ကျိုင်းကောင်ရန် ကာကွယ်ရေး အိန္ဒိယနဲ့နီးတဲ့ နယ်စပ်တွေ ဦးစားပေး

ပါကစ္စတန်မှာ မေလကုန်က တွေ့ရတဲ့ ကျိုင်းကောင်
(Unicode)⤵⤵⤵
အာဖရိကတိုက်က ကန္တာရကျိုင်းကောင် အမျိုးအစားတွေဟာ အိန္ဒိယနဲ့ ပါကစ္စတန် ကန္တာရ လွင်ပြင်တွေကို ရောက်လာပြီး စိုက်ခင်းတွေကို ဖျက်ဆီးစားသောက်တာကြောင့် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အိန္ဒိယမှာ ကျိုင်းကောင် အန္တရာယ်ကို ရင်ဆိုင်နေကြရပါတယ်။

ဒီကန္တာရကျိုင်းကောင်တွေဟာ အပွားနှုန်းလည်း အင်မတန် လျင်မြန်ပြီး ဖျက်ဆီးနှုန်းလည်း မြင့်တဲ့ အတွက် မြန်မာနိုင်ငံမှာ ဒီကိစ္စကို ဦးစားပေး အစီအစဉ်နဲ့ စောင့်ကြည့်ရမယ့် ပြည်နယ်ဒေသတွေကို တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

အဲဒီကျိုင်းကောင်တွေဟာ လေလမ်းကြောင်းသင့်တဲ့အခါ ဝင်ရောက်နိုင်တာကြောင့် အိန္ဒိယနဲ့ နီးစပ်တဲ့ နာဂတောင်တန်း စစ်ကိုင်းတိုင်းဘက်တွေကို အထူးသတိထားဖို့နဲ့ တခြားပြည်နယ်တိုင်းတွေဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တွေက ဒေသတချို့ကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သတိပေးနှိုးဆော်ထားပါတယ်။

ဒါကြောင့် ကျိုင်းကောင်ဝင်ရောက်လာနိုင်ခြေနဲ့ ပတ်သက်ပြီး အိန္ဒိယနဲ့ နီးစပ်တဲ့ နယ်စပ်ဒေသတွေကို အထူးဦးစားပေးပြီး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်သွားမယ်လို့ စစ်ကိုင်းတိုင်း စိုက်ပျိုးရေးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ပြောပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO နဲ့ ပညာရှင်တွေရဲ့ တွက်ချက်မှုအရ ကျိုင်းကောင်ဝင်ရောက်မယ်ဆိုရင် ဇူလိုင်လကုန်၊ သြဂုတ်လဆန်းလောက် ဝင်နိုင်တယ်လို့ တွက်ချက်ထားတယ်လို့ ဆိုပါတယ်။

ကန္တာရကျိုင်းကောင်က ဘယ်လိုအကောင်လဲ
မေလကုန်ပိုင်းမှာ အိန္ဒိယ လူနေရပ်ကွက်တစ်ခုက သရက်ပင်ပေါ်တွေ့ရတဲ့ ကျိုင်းကောင်တွေ
အဲဒီကန္တာရကျိုင်းကောင်ရဲ့ သိပ္ပံအခေါ်က ရှက်စတိုစာကာ ဂရက်ဂေးရီးယား (Schistocerca gregaria) ဖြစ်ပြီး နှံကောင်မျိုးနွယ်ဝင် အကောင်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကန္တာရကျိုင်းကောင်တွေဟာ အုပ်စုငယ်တွေ ပေါင်းမိသွားရင် အုပ်စုကြီးတွေအဖြစ် မိုင်ထောင်ချီ ပျံသန်းသွားပြီး လမ်းတစ်လျှောက်က စိမ်းစိမ်းမြင်သမျှ စားသောက်ဖျက်ဆီးတတ်တယ်လို့ ဆိုပါတယ်။

အဲဒီအကောင်တွေထဲက အကောင်ကြီးတွေဟာ ၄ စင်တီမီတာကနေ ၆ စင်တီမီတာထိရှိတယ်၊ အဝါရင့်ရောင်၊ ပန်းရောင်ရှိပြီး အတောင်တွေပေါ်မှာ အညိုရောင် အပြောက်တွေ ပါရှိတယ်လို့ ဆိုပါတယ်။

ကန္တာရကျိုင်းကောင် အကောင် ၁၀၀၀ ရဲ့ သီးနှံ စားနှုန်းဟာ လူ တစ်ယောက် စားနှုန်းနဲ့ ညီမျှလို့ သန်းနဲ့ချီတဲ့ ကျိုင်းကောင်အရေးက သီးနှံစားနပ်ရိက္ခာ စိုက်ပျိုး ထုတ်လုပ်မှုကို အကြီးအကျယ် ထိခိုက်နိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။

