သီပေါမြို့နယ် အတွင်း အစိုးရတပ်နှင့် RCSS/SSA တိုက်ပွဲဖြစ်


(Unicode)⤵⤵⤵
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း အစိုးရတပ်မတော် နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ( RCSS/SSA)တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ဇွန်လ ၁၀ ရက် ညနေ ၅ နာရီ ဝန်းကျင်က သီပေါအခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၂၆ နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ပွဲမှ အစိုးရတပ်မတော်အရာရှိ ၂ ဦး ကျဆုံးကာ၊ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်မြေပြင် သတင်းအရ သိရသည်။

“ အစိုးရ တပ်ဘက်ကတော့ အရာရှိ ဗိုလ် ၂ဦး၊ ၂ပွင့်နဲ့ က သေဆုံးတယ်။ ၂ဦးကတော့ ဒဏ်ရာရတယ်” ဟု ဒေသတွင်း အမည်မဖော်လိုသည့် အရာရှိတဦးက ပြောပြသည်။

သို့သာ် ၎င်းနှင့်ပတ်သက်ပြီး အသေးစိတ်ကိုမသိရှိရသေးကြောင်း ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြောသကဲ့သို့ RCSS/SSA ၏ သတင်း ဝက်ပ်ဆိုဒ် ဖြစ်သည့် Tai Freedom တွင်လည်း ဖော်ပြထားခြင်းမရှိခဲ့ပေ။

အစိုးရ တပ်မတော်က သီပေါမြို့နယ် ပန်ခုတ် ပန်ခမ်းရွာဘက်သွားမည်ဟု အကြောင်းကြားသည့်အပေါ် RCSS/SSA က ကားလမ်းအတိုင်းသာ သွားရန်၊ တောလမ်းဘက်မသွားရန် အကြောင်းပြန်ခဲ့ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စဝ်အုမ်ခေး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ တောထဲမှာ ကျနော်တို့စစ်ကြောင်းရှိမှာမို့ ထိတွေ့မှုဖြစ်နိုင်တယ်။ အဲတာကို သူတို့က လမ်းအတိုင်းမသွားဘဲ တောထဲကိုသွားတယ်။ အဲ့ဒါကြောင့် ကျနော်တို့ တပ်သားတွေနဲ့ ထိတွေ့မှု ဖြစ်ခဲ့ကြတာပါ” ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ဆိုသည်။

တိုက်ပွဲသည် ညနေ ၅ နာရီ မှ ညနေ ၆ နာရီထိ ကြာခဲ့သည်ဟုဆိုပါသည်။

ဇွန် ၄ ရက်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် မှ RCSS/SSA အတွက် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး ထောက်ပံ့ရေး ပစ္စည်းများ ပေး အပ်ခဲ့ ပြီး၊ ကိုဗစ်ကာလ အတွင်း ပစ်ခတ်မှု မဖြစ်ပွားအောင်ထိန်းချုပ်ရန် လည်း ညှိနှိုင်းခဲ့သေးသည်ဟုသိရသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်ကလည်း သျှမ်းပြည် အရှေ့ပိုင်း ပုံပါကျင်မြို့နယ်တွင် အစိုးရ တပ်မတော် နှင့် RCSS/SSAတို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

“ အခုဖြစ်တဲ့ တိုက်ပွဲ တွေက အထက်က စီမံချက် ရှိရှိနဲ့ ထိုးစစ်ဆင်တာ မဟုတ်လောက်ဘူး။ အောက်ခြေက အပေါ်ရဲ့ စည်းကမ်းချက်ကို လိုက်နာမှု မရှိတာလားပေါ့။ အထက်ကတောင် သိချင်မှ သိမယ်” ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြောသည်။

ယခုရက်ပိုင်း ဖြစ်ပွားသည့် တိုက်ပွဲ နှင့် ပတ်သက်ပြီး RCSS/SSA ဆက်ဆံရေး ရုံးမှ တဆင့် တိုင်းမှူး၊ ဗျူဟာမှူးများနှင့် ဆက်သွယ်ပြီး ညှိနှုှိင်းသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး စောင့်ကြည့်မှု ကော်တီနှင့်လည်း တွေ့ဆုံသည့်အခါ ဆွေးနွေးသွားရန် ရှိကြောင်းလည်း သိရသည်။

“ ကျနော်တို့ အောက်ခြေမှာဖြစ်နေတဲ့ ပြဿနာတွေ မဖြေရှင်းရင်တော့ ပြဿနာ ကြီးလာနိုင်ပါတယ်။ ပြဿနာ မကြီးအောင်တော့ ကျနော်တို့ အဖက်ဖက် ညှိနှိုင်းဖို့ပဲရှိပါတယ်” ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြောဆိုလိုက်သည်။

Nang Seng Nom - သျှမ်းသံတော်ဆင့်
------------------------------------------
(Zawgyi)⤵⤵⤵
သီေပါၿမိဳ႕နယ္ အတြင္း အစိုးရတပ္ႏွင့္ RCSS/SSA တိုက္ပြဲျဖစ္

သွ်မ္းျပည္ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္ အတြင္း အစိုးရတပ္မေတာ္ ႏွင့္ သွ်မ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ ( RCSS/SSA)တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း စုံစမ္းသိရသည္။

ယမန္ေန႔ ဇြန္လ ၁၀ ရက္ ညေန ၅ နာရီ ဝန္းက်င္က သီေပါအေျခစိုက္ ေျချမန္တပ္ရင္း ခမရ ၃၂၆ ႏွင့္ တိုက္ပြဲ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အဆိုပါတိုက္ပြဲမွ အစိုးရတပ္မေတာ္အရာရွိ ၂ ဦး က်ဆုံးကာ၊ ၂ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း စစ္ေျမျပင္ သတင္းအရ သိရသည္။

