အတည်ပြုလူနာများလာတဲ့ မောင်တောမှာ အသွားအလာကန့်သတ်ဦးမည်မဟုတ်

(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ ခြောက်ဦးရှိပြီဖြစ်တဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ လောလောဆယ် lockdown လို့ခေါ်တဲ့ သွားလာမှု ကန့်သတ်တာတွေလုပ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနက မနေ့က စစ်တွေမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

ဘူသီးတောင်နဲ့ မောင်တောမြို့နယ်ကနေ အခြားမြို့နယ်တွေကို သွားလာတဲ့သူတွေကိုလည်း သီးခြားခွဲထား စောင့်ကြည့်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ပြောပါတယ်။

“အခု မောင်တောမှာတွေ့တဲ့ ပိုးတွေ့လူနာ လေးယောက်နဲ့ ဘူးသီးတောင်မှာတွေတဲ့ နှစ်ယောက်ဟာ ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာတဲ့သူတွေဖြစ်တယ်။ ပြန်လာတဲ့သူတွေဖြစ်တဲ့အတွက် လူထုနဲ့ ထိတွေ့ဆက်ဆံမှု မရှိတဲ့အတွက် အဲဒီမြို့နယ်ကလာတဲ့ သူတွေကို ကွာရန်တင်းထားဖို့ အစီအစဉ်မရှိသေးဘူး”

သွားလာမှုကန့်သတ်တဲ့ Lockdown ရဲ့နောက်မှာ ပြည်သူလူထုတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတွေ အားလုံး ပါဝင်တာကြောင့် Lockdown တစ်ခုကို လွယ်လွယ်နဲ့လုပ်ဖို့ မစဉ်းစားသေးဘူးလို့ဆိုပါတယ်။

ဒါပေမဲ့ တစ်ချိန်ချိန် လိုအပ်လာတဲ့အခါ Lockdown လုပ်သွားမှာဖြစ်ပြီး လောလောဆယ်မှာတော့ ရောဂါ စောင့်ကြည့်ရေးလုပ်ငန်းကိုပဲ ဆောင်ရွက် နေကြောင်းကို ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ မနေ့ကဇွန်လ ၁၆ ရက်နေ့အထိ တို့ဖတ်နမူနာပေါင်း ၁၀၀၀ ကျော်ကို ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ ရောဂါပိုးရှိသူ ရှစ်ဦးကို တွေ့ရှိခဲ့တာလို့ ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ဒေါက်တာ အေးကျော့တင်က ပြောပါတယ်။

“ဇွန်လ ၁၆ ရက်အထိဆိုလို့ရှိရင်တော့ နမူနာပို့တာ ၁၀၈၃ ယောက်ရှိတယ်ပေါ့နော်။ အဲဒီအထဲမှာ ပိုးတွေ့ လူနာကတော့ ရှစ်ဦးပေါ့။ သူတို့ရဲ့ ဆက်စပ်လူနာတွေကိုလည်း ပို့ပေးထားတယ်။ လောလောဆယ်အထိ အဖြေရပြီး တာကဆိုလို့ရှိရင် ၁၀၂၉ ဦးရှိပြီ။ အဲဒီအရေအတွက်ထဲက ပိုးတွေ့တာလည်း ပါတယ်။ မတွေ့တာလည်း ပါတယ်ပေါ့။ လောလောဆယ်မှာ အဖြေစောင့်ဆိုင်းနေတာက ၅၂ ယောက်ရှိတယ်။ အဖြေစောင့်ဆိုင်းနေတဲ့ ၅၂ ယောက် အထဲမှာ အခုနောက်ဆုံး ဘူးသီးတောင်မှာ တွေ့ထားတဲ့ အမှတ်စဉ် ၂၆၂ ရဲ့ ဆက်စပ်လူနာတွေလည်း ပါတယ်။ အခြား ကွာရန်တင်းဝင်နေသူတွေလည်း ပါပါတယ်”

ရခိုင်မြောက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါထိန်းချုပ်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နေရပ်ပြန် ဒုက္ခသည်တွေကို လက်ခံရေးအစီအစဉ်ကို မြန်မာအစိုးရက ပြီးခဲ့တဲ့ ဧပြီလကပင် ယာယီရပ်ဆိုင်းခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကနေစပြီး တရားမဝင်လမ်းကြောင်းတွေကနေ ဝင်ရောက်လာသူတွေကို သီးသန့်စောင့်ကြည့်ပြီး တို့ဖတ်နမူနာတွေကို စစ်ဆေးခဲ့ရာမှာ နေရပ်ပြန်ဒုက္ခသည် ခြောက်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး အသီးသီးတွေ့ရှိခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကနေစပြီး ဒီနေ့အထိ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေကို တရားမဝင်လမ်းကြောင်း တွေကနေ ပြန်ဝင်လာသူ ၁၇ ဦးရှိပြီးတော့ အဲဒီအထဲက ၆ မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တာလို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကပြောပါတယ်။

