ပြည်ဝင်ခွင့်ဗီဇာ အများအပြား သမ္မတ Trump ယာယီပိတ်

မဲဆွယ်ပွဲမှာ မိန့်ခွန်းပြောကြားနေတဲ့ အမေရိကန်သမ္မတ Donald Trump. (ဇွန် ၂၀၊ ၂၀၂၀)
(Unicode)⤵⤵⤵
နိုင်ငံရပ်ခြားကနေ အမေရိကန်ပြည်ထောင်စုထဲ လာရောက် အလုပ် လုပ်ကိုင်ချင်တဲ့သူတွေ အတွက် ပြည်ဝင်ခွင့်ဗီဇာ အတော်များများကို သမ္မတ Donald Trump က ဒီနှစ်ကုန်အထိ ယာယီ ပိတ်လိုက်သလို၊ အမြဲတမ်းနေထိုင်ခွင့် green card ယာယီပိတ်ထားတာကိုလည်း သက်တမ်း တိုးလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အမေရိကန်စီးပွားရေး ထိခိုက်ပြီး အမေရိကန်နိုင်ငံသား အများအပြား အလုပ်အကိုင် ဆုံးရှုံးနေရတဲ့ အခြေအနေကြောင့် ခုလို ပြည်ဝင်ခွင့်ဗီဇာတွေ ယာယီ ရပ်ဆိုင်းတာ ဖြစ်တယ်လို့ ဆိုတဲ့ သမ္မတအမိန့်နဲ့ ညွှန်ကြားချက်ကိုတော့ တနင်္လာနေ့က လက်မှတ်ရေးထိုးလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုသာ ဦးစားပေးဖြစ်ရမယ်လို့ သမ္မတက အရင်ကတည်းက ကတိပြုပြောလာခဲ့တဲ့အတိုင်း အခုချိန်မှာ အမေရိကန်နိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိစေဖို့ဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူတွေကလည်း ပြောပါတယ်။

ဒီလ ၂၄ ရက်နေ့မှာ စတင် အကျုံးဝင်မယ့် ဒီညွှန်ကြားချက်အရ နည်းပညာလုပ်ငန်းတွေ အပါအဝင် ပညာရပ်ပိုင်းဆိုင်ရာ လုပ်ငန်းတွေမှာ အလုပ် လုပ်ကိုင်လိုသူတွေ လျှောက်ကြတဲ့ H-1B ဗီဇာအပြင် ပညာရေးအစီအစဉ်နဲ့ လာကြတဲ့ J-1 ဗီဇာနဲ့ နိုင်ငံတကာ ကော်ပိုရေးရှင်းတွေက မန်နေဂျာလုပ်ငန်း နေရာတွေမှာ လုပ်ကိုင်ကြသူတွေ အတွက် L-1 ဗီဇာတွေ အားလုံးကို နှစ်ကုန်အထိ ယာယီ ပိတ်ပစ်လိုက်တာပါ။

တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ ဧပြီလတုန်းက အမေရိကန်ပြည်ထောင်စုထဲ အမြဲတမ်းအခြေချနေထိုင်ခွင့် Green Card လျှောက်ထားခွင့် ယာယီပိတ်ထားကိုလည်း ဒီနှစ်ကုန်အထိ သက်တမ်း တိုးလိုက်တာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
----------------------------------------------
(Zawgyi)⤵⤵⤵
ျပည္ဝင္ခြင့္ဗီဇာ အမ်ားအျပား သမၼတ Trump ယာယီပိတ္

ႏိုင္ငံရပ္ျခားကေန အေမရိကန္ျပည္ေထာင္စုထဲ လာေရာက္ အလုပ္ လုပ္ကိုင္ခ်င္တဲ့သူေတြ အတြက္ ျပည္ဝင္ခြင့္ဗီဇာ အေတာ္မ်ားမ်ားကို သမၼတ Donald Trump က ဒီႏွစ္ကုန္အထိ ယာယီ ပိတ္လိုက္သလို၊ အၿမဲတမ္းေနထိုင္ခြင့္ green card ယာယီပိတ္ထားတာကိုလည္း သက္တမ္း တိုးလိုက္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္ အေမရိကန္စီးပြားေရး ထိခိုက္ၿပီး အေမရိကန္ႏိုင္ငံသား အမ်ားအျပား အလုပ္အကိုင္ ဆုံးရႈံးေနရတဲ့ အေျခအေနေၾကာင့္ ခုလို ျပည္ဝင္ခြင့္ဗီဇာေတြ ယာယီ ရပ္ဆိုင္းတာ ျဖစ္တယ္လို႔ ဆိုတဲ့ သမၼတအမိန႔္နဲ႔ ၫႊန္ၾကားခ်က္ကိုေတာ့ တနလၤာေန႔က လက္မွတ္ေရးထိုးလိုက္တာ ျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုသာ ဦးစားေပးျဖစ္ရမယ္လို႔ သမၼတက အရင္ကတည္းက ကတိျပဳေျပာလာခဲ့တဲ့အတိုင္း အခုခ်ိန္မွာ အေမရိကန္ႏိုင္ငံသားေတြအတြက္ အလုပ္အကိုင္ အခြင့္အလမ္းေတြ ပိုမိုရရွိေစဖို႔ျဖစ္တယ္လို႔ အစိုးရတာဝန္ရွိသူေတြကလည္း ေျပာပါတယ္။

ဒီလ ၂၄ ရက္ေန႔မွာ စတင္ အက်ဳံးဝင္မယ့္ ဒီၫႊန္ၾကားခ်က္အရ နည္းပညာလုပ္ငန္းေတြ အပါအဝင္ ပညာရပ္ပိုင္းဆိုင္ရာ လုပ္ငန္းေတြမွာ အလုပ္ လုပ္ကိုင္လိုသူေတြ ေလွ်ာက္ၾကတဲ့ H-1B ဗီဇာအျပင္ ပညာေရးအစီအစဥ္နဲ႔ လာၾကတဲ့ J-1 ဗီဇာနဲ႔ ႏိုင္ငံတကာ ေကာ္ပိုေရးရွင္းေတြက မန္ေနဂ်ာလုပ္ငန္း ေနရာေတြမွာ လုပ္ကိုင္ၾကသူေတြ အတြက္ L-1 ဗီဇာေတြ အားလုံးကို ႏွစ္ကုန္အထိ ယာယီ ပိတ္ပစ္လိုက္တာပါ။

တခ်ိန္တည္းမွာပဲ ၿပီးခဲ့တဲ့ ဧၿပီလတုန္းက အေမရိကန္ျပည္ေထာင္စုထဲ အၿမဲတမ္းအေျခခ်ေနထိုင္ခြင့္ Green Card ေလွ်ာက္ထားခြင့္ ယာယီပိတ္ထားကိုလည္း ဒီႏွစ္ကုန္အထိ သက္တမ္း တိုးလိုက္တာျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/trump-administration-limits-foreign-workers-amid-pandemic-/5473616.html
ပြည်ဝင်ခွင့်ဗီဇာ အများအပြား သမ္မတ Trump ယာယီပိတ် ပြည်ဝင်ခွင့်ဗီဇာ အများအပြား သမ္မတ Trump ယာယီပိတ် Reviewed by THITHTOOLWIN on 19:49 Rating: 5
Powered by Blogger.