ဇွဲကပင်တောင်ထိပ် ဇနီးမောင်နှံသေဆုံးရသည့် အကြောင်းရင်း မှုခင်းဆေးစာရမှ သိနိုင်မည်


ဇွဲကပင်တောင်ထိပ် အဏ္ဏဝါစခန်းမှာ ဇနီးမောင်နှံသေဆုံးရတဲ့အကြောင်းရင်းကို မှုခင်းဆရာဝန်ရဲ့ ဆေးစစ်ချက်ရပြီးမှ အတည်ပြုနိုင်မယ်လို့ ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးတင်ထွန်းအောင်က ပြောပါတယ်။

အဲ့ဒီဇနီးမောင်နှံရဲ့အလောင်းတွေကိုတော့ ဒီကနေ့ ဇူလိုင်(၂၆)ရက် မနက်ပိုင်းက တောင်ပေါ်ကို ဘုရားတက်ဖူးသူတွေကတွေ့ခဲ့တာပါ။

တွေ့တဲ့အချိန်မှာ အလောင်းတွေကပုပ်ပွပြီး အနံ့ဆိုးတွေတောင်ထွက်နေပြီလို့ ဆိုပါတယ်။
အဲ့ဒီဇနီးမောင်နှံဟာ ဇွဲကပင်တောင်ကေဘယ်လ်ကားစီမံကိန်းက ဝန်ထမ်းတွေဖြစ်တယ်လို့ စီမံကိန်းတာဝန်ခံဦးဇော်ဌေးက ပြောပါတယ်။


ဇနီးမောင်နှံနှစ်ဦးအတွက် နစ်နာကြေး၊ လူမှုဖူလုံရေးကြေးတွေကိုလည်း ရရှိအောင်ဆောင်ရွက်ပေးမယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

ဇနီးမောင်နှံရဲ့ ရုပ်အလောင်းတွေကို ရဲ၊မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေက မွန်းလွဲပိုင်းမှာ တောင်အောက်ကို ပြန်လည်သယ်ဆောင်ခဲ့ပြီဖြစ်ပါတယ်။

သတင်း- စောရှားကချောင့် / One News Myanmar
https://www.facebook.com/onenewsmyan
ဇွဲကပင်တောင်ထိပ် ဇနီးမောင်နှံသေဆုံးရသည့် အကြောင်းရင်း မှုခင်းဆေးစာရမှ သိနိုင်မည် ဇွဲကပင်တောင်ထိပ် ဇနီးမောင်နှံသေဆုံးရသည့် အကြောင်းရင်း မှုခင်းဆေးစာရမှ သိနိုင်မည် Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.