လုံခြုံရေးဥပဒေသစ်ကြောင့် ဟောင်ကောင်မှာ ဘာတွေဖြစ်လာမလဲ

အစိုးရကို ဆန့်ကျင်ရင် ရာဇဝတ်မှုအနေနဲ့ အရေးယူနိုင်ပြီး ထောင်ဒဏ် ၃ နှစ်ကနေ ထောင်ဒဏ်တသက် အထိ ချမှတ်နိုင်ပါတယ်။
(Unicode)⤵⤵⤵
ဟောင်ကောင်အတွက် ဘေဂျင်းက ရည်ရွယ်ရေးဆွဲခဲ့တဲ့ အမျိုးသားလုံခြုံရေးဥပဒေသစ်ကို တရုတ်နိုင်ငံခေါင်းဆောင် ရှီကျင့်ဖျင်က လက်မှတ်ရေးထိုးအတည်ပြုလိုက်တဲ့နောက် ဟောင်ကောင်မှာ အဲဒီဥပဒေကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ဖြစ်လာခဲ့သလို အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံတချို့ရဲ့ တုံ့ပြန်ဆောင်ရွက်ချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

လုံခြုံရေးဥပဒေသစ်အရ တရုတ်နိုင်ငံကနေ ခွဲထွက်ဖို့ လုပ်ဆောင်တာ တနည်းအားဖြင့် ဟောင်ကောင်လွတ်လပ်ရေးလှုပ်ရှားမှုတွေ၊ အစိုးရ နဲ့ အစိုးရက ချမှတ်ထားတဲ့ နိုင်ငံရေးစနစ်တွေကို ဆန့်ကျင်တာတွေကို ရာဇဝတ်မှုတွေအနေနဲ့ အရေးယူနိုင်ပြီး ပြစ်မှုမြောက်တယ်ဆိုရင် ထောင်ဒဏ် ၃ နှစ်ကနေ ထောင်ဒဏ် တသက် အထိ ချမှတ်နိုင်ပါတယ်။

ဟောင်ကောင်မှာ ဒီဥပဒေကို ပြဋ္ဌာန်းကျင့်သုံးရင် ဟောင်ကောင်သူ၊ ဟောင်ကောင်သားတို့ လက်ရှိရနေတဲ့ လွတ်လပ်စွာပြောဆိုခွင့်တွေ၊ နိုင်ငံသားလွတ်လပ်ခွင့်တွေ ဆုံးရှုံးကန့်သတ်ခံရတော့မယ်လို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဗြိတိန်အစိုးရက သူတို့ကိုလိုနီပြုထားတဲ့ ဟောင်ကောင်ကို ၁၉၉၇ မှာ တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးစဉ်ချိန်က သဘောတူထားကြတဲ့ အဲဒီအချိန်ကနေ နောင် နှစ်ပေါင်း ၅၀ (၂၀၄၇ ခုနှစ်အထိ) ဟောင်ကောင်နေပြည်သူတွေရဲ့ နိုင်ငံသားလွတ်လပ်ခွင့်ကို အာမခံရမယ်ဆိုတဲ့အပေါ်တရုတ်ရဲ့ အခုဥပဒေသစ်က ဖျက်သိမ်းလိုက်တာလို့လည်း ဝေဖန်နေကြတာပါ။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အခုဥပဒေအသစ်က "ဟောင်ကောင်ရဲ့ မြင့်မားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ချိုးဖောက်လိုက်တာ" လို့ဆိုပါတယ်။

အမျိုးသားလုံခြုံရေးဥပဒေသစ်က ဘာလို့ကြောက်ရွံ့စရာဖြစ်နေသလဲ

အမျိုးသားလုံခြုံရေးဥပဒေသစ်က ဟောင်ကောင်ရဲ့ တရားရေး စနစ်ကို အကုန်ပြောင်းလဲပစ်သွားလိမ့်မယ်လို့ ရှေ့နေတွေနဲ့၊ ဥပဒေပညာရှင်တွေက ပြောပါတယ်။

အရင်က လွတ်လပ်စွာလုပ်ဆောင်လို့ရတာတွေက ရာဇဝတ်မှုတွေဖြစ်လာတော့မှာဖြစ်ပြီး ပြည်မကြီးက လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ဟောင်ကောင်မှာ တရားဝင် လှုပ်ရှားဆောင်ရွက်ခွင့် ရသွားမှာပါ။

