ရန်ကုန်တိုင်းက NLD အမတ်တချို့ ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်

လက်ရှိ တိုင်းနဲ့ပြည်နယ်၊ ပြည်ထောင်စုအဆင့် လွှတ်တော်အသီးသီးမှာ NLD အမတ်တွေက နေရာအများစုရရှိထားပါတယ်။
(Unicode)⤵⤵⤵
ရန်ကုန်တိုင်းလွှတ်တော်ထဲက NLD အမတ်တချို့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက်မယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီလိုဆုံးဖြတ်တဲ့အထဲ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ပြဆွေးနွေးလေ့ရှိတဲ့ ကျောက်တံတားမဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဒေါ်ကြည်ပြာပါဝင်သလို တိုင်းလွှတ်တော် ဝက်ဘ်ဆိုက်ဖြစ်ပေါ်လာဖို့ ကြိုးပမ်းခဲ့သူ၊ နည်းပညာကျွမ်းကျင်သူလည်းဖြစ်တဲ့ သင်္ဃန်းကျွန်မြို့နယ် တိုင်းဒေသကြီးအမတ် ကိုနေဘုန်းလတ်လည်း ပါဝင်ပါတယ်။

ဒေါ်ကြည်ပြာကတော့ ခင်ပွန်းဖြစ်သူရွေးကောက်ပွဲဝင်မှာကြောင့် နောက်တန်းကနေ အကူအညီပေးဖို့ ဆုံးဖြတ်ထားတယ်လို့ သူ့ရဲ့ဖေ့စ်ဘွတ်မှာရေးသားထားပါတယ်။

ဦးနေဘုန်းလတ်ကလည်း မိသားစုအရေးကိစ္စကြောင့် မပြိုင်ဖို့ ဆုံးဖြတ်တာဖြစ်ပြီး ပါတီမှာ ဆက်ရှိနေမယ်လို့ ဘီဘီစီကိုပြောပါတယ်။

"ပါတီမှာတော့ဆက်ရှိမယ်။ သင်္ဃန်းကျွန်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့အဖြစ်လည်း ဆက်ရှိမေယ်။ ပါတီမှာလည်း ဗဟိုပြန်ကြားရေးကော်မတီအနေနဲ့ပါတော့ ပါတီ Position တွေကတော့ ဆက်ရှိနေမယ်။ ပါတီကိုပဲ နည်းနည်းပိုပြီးအာရုံစိုက်လုပ်မယ်"လို့ ကိုနေဘုန်းလတ်က ဘီဘီစီကိုပြောပါတယ်။

ရန်ကုန်တိုင်းထဲက လွှတ်တော်အမတ် အများစုကတော့ ရွေးကောက်ပွဲကို ပြန်ပြိုင်ဖို့ စာရင်းတင်ထားတာရှိတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါပေမဲ့ ဗဟိုက နောက်ဆုံးဆုံးဖြတ်ရွေးချယ်မှာဖြစ်လို့ ဘယ်နှယောက်ပြန်ပါမပါတော့ မပြောနိုင်ဘူးလို့ ဦးနေဘုန်းလတ်ကပြောပါတယ်။

NLD က ကိုယ်စားလှယ်လောင်းလျှောက်လွှာတွေကို ဒီဇွန်လကုန်အပြီးသတ်ရွေးချယ်ထုတ်ပြန်မှာဖြစ်ပြီး အရည်အချင်းချင်း တူနေရင် လူငယ်၊ အမျိုးသမီးနဲ့ တိုင်းရင်းသားကို ဦးစားပေးရွေးချယ်မယ်လို့ ပါတီမူဝါဒကို ထုတ်ပြန်ထားပါတယ်။

BBC Burmese
------------------------------
(Zawgyi)⤵⤵⤵
ရန္ကုန္တိုင္းက NLD အမတ္တခ်ိဳ႕ ေ႐ြးေကာက္ပြဲမဝင္ဖို႔ ဆုံးျဖတ္

ရန္ကုန္တိုင္းလႊတ္ေတာ္ထဲက NLD အမတ္တခ်ိဳ႕ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲကို ဝင္ေရာက္မယွဥ္ၿပိဳင္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