ကန္တာရ ကျိုင်းကောင်တွေရဲ့ သဘာဝက မျိုးစုံ စားသောက်တတ်ပြီး စိမ်းလန်းစိုပြည်တဲ့ တောအုပ်ကနေ စိုက်ခင်းတွေအထိ စားသောက်တတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လူသားတွေရဲ့ စားနပ်ရိက္ခာဖြစ်တဲ့ စိုက်ခင်းတွေကို ဂရုစိုက်ရမယ်လို့ ဦးဝင်းလှိုင်ဦးက ဆိုပါတယ်။

ကျိုင်းကောင်ရန် ကာကွယ်ရေးအတွက် အထူးသဖြင့် အိန္ဒိယနဲ့ နီးစပ်တဲ့ စစ်ကိုင်းတိုင်းမှာ ဝန်ထမ်းတွေကို သင်တန်းပို့ချပေးထားပြီး တောင်သူတွေဆီကိုလည်း တစ်ရွာချင်းလိုက်ပြီး နည်းပညာပေးထားတယ်လို့ ဆိုပါတယ်။
အိန္ဒိယမှာတွေ့ရတဲ့ ကျိုင်းကောင်တွေ
မြန်မာမှာတွေ့တဲ့ အမျိုးအစား

အခု ရက်ပိုင်းမှာ မြန်မာနိုင်ငံမှာလည်း စစ်ကိုင်းတိုင်း ဟုမ္မလင်းဘက်မှာ ကျိုင်းကောင်တွေ တွေ့ထားပေမယ့် ပြည်တွင်း ပင်ရင်းမျိုးတွေဖြစ်တာ တွေ့ရတယ်လို့ ဦးဝင်းလှိုင်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိကျနေတဲ့ နှံကောင်ရဲ့ သိပ္ပံအမည်ကတော့ အောလားချက်စ် မစ်လီယာရိုက်စ် Aularches miliaris (Linnaeus, 1758) လို့ ခေါ်တဲ့ အဝါစက်ပြောက်နှံကောင် ခေါ် ကော်ဖီနှံကောင်လို့ ထုတ်ပြန်ထားပြီး ဒီအကောင်တွေဟာ အိန္ဒိယဘက်မှာ လက်ရှိကျရောက်နေတဲ့ အကောင်တွေ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဒီအကောင်တွေဟာ မေလကစပြီး သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာလည်း ကျရောက်နေပြီး မြန်မာမှာ ၁၉၉၄ ခုနှစ်တုန်းက ကျရောက်ခဲ့ဖူးတဲ့ အကောင်တွေ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီအကောင်တွေကတော့ တစ်ဟုန်ထိုးပွားများတာမျိုး မဖြစ်နိုင်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

အဲဒီကော်ဖီနှံကောင်တွေဟာ ကာလတိုသာ ကျရောက်တတ်ပြီး ကျရောက်ပြီး တစ်လလောက်မှာ ပျောက်ကွယ်သွားတတ်တယ်လို့လည်း စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ကျိုင်းကောင် ကာကွယ်ရေးကို ဇီဝနည်းပညာ၊ သဘာဝနည်းပညာတွေ နဲ့ ဖြေရှင်းဖို့ ပြင်ဆင်နေပြီး ဓာတုနည်းပညာကို နောက်ဆုံးမှ အသုံးပြုမယ်လို့ ဦးဝင်းလှိုင်ဦးဆိုပါတယ်။

BBC Burmese
-------------------------------
(Zawgyi)⤵⤵⤵
က်ိဳင္းေကာင္ရန္ ကာကြယ္ေရး အိႏၵိယနဲ႔နီးတဲ့ နယ္စပ္ေတြ ဦးစားေပး

အာဖရိကတိုက္က ကႏၲာရက်ိဳင္းေကာင္ အမ်ိဳးအစားေတြဟာ အိႏၵိယနဲ႔ ပါကစၥတန္ ကႏၲာရ လြင္ျပင္ေတြကို ေရာက္လာၿပီး စိုက္ခင္းေတြကို ဖ်က္ဆီးစားေသာက္တာေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ အိမ္နီးခ်င္း အိႏၵိယမွာ က်ိဳင္းေကာင္ အႏၲရာယ္ကို ရင္ဆိုင္ေနၾကရပါတယ္။