“ အစိုးရ တပ္ဘက္ကေတာ့ အရာရွိ ဗိုလ္ ၂ဦး၊ ၂ပြင့္နဲ႔ က ေသဆုံးတယ္။ ၂ဦးကေတာ့ ဒဏ္ရာရတယ္” ဟု ေဒသတြင္း အမည္မေဖာ္လိုသည့္ အရာရွိတဦးက ေျပာျပသည္။

သို႔သာ္ ၎ႏွင့္ပတ္သက္ၿပီး အေသးစိတ္ကိုမသိရွိရေသးေၾကာင္း ဒုဗိုလ္မႉးႀကီး စဝ္အုမ္ေခး က ေျပာသကဲ့သို႔ RCSS/SSA ၏ သတင္း ဝက္ပ္ဆိုဒ္ ျဖစ္သည့္ Tai Freedom တြင္လည္း ေဖာ္ျပထားျခင္းမရွိခဲ့ေပ။

အစိုးရ တပ္မေတာ္က သီေပါၿမိဳ႕နယ္ ပန္ခုတ္ ပန္ခမ္း႐ြာဘက္သြားမည္ဟု အေၾကာင္းၾကားသည့္အေပၚ RCSS/SSA က ကားလမ္းအတိုင္းသာ သြားရန္၊ ေတာလမ္းဘက္မသြားရန္ အေၾကာင္းျပန္ခဲ့ေၾကာင္း RCSS/SSA ေျပာေရးဆိုခြင့္ရွိသူ ဒုတိယ ဗိုလ္မႉးႀကီး စဝ္အုမ္ေခး က သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။

“ ေတာထဲမွာ က်ေနာ္တို႔စစ္ေၾကာင္းရွိမွာမို႔ ထိေတြ႕မႈျဖစ္ႏိုင္တယ္။ အဲတာကို သူတို႔က လမ္းအတိုင္းမသြားဘဲ ေတာထဲကိုသြားတယ္။ အဲ့ဒါေၾကာင့္ က်ေနာ္တို႔ တပ္သားေတြနဲ႔ ထိေတြ႕မႈ ျဖစ္ခဲ့ၾကတာပါ” ဟု ဒုဗိုလ္မႉးႀကီး စဝ္အုမ္ေခး က ဆိုသည္။

တိုက္ပြဲသည္ ညေန ၅ နာရီ မွ ညေန ၆ နာရီထိ ၾကာခဲ့သည္ဟုဆိုပါသည္။

ဇြန္ ၄ ရက္က အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ မွ RCSS/SSA အတြက္ ကိုဗစ္-၁၉ ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး ေထာက္ပံ့ေရး ပစၥည္းမ်ား ေပး အပ္ခဲ့ ၿပီး၊ ကိုဗစ္ကာလ အတြင္း ပစ္ခတ္မႈ မျဖစ္ပြားေအာင္ထိန္းခ်ဳပ္ရန္ လည္း ညႇိႏႈိင္းခဲ့ေသးသည္ဟုသိရသည္။

လြန္ခဲ့သည့္ ရက္သတၱပတ္ကလည္း သွ်မ္းျပည္ အေရွ႕ပိုင္း ပုံပါက်င္ၿမိဳ႕နယ္တြင္ အစိုးရ တပ္မေတာ္ ႏွင့္ RCSS/SSAတို႔ တိုက္ပြဲျဖစ္ပြားခဲ့ေသးသည္။

“ အခုျဖစ္တဲ့ တိုက္ပြဲ ေတြက အထက္က စီမံခ်က္ ရွိရွိနဲ႔ ထိုးစစ္ဆင္တာ မဟုတ္ေလာက္ဘူး။ ေအာက္ေျခက အေပၚရဲ႕ စည္းကမ္းခ်က္ကို လိုက္နာမႈ မရွိတာလားေပါ့။ အထက္ကေတာင္ သိခ်င္မွ သိမယ္” ဟု ဒုဗိုလ္မႉးႀကီး စဝ္အုမ္ေခး က ေျပာသည္။

ယခုရက္ပိုင္း ျဖစ္ပြားသည့္ တိုက္ပြဲ ႏွင့္ ပတ္သက္ၿပီး RCSS/SSA ဆက္ဆံေရး ႐ုံးမွ တဆင့္ တိုင္းမႉး၊ ဗ်ဴဟာမႉးမ်ားႏွင့္ ဆက္သြယ္ၿပီး ညႇိႏႈွိင္းသြားမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ေရး ေစာင့္ၾကည့္မႈ ေကာ္တီႏွင့္လည္း ေတြ႕ဆုံသည့္အခါ ေဆြးေႏြးသြားရန္ ရွိေၾကာင္းလည္း သိရသည္။

“ က်ေနာ္တို႔ ေအာက္ေျခမွာျဖစ္ေနတဲ့ ျပႆနာေတြ မေျဖရွင္းရင္ေတာ့ ျပႆနာ ႀကီးလာႏိုင္ပါတယ္။ ျပႆနာ မႀကီးေအာင္ေတာ့ က်ေနာ္တို႔ အဖက္ဖက္ ညႇိႏႈိင္းဖို႔ပဲရွိပါတယ္” ဟု ဒုဗိုလ္မႉးႀကီး စဝ္အုမ္ေခး က ေျပာဆိုလိုက္သည္။

Nang Seng Nom - သွ်မ္းသံေတာ္ဆင့္
https://burmese.shannews.org/archives/17055
သီပေါမြို့နယ် အတွင်း အစိုးရတပ်နှင့် RCSS/SSA တိုက်ပွဲဖြစ် သီပေါမြို့နယ် အတွင်း အစိုးရတပ်နှင့် RCSS/SSA တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.