တန့်ယန်းမြို့နယ် အတွင်း အဆိပ်ရှိမှှိုစားမိ လင်မယား ၂ဦးသေ

တန့်ယန်းမြို့နယ် နမ့်လပ်ကျေးရွာအုပ်စု၊ နမ့်ပတ်ကျေးရွာဒေသခံ လင်မယား ၂ဦးစားမိသည့် အဆိပ်မှိုပုံ
(Unicode)⤵⤵⤵

သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ် နမ့်လပ် ကျေးရွာ အုပ်စု နမ့်ပတ်ကျေးရွာ ဒေသခံ လင်မယား ၂ ဦး အဆိပ်သင့်မှို စားသုံးကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

အဆိုပါ သေဆုံးသွားသည့် လင်မယား ၂ ဦးသည် ဇွန် ၆ ရက် တွင်တောင်ယာသို့သွားအလုပ်လုပ်ရင်း မှိုများရလာခဲ့ရာ အဆိုပါမှိုများကိုစားသုံံးကြပြီးနောက် သေဆုံးသွားကြကြောင်း နမ့်ပတ်ကျေးရွာ ဒေသခံ စိုင်းစွမ် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထို အဆိပ်ရှိသည့် မှိုကို စားသုံးပြီးနောက် လင်ယောက်ကျားဖြစ်သူသည် ဇွန် ၈ရက် မနက်ပိုင်းတွင် သေဆုံးခဲ့ပြီး၊ ဇနီးဖြစ်သူသည် ဇွန်၉ ရက် ည ၈ နာရီဝန်းကျင်တွင် သေဆုံးခဲ့ကြောင်း စိုင်းစွမ် က ပြောသည်။

“ အဆိပ်ရှိတဲ့မှိုစားပြီးသေတယ်လို့ ပြောလို့ရပါတယ်။ လင်မယား၂ယောက်လုံးက ရှေ့ဆင့်နောက်ဆင့်ပဲ။ ဒီကသူတွေက မှိုဆိုတာ အဆိပ်ရှိမရှိ မသိဘူး။ စားကြတာပဲ” ဟု စိုင်းစွမ် က ဆိုသည်။

တန့်ယန်းမြို့နယ် အတွင်း နေထိုင်သူများစုသည် တောင်ယာသွားကာ တောထဲတွင် ဟင်းရွက်များ ရှာဖွေပြီးစားသုံးလေ့ရှိကြကြောင်း၊ ယခု ရာသီတွင် မှိုများစွာ ပေါက်သဖြင့် မှိုများတွင် အဆိပ်ရှိသည်မှို၊ အဆိပ်မရှိသည့် မှိုကို မသိရှိဘဲ ခူးလာကာ ချက်စားကြလေ့ရှိသည် ဟု စိုင်းစွမ် က ပြောပြသည်။

“ သေဆုံးသူ တွေမှာ တော့ကလေးကျန်ခဲ့တယ်။ ကလေးကတော့ ဘာမှ မဖြစ်ဘူး” ဟုလည်း စိုင်းစွမ် က ထပ်လောင်းပြောသည်။

ထို့ကြောင့် ယခုရာသီတွင် ဒေသခံ တောင်သူများကို တောထဲတွင် တွေ့သမျှမှိုများ မခူးစားရန် ပညာပေးသင့်ကြောင်း၊ မှိုစားသုံးပါက အဆိပ်ရှိ၊ မရှိ သိရှိရန် လိုအပ်ကြောင်းလည်း တန့်ယန်း ဒေသခံများက ပြောသည်။

“ ကျေးရွာမှာနေထိုင်တဲ့သူအများစုက အခြေခံ လူတန်းစားတွေများတယ်။ သူတို့တွေက မှိုမြင်တာနဲ့ စားလို့ရတဲ့မှိုပဲထင်ကြတယ်။ မစားခင်မှာ မှိုဆိပ်ရှိ၊မရှိ သိအောင်လုပ်သင့်တယ်” ဟု တန့်ယန်းဒေသခံ တဦးဖြစ်သည့် စိုင်းယီ က ပြောသည်။

အဆိပ်ရှိသည့် ဟု ယူဆရသည့် မှိုများမှာ- ဆွတ်ဆွတ်ဖြူသည့်မှိုများ၊ အညိုရောင်မှိုသေးသေးမွှားမွှားများ၊ အညိုရောင် မှိုပွင့်ကြီးများ၊ အနီရောင်၊ ပန်းရောင် အဆင်းရှိသည့် မှိုများ၊ မှိုပွင့်ကို လက်နှင့် ခြွေပတ်သည့် အခါ အနီရောင် အရည်ထွက်ခြင်းတို့ဖြစ်သည်။

