ကွတ်ခိုင်မှာ မူးယစ်ဆေးချက်လုပ်တဲ့ပစ္စည်းတွေ ဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးနဲ့ လွယ်ခမ်ကျေးရွာအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းအချို့ကို ကွတ်ခိုင်မြို့မှာ ၂၀၂၀၊ ဇွန် ၂၃ ရက်နေ့က ဖျက်ဆီးစဉ် / ဓာတ်ပုံ - ကံသာ/ RFA
(Unicode)⤵⤵⤵
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးနဲ့ လွယ်ခမ်ကျေးရွာ အတွင်းက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးချက်လုပ်တာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေထဲက အချို့ကို ကွတ်ခိုင်မြို့မှာ ဒီကနေ့ မနက်ပိုင်းက ဖျက်ဆီးခဲ့ပါတယ်။

ကောင်းခါး နဲ့ လွယ်ခန် ကျေးရွာကနေ အခုနှစ် ဖေဖော်ဝါရီလကနေ မေလ ၁ ရက်နေ့အထိ မူးယစ် ဆေးနဲ့ ဆက်စပ်ပစ္စည်း အမျိုးအစားပေါင်း တစ်ရာကျော်ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

မူးယစ်ဆေးတွေနဲ့အတူ အမျိုးသား၂၉ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၃၃ ဦးကို ဖမ်းဆီးရမိထားပြီး ကျန် ၉၇ ဦးကတော့ တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။

ကား ၂၁ စီး၊ ဆိုင်ကယ်တစ်စီး၊ လက်နက်မျိုးစုံ ၈၆ လက်နက်ခဲယမ်းမျိုးစုံတို့ကိုပါ သိမ်းဆည်းရမိခဲ့တာပါ။

အခုဖျက်ဆီးတဲ့ မူးယစ်ဆေးနဲ့ဆက်စပ်ပစ္စည်းတွေဟာ တပ်မတော် လက်အောက်ခံ ကောင်းခါး ပြည်သူ့စစ်အဖွဲ့ ထိန်းချုပ်နယ်မြေထဲမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး တပ်မတော်က လက်နက်ပြန် အပ်ခိုင်းခဲ့သလို လွယ်ခမ် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်အချို့ကိုလည်း ထိန်းသိမ်းထားတယ်လို့ အမည်မဖော်လိုတဲ့ ကောင်းခါး ပြည်သူ့စစ်အဖွဲ့အရာရှိတစ်ဦးက RFA ကို ပြောထားပါတယ်။

ကွတ်ခိုင်မှာ ဒီနေ့ဖျက်ဆီးတဲ့ မူးယစ်ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေဟာ လားရှိုးကို သယ်ဖို့ခက်ခဲလို့ ကွတ်ခိုင်မှာ ဖျက်ဆီးခဲ့တာဖြစ်ပြီး ကျန်နေတဲ့ မူးယစ်ဆေးဝါးတော့ကိုတော့ လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်မယ့် ၃၃ကြိမ် မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ လားရှိုးမြို့မှာ ထပ်မံဖျက်ဆီးမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၄၂၀ နီးပါးတန်ဖိုးရှိတယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကွတ်ခိုင်ဒေသမှာ လူငယ်တွေ အများစု မူးယစ်သားကောင်ဖြစ်နေရပြီး ရာဘဆေးပြားတွေကတော့ လွယ်လွယ်ကူကူ ဝယ်လို့ရနေတုန်းဖြစ်တယ်လို့ ကွတ်ခိုင်မြို့ တအာင်းစာပေယာဉ်ကျေးမှု ဒု-ဥက္ကဋ္ဌ ဦးထွန်းအောင်က ပြောပါတယ်။

၂၀၂၀ အတွင်း ရှမ်းပြည်နယ်မှာ မူးယစ်ဆေး ဖမ်းဆီးရမိမှုဟာ အရင်နှစ်ထက် အမေရိကန်ဒေါ်လာ ငါးသန်းကျော်အထိ ပိုမိုဖမ်းဆီးနိုင်ခဲ့တယ်လို့ ရှမ်းပြည်မြောက်ပိုင်း ဒု-ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်က ပြောပါတယ်။

ဇွန်လ၂၆ ရက်နေ့မှာ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အမေရိကန် ဒေါ်လာ (၂၂၈.၈) သန်းကျော် တန် ဖိုးရှိတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်း ၂၉ မျိုးကို မီးရှို့ဖျက်ဆီးမှာဖြစ်သလို တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အမေရိကန်ဒေါ်လာ ၈၃၅ သန်းနီးပါးရှိ မူးယစ်ဆေးနဲ့ ဆက်စပ် ပစ္စည်းတွေကို လာမယ့် ဇွန် လ၂၆ ရက် နေ့မှာ မီးရှို့ဖျက်ဆီးမှာ ဖြစ်တယ်လို့သိရပါတယ်။

ကံသာ / RFA Burmese
--------------------------------------
(Zawgyi)⤵⤵⤵
ကြတ္ခိုင္မွာ မူးယစ္ေဆးခ်က္လုပ္တဲ့ပစၥည္းေတြ ဖ်က္ဆီး

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ ေကာင္းခါးနဲ႔ လြယ္ခမ္ေက်း႐ြာ အတြင္းက ဖမ္းဆီးရမိတဲ့ မူးယစ္ေဆးဝါးခ်က္လုပ္တာမွာ အသုံးျပဳတဲ့ ဆက္စပ္ပစၥည္းေတြထဲက အခ်ိဳ႕ကို ကြတ္ခိုင္ၿမိဳ႕မွာ ဒီကေန႔ မနက္ပိုင္းက ဖ်က္ဆီးခဲ့ပါတယ္။

