ရွေးကောက်ပွဲ ကျင်းပဖို့ စင်္ကာပူလွှတ်တော်ဖျက်သိမ်း

စကာင်္ပူနိုင်ငံ Merlion Park အနီးမှာ တွေ့ရတဲ့ မြင်ကွင်း။ (ဇွန် ၁၉၊ ၂၀၂၀)
(Unicode)⤵⤵⤵
စင်္ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုအရေးကနေ ပြန်ပြီးနလံထူလာဖို့ ကြိုးပမ်းနေတဲ့ အချိန်မှာပဲ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် စင်္ကာပူပါလီမန်ကို အင်္ဂါနေ့က ဖျက်သိမ်းလိုက်ပါတယ်။

နောက်နှစ် ဧပြီလထက်နောက်မကျဘဲ ကျင်းပဖို့ရှိတဲ့ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မဲရုံတွေမှာ ရောဂါကူးစက်မှု အန္တရာယ်ကင်းရှင်းရေး စည်းကမ်းသတ်မှတ်ချက်တွေကို ထုတ်ပြန်သွားမှာဖြစ်ပြီး မဲလာပေးကြမယ့်သူတွေအားလုံး နှာခေါင်းစည်းနဲ့ လက်အိတ်တွေကို ဝတ်ဆင်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ မဲဆွယ်စည်းရုံးပွဲတွေကိုတော့ တားမြစ်ထားမယ့် ပုံရှိပါတယ်။

အစပိုင်းတုန်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနဲ့ ပတ်သက်လို့ စင်္ကာပူနိုင်ငံရဲ့ တင်းတင်းကြပ်ကြပ် တုံ့ပြန်ကိုင်တွယ်ပုံတွေကြောင့် ချီးကျုးခံခဲ့ရပေမဲ့ နောက်ပိုင်းမှာ အဆောင်နေနိုင်ငံခြားသား အလုပ်သမားတွေကြား ကူးစက်မှုတွေပိုများလာခဲ့တာပါ။ အခုလက်ရှိ ရောဂါကူးစက်ခံထားရသူ ၄၂,၀၀၀ ကျော်မှာ အများစုက ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ပါတယ်။
စကာင်္ပူဝန်ကြီးချုပ် Lee Hsien Loong
ကူးစက်မှုနှုန်း တဖြည်းဖြည်း ကျဆင်းလာနေတာနဲ့အတူ ကာလရှည်ကြာအုပ်ချုပ်လာခဲ့တဲ့ စင်္ကာပူပြည်သူ့လှုပ်ရှားမှုပါတီ (PAP) အနေနဲ့ နောက်နှစ် ဧပြီလထက်နောက်မကျဘဲ ကျင်းပဖို့ရှိတဲ့ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ရှေ့ဆက်လုပ်ဆောင်လာတာဖြစ်ပြီး ပါလီမာန်ကို ဖျက်သိမ်းဖို့ ဝန်ကြီးချုပ် Lee Hsien Loong က သမ္မတကို အကြံပြုခဲ့တာပါ။

ရွေးကောက်ပွဲကျင်းပမယ့် ရက်အတိအကျကိုတော့ ဇူလိုင်လ အတွင်းကြေညာမယ်လို့ မျှော်မှန်းထားပါတယ်။ အခုလို ကပ်ရောဂါဘေး ရင်ဆိုင်နေရချိန်မှာ ရွေးကောက်ပွဲကျင်းပဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို အတိုက်အခံ အဖွဲ့အစည်းတွေကတော့ ကန့်ကွက်ခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
---------------------------------------
(Zawgyi)⤵⤵⤵
ေ႐ြးေကာက္ပြဲ က်င္းပဖို႔ စကၤာပူလႊတ္ေတာ္ဖ်က္သိမ္း

စကၤာပူႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ကူးစက္မႈအေရးကေန ျပန္ၿပီးနလံထူလာဖို႔ ႀကိဳးပမ္းေနတဲ့ အခ်ိန္မွာပဲ ေ႐ြးေကာက္ပြဲ က်င္းပဖို႔အတြက္ စကၤာပူပါလီမန္ကို အဂၤါေန႔က ဖ်က္သိမ္းလိုက္ပါတယ္။

