တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်ဖို့ မသေချာသေး


(Unicode)⤵⤵⤵
COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံနဲ့ နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က၂ လကြာ ပိတ်ထားဖို့ ကြေညာထားတာ ဒီရက်ပိုင်းပြည့်တော့မှာဖြစ်ပေမဲ့ ပြန်ဖွင့်ဖို့ မရေရာသေးတဲ့အတွက် ကုန်သွယ်ရေးမှာ အခက်တွေ့နေရတဲ့အကြောင်း ကို ဇော်ထက်ပြောပြပေးမှာပါ။

မြန်မာနိုင်ငံနဲ့ နယ်စပ်ဂိတ်တွေကို ၂ လကြာ ယာယီပိတ်ထားဖို့ ဧပြီလ ၂ ရက်နေ့မှာ တရုတ်ဘက်က ကြေညာထားပေမဲ့၊ ကပ်ရောဂါ အန္တရာယ် စိတ်မချရသေးချိန်မှာ ပြန်ဖွင့်ဖို့လည်း မရေမရာ ဖြစ်နေတာပါ။ နယ်စပ်ဂိတ်တွေ ပြန်မဖွင့်နိုင်တဲ့အတွက် ကုန်သွယ်မှုတွေမှာ အဟန့်အတားတွေ ကြုံနေရတယ်လို့လည်း မူဆယ် ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။

“ ဒီကနေ့အထိတော့ မသေချာသေးဘူးနော်၊ ဒီနေ့ ၁၃ ရက်တောင်ရောက်လာပြီ၊ ဖွင့်ဖို့ မဖွင့်ဖို့ဆိုတာ ၅၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ဒီနေ့အထိ ဗမာပြည်မှာရှိတဲ့ ‘ လဝက’ တောင် ဘာမှဆက်သွယ် လာတာမရှိဘူး။ ဒရိုင်ဘာအစားထိုးစနစ်နဲ့ သွားနေရတဲ့အတွက် ပြီးခဲ့တဲ့ ၂လ၊ ၃လ ကလိုပဲ ကားတွေက ပိတ်ဆို့မှုတွေ ဖြစ်နေတာပဲ။”

တရုတ်နိုင်ငံကို ကုန်တင်ပို့ရာမှာ မြန်မာယာဉ်မောင်းတွေကို နယ်စပ်ဖြတ်ကျော် ဝင်ခွင့်မပြုဘဲ တရုတ်နိုင်ငံက ယာဉ်မောင်းတွေနဲ့ အစားထိုးမောင်းနှင်ဖို့သာ ခွင့်ပြုထားတာကြောင့် ကုန်စည်စီးဆင်းမှုမှာ အဟန့်အတားတွေ ကြုံနေရတယ်လို့လည်းပြောပါတယ်။

ကချင်ပြည်နယ် ကန်ပိုက်တီးနယ်စပ်ဂိတ်ကိုတော့ တရုတ်နိုင်ငံက ငှက်ပျောကားတွေ ဝင်ထွက်ခွင့်ရအောင် ဖွင့်ပေးထားပေမဲ့ တခြားကုန်စည်တွေ အားလုံးကိုတော့ ကန့်သတ်ထားဆဲ ဖြစ်တယ်လို့လည်း ကန်ပိုက်တီးကားကြီးအသင်း ဒုဥက္ကဋ္ဌ ဒေါ်တူးက ပြောပါတယ်။

“ ၄ လပိုင်းအထိတောင် သွားလာလို့ရသေးတယ်၊ COVID ဖြစ်တဲ့အချိန်မှာ ခဏပိတ်သွားပြီးတော့၊ ခဏသွားရသေးတယ်။ နောက် လုံးဝပြန်ပိတ်သွားတာ အခုအချိန်အထိပေါ့။ ဖွင့်ခြင်း ပိတ်ခြင်းဆိုတာ တရုတ်တွေရဲ့ တံခါးပဲ မူတည်တယ်၊ အန်တီတို့ဘက်က တံခါးကတော့ မပိတ်ဘူး၊ ပိတ်တာ ဖွင့်တာ မရှိဘူးပေါ့။”