ေကာင္းခါး နဲ႔ လြယ္ခန္ ေက်း႐ြာကေန အခုႏွစ္ ေဖေဖာ္ဝါရီလကေန ေမလ ၁ ရက္ေန႔အထိ မူးယစ္ ေဆးနဲ႔ ဆက္စပ္ပစၥည္း အမ်ိဳးအစားေပါင္း တစ္ရာေက်ာ္ကို ဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္။

မူးယစ္ေဆးေတြနဲ႔အတူ အမ်ိဳးသား၂၉ ဦး၊ အမ်ိဳးသမီး ၄ ဦး၊ စုစုေပါင္း ၃၃ ဦးကို ဖမ္းဆီးရမိထားၿပီး က်န္ ၉၇ ဦးကေတာ့ တိမ္းေရွာင္ေနတယ္လို႔ ဆိုပါတယ္။

ကား ၂၁ စီး၊ ဆိုင္ကယ္တစ္စီး၊ လက္နက္မ်ိဳးစုံ ၈၆ လက္နက္ခဲယမ္းမ်ိဳးစုံတို႔ကိုပါ သိမ္းဆည္းရမိခဲ့တာပါ။

အခုဖ်က္ဆီးတဲ့ မူးယစ္ေဆးနဲ႔ဆက္စပ္ပစၥည္းေတြဟာ တပ္မေတာ္ လက္ေအာက္ခံ ေကာင္းခါး ျပည္သူ႔စစ္အဖြဲ႕ ထိန္းခ်ဳပ္နယ္ေျမထဲမွာ ဖမ္းဆီးရမိခဲ့တာျဖစ္ၿပီး တပ္မေတာ္က လက္နက္ျပန္ အပ္ခိုင္းခဲ့သလို လြယ္ခမ္ ျပည္သူ႔စစ္အဖြဲ႕ေခါင္းေဆာင္အခ်ိဳ႕ကိုလည္း ထိန္းသိမ္းထားတယ္လို႔ အမည္မေဖာ္လိုတဲ့ ေကာင္းခါး ျပည္သူ႔စစ္အဖြဲ႕အရာရွိတစ္ဦးက RFA ကို ေျပာထားပါတယ္။

ကြတ္ခိုင္မွာ ဒီေန႔ဖ်က္ဆီးတဲ့ မူးယစ္ေဆးနဲ႔ ဆက္စပ္ပစၥည္းေတြဟာ လားရႈိးကို သယ္ဖို႔ခက္ခဲလို႔ ကြတ္ခိုင္မွာ ဖ်က္ဆီးခဲ့တာျဖစ္ၿပီး က်န္ေနတဲ့ မူးယစ္ေဆးဝါးေတာ့ကိုေတာ့ လာမယ့္ ဇြန္လ ၂၆ ရက္ေန႔မွာ က်ေရာက္မယ့္ ၃၃ႀကိမ္ ေျမာက္ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးေန႔မွာ လားရႈိးၿမိဳ႕မွာ ထပ္မံဖ်က္ဆီးမွာျဖစ္ၿပီး အေမရိကန္ေဒၚလာ သန္း ၄၂၀ နီးပါးတန္ဖိုးရွိတယ္လို႔ ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ကြတ္ခိုင္ေဒသမွာ လူငယ္ေတြ အမ်ားစု မူးယစ္သားေကာင္ျဖစ္ေနရၿပီး ရာဘေဆးျပားေတြကေတာ့ လြယ္လြယ္ကူကူ ဝယ္လို႔ရေနတုန္းျဖစ္တယ္လို႔ ကြတ္ခိုင္ၿမိဳ႕ တအာင္းစာေပယာဥ္ေက်းမႈ ဒု-ဥကၠ႒ ဦးထြန္းေအာင္က ေျပာပါတယ္။

၂၀၂၀ အတြင္း ရွမ္းျပည္နယ္မွာ မူးယစ္ေဆး ဖမ္းဆီးရမိမႈဟာ အရင္ႏွစ္ထက္ အေမရိကန္ေဒၚလာ ငါးသန္းေက်ာ္အထိ ပိုမိုဖမ္းဆီးႏိုင္ခဲ့တယ္လို႔ ရွမ္းျပည္ေျမာက္ပိုင္း ဒု-ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္သူေဇာ္က ေျပာပါတယ္။

ဇြန္လ၂၆ ရက္ေန႔မွာ ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕မွာ အေမရိကန္ ေဒၚလာ (၂၂၈.၈) သန္းေက်ာ္ တန္ ဖိုးရွိတဲ့ မူးယစ္ေဆးဝါးနဲ႔ ဆက္စပ္ပစၥည္း ၂၉ မ်ိဳးကို မီးရႈိ႕ဖ်က္ဆီးမွာျဖစ္သလို တစ္ႏိုင္ငံလုံး အတိုင္းအတာအေနနဲ႔ အေမရိကန္ေဒၚလာ ၈၃၅ သန္းနီးပါးရွိ မူးယစ္ေဆးနဲ႔ ဆက္စပ္ ပစၥည္းေတြကို လာမယ့္ ဇြန္ လ၂၆ ရက္ ေန႔မွာ မီးရႈိ႕ဖ်က္ဆီးမွာ ျဖစ္တယ္လို႔သိရပါတယ္။

ကံသာ / RFA Burmese
https://www.rfa.org/burmese/news/destroying-the-making-drug-things-in-kutkai-06232020074424.html
ကွတ်ခိုင်မှာ မူးယစ်ဆေးချက်လုပ်တဲ့ပစ္စည်းတွေ ဖျက်ဆီး ကွတ်ခိုင်မှာ မူးယစ်ဆေးချက်လုပ်တဲ့ပစ္စည်းတွေ ဖျက်ဆီး Reviewed by THITHTOOLWIN on 19:49 Rating: 5
Powered by Blogger.