ဒီကႏၲာရက်ိဳင္းေကာင္ေတြဟာ အပြားႏႈန္းလည္း အင္မတန္ လ်င္ျမန္ၿပီး ဖ်က္ဆီးႏႈန္းလည္း ျမင့္တဲ့ အတြက္ ျမန္မာႏိုင္ငံမွာ ဒီကိစၥကို ဦးစားေပး အစီအစဥ္နဲ႔ ေစာင့္ၾကည့္ရမယ့္ ျပည္နယ္ေဒသေတြကို တာဝန္ရွိသူေတြက ထုတ္ျပန္ထားပါတယ္။

အဲဒီက်ိဳင္းေကာင္ေတြဟာ ေလလမ္းေၾကာင္းသင့္တဲ့အခါ ဝင္ေရာက္ႏိုင္တာေၾကာင့္ အိႏၵိယနဲ႔ နီးစပ္တဲ့ နာဂေတာင္တန္း စစ္ကိုင္းတိုင္းဘက္ေတြကို အထူးသတိထားဖို႔နဲ႔ တျခားျပည္နယ္တိုင္းေတြျဖစ္တဲ့ ရခိုင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ကခ်င္ျပည္နယ္ေတြက ေဒသတခ်ိဳ႕ကိုလည္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီးဌာနက သတိေပးႏႈိးေဆာ္ထားပါတယ္။

ဒါေၾကာင့္ က်ိဳင္းေကာင္ဝင္ေရာက္လာႏိုင္ေျခနဲ႔ ပတ္သက္ၿပီး အိႏၵိယနဲ႔ နီးစပ္တဲ့ နယ္စပ္ေဒသေတြကို အထူးဦးစားေပးၿပီး ႀကိဳတင္ကာကြယ္ေရး ေဆာင္႐ြက္သြားမယ္လို႔ စစ္ကိုင္းတိုင္း စိုက္ပ်ိဳးေရးဌာန ၫႊန္ၾကားေရးမႉး ဦးဝင္းလႈိင္ဦးက ေျပာပါတယ္။

ကမာၻ႔စားနပ္ရိကၡာနဲ႔ စိုက္ပ်ိဳးေရးအဖြဲ႕ FAO နဲ႔ ပညာရွင္ေတြရဲ႕ တြက္ခ်က္မႈအရ က်ိဳင္းေကာင္ဝင္ေရာက္မယ္ဆိုရင္ ဇူလိုင္လကုန္၊ ၾသဂုတ္လဆန္းေလာက္ ဝင္ႏိုင္တယ္လို႔ တြက္ခ်က္ထားတယ္လို႔ ဆိုပါတယ္။

ကႏၲာရက်ိဳင္းေကာင္က ဘယ္လိုအေကာင္လဲ

အဲဒီကႏၲာရက်ိဳင္းေကာင္ရဲ႕ သိပၸံအေခၚက ရွက္စတိုစာကာ ဂရက္ေဂးရီးယား (Schistocerca gregaria) ျဖစ္ၿပီး ႏွံေကာင္မ်ိဳးႏြယ္ဝင္ အေကာင္ျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ကႏၲာရက်ိဳင္းေကာင္ေတြဟာ အုပ္စုငယ္ေတြ ေပါင္းမိသြားရင္ အုပ္စုႀကီးေတြအျဖစ္ မိုင္ေထာင္ခ်ီ ပ်ံသန္းသြားၿပီး လမ္းတစ္ေလွ်ာက္က စိမ္းစိမ္းျမင္သမွ် စားေသာက္ဖ်က္ဆီးတတ္တယ္လို႔ ဆိုပါတယ္။

အဲဒီအေကာင္ေတြထဲက အေကာင္ႀကီးေတြဟာ ၄ စင္တီမီတာကေန ၆ စင္တီမီတာထိရွိတယ္၊ အဝါရင့္ေရာင္၊ ပန္းေရာင္ရွိၿပီး အေတာင္ေတြေပၚမွာ အညိဳေရာင္ အေျပာက္ေတြ ပါရွိတယ္လို႔ ဆိုပါတယ္။

ကႏၲာရက်ိဳင္းေကာင္ အေကာင္ ၁၀၀၀ ရဲ႕ သီးႏွံ စားႏႈန္းဟာ လူ တစ္ေယာက္ စားႏႈန္းနဲ႔ ညီမွ်လို႔ သန္းနဲ႔ခ်ီတဲ့ က်ိဳင္းေကာင္အေရးက သီးႏွံစားနပ္ရိကၡာ စိုက္ပ်ိဳး ထုတ္လုပ္မႈကို အႀကီးအက်ယ္ ထိခိုက္ႏိုင္တဲ့ အေနအထားမွာ ရွိတယ္လို႔ ဆိုပါတယ္။