ဗိုင်းရပ်စ် ပိုးတွေ့လူနာတွေဟာ ဘင်္ဂလားဒေ့ရှ်ကနေ ဝင်လာတဲ့သူတွေဖြစ်တဲ့အတွက် ခိုးမဝင်ရအောင်လည်း အစိုးရအနေနဲ့ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်သင့်တယ်လို့ ဝံလက်ဖောင်ဒေးရှင်း ရဲ့ဒါရိုက်တာ ဦးခိုင်ကောင်းစံက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ရခိုင်ပြည်နယ်အတွက် စိုးရိမ်စရာကောင်းတဲ့ တံခါးပေါက်ဖြစ်နေတာကြောင့် ဝင်လာတဲ့ သူတွေကို အမြန်ဆုံး သီးခြားခွဲထုတ်စောင့်ကြည့်သင့်တယ်လို့ပြောပါတယ်။

“အဓိကကတော့ ကွာရန်တင်းက ကျနော်တို့ ရန်ကုန်ကလာတဲ့သူတွေထက် ဘင်္ဂလားဒေ့ရှ်ဘက်ကနေ လာတဲ့သူတွေက ရခိုင်ပြည်အတွက် စိုးရိမ်ရတဲ့ တံခါးပေါက်ကြီးဖြစ်နေတယ်။ ဒါကြောင့် အဲဒီတံခါးပေါက်ကို ပိတ်ဖို့အတွက်က ပိုးတွေ့လူနာတွေကိုရော မတွေ့သေးတဲ့သူတွေပါ အဆောတလျင် ကွာရန်တင်းထားဖို့ လိုတယ်လို့ ထောက်ပြချင်ပါတယ်”

ရခိုင်ပြည်နယ်မှာ လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူ စုစုပေါင်း ရှစ်ဦးအနက် ကျန် နှစ်ဦးဟာ မလေးရှားကနေ ပြန်လာသူတွေဖြစ်ပြီး တောင်ကုတ်နဲ့ သံတွဲမြို့တွေမှာ ဆေးကုသ နေပါတယ်။

သံတွဲမြို့က လူနာအမှတ်-၁၈၈ ဟာ ပထမ သုံးကြိမ် စစ်ဆေးချက်တွေမှာ ပိုးတွေ့ပေမယ့် လေးကြိမ်နဲ့ ငါးကြိမ်မြောက် စစ်ဆေးချက်တွေမှာ ပိုးမတွေ့ရတော့တာကြောင့် ဆေးရုံကဆင်းခွင့်ပြုဖို့ စီစဉ်နေတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးဌာနက ပြောပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာတစ်တစ်နိုင်ငံလုံးမှာ ဒီနေ့အထိ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ ၂၆၂ ဦး နဲ့ သေဆုံးသူ ၆ ဦးအထိ ရှိနေပါတယ်။

မင်းသိန်းအောင် / RFA Burmese
--------------------------------------

(Zawgyi)⤵⤵⤵
အတည္ျပဳလူနာမ်ားလာတဲ့ ေမာင္ေတာမွာ အသြားအလာကန႔္သတ္ဦးမည္မဟုတ္

ကို႐ိုနာဗိုင္းရပ္စ္ ပိုးေတြ႕လူနာ ေျခာက္ဦးရွိၿပီျဖစ္တဲ့ ဘူးသီးေတာင္နဲ႔ ေမာင္ေတာၿမိဳ႕နယ္ေတြမွာ ေလာေလာဆယ္ lockdown လို႔ေခၚတဲ့ သြားလာမႈ ကန႔္သတ္တာေတြလုပ္ဖို႔ အစီအစဥ္မရွိေသးဘူးလို႔ ရခိုင္ျပည္နယ္ က်န္းမာေရး ဦးစီးဌာနက မေန႔က စစ္ေတြၿမိဳ႕မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာလိုက္တာပါ။

ဘူသီးေတာင္နဲ႔ ေမာင္ေတာၿမိဳ႕နယ္ကေန အျခားၿမိဳ႕နယ္ေတြကို သြားလာတဲ့သူေတြကိုလည္း သီးျခားခြဲထား ေစာင့္ၾကည့္ဖို႔ အစီအစဥ္ မရွိေသးဘူးလို႔ ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန လက္ေထာက္ ၫႊန္ၾကားေရးမႉး ေဒါက္တာ စိုးဝင္းပိုင္က ေျပာပါတယ္။