ကပ်ရောဂါကာလမှာ လုပ်ငန်းတွေ အများအပြား ရပ်နားထားရတဲ့ တရုတ်နိုင်ငံရောက် မြန်မာအလုပ်သမားအများအပြားလည်း နေရပ်ပြန်နေရာမှာ ၂ နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းပြီး ဖြေရှင်းနေတယ်လို့လည်း ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်းက ပြောပါတယ်။

“ ဟိုဘက်က ပြန်တော်ပြန်အဖွဲ့တွေကို တဘရိတ်တည်းနဲ့ အများကြီးမလွှတ်ပေးဖို့ဆိုပြီး နှစ်ဘက်ညှိနှိုင်းတာတော့ရှိတယ်။ ကျနော်တို့ ဒီဘက်ကထားမယ့် quarantine center မှာ capacity အရ လူတွေအများကြီးဆိုရင် မနိုင်မနင်းဖြစ်မှာစိုးလို့ ပြန်မယ်ဆိုလည်း ထိန်းထိန်းပြီးလွှတ်ဖို့၊ တကယ်လို့ အဲဒီ ( တရုတ်) ဘက်မှာ အလုပ်ရှိတယ်ဆိုရင်လည်း ကျနော်တို့ မြန်မာနိုင်ငံသားတွေကို အလုပ်စပ်ပေးဖို့ဆိုပြီး အဲလိုလေးတော့ ညှိထားပါတယ်။”

နယ်စပ်ဂိတ်ကို ပိတ်ထားတဲ့အချိန်မှာ မြန်မာပြည်ထဲ တရားမဝင်ဖြတ်သန်းတဲ့ တရုတ်နိုင်ငံသား ဘယ်သူမဆို ထောင်ဒဏ်ပေးမယ်လို့ ယူနန်နယ်စပ်တလျှောက် ဒေသအစိုးရက ကြေညာခဲ့သလို၊ မြန်မာပြည်သားဆိုရင်လည်း ဒဏ်ငွေ တရုတ်ယွမ် ၁၀၀၀ ပေးဆောင်ရမယ်လို့ ကြေညာထားပါတယ်။

တရက်ကို အမေရိကန်ဒေါ်လာ ၁၂ သန်းလောက်ကုန်သွယ်မှုရှိနေတဲ့ မူဆယ်ကုယ်သွယ်ရေးက အရင်လေးငါးနှစ်ကထက် များလာပါတယ်။ ဒါပေမဲ့လည်း ကပ်ရောဂါကာလ ကုန်သွယ်မှုတွေ ထိခိုက်နေတာကြောင့် ကူးသန်းရောင်းဝယ်ရေး e-commerce လုပ်ငန်းတွေ တိုးမြှင့်ဖို့လည်း တရုတ်-မြန်မာ တာဝန်ရှိသူတွေ ဒီလထဲ အွန်လိုင်းကနေတွေ့ဆုံရာမှာ ဆွေးနွေးခဲ့ကြပါတယ်။

ဇော်ထက်  / ဗွီအိုအေ ( မြန်မာပိုင်း)
-----------------------------------
(Zawgyi)⤵⤵⤵
တ႐ုတ္-ျမန္မာ နယ္စပ္ကုန္သြယ္ေရးဂိတ္ေတြ ျပန္ဖြင့္ဖို႔ မေသခ်ာေသး

COVID-19 ကပ္ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံနဲ႔ နယ္စပ္ဂိတ္ေတြကို တ႐ုတ္ဘက္က၂ လၾကာ ပိတ္ထားဖို႔ ေၾကညာထားတာ ဒီရက္ပိုင္းျပည့္ေတာ့မွာျဖစ္ေပမဲ့ ျပန္ဖြင့္ဖို႔ မေရရာေသးတဲ့အတြက္ ကုန္သြယ္ေရးမွာ အခက္ေတြ႕ေနရတဲ့အေၾကာင္း ကို ေဇာ္ထက္ေျပာျပေပးမွာပါ။