ကႏၲာရ က်ိဳင္းေကာင္ေတြရဲ႕ သဘာဝက မ်ိဳးစုံ စားေသာက္တတ္ၿပီး စိမ္းလန္းစိုျပည္တဲ့ ေတာအုပ္ကေန စိုက္ခင္းေတြအထိ စားေသာက္တတ္တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ လူသားေတြရဲ႕ စားနပ္ရိကၡာျဖစ္တဲ့ စိုက္ခင္းေတြကို ဂ႐ုစိုက္ရမယ္လို႔ ဦးဝင္းလႈိင္ဦးက ဆိုပါတယ္။

က်ိဳင္းေကာင္ရန္ ကာကြယ္ေရးအတြက္ အထူးသျဖင့္ အိႏၵိယနဲ႔ နီးစပ္တဲ့ စစ္ကိုင္းတိုင္းမွာ ဝန္ထမ္းေတြကို သင္တန္းပို႔ခ်ေပးထားၿပီး ေတာင္သူေတြဆီကိုလည္း တစ္႐ြာခ်င္းလိုက္ၿပီး နည္းပညာေပးထားတယ္လို႔ ဆိုပါတယ္။

ျမန္မာမွာေတြ႕တဲ့ အမ်ိဳးအစား

အခု ရက္ပိုင္းမွာ ျမန္မာႏိုင္ငံမွာလည္း စစ္ကိုင္းတိုင္း ဟုမၼလင္းဘက္မွာ က်ိဳင္းေကာင္ေတြ ေတြ႕ထားေပမယ့္ ျပည္တြင္း ပင္ရင္းမ်ိဳးေတြျဖစ္တာ ေတြ႕ရတယ္လို႔ ဦးဝင္းလႈိင္ဦးက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ လက္ရွိက်ေနတဲ့ ႏွံေကာင္ရဲ႕ သိပၸံအမည္ကေတာ့ ေအာလားခ်က္စ္ မစ္လီယာ႐ိုက္စ္ Aularches miliaris (Linnaeus, 1758) လို႔ ေခၚတဲ့ အဝါစက္ေျပာက္ႏွံေကာင္ ေခၚ ေကာ္ဖီႏွံေကာင္လို႔ ထုတ္ျပန္ထားၿပီး ဒီအေကာင္ေတြဟာ အိႏၵိယဘက္မွာ လက္ရွိက်ေရာက္ေနတဲ့ အေကာင္ေတြ မဟုတ္ဘူးလို႔လည္း ဆိုပါတယ္။

ဒီအေကာင္ေတြဟာ ေမလကစၿပီး သီရိလကၤာနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံေတြမွာလည္း က်ေရာက္ေနၿပီး ျမန္မာမွာ ၁၉၉၄ ခုႏွစ္တုန္းက က်ေရာက္ခဲ့ဖူးတဲ့ အေကာင္ေတြ ျဖစ္တယ္လို႔ဆိုပါတယ္။

ဒီအေကာင္ေတြကေတာ့ တစ္ဟုန္ထိုးပြားမ်ားတာမ်ိဳး မျဖစ္ႏိုင္ဘူးလို႔လည္း ထုတ္ျပန္ထားပါတယ္။

အဲဒီေကာ္ဖီႏွံေကာင္ေတြဟာ ကာလတိုသာ က်ေရာက္တတ္ၿပီး က်ေရာက္ၿပီး တစ္လေလာက္မွာ ေပ်ာက္ကြယ္သြားတတ္တယ္လို႔လည္း စိုက္ပ်ိဳးေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

လက္ရွိမွာ က်ိဳင္းေကာင္ ကာကြယ္ေရးကို ဇီဝနည္းပညာ၊ သဘာဝနည္းပညာေတြ နဲ႔ ေျဖရွင္းဖို႔ ျပင္ဆင္ေနၿပီး ဓာတုနည္းပညာကို ေနာက္ဆုံးမွ အသုံးျပဳမယ္လို႔ ဦးဝင္းလႈိင္ဦးဆိုပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53282326
ကျိုင်းကောင်ရန် ကာကွယ်ရေး အိန္ဒိယနဲ့နီးတဲ့ နယ်စပ်တွေ ဦးစားပေး ကျိုင်းကောင်ရန် ကာကွယ်ရေး အိန္ဒိယနဲ့နီးတဲ့ နယ်စပ်တွေ ဦးစားပေး Reviewed by THITHTOOLWIN on 21:57 Rating: 5
Powered by Blogger.