နိုင်ဂျီးရီးယားမှာ မုဒိမ်းမှု ၄၀ ကျော်ကျူးလွန်သူကို လူထုက ဝိုင်းဖမ်း

မုဒိမ်းသမားကို ဖမ်းမိသွားလို့ အိပ်ရေး၀၀ စိတ်ချလက်ချအိပ်နိုင်ပြီလို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
(Unicode)⤵⤵⤵နိုင်ဂျီးရီးယားနိုင်ငံက မြို့တစ်မြို့မှာ တစ်နှစ်အတွင်း လူအယောက် ၄၀ ကို မုဒိမ်းမှုကျူးလွန်ခဲ့သူကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ နိုင်ဂျီးရီးယားရဲတွေကပြောပါတယ်။

နိုင်ဂျီးရီးယားမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အမျိုးသမီးတွေ အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုတွေကြောင့် နိုင်ငံတစ်ဝန်း လူထုအုံကြွမှုကြီး ဖြစ်လာသလို လူမှုကွန်ရက်မှာ နိုင်ဂျီးရီးယားအမျိုးသမီးထောင်ပေါင်းများစွာက #WeAreTired ဆိုတဲ့ ဟက်တပ်ချ်နဲ့ အသနားခံစာလက်မှတ်တွေထိုးပြီး တောင်းဆိုမှုတွေ ရှိနေတာပါ။ အဲဒီလိုအချိန်မှာ မုဒိမ်းမှုတွေ ဆက်တိုက်ကျူးလွန်ထားသူတစ်ဦးကို လူထုက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့(ဇွန် ၉ ရက်) က နိုင်ငံမြောက်ပိုင်း၊ ဒန်ဂိုရာမြို့မှာ ကလေးငယ်တစ်ဦးရဲ့အိပ်ခန်းအတွင်း ဒီမုဒိမ်းသမားကို ကလေးမိခင်က တွေ့ရှိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ပြောခွင့်ရသူကပြောပါတယ်။ မုဒိမ်းသမားဟာ ထွက်ပြေးခဲ့ပေမယ့် အိမ်နီးချင်းတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တာလို့ သူက ဆက်ပြောပါတယ်။

ရဲတပ်ဖွဲ့ပြောကြားချက်အရ မုဒိမ်းမှုကျူးလွန်ခံရတဲ့အထဲ အသက် ရှစ်ဆယ်အရွယ်တစ်ဦးနဲ့ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

ဒန်ဂိုရာမြို့ဟာ ကာနိုမြို့တော်ရဲ့ အနောက်တော်ငဘက် ၅၅ မိုင်အကွာမှာရှိပြီး ရဲတပ်ဖွဲ့လက်လှမ်းမီလာရောက်ဖို့ ခဲယဉ်းတယ်လို့ ဆိုပါတယ်။

ဒန်ဂိုရာမြို့တော်ဝန်က ဒီဖမ်းဆီးမှုကို ကြိုဆိုတယ်လို့ပြောကြားခဲ့ပါတယ်။

ဒန်ဂိုရာမြို့က လူတွေဟာ အလွန်ပျော်ရွှင်နေကြသလို တရားမျှတမှုရှိရှိစီရင်နိုင်ဖို့လည်း မျှော်လင့်တယ်လို့ သူကဆိုပါတယ်။

ဒေသခံတွေကတော့ ပြီးခဲ့တဲ့နှစ်အတွင်း သူတို့အိမ်တွေမှာ ကြောက်ကြောက်လန့်လန့်နဲ့နေခဲ့ရတယ်လို့ဘီဘီစီကိုပြောပါတယ်။ ဘာကြောင့်လဲဆိုရင် မုဒိမ်းသမားဟာ ခြံစည်းရိုးတွေကို ကျော်ခွပြီး အမျိုးသမီးတွေကို အိမ်ထဲထိဝင်ရောက်မုဒိမ်းကျင့်တာကြောင့်လိ့ု ဆိုပါတယ်။

