ေျပာၾကားခဲ့ပါတယ္၊

မိသားစုဝင္ေတြဘက္က အခုလို စြပ္စြဲ ေျပာဆိုေပမဲ့ တပ္မေတာ္ တာဝန္ရွိသူေတြကို ဖုန္းဆက္သြယ္ မရတာေၾကာင့္ ဒီအေပၚမွာ တပ္မေတာ္ဘက္က တုံ႔ျပန္ေျပာဆို တာကို မသိရေသးပါဘူး။

ဒါ့အျပင္ ခ်ိန္ခါလီ ရဲကင္းစခန္းထဲမွာ ေက်း႐ြာသားသုံးဦးကိုဖမ္းဆီးထားၿပီး ဖမ္းဆီးခံေနရသူေတြ ဘယ္သူဆိုတာကို မသိရေသးဘူးလို႔ လည္း႐ြာသားေတြက ေျပာပါတယ္။

ႏွစ္ဖက္ အျပန္အလွန္ပစ္ခတ္မႈေတြေၾကာင့္ေက်း႐ြာအတြင္းက က်ည္ေတြ က်ေရာက္ခဲ့တဲ့အတြက္ ေနအိမ္ေတြမွာ က်ည္ထိမွန္တာေတြ ရွိခဲ့သလို ေက်း႐ြာအနီးမွာ လက္နက္ႀကီးက်ည္ေတြလည္း က်ေရာက္ေပါက္ကြဲခဲ့ၿပီး အမ်ိဳးသားႏွစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦးတို႔မွာ အေသးစား ဒဏ္ရာေတြရရွိခဲ့ၾကေပမဲ့ စိုးရိမ္စရာမရွိဘူးလို႔ ခ်ိန္ခါလီေက်း႐ြာသား ဦးထြန္းတင္စိုးက ေျပာပါတယ္။

ဇူလိုင္၁၂ ရက္ေန႔ ေန႔လယ္ပိုင္းမွာ ေမာင္ေတာနဲ႔ ရေသ့ေတာင္အစပ္ သဝင္ေခ်ာင္းေက်း႐ြာနားမွာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ညေနပိုင္းမွာ ခ်ိန္ခါလီေက်း႐ြာကို တပ္မေတာ္စစ္ေၾကာင္း ေရာက္ရွိလာခဲ့တာ ျဖစ္တယ္လို႔ ႐ြာသားေတြက ေျပာပါတယ္။

တိုက္ပြဲျဖစ္ပြားတဲ့အတြက္ ေက်း႐ြာသားေတြ ထြက္ေျပးခဲ့ၾကတဲ့အခ်ိန္မွာ ေက်း႐ြာအတြင္း ပိတ္မိက်န္ေနခဲ့တဲ့ အသက္ႀကီးပိုင္းေတြအပါအဝင္ ႐ြာသား ၁၀ ဦးခန္႔ရွိေနတယ္လို႔ ဆင္ပိုက္ေက်း႐ြာကို ထြက္ေျပးေရာက္ရွိေနတဲ့ ႐ြာသားတစ္ဦးက ေျပာပါတယ္။

အခုအခါ တိုက္ပြဲျဖစ္ပြားတာ မရွိေတာ့ေပမဲ့ အခုညေနပိုင္းအထိ ေက်း႐ြာအနီးမွာ ပစ္ခတ္သံေတြကို ၾကားေနရတယ္လို႔ ဆင္ပိုက္ေက်း႐ြာကိုေရာက္ရွိေနတဲ့ ခ်ိန္ခါလီေက်း႐ြာက အမ်ိဳးသမီးတစ္ဦးက ေျပာပါတယ္။

"ေသနတ္ပစ္တာကေတာ့ မိုး႐ြာသလိုပဲဗ်။ ပစ္သံၾကားတာနဲ႔ကြၽန္ေတာ္တို႔က အိမ္ေအာက္မွာပုန္းေနတယ္။ ပစ္တာကေတာ့ ႐ြာထဲေတြကလည္းပစ္တယ္။ ႐ြာမွာက စစ္တပ္ကေရာက္ေနေတာ့ စိုးရိမ္ရတဲ့အတြက္ ထြက္ေျပးခဲ့ၾကတာ။ တခ်ိဳ႕က်န္ခဲ့တဲ့သူေတြလည္းရွိပါတယ္။ ေျပးလို႔မေရာက္ဘဲက်န္ခဲ့တာ ၁၀ ေယာက္ေလာက္ေတာ့ရွိႏိုင္တယ္။"လို႔ အဲ့ဒီ႐ြာသားက ေျပာပါတယ္။

ကိုးတန္ေကာက္နဲ႔ သဝင္ေခ်ာင္းေက်း႐ြာအၾကားမွာ မၾကာေသးခင္ကလည္း အင္းဒင္နယ္ျခားေစာင့္ရဲတပ္ဖြဲ႕က လိုက္ပါလာခဲ့တဲ့ ကားတန္း မိုင္းဆြဲတိုက္ခိုက္ခံရၿပီး အရပ္သားကားသမားတစ္ဦးနဲ႔ ရဲတပ္ဖြဲ႕တခ်ိဳ႕ေသဆုံးခဲ့ကာ ဒဏ္ရာရရွိသူေတြလည္းရွိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လအတြင္းက စတင္ကာ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း တပ္မေတာ္နဲ႔ေအေအတို႔အၾကား ႏွစ္ဖက္တိုက္ပြဲေတြျပင္းထန္လာခဲ့သလို တပ္မေတာ္ရဲ႕နယ္ေျမရွင္းလင္းေရးေဆာင္႐ြက္မႈေတြေၾကာင့္ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းက လူဦးေရ တစ္ေသာင္းေလာက္အထိ ေနရပ္စြန႔္ခြာထြက္ေျပးခဲ့ၾကရပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53394847
ရသေ့တောင်၊ ချိန်ခါလီကျေးရွာအနီးတိုက်ပွဲဖြစ် ၊ ရွာလုံးကျွတ်ထွက်ပြေး ရသေ့တောင်၊ ချိန်ခါလီကျေးရွာအနီးတိုက်ပွဲဖြစ် ၊ ရွာလုံးကျွတ်ထွက်ပြေး Reviewed by THITHTOOLWIN on 07:27 Rating: 5
Powered by Blogger.