တာချီလိတ်မှာ COVID-19 တကျော့ပြန်ကူးစက်မှုအကြောင်းရင်း ဆန်းစစ်ဆဲ

ရန်ကုန်မြို့ Quarantine စင်တာတခုမှာ တွေ့ရတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (မေ ၁၆၊ ၂၀၂၀)
(Unicode)⤵⤵⤵
တာချီလိတ်က ကိုဗစ်ရောဂါပိုး ကင်းစင်သွားလို့ ဆေးရုံဆင်းခဲ့သူ နောက်တကြိမ် ဒီရောဂါပိုးပြန်တွေ့တာဟာ ဘာကြောင့်လဲဆိုတာ အတိအကျမ သိနိုင်သေးပေမဲ့ တခြားပိုးစတွေ့သူတွေလို သီးခြားထားစောင့်ကြည့်ကုသမှု အဆင့်ဆင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ သူနဲ့အနီးကပ်ထိတွေ့ခဲ့သူတွေကိုလည်း ဓာတ်ခွဲနမူနာ ရယူစစ်ဆေးနေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြသွားမှာပါ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဧပြီလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အတည်ပြုလူနာ နံပါတ် ၉၆ ဟာ ရောဂါပိုးကင်းစင်သွားလို့ ဆေးရုံဆင်းပြီး ရက် ၄၀ အကြာမှာ ဒီရောဂါပိုးပြန်တွေ့ခဲ့တာပါ။ ပထမတကြိမ်တုန်းက အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိခဲ့လို့ ဒီရောဂါပိုးကူးစက်ခံခဲ့တာဖြစ်ပေမဲ့ အခုတခါမှာတော့ ရောဂါလက္ခဏာမပြဘဲ ဓာတ်ခွဲစစ်ဆေးလိုက်မှ ပိုးထပ်တွေ့ခဲ့တာလို့ သိရပါတယ်။

သူနဲ့ အနီးကပ်ထိတွေ့ခဲ့သူ ၁၃ ဦးကိုလည်း အသွားအလာ ကန့်သတ်ထားပြီး၊ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်နဲ့ သွေးရည်ကြည်နမူနာတို့ကို ရယူပြီး ဓာတ်ခွဲစမ်းသပ်ဖို့ ဒီကနေ့ပဲ ပေးပို့လိုက်ပြီလို့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ပြောပါတယ်။

“ပိုးပြန်တွေ့တယ်ဆိုတာကတော့ နှစ်ပိုင်းရှိတာပေါ့နော်။ တခုကတော့ ပိုးအကြွင်းအကျန်ပေါ့။ မျိုးရိုးဗီဇအစိတ်အပိုင်း အကြွင်းအကျန် ကျန်တာလည်း ဖြစ်နိုင်ပါတယ်။ အဲဒါမျိုးဆိုရင်တော့ တခြားလူကို ကူးစက်နိုင်မှု ရာခိုင်နှုန်းက အင်မတန်နည်းပါတယ်။ နောက်တပိုင်းကကျတော့ ပိုးနောက်တခေါက်များ ပြန်ကူးစက်ခံရတာလားပေါ့။ ပြန်စဉ်းစားဖို့ရှိပါတယ်။ ဒီနှစ်ခုကိုတော့ ကျနော်တို့ လက်ရှိအခြေအနေမှာတော့ မခွဲခြားနိုင်သေးပါဘူး။”

အခုရှိနေတဲ့ပိုးဟာ ရှိနေပြီးသားအဟောင်း၊ ဒါမှမဟုတ် ပိုးအသစ်ဖြစ်နေမလားဆိုတာကို အခုအခြေအနေမှာ မပြောနိုင်သေးပေမဲ့ ကိုဗစ်အတည်ပြုလူနာနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေကို အစအဆုံးပြန်လုပ်နေတယ်လို့ ဒေါက်တာဘစိုးသက်က ဆက်ပြောပါတယ်။

“စိုးရိမ်တဲ့နေရာမှာလည်း ဒီလူနာ တဦးတယောက်တည်းကြောင့် စိုးရိမ်ရတာ မဟုတ်ဘဲနဲ့ တခြားပြည်သူလူထုတွေကလည်း ဒီရောဂါလက္ခဏာ မရှိပေမဲ့ ကူးစက်နိုင်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့အကုန်လုံး သတိထားရမယ့် အနေအထားဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော့်အနေနဲ့ သုံးသပ်ရမယ်ဆိုရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လိုက်နာရမယ့် ဆောင်ရွက်ရမယ့်အချက်တွေကို အတိအကျလိုက်နာ ဆောင်ရွက်ခြင်းအားဖြင့် ကျနော်တို့ကာကွယ်နိုင်ပါတယ်။”

