ရန်ကုန်တိုင်းက လက်ရှိ NLD အမတ်တချို့ ဘာကြောင့်ရွေးကောက်ပွဲ မဝင်တာလဲ

လူသိများတဲ့နိုင်ငံရေးသမားတချို့ ရွေးကောက်ပွဲ ပြန်မဝင်ဖို့ ဆုံးဖြတ်
(Unicode)⤵⤵⤵
ရန်ကုန်တိုင်းလွှတ်တော်ထဲက NLD အမတ်တချို့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက်မယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဝင်မပြိုင်တော့မယ့်သူတွေထဲ လူသိများတဲ့ နိုင်ငံရေးသမားတချို့ ပါဝင်နေပါတယ်။

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်မပြိုင်တော့မယ့်အကြောင်း NLD ပါတီက အမတ်တချို့ဟာ သူတို့ရဲ့ လူမှု ကွန်ရက်က တစ်ဆင့် ပြည်သူတွေကို ဒီရက်ပိုင်းအတွင်း အသိပေးလာကြတာဖြစ်ပါတယ်။

အဲဒီလို ရွေးကောက်ပွဲမဝင်မယ့်အထဲမှာ ရန်ကုန်တိုင်းလွှတ်တော်ထဲ တိုင်းအစိုးရရဲ့ဆောင်ရွက်ချက်တွေကို ထောက်ပြဆွေးနွေး လေ့ရှိတဲ့ ကျောက်တံတားမဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဒေါ်ကြည်ပြာ၊ တိုင်းလွှတ်တော် ဝက်ဘ်ဆိုက်ဖြစ်ပေါ်လာဖို့ ကြိုးပမ်းခဲ့သူ သင်္ဃန်းကျွန်မြို့နယ် တိုင်းဒေသကြီးအမတ် ဦးနေဘုန်းလတ် တို့ ပါဝင်ပါတယ်။

ဒါ့အပြင် ရန်ကင်းပြည်သူ့လွှတ်တော်အမတ် ဒေါ်ဇင်မာအောင်ကလည်းရွေးကောက်ပွဲဝင်မပြိုင်တော့ဘူးလို့ သတင်းတွေထွက်ပေါ်နေပါတယ်။

တစ်ခါ ပြည်သူ့လွှတ်တော်ထဲ တက်တက်ကြွကြွဆွေးနွေးလေ့ရှိပြီး သတင်းမီဒီယာတွေကို ဖြေကြားလေ့ရှိသူ မင်္ဂလာဒုံပြည်သူ့လွှတ်တော်အမတ် ဦးအောင်လှိုင်ဝင်းကလည်း လာမယ့်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီကရော တခြားဘယ်ပါတီကိုမှ ကိုယ်စားပြုယှဉ်ပြိုင်မှာမဟုတ်သလို တစ်သီးပုဂ္ဂလ အဖြစ်လည်း မယှဉ်ပြိုင်ဘူးလို့သူ့ဖေ့စ်ဘွတ်ကနေ အသိပေးထားပါတယ်။

"ကျွန်တော်တစ်ယောက်တည်းယူဆချက်က ဘာမှသက်ရောက်မှုမရှိလို့ ကျွန်တော် ဝင်မပြိုင်တာပေါ့။ လွှတ်တော်ထဲက ဘယ်သူပဲ တက်လာတက်လာ ပါတီရဲ့ မူဝါဒအတိုင်းပဲ မဲပေးရတယ်။ ကျွန်တော်တို့လည်း မဲပေးခဲ့တယ်။ အဲဒီတော့ လွှတ်တော်မှာ ဘယ်သူဖြစ်ဖြစ် သိပ်ပြီးတော့ ထူးထူးခြားခြားလုပ် လို့မရဘူးပေါ့။ ပါတီရဲ့မူအတိုင်းသွားနေတာဖြစ်တဲ့အတွက်။ ကျွန်တော်တို့ကလည်း ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအတွက်စဉ်းစားရတာပေါ့။ ကျွန်တော်တို့က ဒီနေရာမှာ အပြောင်းအလဲဖြစ်ချင်လို့ ဝင်လာခဲ့တယ်။ ခုကျတော့အပြောင်းအလဲဆိုတာက ပါတီကလုပ်တဲ့အပြောင်းအလဲပေါ့။ ကျွန်တော်တစ်ယောက် တည်း လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အေနနဲ့ လုပ်တဲ့အပြောင်းအလဲမျိုး သိပ်မရှိဘူးပေါ့။ အဲဒါကြောင့် ကျွန်တော်က ပိုပြီးတန်ဖိုးရှိတဲ့အလုပ် လုပ်ချင်တာပါ။ လွှတ်တော်အလုပ်က တန်ဖိုးမရှိဘူးလို့ပြောတာမဟုတ်ပါဘူး။ နည်းနည်းပဲဖြစ်ပါစေပေါ့။ ကိုယ့်ဉာဏ်ကိုယ့်ခွန်အားနဲ့ သုံးပြီးတော့ လုပ်ရတဲ့အလုပ်မျိုးတွေလုပ်ချင်တယ်ပေါ့၊ ကျွန်တော်တို့က။ အဲဒီအတွက်ပါ" လို့ သူက ပြောပါတယ်။

ပါတီကို ကိုယ်စားပြုပြီးဝင်ရောက်ယှဉ်ပြိုင်ကတည်းက ပါတီက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာရဖို့ရှိတာကိုတော့ သိရှိထားတယ်လို့ ဦးအောင်လှိုင်ဝင်းက ဆိုပါတယ်။