ဟောင်ကောင်ရဲ့ တရားရေးစနစ်ကိုကျော်လွန်ပြီး ဘေဂျင်းအနေနဲ့ လုပ်ပိုင်ခွင့် အာဏာအကြီးအမားကိုလည်း ရသွားမှာပါ။

ဒီလုံခြုံရေး ဥပဒေသစ်အရ လွတ်လပ်ရေးတောင်းဆိုသူဟာ ထောင်ဒဏ်တသက်အထိ ပြစ်ဒဏ်ကျနိုင်ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ဆန္ဒပြတာတွေမှာဖြစ်ခဲ့တဲ့ အများပြည်သူခရီးသွားလာရေးစနစ်နဲ့ ပတ်သက်တဲ့ အဆောက်အအုံတွေကို ဖျက်ဆီးတာမျိုး လုပ်ဆောင်လာကြမယ်ဆိုရင် အခုဥပဒေအရ အကြမ်းဖက်မှု (terrorism) မြောက်ပြီး ကြီးလေးတဲ့ ပြစ်ဒဏ်တွေချမှတ်နိုင်ပါတယ်။
ဒီဥပဒေဟာ ဟောင်ကောင်နဲ့ ဟောင်ကောင်ပြင်ပက လူတွေအပေါ် အလွန်အမင်း သက်ရောက်နိုင်တဲ့အတွက် အများက စိုးရိမ်ကြပါတယ်။
အမေရိကန်နဲ့ ဟောင်ကောင်က ဥပဒေပညာရှင်တွေ ပေါင်းစည်းထားတဲ့ NPC Observer အဖွဲ့က ဒီဥပဒေကို ဆန်းစစ်ပြီး စိတ်ပူစရာတွေ့ရတာတွေ အတော်ရှိတယ်လို့ ပြောပါတယ်။

ပုဒ်မ ၂၉ ဆိုရင် တရုတ်အစိုးရကိုဖြစ်စေ၊ ဟောင်ကောင်က အာဏာပိုင်တွေကိုဖြစ်စေ အမုန်းပွားလာစေအောင် နိုင်ငံခြားသားတွေနဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်တယ်ဆိုရင် ရာဇဝတ်မှု မြောက်ပါတယ်။

အဲဒါဆိုရင် တရုတ်ကွန်မြူနစ်အစိုးရကို ဝေဖန်တဲ့သူတွေရော ဒီပုဒ်မကို ချိုးဖောက်တဲ့သူတွေ ဖြစ်သွားမှာလားဆိုတာ စိုးရိမ်နေရပါပြီ။

အဲဒီလိုပဲ တိတိကျကျ အသေအချာအဓိပ္ပာယ်ဖွင့်လို့မရတဲ့ စာသားတွေက ပုဒ်မ ၅၅ မှာလည်း တွေ့ရပါတယ်။

အဲဒီ ပုဒ်မကတော့ တရုတ်ပြည်မ လုံခြုံရေးဆောင်ရွက်သူတွေဟာ "ရှုပ်ထွေးတဲ့၊ ဆိုးဝါးတဲ့၊ (သို့မဟုတ်) ခက်ခဲတဲ့" အမျိုးသားလုံခြုံရေးဆိုင်ရာအရေးတွေမှာ ဝင်ရောက်စုံစမ်းစစ်ဆေးပိုင်ခွင့်ရှိတယ်ဆိုပြီး ခွင့်ပြုထားပါတယ်။

ဘာက ရှုပ်ထွေးတာ၊ ဘာက ဆိုးဝါးတာ၊ ဘာက ခက်ခဲတာလဲ ဆိုတာတွေကို ခွဲခွဲခြားခြား တိတိကျကျသတ်မှတ်ထားတာ ဥပဒေထဲမှာ မပါဝင်ပါဘူး။

တရားစွဲခံထားရတဲ့ တရားခံဘက်ကို အကာအကွယ်ပေးထားတဲ့ အခွင့်အရေးတွေကိုလည်း ဒီ ဥပဒေက ပယ်ဖျက်ပစ်လိုက်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြနေပါတယ်။