ထို့ပြင် မှိုရိုးတံကို ဓားနှင့်ဖြတ်ပါက ဖြတ်နေစဉ် ညိုပြာသွားခြင်း၊ မှိုပေါ် ဆားရည် နှင့် စိမ်ကြည့်ပါက အရောင်ညို၊ ပြာနက်လာခြင်း၊ မှိုရိုးတံ ကို လက်နှင့် ခြေသည့်အခါ ကြေမွသွားခြင်း၊ မှိုပွင့်ထိပ်တွင်အကြေးခွံကဲ့သို့ အဖတ်များရှိနေခြင်း၊ မှိုရိုးတံ အထက်ပိုင်းတွင် အရစ်ပါရှိခြင်း၊ မှိုရိုးတံ ၏ အောက်ပိုင်း၌ ခြေကျင်းဝတ်ကဲ့သို့ အရစ်ပါရှိခြင်း တို့ဖြစ်ကြောင်း သိရသည်။

အဆိပ်ရှိသည့် မှိုများကို စားသုံးမိပါက ခံစားရသည့် ရောဂါလက္ခဏာများမှာ မူးဝေခြင်း၊ အော့အန်ခြင်း၊ သွေးပေါင်ချိန် ကျခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ သတိလစ်မေ့မျောခြင်း နှင့် တက်ခြင်း များဖြစ်ပွားနိုင်သည်။

မှိုဆိပ်သင့်ခြင်းကြောင်း သာမာန်ရောဂါ လက္ခဏာများမှ အသက်သေဆုံးသည့် အထိဖြစ်ပွားနိုင်ကြောင်း သိရသည်။

Nang Seng Nom - သျှမ်းသံတော်ဆင့်
----------------------------------------------
(Zawgyi)⤵⤵⤵
တန႔္ယန္းၿမိဳ႕နယ္ အတြင္း အဆိပ္ရွိမွႈိစားမိ လင္မယား ၂ဦးေသ

သွ်မ္းျပည္ ေျမာက္ပိုင္း တန႔္ယန္းၿမိဳ႕နယ္ နမ့္လပ္ ေက်း႐ြာ အုပ္စု နမ့္ပတ္ေက်း႐ြာ ေဒသခံ လင္မယား ၂ ဦး အဆိပ္သင့္မႈိ စားသုံးကာ ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း စုံစမ္းသိရသည္။

အဆိုပါ ေသဆုံးသြားသည့္ လင္မယား ၂ ဦးသည္ ဇြန္ ၆ ရက္ တြင္ေတာင္ယာသို႔သြားအလုပ္လုပ္ရင္း မႈိမ်ားရလာခဲ့ရာ အဆိုပါမႈိမ်ားကိုစားသုံံးၾကၿပီးေနာက္ ေသဆုံးသြားၾကေၾကာင္း နမ့္ပတ္ေက်း႐ြာ ေဒသခံ စိုင္းစြမ္ က သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။

ထို အဆိပ္ရွိသည့္ မႈိကို စားသုံးၿပီးေနာက္ လင္ေယာက္က်ားျဖစ္သူသည္ ဇြန္ ၈ရက္ မနက္ပိုင္းတြင္ ေသဆုံးခဲ့ၿပီး၊ ဇနီးျဖစ္သူသည္ ဇြန္၉ ရက္ ည ၈ နာရီဝန္းက်င္တြင္ ေသဆုံးခဲ့ေၾကာင္း စိုင္းစြမ္ က ေျပာသည္။

“ အဆိပ္ရွိတဲ့မႈိစားၿပီးေသတယ္လို႔ ေျပာလို႔ရပါတယ္။ လင္မယား၂ေယာက္လုံးက ေရွ႕ဆင့္ေနာက္ဆင့္ပဲ။ ဒီကသူေတြက မႈိဆိုတာ အဆိပ္ရွိမရွိ မသိဘူး။ စားၾကတာပဲ” ဟု စိုင္းစြမ္ က ဆိုသည္။

တန႔္ယန္းၿမိဳ႕နယ္ အတြင္း ေနထိုင္သူမ်ားစုသည္ ေတာင္ယာသြားကာ ေတာထဲတြင္ ဟင္း႐ြက္မ်ား ရွာေဖြၿပီးစားသုံးေလ့ရွိၾကေၾကာင္း၊ ယခု ရာသီတြင္ မႈိမ်ားစြာ ေပါက္သျဖင့္ မႈိမ်ားတြင္ အဆိပ္ရွိသည္မႈိ၊ အဆိပ္မရွိသည့္ မႈိကို မသိရွိဘဲ ခူးလာကာ ခ်က္စားၾကေလ့ရွိသည္ ဟု စိုင္းစြမ္ က ေျပာျပသည္။