“အခု ေမာင္ေတာမွာေတြ႕တဲ့ ပိုးေတြ႕လူနာ ေလးေယာက္နဲ႔ ဘူးသီးေတာင္မွာေတြတဲ့ ႏွစ္ေယာက္ဟာ ဘဂၤလားေဒ့ရွ္ကေန ျပန္လာတဲ့သူေတြျဖစ္တယ္။ ျပန္လာတဲ့သူေတြျဖစ္တဲ့အတြက္ လူထုနဲ႔ ထိေတြ႕ဆက္ဆံမႈ မရွိတဲ့အတြက္ အဲဒီၿမိဳ႕နယ္ကလာတဲ့ သူေတြကို ကြာရန္တင္းထားဖို႔ အစီအစဥ္မရွိေသးဘူး”

သြားလာမႈကန႔္သတ္တဲ့ Lockdown ရဲ႕ေနာက္မွာ ျပည္သူလူထုေတြရဲ႕ စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရးေတြ အားလုံး ပါဝင္တာေၾကာင့္ Lockdown တစ္ခုကို လြယ္လြယ္နဲ႔လုပ္ဖို႔ မစဥ္းစားေသးဘူးလို႔ဆိုပါတယ္။

ဒါေပမဲ့ တစ္ခ်ိန္ခ်ိန္ လိုအပ္လာတဲ့အခါ Lockdown လုပ္သြားမွာျဖစ္ၿပီး ေလာေလာဆယ္မွာေတာ့ ေရာဂါ ေစာင့္ၾကည့္ေရးလုပ္ငန္းကိုပဲ ေဆာင္႐ြက္ ေနေၾကာင္းကို ေျပာဆိုခဲ့ပါတယ္။

ရခိုင္ျပည္နယ္မွာ မေန႔ကဇြန္လ ၁၆ ရက္ေန႔အထိ တို႔ဖတ္နမူနာေပါင္း ၁၀၀၀ ေက်ာ္ကို ဓာတ္ခြဲစစ္ေဆးခဲ့ရာမွာ ေရာဂါပိုးရွိသူ ရွစ္ဦးကို ေတြ႕ရွိခဲ့တာလို႔ ရခိုင္ျပည္နယ္ က်န္းမာေရးဦးစီးဌာနက ေဒါက္တာ ေအးေက်ာ့တင္က ေျပာပါတယ္။

“ဇြန္လ ၁၆ ရက္အထိဆိုလို႔ရွိရင္ေတာ့ နမူနာပို႔တာ ၁၀၈၃ ေယာက္ရွိတယ္ေပါ့ေနာ္။ အဲဒီအထဲမွာ ပိုးေတြ႕ လူနာကေတာ့ ရွစ္ဦးေပါ့။ သူတို႔ရဲ႕ ဆက္စပ္လူနာေတြကိုလည္း ပို႔ေပးထားတယ္။ ေလာေလာဆယ္အထိ အေျဖရၿပီး တာကဆိုလို႔ရွိရင္ ၁၀၂၉ ဦးရွိၿပီ။ အဲဒီအေရအတြက္ထဲက ပိုးေတြ႕တာလည္း ပါတယ္။ မေတြ႕တာလည္း ပါတယ္ေပါ့။ ေလာေလာဆယ္မွာ အေျဖေစာင့္ဆိုင္းေနတာက ၅၂ ေယာက္ရွိတယ္။ အေျဖေစာင့္ဆိုင္းေနတဲ့ ၅၂ ေယာက္ အထဲမွာ အခုေနာက္ဆုံး ဘူးသီးေတာင္မွာ ေတြ႕ထားတဲ့ အမွတ္စဥ္ ၂၆၂ ရဲ႕ ဆက္စပ္လူနာေတြလည္း ပါတယ္။ အျခား ကြာရန္တင္းဝင္ေနသူေတြလည္း ပါပါတယ္”

ရခိုင္ေျမာက္ပိုင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါထိန္းခ်ဳပ္ေရးအတြက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ေနရပ္ျပန္ ဒုကၡသည္ေတြကို လက္ခံေရးအစီအစဥ္ကို ျမန္မာအစိုးရက ၿပီးခဲ့တဲ့ ဧၿပီလကပင္ ယာယီရပ္ဆိုင္းခဲ့ပါတယ္။

ဒါေပမဲ့ ၿပီးခဲ့တဲ့ ဇြန္လဆန္းပိုင္းကေနစၿပီး တရားမဝင္လမ္းေၾကာင္းေတြကေန ဝင္ေရာက္လာသူေတြကို သီးသန႔္ေစာင့္ၾကည့္ၿပီး တို႔ဖတ္နမူနာေတြကို စစ္ေဆးခဲ့ရာမွာ ေနရပ္ျပန္ဒုကၡသည္ ေျခာက္ဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး အသီးသီးေတြ႕ရွိခဲ့ၾကတာပါ။