ျမန္မာႏိုင္ငံနဲ႔ နယ္စပ္ဂိတ္ေတြကို ၂ လၾကာ ယာယီပိတ္ထားဖို႔ ဧၿပီလ ၂ ရက္ေန႔မွာ တ႐ုတ္ဘက္က ေၾကညာထားေပမဲ့၊ ကပ္ေရာဂါ အႏၲရာယ္ စိတ္မခ်ရေသးခ်ိန္မွာ ျပန္ဖြင့္ဖို႔လည္း မေရမရာ ျဖစ္ေနတာပါ။ နယ္စပ္ဂိတ္ေတြ ျပန္မဖြင့္ႏိုင္တဲ့အတြက္ ကုန္သြယ္မႈေတြမွာ အဟန႔္အတားေတြ ႀကဳံေနရတယ္လို႔လည္း မူဆယ္ ဆန္ကုန္စည္ဒိုင္ ဒုဥကၠ႒ ဦးမင္းသိန္းက ေျပာပါတယ္။

“ ဒီကေန႔အထိေတာ့ မေသခ်ာေသးဘူးေနာ္၊ ဒီေန႔ ၁၃ ရက္ေတာင္ေရာက္လာၿပီ၊ ဖြင့္ဖို႔ မဖြင့္ဖို႔ဆိုတာ ၅၀ ရာခိုင္ႏႈန္းေလာက္ပဲရွိတယ္။ ဒီေန႔အထိ ဗမာျပည္မွာရွိတဲ့ ‘ လဝက’ ေတာင္ ဘာမွဆက္သြယ္ လာတာမရွိဘူး။ ဒ႐ိုင္ဘာအစားထိုးစနစ္နဲ႔ သြားေနရတဲ့အတြက္ ၿပီးခဲ့တဲ့ ၂လ၊ ၃လ ကလိုပဲ ကားေတြက ပိတ္ဆို႔မႈေတြ ျဖစ္ေနတာပဲ။”

တ႐ုတ္ႏိုင္ငံကို ကုန္တင္ပို႔ရာမွာ ျမန္မာယာဥ္ေမာင္းေတြကို နယ္စပ္ျဖတ္ေက်ာ္ ဝင္ခြင့္မျပဳဘဲ တ႐ုတ္ႏိုင္ငံက ယာဥ္ေမာင္းေတြနဲ႔ အစားထိုးေမာင္းႏွင္ဖို႔သာ ခြင့္ျပဳထားတာေၾကာင့္ ကုန္စည္စီးဆင္းမႈမွာ အဟန႔္အတားေတြ ႀကဳံေနရတယ္လို႔လည္းေျပာပါတယ္။

ကခ်င္ျပည္နယ္ ကန္ပိုက္တီးနယ္စပ္ဂိတ္ကိုေတာ့ တ႐ုတ္ႏိုင္ငံက ငွက္ေပ်ာကားေတြ ဝင္ထြက္ခြင့္ရေအာင္ ဖြင့္ေပးထားေပမဲ့ တျခားကုန္စည္ေတြ အားလုံးကိုေတာ့ ကန႔္သတ္ထားဆဲ ျဖစ္တယ္လို႔လည္း ကန္ပိုက္တီးကားႀကီးအသင္း ဒုဥကၠ႒ ေဒၚတူးက ေျပာပါတယ္။

“ ၄ လပိုင္းအထိေတာင္ သြားလာလို႔ရေသးတယ္၊ COVID ျဖစ္တဲ့အခ်ိန္မွာ ခဏပိတ္သြားၿပီးေတာ့၊ ခဏသြားရေသးတယ္။ ေနာက္ လုံးဝျပန္ပိတ္သြားတာ အခုအခ်ိန္အထိေပါ့။ ဖြင့္ျခင္း ပိတ္ျခင္းဆိုတာ တ႐ုတ္ေတြရဲ႕ တံခါးပဲ မူတည္တယ္၊ အန္တီတို႔ဘက္က တံခါးကေတာ့ မပိတ္ဘူး၊ ပိတ္တာ ဖြင့္တာ မရွိဘူးေပါ့။”