အဲဒီလိုဆုံးျဖတ္တဲ့အထဲ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီရဲ႕ ေဆာင္႐ြက္ခ်က္ေတြကို ေထာက္ျပေဆြးေႏြးေလ့ရွိတဲ့ ေက်ာက္တံတားမဲဆႏၵနယ္ တိုင္းေဒသႀကီးလႊတ္ေတာ္အမတ္ ေဒၚၾကည္ျပာပါဝင္သလို တိုင္းလႊတ္ေတာ္ ဝက္ဘ္ဆိုက္ျဖစ္ေပၚလာဖို႔ ႀကိဳးပမ္းခဲ့သူ၊ နည္းပညာကြၽမ္းက်င္သူလည္းျဖစ္တဲ့ သဃၤန္းကြၽန္ၿမိဳ႕နယ္ တိုင္းေဒသႀကီးအမတ္ ကိုေနဘုန္းလတ္လည္း ပါဝင္ပါတယ္။

ေဒၚၾကည္ျပာကေတာ့ ခင္ပြန္းျဖစ္သူေ႐ြးေကာက္ပြဲဝင္မွာေၾကာင့္ ေနာက္တန္းကေန အကူအညီေပးဖို႔ ဆုံးျဖတ္ထားတယ္လို႔ သူ႔ရဲ႕ေဖ့စ္ဘြတ္မွာေရးသားထားပါတယ္။

ဦးေနဘုန္းလတ္ကလည္း မိသားစုအေရးကိစၥေၾကာင့္ မၿပိဳင္ဖို႔ ဆုံးျဖတ္တာျဖစ္ၿပီး ပါတီမွာ ဆက္ရွိေနမယ္လို႔ ဘီဘီစီကိုေျပာပါတယ္။

"ပါတီမွာေတာ့ဆက္ရွိမယ္။ သဃၤန္းကြၽန္းၿမိဳ႕နယ္ အလုပ္အမႈေဆာင္အဖြဲ႕အျဖစ္လည္း ဆက္ရွိေမယ္။ ပါတီမွာလည္း ဗဟိုျပန္ၾကားေရးေကာ္မတီအေနနဲ႔ပါေတာ့ ပါတီ Position ေတြကေတာ့ ဆက္ရွိေနမယ္။ ပါတီကိုပဲ နည္းနည္းပိုၿပီးအာ႐ုံစိုက္လုပ္မယ္"လို႔ ကိုေနဘုန္းလတ္က ဘီဘီစီကိုေျပာပါတယ္။

ရန္ကုန္တိုင္းထဲက လႊတ္ေတာ္အမတ္ အမ်ားစုကေတာ့ ေ႐ြးေကာက္ပြဲကို ျပန္ၿပိဳင္ဖို႔ စာရင္းတင္ထားတာရွိတယ္လို႔ သူက ဆက္ေျပာပါတယ္။ ဒါေပမဲ့ ဗဟိုက ေနာက္ဆုံးဆုံးျဖတ္ေ႐ြးခ်ယ္မွာျဖစ္လို႔ ဘယ္ႏွေယာက္ျပန္ပါမပါေတာ့ မေျပာႏိုင္ဘူးလို႔ ဦးေနဘုန္းလတ္ကေျပာပါတယ္။

NLD က ကိုယ္စားလွယ္ေလာင္းေလွ်ာက္လႊာေတြကို ဒီဇြန္လကုန္အၿပီးသတ္ေ႐ြးခ်ယ္ထုတ္ျပန္မွာျဖစ္ၿပီး အရည္အခ်င္းခ်င္း တူေနရင္ လူငယ္၊ အမ်ိဳးသမီးနဲ႔ တိုင္းရင္းသားကို ဦးစားေပးေ႐ြးခ်ယ္မယ္လို႔ ပါတီမူဝါဒကို ထုတ္ျပန္ထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53074650
ရန်ကုန်တိုင်းက NLD အမတ်တချို့ ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ် ရန်ကုန်တိုင်းက NLD အမတ်တချို့ ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ် Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.