ၿပီးခဲ့တဲ့ ဇြန္လဆန္းပိုင္းကေနစၿပီး ဒီေန႔အထိ ေမာင္ေတာနဲ႔ ဘူးသီးေတာင္ၿမိဳ႕နယ္ေတြကို တရားမဝင္လမ္းေၾကာင္း ေတြကေန ျပန္ဝင္လာသူ ၁၇ ဦးရွိၿပီးေတာ့ အဲဒီအထဲက ၆ မွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိခဲ့တာလို႔ ေမာင္ေတာခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္ကေျပာပါတယ္။

ဗိုင္းရပ္စ္ ပိုးေတြ႕လူနာေတြဟာ ဘဂၤလားေဒ့ရွ္ကေန ဝင္လာတဲ့သူေတြျဖစ္တဲ့အတြက္ ခိုးမဝင္ရေအာင္လည္း အစိုးရအေနနဲ႔ လုံၿခဳံေရးကို တင္းတင္းက်ပ္က်ပ္ ေဆာင္႐ြက္သင့္တယ္လို႔ ဝံလက္ေဖာင္ေဒးရွင္း ရဲ႕ဒါ႐ိုက္တာ ဦးခိုင္ေကာင္းစံက ဆိုပါတယ္။

ဘဂၤလားေဒ့ရွ္ဟာ ရခိုင္ျပည္နယ္အတြက္ စိုးရိမ္စရာေကာင္းတဲ့ တံခါးေပါက္ျဖစ္ေနတာေၾကာင့္ ဝင္လာတဲ့ သူေတြကို အျမန္ဆုံး သီးျခားခြဲထုတ္ေစာင့္ၾကည့္သင့္တယ္လို႔ေျပာပါတယ္။

“အဓိကကေတာ့ ကြာရန္တင္းက က်ေနာ္တို႔ ရန္ကုန္ကလာတဲ့သူေတြထက္ ဘဂၤလားေဒ့ရွ္ဘက္ကေန လာတဲ့သူေတြက ရခိုင္ျပည္အတြက္ စိုးရိမ္ရတဲ့ တံခါးေပါက္ႀကီးျဖစ္ေနတယ္။ ဒါေၾကာင့္ အဲဒီတံခါးေပါက္ကို ပိတ္ဖို႔အတြက္က ပိုးေတြ႕လူနာေတြကိုေရာ မေတြ႕ေသးတဲ့သူေတြပါ အေဆာတလ်င္ ကြာရန္တင္းထားဖို႔ လိုတယ္လို႔ ေထာက္ျပခ်င္ပါတယ္”

ရခိုင္ျပည္နယ္မွာ လက္ရွိအခ်ိန္အထိ ကို႐ိုနာဗိုင္းရပ္စ္ ပိုးေတြ႕ရွိသူ စုစုေပါင္း ရွစ္ဦးအနက္ က်န္ ႏွစ္ဦးဟာ မေလးရွားကေန ျပန္လာသူေတြျဖစ္ၿပီး ေတာင္ကုတ္နဲ႔ သံတြဲၿမိဳ႕ေတြမွာ ေဆးကုသ ေနပါတယ္။

သံတြဲၿမိဳ႕က လူနာအမွတ္-၁၈၈ ဟာ ပထမ သုံးႀကိမ္ စစ္ေဆးခ်က္ေတြမွာ ပိုးေတြ႕ေပမယ့္ ေလးႀကိမ္နဲ႔ ငါးႀကိမ္ေျမာက္ စစ္ေဆးခ်က္ေတြမွာ ပိုးမေတြ႕ရေတာ့တာေၾကာင့္ ေဆး႐ုံကဆင္းခြင့္ျပဳဖို႔ စီစဥ္ေနတယ္လို႔ ရခိုင္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးဌာနက ေျပာပါတယ္။

က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ျမန္မာတစ္တစ္ႏိုင္ငံလုံးမွာ ဒီေန႔အထိ ကို႐ိုနာဗိုင္းရပ္စ္ ပိုးေတြ႕လူနာ ၂၆၂ ဦး နဲ႔ ေသဆုံးသူ ၆ ဦးအထိ ရွိေနပါတယ္။

မင္းသိန္းေအာင္ / RFA Burmese
https://www.rfa.org/burmese/program_2/no-plan-for-lockdown-maungtaw-06172020070254.html
အတည်ပြုလူနာများလာတဲ့ မောင်တောမှာ အသွားအလာကန့်သတ်ဦးမည်မဟုတ် အတည်ပြုလူနာများလာတဲ့ မောင်တောမှာ အသွားအလာကန့်သတ်ဦးမည်မဟုတ် Reviewed by THITHTOOLWIN on 20:09 Rating: 5
Powered by Blogger.