ကပ္ေရာဂါကာလမွာ လုပ္ငန္းေတြ အမ်ားအျပား ရပ္နားထားရတဲ့ တ႐ုတ္ႏိုင္ငံေရာက္ ျမန္မာအလုပ္သမားအမ်ားအျပားလည္း ေနရပ္ျပန္ေနရာမွာ ၂ ႏိုင္ငံတာဝန္ရွိသူေတြ ညႇိႏႈိင္းၿပီး ေျဖရွင္းေနတယ္လို႔လည္း ကခ်င္ျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီး ဦးေဇာ္ဝင္းက ေျပာပါတယ္။

“ ဟိုဘက္က ျပန္ေတာ္ျပန္အဖြဲ႕ေတြကို တဘရိတ္တည္းနဲ႔ အမ်ားႀကီးမလႊတ္ေပးဖို႔ဆိုၿပီး ႏွစ္ဘက္ညႇိႏႈိင္းတာေတာ့ရွိတယ္။ က်ေနာ္တို႔ ဒီဘက္ကထားမယ့္ quarantine center မွာ capacity အရ လူေတြအမ်ားႀကီးဆိုရင္ မႏိုင္မနင္းျဖစ္မွာစိုးလို႔ ျပန္မယ္ဆိုလည္း ထိန္းထိန္းၿပီးလႊတ္ဖို႔၊ တကယ္လို႔ အဲဒီ ( တ႐ုတ္) ဘက္မွာ အလုပ္ရွိတယ္ဆိုရင္လည္း က်ေနာ္တို႔ ျမန္မာႏိုင္ငံသားေတြကို အလုပ္စပ္ေပးဖို႔ဆိုၿပီး အဲလိုေလးေတာ့ ညႇိထားပါတယ္။”

နယ္စပ္ဂိတ္ကို ပိတ္ထားတဲ့အခ်ိန္မွာ ျမန္မာျပည္ထဲ တရားမဝင္ျဖတ္သန္းတဲ့ တ႐ုတ္ႏိုင္ငံသား ဘယ္သူမဆို ေထာင္ဒဏ္ေပးမယ္လို႔ ယူနန္နယ္စပ္တေလွ်ာက္ ေဒသအစိုးရက ေၾကညာခဲ့သလို၊ ျမန္မာျပည္သားဆိုရင္လည္း ဒဏ္ေငြ တ႐ုတ္ယြမ္ ၁၀၀၀ ေပးေဆာင္ရမယ္လို႔ ေၾကညာထားပါတယ္။

တရက္ကို အေမရိကန္ေဒၚလာ ၁၂ သန္းေလာက္ကုန္သြယ္မႈရွိေနတဲ့ မူဆယ္ကုယ္သြယ္ေရးက အရင္ေလးငါးႏွစ္ကထက္ မ်ားလာပါတယ္။ ဒါေပမဲ့လည္း ကပ္ေရာဂါကာလ ကုန္သြယ္မႈေတြ ထိခိုက္ေနတာေၾကာင့္ ကူးသန္းေရာင္းဝယ္ေရး e-commerce လုပ္ငန္းေတြ တိုးျမႇင့္ဖို႔လည္း တ႐ုတ္-ျမန္မာ တာဝန္ရွိသူေတြ ဒီလထဲ အြန္လိုင္းကေနေတြ႕ဆုံရာမွာ ေဆြးေႏြးခဲ့ၾကပါတယ္။

ေဇာ္ထက္  / ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/5501130.html
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်ဖို့ မသေချာသေး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်ဖို့ မသေချာသေး Reviewed by THITHTOOLWIN on 07:27 Rating: 5
Powered by Blogger.