“ ေသဆုံးသူ ေတြမွာ ေတာ့ကေလးက်န္ခဲ့တယ္။ ကေလးကေတာ့ ဘာမွ မျဖစ္ဘူး” ဟုလည္း စိုင္းစြမ္ က ထပ္ေလာင္းေျပာသည္။

ထို႔ေၾကာင့္ ယခုရာသီတြင္ ေဒသခံ ေတာင္သူမ်ားကို ေတာထဲတြင္ ေတြ႕သမွ်မႈိမ်ား မခူးစားရန္ ပညာေပးသင့္ေၾကာင္း၊ မႈိစားသုံးပါက အဆိပ္ရွိ၊ မရွိ သိရွိရန္ လိုအပ္ေၾကာင္းလည္း တန႔္ယန္း ေဒသခံမ်ားက ေျပာသည္။

“ ေက်း႐ြာမွာေနထိုင္တဲ့သူအမ်ားစုက အေျခခံ လူတန္းစားေတြမ်ားတယ္။ သူတို႔ေတြက မႈိျမင္တာနဲ႔ စားလို႔ရတဲ့မႈိပဲထင္ၾကတယ္။ မစားခင္မွာ မႈိဆိပ္ရွိ၊မရွိ သိေအာင္လုပ္သင့္တယ္” ဟု တန႔္ယန္းေဒသခံ တဦးျဖစ္သည့္ စိုင္းယီ က ေျပာသည္။

အဆိပ္ရွိသည့္ ဟု ယူဆရသည့္ မႈိမ်ားမွာ- ဆြတ္ဆြတ္ျဖဴသည့္မႈိမ်ား၊ အညိဳေရာင္မႈိေသးေသးမႊားမႊားမ်ား၊ အညိဳေရာင္ မႈိပြင့္ႀကီးမ်ား၊ အနီေရာင္၊ ပန္းေရာင္ အဆင္းရွိသည့္ မႈိမ်ား၊ မႈိပြင့္ကို လက္ႏွင့္ ေႁခြပတ္သည့္ အခါ အနီေရာင္ အရည္ထြက္ျခင္းတို႔ျဖစ္သည္။

ထို႔ျပင္ မႈိ႐ိုးတံကို ဓားႏွင့္ျဖတ္ပါက ျဖတ္ေနစဥ္ ညိဳျပာသြားျခင္း၊ မႈိေပၚ ဆားရည္ ႏွင့္ စိမ္ၾကည့္ပါက အေရာင္ညိဳ၊ ျပာနက္လာျခင္း၊ မႈိ႐ိုးတံ ကို လက္ႏွင့္ ေျခသည့္အခါ ေၾကမြသြားျခင္း၊ မႈိပြင့္ထိပ္တြင္အေၾကးခြံကဲ့သို႔ အဖတ္မ်ားရွိေနျခင္း၊ မႈိ႐ိုးတံ အထက္ပိုင္းတြင္ အရစ္ပါရွိျခင္း၊ မႈိ႐ိုးတံ ၏ ေအာက္ပိုင္း၌ ေျခက်င္းဝတ္ကဲ့သို႔ အရစ္ပါရွိျခင္း တို႔ျဖစ္ေၾကာင္း သိရသည္။

အဆိပ္ရွိသည့္ မႈိမ်ားကို စားသုံးမိပါက ခံစားရသည့္ ေရာဂါလကၡဏာမ်ားမွာ မူးေဝျခင္း၊ ေအာ့အန္ျခင္း၊ ေသြးေပါင္ခ်ိန္ က်ျခင္း၊ ဗိုက္ေအာင့္ျခင္း၊ ဝမ္းေလွ်ာျခင္း၊ အသက္ရႉရခက္ခဲျခင္း၊ သတိလစ္ေမ့ေမ်ာျခင္း ႏွင့္ တက္ျခင္း မ်ားျဖစ္ပြားႏိုင္သည္။

မႈိဆိပ္သင့္ျခင္းေၾကာင္း သာမာန္ေရာဂါ လကၡဏာမ်ားမွ အသက္ေသဆုံးသည့္ အထိျဖစ္ပြားႏိုင္ေၾကာင္း သိရသည္။

Nang Seng Nom - သွ်မ္းသံေတာ္ဆင့္
https://burmese.shannews.org/archives/17062
တန့်ယန်းမြို့နယ် အတွင်း အဆိပ်ရှိမှှိုစားမိ လင်မယား ၂ဦးသေ တန့်ယန်းမြို့နယ် အတွင်း အဆိပ်ရှိမှှိုစားမိ လင်မယား ၂ဦးသေ Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.