တရားရုံးကို ပုဒ်မ ၄၁ အရ လျှို့ဝှက်လုပ်လို့ရပြီး ပုဒ်မ ၄၆ အရ ဂျူရီ တရားသူကြီး အဖွဲ့မပါဘဲလည်း လုပ်လို့ရပါတယ်။ ပုဒ်မ ၄၄ အရ (ဘေဂျင်းကို တာဝန်ခံရတဲ့) ဟောင်ကောင် အုပ်ချုပ်ရေးမှူးက တရားသူကြီးတွေကို ကိုယ်တိုင်ရွေးချယ်ခွင့်ရမှာပါ။

သံသယတရားခံရဲ့ အာမခံရနိုင်ခွင့်ကလည်း ပုဒ်မ ၄၂ အရ မသေချာတော့ပါဘူး။

တခါ အမှုတခုလုံးကိုလည်း ပုဒ်မ ၅၆ ရဲ့ ခွင့်ပြုချက်အရ စုံစမ်းစစ်ဆေးတာကနေ အပြစ်ပေး အရေးယူတဲ့အထိ ပြည်မက အာဏာပိုင်တွေဆီကို လွှဲအပ်နိုင်ပါတယ်။

ပုဒ်မ ၃၈ အရ ဟောင်ကောင်ပြင်ပက နိုင်ငံခြားသားတွေဟာ ဟောင်ကောင်မှာ တရားစွဲတင်ခံရနိုင်ပါတယ်။

တရုတ်ရေးရာတွေကို အာရုံထားရေးသားနေတဲ့ ဂျော့ချ် ဝါရှင်တန် တက္ကသိုလ်၊ ဥပဒေကျောင်းက ဒေါ်နယ်ကလပ်ခ် က "တရုတ်ပြည်သူ့သမ္မတနနိုင်ငံ အစိုးရ ဒါမှမဟုတ် ဟောင်ကောင်အာဏာပိုင်တွေကို ထိပါးတယ်လို့ သူတို့ သတ်မှတ်တဲ့ဟာ ကို ခင်ဗျား ပြောမယ်ဆိုရင်၊ ဟောင်ကောင်ရဲ့ အပြင်ဘက်မှာနေပါလို့ ပြောလိုက်တာ" လို့ ဆိုပါတယ်။
ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီ လန်းကတော့ ဒီဥပဒေကို ကြိုဆိုပါတယ်။
ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလန်းက ဒီဥပဒေဟာ အလှည့်အပြောင်း တခုပဲလို့ ဆိုသလို ဟောင်ကောင်တည်ငြိမ်ရေးအတွက် အရေးကြီးတယ်လို့ ဆိုပါတယ်။

အတိုက်အခံ လွှတ်တော်အမတ်တယောက်ဖြစ်တဲ့ ကလော့ဒီယာ မိုက ဒီအမျိုးသားလုံခြုံရေး ဥပဒေဟာ ဟောင်ကောင်ကို "ဘာမှမရှိတော့တဲ့ သုညဘဝ ဖြစ်သွားစေတယ်" လို့ပြောပြီး " ဆန့်ကျင် ဝေဖန် အတိုက်အခံတွေ မလုပ်ဖို့ လူတွေကို ထိတ်လန့်ကြောက်ရွံ့သွားအောင် လုပ်လိုက်တာ" လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ်က ဟောင်ကောင်က ထီးလှုပ်ရှားမှု (Umbrella movement) မှာ ဦးဆောင်ခဲ့ပြီး ထင်ရှားလာခဲ့တဲ့ ဟောင်ကောင်နိုင်ငံရေးလှုပ်ရှားသူ လူငယ်တယောက်ဖြစ်တဲ့ ဂျော့ရှုဝါ ဝေါင်က "လူတွေ အရင်ကသိမှတ်နားလည်ထားတဲ့ ဟောင်ကောင်ဆိုတာကို (ဒီဥပဒေက) အဆုံးသတ်လိုက်တာ" လို့ ဆိုပါတယ်။
ဟောင်ကောင်သား ၃ သန်းကို ဗြိတိန်မှာ နေထိုင်၊ ပညာသင်၊ အလုပ်လုပ်ခွင့်ကနေ တဆင့် နိုင်ငံသားဖြစ်ခွင့်အထိ ပေးသွားမယ်လို့ဆို
နိုင်ငံတကာက တုံ့ပြန်ဆောင်ရွက်မှု