ပိုးပြန်တွေ့ထားတဲ့ လူနာနံပါတ် ၉၆ ကို ကိုဗစ်အတည်ပြုလူနာသစ် စာရင်းထဲ ထည့်မထားပေမဲ့လည်း သီးခြားထားပြီး လုပ်ငန်းစဉ်အားလုံးကို အဆင့်ဆင့်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက်ထုတ်ပြန်ပြီးချိန်အထိဆို ကိုဗစ်အတည်ပြုလူနာ ၃၀၄ ဦးရှိထားပြီး၊ အဲဒီထဲက သေဆုံးသူ ၆ ဦးနဲ့ ရောဂါပိုးကင်းစင်လာသူ ၂၂၃ ဦးအထိ ရှိထားပြီးဖြစ်ပါတယ်။ ထပ်တိုးလူနာသစ် နည်းလာပြီး၊ ပျောက်ကင်းသွားသူ တိုးလာတယ်ဆိုပေမယ့်လည်း ဒီရောဂါကူးစက်မှုကို ဆက်ပြီးထိန်းချုပ်နိုင်ဖို့အတွက် ဆောင်ရန်ရှောင်ရန်အချက်တွေကို လိုက်နာပေးဖို့ ကျန်းမာရေးဌာနက တိုက်တွန်းနေတာပါ။

စုစု  / ဗွီအိုအေ ( မြန်မာပိုင်း)
------------------------------------
(Zawgyi)⤵⤵⤵
တာခ်ီလိတ္မွာ COVID-19 တေက်ာ့ျပန္ကူးစက္မႈအေၾကာင္းရင္း ဆန္းစစ္ဆဲ

တာခ်ီလိတ္က ကိုဗစ္ေရာဂါပိုး ကင္းစင္သြားလို႔ ေဆး႐ုံဆင္းခဲ့သူ ေနာက္တႀကိမ္ ဒီေရာဂါပိုးျပန္ေတြ႕တာဟာ ဘာေၾကာင့္လဲဆိုတာ အတိအက်မ သိႏိုင္ေသးေပမဲ့ တျခားပိုးစေတြ႕သူေတြလို သီးျခားထားေစာင့္ၾကည့္ကုသမႈ အဆင့္ဆင့္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ သူနဲ႔အနီးကပ္ထိေတြ႕ခဲ့သူေတြကိုလည္း ဓာတ္ခြဲနမူနာ ရယူစစ္ေဆးေနတဲ့အေၾကာင္း ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက ေျပာျပသြားမွာပါ။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဧၿပီလ ၁၉ ရက္ေန႔မွာ ထုတ္ျပန္ခဲ့တဲ့ အတည္ျပဳလူနာ နံပါတ္ ၉၆ ဟာ ေရာဂါပိုးကင္းစင္သြားလို႔ ေဆး႐ုံဆင္းၿပီး ရက္ ၄၀ အၾကာမွာ ဒီေရာဂါပိုးျပန္ေတြ႕ခဲ့တာပါ။ ပထမတႀကိမ္တုန္းက အတည္ျပဳလူနာနဲ႔ ထိေတြ႕မႈရွိခဲ့လို႔ ဒီေရာဂါပိုးကူးစက္ခံခဲ့တာျဖစ္ေပမဲ့ အခုတခါမွာေတာ့ ေရာဂါလကၡဏာမျပဘဲ ဓာတ္ခြဲစစ္ေဆးလိုက္မွ ပိုးထပ္ေတြ႕ခဲ့တာလို႔ သိရပါတယ္။

သူနဲ႔ အနီးကပ္ထိေတြ႕ခဲ့သူ ၁၃ ဦးကိုလည္း အသြားအလာ ကန႔္သတ္ထားၿပီး၊ ႏွာေခါင္းတို႔ပတ္၊ အာေခါင္တို႔ပတ္နဲ႔ ေသြးရည္ၾကည္နမူနာတို႔ကို ရယူၿပီး ဓာတ္ခြဲစမ္းသပ္ဖို႔ ဒီကေန႔ပဲ ေပးပို႔လိုက္ၿပီလို႔ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာန ၫႊန္ၾကားေရးမႉး ေဒါက္တာဘစိုးသက္က ေျပာပါတယ္။