ခုတော့ ငါတို့ မျက်လုံးတွေကို စိတ်ချလက်လက်ပိတ်ပြီး အိပ်နိုင်ပြီလို့ ဒေသခံအမျိုးသမီးတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ဇူလိုင်လက ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ နိုင်ဂျီးရီးယားမိန်းကလေး သုံးဦးမှာ အနည်းဆုံးတစ်ဦးဟာ လိင်ပိုင်းဆိုင်ရာစော်ကာခံရမှုကြုံတွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။

အဓမ္မပြုကျင့်မှုတွေကို ရဲမတိုင်တာလည်းအဆန်းတော့မဟုတ်ဘူးလို့ အဲဒီစစ်တမ်းက ဆိုပါတယ်။ ပြုကျင့်ခံရတဲ့သူတွေနဲ့ သူတို့ရဲ့မိသားစုတွေဟာ အရှက်တကွဲအကျိုးနည်းဖြစ်ရခြင်း၊ ရဲတွေရဲ့ ငွေညှစ်ခြင်း၊ တရားစီရင်ရေးအပေါ် ယုံကြည်မှုကင်းမဲ့ခြင်းနဲ့ အာဏာပိုင်တွေထံ သတင်းပေးတိုင်ကြားဖို့ မရွေးချယ်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

BBC Burmese
---------------------------------------------
(Zawgyi)⤵⤵⤵
ႏိုင္ဂ်ီးရီးယားမွာ မုဒိမ္းမႈ ၄၀ ေက်ာ္က်ဴးလြန္သူကို လူထုက ဝိုင္းဖမ္း

ႏိုင္ဂ်ီးရီးယားႏိုင္ငံက ၿမိဳ႕တစ္ၿမိဳ႕မွာ တစ္ႏွစ္အတြင္း လူအေယာက္ ၄၀ ကို မုဒိမ္းမႈက်ဴးလြန္ခဲ့သူကို ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ ႏိုင္ဂ်ီးရီးယားရဲေတြကေျပာပါတယ္။

ႏိုင္ဂ်ီးရီးယားမွာ လတ္တေလာ ျဖစ္ေပၚေနတဲ့ အမ်ိဳးသမီးေတြ အဓမၼျပဳက်င့္သတ္ျဖတ္ခံရမႈေတြေၾကာင့္ ႏိုင္ငံတစ္ဝန္း လူထုအုံႂကြမႈႀကီး ျဖစ္လာသလို လူမႈကြန္ရက္မွာ ႏိုင္ဂ်ီးရီးယားအမ်ိဳးသမီးေထာင္ေပါင္းမ်ားစြာက #WeAreTired ဆိုတဲ့ ဟက္တပ္ခ်္နဲ႔ အသနားခံစာလက္မွတ္ေတြထိုးၿပီး ေတာင္းဆိုမႈေတြ ရွိေနတာပါ။ အဲဒီလိုအခ်ိန္မွာ မုဒိမ္းမႈေတြ ဆက္တိုက္က်ဴးလြန္ထားသူတစ္ဦးကို လူထုက ဝိုင္းဝန္းဖမ္းဆီးႏိုင္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ အဂၤါေန႔(ဇြန္ ၉ ရက္) က ႏိုင္ငံေျမာက္ပိုင္း၊ ဒန္ဂိုရာၿမိဳ႕မွာ ကေလးငယ္တစ္ဦးရဲ႕အိပ္ခန္းအတြင္း ဒီမုဒိမ္းသမားကို ကေလးမိခင္က ေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕ေျပာခြင့္ရသူကေျပာပါတယ္။ မုဒိမ္းသမားဟာ ထြက္ေျပးခဲ့ေပမယ့္ အိမ္နီးခ်င္းေတြက ဝိုင္းဝန္းဖမ္းဆီးခဲ့တာလို႔ သူက ဆက္ေျပာပါတယ္။

ရဲတပ္ဖြဲ႕ေျပာၾကားခ်က္အရ မုဒိမ္းမႈက်ဴးလြန္ခံရတဲ့အထဲ အသက္ ရွစ္ဆယ္အ႐ြယ္တစ္ဦးနဲ႔ အသက္ ၁၀ ႏွစ္အ႐ြယ္ ကေလးငယ္ေတြ ပါဝင္တယ္လို႔ သိရပါတယ္။