ဟောင်ကောင်အရေးနဲ့ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှုအသစ်တွေကို အမေရိကန် အောက်လွှတ်တော်က တခဲနက် အတည်ပြုလိုက်ပါတယ်။

ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ရေး ဥပဒေ (Hong Kong Autonomy Act) မှာ ဟောင်ကောင် ဒီမိုကရေစီရေး ဆန္ဒပြသူတွေကို နှိမ်နင်းတဲ့ တရုတ်အစိုးရအာဏာပိုင်တွေနဲ့ ပတ်သက်နေတဲ့ ဘဏ်တွေကို အရေးယူပိတ်ဆို့သွားဖို့ ပါဝင်ပါတယ်။

အခု ဥပဒေမူကြမ်းကို အထက်လွှတ်တော်က ထောက်ခံပြီးရင် သမ္မတ ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုရမယ့် အဆင့်တွေတော့ ကျန်ပါသေးတယ်။

ဒီဥပဒေ မတိုင်ခင်ကတည်းကလည်း ဟောင်ကောင်ကို အရင်က အမေရိကန်က ပေးထားတဲ့ "အထူးအဆင့် (Special Status)" ဆိုတာကိုလည်း ပြန်ရုပ်သိမ်းထားပြီးဖြစ်ပါတယ်။

ဟောင်ကောင်ဟာ တရုတ်က ပြောထားသလို တနိုင်ငံ စနစ်နှစ်မျိုး မဟုတ်တော့ဘဲ တရုတ်နဲ့ ဘာမှ မကွာခြားတော့တဲ့အတွက် အဲဒီ အခွင့်အရေးကို အမေရိကန်က ပယ်ဖျက်ပစ်လိုက်တာပါ။

အဲဒါကြောင့် အမေရိကန်ဆီက ကာကွယ်ရေးဆိုင်ရာပစ္စည်းတွေ၊ အဆင့်မြင့်နည်းပညာကုန်တွေကို ဟောင်ကောင်အနေနဲ့ တင်သွင်းခွင့်ရတော့မှာ မဟုတ်ပါဘူး။

ဗြိတိန်ကတော့ ဟောင်ကောင်သူ၊ ဟောင်ကောင်သား ၃ သန်းလောက် အထိကို ဗြိတိန်မှာ နေထိုင်ခွင့်၊ ပညာသင်ခွင့်၊ အလုပ်လုပ်ခွင့်တွေ ၅ နှစ်အထိ ပေးသွားမှာဖြစ်ပြီး အဲဒီကနေ တဆင့် ဗြိတိန်နိုင်ငံသားဖြစ်ခွင့်အထိ ပေးသွားမယ်လို့ ကမ်းလှမ်းထားပါတယ်။

ဥရောပသမဂ္ဂကလည်း ဒီလုံခြုံရေး ဥပဒေသစ်ကို ကန့်ကွက် ရှုတ်ချထားပြီး ဂျပန်နိုင်ငံကလည်း ဝေဖန်ထားပါတယ်။

ဒါပေမဲ့ ကမ္ဘာ့နိုင်ငံတိုင်းက ဒီ ဥပဒေနဲ့ပတ်သက်ပြီး တရုတ်ကို ကန့်ကွက်နေတာတော့ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ကျူးဘားနိုင်ငံက နိုင်ငံပေါင်း ၅၃ နိုင်ငံကို ကိုယ်စားပြုပြီး တရုတ်ရဲ့ ဒီဥပဒေသစ် ပြဋ္ဌာန်းမှုအပေါ် ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

BBC Burmese
----------------------------------------
(Zawgyi)⤵⤵⤵
လုံၿခဳံေရးဥပေဒသစ္ေၾကာင့္ ေဟာင္ေကာင္မွာ ဘာေတြျဖစ္လာမလဲ

ေဟာင္ေကာင္အတြက္ ေဘဂ်င္းက ရည္႐ြယ္ေရးဆြဲခဲ့တဲ့ အမ်ိဳးသားလုံၿခဳံေရးဥပေဒသစ္ကို တ႐ုတ္ႏိုင္ငံေခါင္းေဆာင္ ရွီက်င့္ဖ်င္က လက္မွတ္ေရးထိုးအတည္ျပဳလိုက္တဲ့ေနာက္ ေဟာင္ေကာင္မွာ အဲဒီဥပေဒကို ဆန႔္က်င္ဆႏၵျပပြဲေတြ ျဖစ္လာခဲ့သလို အေမရိကန္အပါအဝင္ ကမာၻ႔ႏိုင္ငံတခ်ိဳ႕ရဲ႕ တုံ႔ျပန္ေဆာင္႐ြက္ခ်က္ေတြလည္း ထြက္ေပၚလာခဲ့ပါတယ္။