ေနာက္ႏွစ္ ဧၿပီလထက္ေနာက္မက်ဘဲ က်င္းပဖို႔ရွိတဲ့ အေထြေထြေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ မဲ႐ုံေတြမွာ ေရာဂါကူးစက္မႈ အႏၲရာယ္ကင္းရွင္းေရး စည္းကမ္းသတ္မွတ္ခ်က္ေတြကို ထုတ္ျပန္သြားမွာျဖစ္ၿပီး မဲလာေပးၾကမယ့္သူေတြအားလုံး ႏွာေခါင္းစည္းနဲ႔ လက္အိတ္ေတြကို ဝတ္ဆင္ဖို႔ စတဲ့အခ်က္ေတြ ပါဝင္ပါတယ္။ မဲဆြယ္စည္း႐ုံးပြဲေတြကိုေတာ့ တားျမစ္ထားမယ့္ ပုံရွိပါတယ္။

အစပိုင္းတုန္းက ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈနဲ႔ ပတ္သက္လို႔ စကၤာပူႏိုင္ငံရဲ႕ တင္းတင္းၾကပ္ၾကပ္ တုံ႔ျပန္ကိုင္တြယ္ပုံေတြေၾကာင့္ ခ်ီးက်ဳးခံခဲ့ရေပမဲ့ ေနာက္ပိုင္းမွာ အေဆာင္ေနႏိုင္ငံျခားသား အလုပ္သမားေတြၾကား ကူးစက္မႈေတြပိုမ်ားလာခဲ့တာပါ။ အခုလက္ရွိ ေရာဂါကူးစက္ခံထားရသူ ၄၂,၀၀၀ ေက်ာ္မွာ အမ်ားစုက ေ႐ႊ႕ေျပာင္းလုပ္သားေတြ ျဖစ္ပါတယ္။

ကူးစက္မႈႏႈန္း တျဖည္းျဖည္း က်ဆင္းလာေနတာနဲ႔အတူ ကာလရွည္ၾကာအုပ္ခ်ဳပ္လာခဲ့တဲ့ စကၤာပူျပည္သူ႔လႈပ္ရွားမႈပါတီ (PAP) အေနနဲ႔ ေနာက္ႏွစ္ ဧၿပီလထက္ေနာက္မက်ဘဲ က်င္းပဖို႔ရွိတဲ့ အေထြေထြေ႐ြးေကာက္ပြဲက်င္းပဖို႔ ေရွ႕ဆက္လုပ္ေဆာင္လာတာျဖစ္ၿပီး ပါလီမာန္ကို ဖ်က္သိမ္းဖို႔ ဝန္ႀကီးခ်ဳပ္ Lee Hsien Loong က သမၼတကို အႀကံျပဳခဲ့တာပါ။

ေ႐ြးေကာက္ပြဲက်င္းပမယ့္ ရက္အတိအက်ကိုေတာ့ ဇူလိုင္လ အတြင္းေၾကညာမယ္လို႔ ေမွ်ာ္မွန္းထားပါတယ္။ အခုလို ကပ္ေရာဂါေဘး ရင္ဆိုင္ေနရခ်ိန္မွာ ေ႐ြးေကာက္ပြဲက်င္းပဖို႔ အစိုးရရဲ႕ ဆုံးျဖတ္ခ်က္ကို အတိုက္အခံ အဖြဲ႕အစည္းေတြကေတာ့ ကန႔္ကြက္ခဲ့ၾကပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/Singapore-politics/5473815.html
ရွေးကောက်ပွဲ ကျင်းပဖို့ စင်္ကာပူလွှတ်တော်ဖျက်သိမ်း ရွေးကောက်ပွဲ ကျင်းပဖို့ စင်္ကာပူလွှတ်တော်ဖျက်သိမ်း Reviewed by THITHTOOLWIN on 19:44 Rating: 5
Powered by Blogger.