“ပိုးျပန္ေတြ႕တယ္ဆိုတာကေတာ့ ႏွစ္ပိုင္းရွိတာေပါ့ေနာ္။ တခုကေတာ့ ပိုးအႂကြင္းအက်န္ေပါ့။ မ်ိဳး႐ိုးဗီဇအစိတ္အပိုင္း အႂကြင္းအက်န္ က်န္တာလည္း ျဖစ္ႏိုင္ပါတယ္။ အဲဒါမ်ိဳးဆိုရင္ေတာ့ တျခားလူကို ကူးစက္ႏိုင္မႈ ရာခိုင္ႏႈန္းက အင္မတန္နည္းပါတယ္။ ေနာက္တပိုင္းကက်ေတာ့ ပိုးေနာက္တေခါက္မ်ား ျပန္ကူးစက္ခံရတာလားေပါ့။ ျပန္စဥ္းစားဖို႔ရွိပါတယ္။ ဒီႏွစ္ခုကိုေတာ့ က်ေနာ္တို႔ လက္ရွိအေျခအေနမွာေတာ့ မခြဲျခားႏိုင္ေသးပါဘူး။”

အခုရွိေနတဲ့ပိုးဟာ ရွိေနၿပီးသားအေဟာင္း၊ ဒါမွမဟုတ္ ပိုးအသစ္ျဖစ္ေနမလားဆိုတာကို အခုအေျခအေနမွာ မေျပာႏိုင္ေသးေပမဲ့ ကိုဗစ္အတည္ျပဳလူနာနဲ႔ ပတ္သက္တဲ့ ေဆာင္႐ြက္ခ်က္ေတြကို အစအဆုံးျပန္လုပ္ေနတယ္လို႔ ေဒါက္တာဘစိုးသက္က ဆက္ေျပာပါတယ္။

“စိုးရိမ္တဲ့ေနရာမွာလည္း ဒီလူနာ တဦးတေယာက္တည္းေၾကာင့္ စိုးရိမ္ရတာ မဟုတ္ဘဲနဲ႔ တျခားျပည္သူလူထုေတြကလည္း ဒီေရာဂါလကၡဏာ မရွိေပမဲ့ ကူးစက္ႏိုင္တဲ့အတြက္ေၾကာင့္မို႔လို႔ က်ေနာ္တို႔အကုန္လုံး သတိထားရမယ့္ အေနအထားျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ က်ေနာ့္အေနနဲ႔ သုံးသပ္ရမယ္ဆိုရင္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ လိုက္နာရမယ့္ ေဆာင္႐ြက္ရမယ့္အခ်က္ေတြကို အတိအက်လိုက္နာ ေဆာင္႐ြက္ျခင္းအားျဖင့္ က်ေနာ္တို႔ကာကြယ္ႏိုင္ပါတယ္။”

ပိုးျပန္ေတြ႕ထားတဲ့ လူနာနံပါတ္ ၉၆ ကို ကိုဗစ္အတည္ျပဳလူနာသစ္ စာရင္းထဲ ထည့္မထားေပမဲ့လည္း သီးျခားထားၿပီး လုပ္ငန္းစဥ္အားလုံးကို အဆင့္ဆင့္လုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ မနက္ထုတ္ျပန္ၿပီးခ်ိန္အထိဆို ကိုဗစ္အတည္ျပဳလူနာ ၃၀၄ ဦးရွိထားၿပီး၊ အဲဒီထဲက ေသဆုံးသူ ၆ ဦးနဲ႔ ေရာဂါပိုးကင္းစင္လာသူ ၂၂၃ ဦးအထိ ရွိထားၿပီးျဖစ္ပါတယ္။ ထပ္တိုးလူနာသစ္ နည္းလာၿပီး၊ ေပ်ာက္ကင္းသြားသူ တိုးလာတယ္ဆိုေပမယ့္လည္း ဒီေရာဂါကူးစက္မႈကို ဆက္ၿပီးထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ေဆာင္ရန္ေရွာင္ရန္အခ်က္ေတြကို လိုက္နာေပးဖို႔ က်န္းမာေရးဌာနက တိုက္တြန္းေနတာပါ။

စုစု  / ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/tachileik-covid-myanmar/5487517.html
တာချီလိတ်မှာ COVID-19 တကျော့ပြန်ကူးစက်မှုအကြောင်းရင်း ဆန်းစစ်ဆဲ တာချီလိတ်မှာ COVID-19 တကျော့ပြန်ကူးစက်မှုအကြောင်းရင်း ဆန်းစစ်ဆဲ Reviewed by THITHTOOLWIN on 21:53 Rating: 5
Powered by Blogger.