လုံၿခဳံေရးဥပေဒသစ္အရ တ႐ုတ္ႏိုင္ငံကေန ခြဲထြက္ဖို႔ လုပ္ေဆာင္တာ တနည္းအားျဖင့္ ေဟာင္ေကာင္လြတ္လပ္ေရးလႈပ္ရွားမႈေတြ၊ အစိုးရ နဲ႔ အစိုးရက ခ်မွတ္ထားတဲ့ ႏိုင္ငံေရးစနစ္ေတြကို ဆန႔္က်င္တာေတြကို ရာဇဝတ္မႈေတြအေနနဲ႔ အေရးယူႏိုင္ၿပီး ျပစ္မႈေျမာက္တယ္ဆိုရင္ ေထာင္ဒဏ္ ၃ ႏွစ္ကေန ေထာင္ဒဏ္ တသက္ အထိ ခ်မွတ္ႏိုင္ပါတယ္။

ေဟာင္ေကာင္မွာ ဒီဥပေဒကို ျပ႒ာန္းက်င့္သုံးရင္ ေဟာင္ေကာင္သူ၊ ေဟာင္ေကာင္သားတို႔ လက္ရွိရေနတဲ့ လြတ္လပ္စြာေျပာဆိုခြင့္ေတြ၊ ႏိုင္ငံသားလြတ္လပ္ခြင့္ေတြ ဆုံးရႈံးကန႔္သတ္ခံရေတာ့မယ္လို႔ စိုးရိမ္မႈေတြ ရွိေနပါတယ္။

ၿဗိတိန္အစိုးရက သူတို႔ကိုလိုနီျပဳထားတဲ့ ေဟာင္ေကာင္ကို ၁၉၉၇ မွာ တ႐ုတ္ႏိုင္ငံကို ျပန္လည္လႊဲေျပာင္းေပးစဥ္ခ်ိန္က သေဘာတူထားၾကတဲ့ အဲဒီအခ်ိန္ကေန ေနာင္ ႏွစ္ေပါင္း ၅၀ (၂၀၄၇ ခုႏွစ္အထိ) ေဟာင္ေကာင္ေနျပည္သူေတြရဲ႕ ႏိုင္ငံသားလြတ္လပ္ခြင့္ကို အာမခံရမယ္ဆိုတဲ့အေပၚတ႐ုတ္ရဲ႕ အခုဥပေဒသစ္က ဖ်က္သိမ္းလိုက္တာလို႔လည္း ေဝဖန္ေနၾကတာပါ။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္က အခုဥပေဒအသစ္က "ေဟာင္ေကာင္ရဲ႕ ျမင့္မားတဲ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးကို ခ်ိဳးေဖာက္လိုက္တာ" လို႔ဆိုပါတယ္။

အမ်ိဳးသားလုံၿခဳံေရးဥပေဒသစ္က ဘာလို႔ေၾကာက္႐ြံ႕စရာျဖစ္ေနသလဲ

အမ်ိဳးသားလုံၿခဳံေရးဥပေဒသစ္က ေဟာင္ေကာင္ရဲ႕ တရားေရး စနစ္ကို အကုန္ေျပာင္းလဲပစ္သြားလိမ့္မယ္လို႔ ေရွ႕ေနေတြနဲ႔၊ ဥပေဒပညာရွင္ေတြက ေျပာပါတယ္။

အရင္က လြတ္လပ္စြာလုပ္ေဆာင္လို႔ရတာေတြက ရာဇဝတ္မႈေတြျဖစ္လာေတာ့မွာျဖစ္ၿပီး ျပည္မႀကီးက လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြအေနနဲ႔ ေဟာင္ေကာင္မွာ တရားဝင္ လႈပ္ရွားေဆာင္႐ြက္ခြင့္ ရသြားမွာပါ။

ေဟာင္ေကာင္ရဲ႕ တရားေရးစနစ္ကိုေက်ာ္လြန္ၿပီး ေဘဂ်င္းအေနနဲ႔ လုပ္ပိုင္ခြင့္ အာဏာအႀကီးအမားကိုလည္း ရသြားမွာပါ။