ဒန္ဂိုရာၿမိဳ႕ဟာ ကာႏိုၿမိဳ႕ေတာ္ရဲ႕ အေနာက္ေတာ္ငဘက္ ၅၅ မိုင္အကြာမွာရွိၿပီး ရဲတပ္ဖြဲ႕လက္လွမ္းမီလာေရာက္ဖို႔ ခဲယဥ္းတယ္လို႔ ဆိုပါတယ္။

ဒန္ဂိုရာၿမိဳ႕ေတာ္ဝန္က ဒီဖမ္းဆီးမႈကို ႀကိဳဆိုတယ္လို႔ေျပာၾကားခဲ့ပါတယ္။

ဒန္ဂိုရာၿမိဳ႕က လူေတြဟာ အလြန္ေပ်ာ္႐ႊင္ေနၾကသလို တရားမွ်တမႈရွိရွိစီရင္ႏိုင္ဖို႔လည္း ေမွ်ာ္လင့္တယ္လို႔ သူကဆိုပါတယ္။

ေဒသခံေတြကေတာ့ ၿပီးခဲ့တဲ့ႏွစ္အတြင္း သူတို႔အိမ္ေတြမွာ ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ေနခဲ့ရတယ္လို႔ဘီဘီစီကိုေျပာပါတယ္။ ဘာေၾကာင့္လဲဆိုရင္ မုဒိမ္းသမားဟာ ၿခံစည္း႐ိုးေတြကို ေက်ာ္ခြၿပီး အမ်ိဳးသမီးေတြကို အိမ္ထဲထိဝင္ေရာက္မုဒိမ္းက်င့္တာေၾကာင့္လိ့ု ဆိုပါတယ္။

ခုေတာ့ ငါတို႔ မ်က္လုံးေတြကို စိတ္ခ်လက္လက္ပိတ္ၿပီး အိပ္ႏိုင္ၿပီလို႔ ေဒသခံအမ်ိဳးသမီးတစ္ဦးက ဘီဘီစီကိုေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ဇူလိုင္လက ထုတ္ျပန္ခဲ့တဲ့ စစ္တမ္းတစ္ခုအရ ႏိုင္ဂ်ီးရီးယားမိန္းကေလး သုံးဦးမွာ အနည္းဆုံးတစ္ဦးဟာ လိင္ပိုင္းဆိုင္ရာေစာ္ကာခံရမႈႀကဳံေတြ႕ေနရတယ္လို႔ ေဖာ္ျပထားပါတယ္။

အဓမၼျပဳက်င့္မႈေတြကို ရဲမတိုင္တာလည္းအဆန္းေတာ့မဟုတ္ဘူးလို႔ အဲဒီစစ္တမ္းက ဆိုပါတယ္။ ျပဳက်င့္ခံရတဲ့သူေတြနဲ႔ သူတို႔ရဲ႕မိသားစုေတြဟာ အရွက္တကြဲအက်ိဳးနည္းျဖစ္ရျခင္း၊ ရဲေတြရဲ႕ ေငြညႇစ္ျခင္း၊ တရားစီရင္ေရးအေပၚ ယုံၾကည္မႈကင္းမဲ့ျခင္းနဲ႔ အာဏာပိုင္ေတြထံ သတင္းေပးတိုင္ၾကားဖို႔ မေ႐ြးခ်ယ္တာေၾကာင့္ ျဖစ္တယ္လို႔ ဆိုပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53003526
နိုင်ဂျီးရီးယားမှာ မုဒိမ်းမှု ၄၀ ကျော်ကျူးလွန်သူကို လူထုက ဝိုင်းဖမ်း နိုင်ဂျီးရီးယားမှာ မုဒိမ်းမှု ၄၀ ကျော်ကျူးလွန်သူကို လူထုက ဝိုင်းဖမ်း Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.