ဒီလုံၿခဳံေရး ဥပေဒသစ္အရ လြတ္လပ္ေရးေတာင္းဆိုသူဟာ ေထာင္ဒဏ္တသက္အထိ ျပစ္ဒဏ္က်ႏိုင္ပါတယ္။

၂၀၁၉ ခုႏွစ္အတြင္း ဆႏၵျပတာေတြမွာျဖစ္ခဲ့တဲ့ အမ်ားျပည္သူခရီးသြားလာေရးစနစ္နဲ႔ ပတ္သက္တဲ့ အေဆာက္အအုံေတြကို ဖ်က္ဆီးတာမ်ိဳး လုပ္ေဆာင္လာၾကမယ္ဆိုရင္ အခုဥပေဒအရ အၾကမ္းဖက္မႈ (terrorism) ေျမာက္ၿပီး ႀကီးေလးတဲ့ ျပစ္ဒဏ္ေတြခ်မွတ္ႏိုင္ပါတယ္။

အေမရိကန္နဲ႔ ေဟာင္ေကာင္က ဥပေဒပညာရွင္ေတြ ေပါင္းစည္းထားတဲ့ NPC Observer အဖြဲ႕က ဒီဥပေဒကို ဆန္းစစ္ၿပီး စိတ္ပူစရာေတြ႕ရတာေတြ အေတာ္ရွိတယ္လို႔ ေျပာပါတယ္။

ပုဒ္မ ၂၉ ဆိုရင္ တ႐ုတ္အစိုးရကိုျဖစ္ေစ၊ ေဟာင္ေကာင္က အာဏာပိုင္ေတြကိုျဖစ္ေစ အမုန္းပြားလာေစေအာင္ ႏိုင္ငံျခားသားေတြနဲ႔ လွ်ိဳ႕ဝွက္ပူးေပါင္းႀကံစည္တယ္ဆိုရင္ ရာဇဝတ္မႈ ေျမာက္ပါတယ္။

အဲဒါဆိုရင္ တ႐ုတ္ကြန္ျမဴနစ္အစိုးရကို ေဝဖန္တဲ့သူေတြေရာ ဒီပုဒ္မကို ခ်ိဳးေဖာက္တဲ့သူေတြ ျဖစ္သြားမွာလားဆိုတာ စိုးရိမ္ေနရပါၿပီ။

အဲဒီလိုပဲ တိတိက်က် အေသအခ်ာအဓိပၸာယ္ဖြင့္လို႔မရတဲ့ စာသားေတြက ပုဒ္မ ၅၅ မွာလည္း ေတြ႕ရပါတယ္။

အဲဒီ ပုဒ္မကေတာ့ တ႐ုတ္ျပည္မ လုံၿခဳံေရးေဆာင္႐ြက္သူေတြဟာ "ရႈပ္ေထြးတဲ့၊ ဆိုးဝါးတဲ့၊ (သို႔မဟုတ္) ခက္ခဲတဲ့" အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာအေရးေတြမွာ ဝင္ေရာက္စုံစမ္းစစ္ေဆးပိုင္ခြင့္ရွိတယ္ဆိုၿပီး ခြင့္ျပဳထားပါတယ္။

ဘာက ရႈပ္ေထြးတာ၊ ဘာက ဆိုးဝါးတာ၊ ဘာက ခက္ခဲတာလဲ ဆိုတာေတြကို ခြဲခြဲျခားျခား တိတိက်က်သတ္မွတ္ထားတာ ဥပေဒထဲမွာ မပါဝင္ပါဘူး။

တရားစြဲခံထားရတဲ့ တရားခံဘက္ကို အကာအကြယ္ေပးထားတဲ့ အခြင့္အေရးေတြကိုလည္း ဒီ ဥပေဒက ပယ္ဖ်က္ပစ္လိုက္တယ္လို႔ လူ႔အခြင့္အေရးအဖြဲ႕ေတြက ေထာက္ျပေနပါတယ္။

တရား႐ုံးကို ပုဒ္မ ၄၁ အရ လွ်ိဳ႕ဝွက္လုပ္လို႔ရၿပီး ပုဒ္မ ၄၆ အရ ဂ်ဴရီ တရားသူႀကီး အဖြဲ႕မပါဘဲလည္း လုပ္လို႔ရပါတယ္။ ပုဒ္မ ၄၄ အရ (ေဘဂ်င္းကို တာဝန္ခံရတဲ့) ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမႉးက တရားသူႀကီးေတြကို ကိုယ္တိုင္ေ႐ြးခ်ယ္ခြင့္ရမွာပါ။

သံသယတရားခံရဲ႕ အာမခံရႏိုင္ခြင့္ကလည္း ပုဒ္မ ၄၂ အရ မေသခ်ာေတာ့ပါဘူး။

တခါ အမႈတခုလုံးကိုလည္း ပုဒ္မ ၅၆ ရဲ႕ ခြင့္ျပဳခ်က္အရ စုံစမ္းစစ္ေဆးတာကေန အျပစ္ေပး အေရးယူတဲ့အထိ ျပည္မက အာဏာပိုင္ေတြဆီကို လႊဲအပ္ႏိုင္ပါတယ္။

ပုဒ္မ ၃၈ အရ ေဟာင္ေကာင္ျပင္ပက ႏိုင္ငံျခားသားေတြဟာ ေဟာင္ေကာင္မွာ တရားစြဲတင္ခံရႏိုင္ပါတယ္။

တ႐ုတ္ေရးရာေတြကို အာ႐ုံထားေရးသားေနတဲ့ ေဂ်ာ့ခ်္ ဝါရွင္တန္ တကၠသိုလ္၊ ဥပေဒေက်ာင္းက ေဒၚနယ္ကလပ္ခ္ က "တ႐ုတ္ျပည္သူ႔သမၼတနႏိုင္ငံ အစိုးရ ဒါမွမဟုတ္ ေဟာင္ေကာင္အာဏာပိုင္ေတြကို ထိပါးတယ္လို႔ သူတို႔ သတ္မွတ္တဲ့ဟာ ကို ခင္ဗ်ား ေျပာမယ္ဆိုရင္၊ ေဟာင္ေကာင္ရဲ႕ အျပင္ဘက္မွာေနပါလို႔ ေျပာလိုက္တာ" လို႔ ဆိုပါတယ္။

ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမႉး ကယ္ရီလန္းက ဒီဥပေဒဟာ အလွည့္အေျပာင္း တခုပဲလို႔ ဆိုသလို ေဟာင္ေကာင္တည္ၿငိမ္ေရးအတြက္ အေရးႀကီးတယ္လို႔ ဆိုပါတယ္။

အတိုက္အခံ လႊတ္ေတာ္အမတ္တေယာက္ျဖစ္တဲ့ ကေလာ့ဒီယာ မိုက ဒီအမ်ိဳးသားလုံၿခဳံေရး ဥပေဒဟာ ေဟာင္ေကာင္ကို "ဘာမွမရွိေတာ့တဲ့ သုညဘဝ ျဖစ္သြားေစတယ္" လို႔ေျပာၿပီး " ဆန႔္က်င္ ေဝဖန္ အတိုက္အခံေတြ မလုပ္ဖို႔ လူေတြကို ထိတ္လန႔္ေၾကာက္႐ြံ႕သြားေအာင္ လုပ္လိုက္တာ" လို႔ ဆိုပါတယ္။

၂၀၁၄ ခုႏွစ္က ေဟာင္ေကာင္က ထီးလႈပ္ရွားမႈ (Umbrella movement) မွာ ဦးေဆာင္ခဲ့ၿပီး ထင္ရွားလာခဲ့တဲ့ ေဟာင္ေကာင္ႏိုင္ငံေရးလႈပ္ရွားသူ လူငယ္တေယာက္ျဖစ္တဲ့ ေဂ်ာ့ရႈဝါ ေဝါင္က "လူေတြ အရင္ကသိမွတ္နားလည္ထားတဲ့ ေဟာင္ေကာင္ဆိုတာကို (ဒီဥပေဒက) အဆုံးသတ္လိုက္တာ" လို႔ ဆိုပါတယ္။

ႏိုင္ငံတကာက တုံ႔ျပန္ေဆာင္႐ြက္မႈ

ေဟာင္ေကာင္အေရးနဲ႔ပတ္သက္ၿပီး ပိတ္ဆို႔အေရးယူမႈအသစ္ေတြကို အေမရိကန္ ေအာက္လႊတ္ေတာ္က တခဲနက္ အတည္ျပဳလိုက္ပါတယ္။

ေဟာင္ေကာင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး ဥပေဒ (Hong Kong Autonomy Act) မွာ ေဟာင္ေကာင္ ဒီမိုကေရစီေရး ဆႏၵျပသူေတြကို ႏွိမ္နင္းတဲ့ တ႐ုတ္အစိုးရအာဏာပိုင္ေတြနဲ႔ ပတ္သက္ေနတဲ့ ဘဏ္ေတြကို အေရးယူပိတ္ဆို႔သြားဖို႔ ပါဝင္ပါတယ္။

အခု ဥပေဒမူၾကမ္းကို အထက္လႊတ္ေတာ္က ေထာက္ခံၿပီးရင္ သမၼတ ထရမ့္က လက္မွတ္ေရးထိုး အတည္ျပဳရမယ့္ အဆင့္ေတြေတာ့ က်န္ပါေသးတယ္။

ဒီဥပေဒ မတိုင္ခင္ကတည္းကလည္း ေဟာင္ေကာင္ကို အရင္က အေမရိကန္က ေပးထားတဲ့ "အထူးအဆင့္ (Special Status)" ဆိုတာကိုလည္း ျပန္႐ုပ္သိမ္းထားၿပီးျဖစ္ပါတယ္။

ေဟာင္ေကာင္ဟာ တ႐ုတ္က ေျပာထားသလို တႏိုင္ငံ စနစ္ႏွစ္မ်ိဳး မဟုတ္ေတာ့ဘဲ တ႐ုတ္နဲ႔ ဘာမွ မကြာျခားေတာ့တဲ့အတြက္ အဲဒီ အခြင့္အေရးကို အေမရိကန္က ပယ္ဖ်က္ပစ္လိုက္တာပါ။

အဲဒါေၾကာင့္ အေမရိကန္ဆီက ကာကြယ္ေရးဆိုင္ရာပစၥည္းေတြ၊ အဆင့္ျမင့္နည္းပညာကုန္ေတြကို ေဟာင္ေကာင္အေနနဲ႔ တင္သြင္းခြင့္ရေတာ့မွာ မဟုတ္ပါဘူး။

ၿဗိတိန္ကေတာ့ ေဟာင္ေကာင္သူ၊ ေဟာင္ေကာင္သား ၃ သန္းေလာက္ အထိကို ၿဗိတိန္မွာ ေနထိုင္ခြင့္၊ ပညာသင္ခြင့္၊ အလုပ္လုပ္ခြင့္ေတြ ၅ ႏွစ္အထိ ေပးသြားမွာျဖစ္ၿပီး အဲဒီကေန တဆင့္ ၿဗိတိန္ႏိုင္ငံသားျဖစ္ခြင့္အထိ ေပးသြားမယ္လို႔ ကမ္းလွမ္းထားပါတယ္။

ဥေရာပသမဂၢကလည္း ဒီလုံၿခဳံေရး ဥပေဒသစ္ကို ကန႔္ကြက္ ရႈတ္ခ်ထားၿပီး ဂ်ပန္ႏိုင္ငံကလည္း ေဝဖန္ထားပါတယ္။

ဒါေပမဲ့ ကမာၻ႔ႏိုင္ငံတိုင္းက ဒီ ဥပေဒနဲ႔ပတ္သက္ၿပီး တ႐ုတ္ကို ကန႔္ကြက္ေနတာေတာ့ မဟုတ္ပါဘူး။

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ ညီလာခံမွာ က်ဴးဘားႏိုင္ငံက ႏိုင္ငံေပါင္း ၅၃ ႏိုင္ငံကို ကိုယ္စားျပဳၿပီး တ႐ုတ္ရဲ႕ ဒီဥပေဒသစ္ ျပ႒ာန္းမႈအေပၚ ေထာက္ခံေၾကာင္း ေျပာၾကားခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53269442
လုံခြုံရေးဥပဒေသစ်ကြောင့် ဟောင်ကောင်မှာ ဘာတွေဖြစ်လာမလဲ လုံခြုံရေးဥပဒေသစ်ကြောင့် ဟောင်ကောင်မှာ ဘာတွေဖြစ်လာမလဲ Reviewed by THITHTOOLWIN on 21:53 Rating: 5
Powered by Blogger.