ဒါပေမဲ့ မြန်မာလွှတ်တော်တွေရဲ့ သက်တမ်းက ငါးနှစ်ဖြစ်ပြီး နောက်လာမယ့်သက်တမ်းငါးနှစ်ကို ဝင်ပြိုင်ပြီး တာဝန်ထမ်းဆောင်ဖို့ရှိလာရင် အသက်လေးဆယ်ကျော်သွားမယ့်အခြေအနေဖြစ်သွားနိုင်ပြီး တခြားအလုပ်တွေလည်းလုပ်ချင်တဲ့အတွက် ခုလိုဆုံးဖြတ်တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒါပေမဲ့ ပါတီဝင်အဖြစ်တော့ဆက်ရှိနေမယ်လို့ ဦးအောင်လှိုင်ဝင်းကပြောပါတယ်။

ဒေါ်ကြည်ပြာက ခင်ပွန်းဖြစ်သူ ရွေးကောက်ပွဲဝင်မှာကြောင့် နောက်တန်းကနေ အကူအညီပေးဖို့ ဆုံးဖြတ်ထားပြီး နောင်လာမယ့်ငါးနှစ်မှာ ပါတီနိုင်ငံရေးဆက်လုပ်မယ်လို့ သူ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်ကြည်ပြာနဲ့ ဒေါ်ဇင်မာအောင်တို့ကို ဘီဘီစီက ဇွန် ၁၇ ရက်မှာ ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းထားပေမယ့် အဆက်အသွယ် မရရှိသေးပါဘူး။

ဦးနေဘုန်းလတ်ကတော့ မိသားစုအရေးကိစ္စကြောင့် မပြိုင်ဖို့ ဆုံးဖြတ်တာဖြစ်ပြီး ပါတီမှာ ဆက်ရှိနေ မယ်လို့ ဘီဘီစီကိုပြောပါတယ်။

"ပါတီမှာတော့ဆက်ရှိမယ်။ သင်္ဃန်းကျွန်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့အဖြစ်လည်း ဆက်ရှိမေယ်။ ပါတီမှာလည်း ဗဟိုပြန်ကြားရေးကော်မတီ အနေနဲ့ပါတော့ ပါတီ Position တွေကတော့ ဆက်ရှိနေမယ်။ ပါတီကိုပဲ နည်းနည်းပိုပြီးအာရုံစိုက်လုပ်မယ်"လို့ ဦးနေဘုန်းလတ်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ ရန်ကုန်တိုင်းထဲက လွှတ်တော်အမတ် အများစုကတော့ ရွေးကောက်ပွဲကို ပြန်ပြိုင်ဖို့ စာရင်းတင်တားတယ်လို့သိရပြီး ဗဟိုက ဆုံးဖြတ်မှာဖြစ်လို့ ဘယ်နှယောက်ပြန်ပါမပါတော့ မပြောနိုင်ဘူးလို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

အမျိုးသားလွှတ်တော်အမတ်ဖြစ်တဲ့ စာရေးဆရာ ဦးသန်းစိုး(သန်းစိုး-ဘောဂဗေဒ)ကလည်း ရွေးကောက်ပွဲမဝင်တဲ့အကြောင်း ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။

အခုလို လူငယ်နဲ့အမျိုးသမီးလွှတ်တော်အမတ်တချို့ ရွေးကောက်ပွဲ ပြန်မဝင်ဘူးလု့ိ ဆုံးဖြတ်တဲ့အပေါ် ရန်ကုန်တိုင်းလွှတ်တော်ထဲက သူ့အတွေ့အကြုံပေါ်မူတည်ပြီး ဆိပ်ကြီးခနောင်တိုအမတ် ဒေါ်စန္ဒာမင်းက ဘီဘီစီကို အခုလို ပြောပါတယ်။

"လွှတ်တော်ကိုယ်စားလှယ်တာဝန်ကိုကျေပွန်ချင်တဲ့ကိုယ်စားလှယ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တာဝန်ကို လုပ်ချင်တဲ့သူတွေ၊ ဥပဒေပါအတိုင်းပေးအပ်ထားတဲ့တာဝန်ကို လုပ်ချင်တဲ့သူတွေအားလုံးက ဘာတစ်ခုမှလုပ်ခွင့်မရဘဲနဲ့ စိတ်ဓာတ်ကျရတယ်။ ကျွန်မတို့တွေကလေ။ ဒါကြောင့်မို့လို့လည်း လူငယ်တွေက ပြန်မပြိုင်ချင်တဲ့သဘောတရားလို့ ကျွန်မမြင်တယ်။ နောက်လာမယ့်လွှတ်တော်ကြီးရဲ့အခန်းကဏ္ဍတွေကိုရော အစိုးရဘက်ရဲ့ အခန်းကဏ္ဍတွေကိုရော တက်တက်ကြွကြွလုပ်ဆောင်ပေးနိုင်မယ့်လူတွေကို ရွေးချယ်ပေးနိုင်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ ကျွန်မတို့ ပါတီကလည်း ရွေးချယ်ပေးနိုင်ပါတယ်"လို့ သူက ပြောပါတယ်။

ဒေါ်စန္ဒာမင်းကတော့ ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်ထားပါတယ်။

NLD က ကိုယ်စားလှယ်လောင်းတွေကို ဒီဇွန်လကုန်အပြီး သတ်ရွေးချယ်ထုတ်ပြန်မှာဖြစ်ပြီး အရည်အချင်း ချင်း တူနေရင် လူငယ်၊ အမျိုးသမီးနဲ့ တိုင်းရင်းသားကို ဦးစားပေးရွေးချယ်မယ်လို့ ပါတီမူဝါဒကို ထုတ်ပြန်ထားပါတယ်။

BBC Burmese
--------------------------------------------
(Zawgyi)⤵⤵⤵
ရန္ကုန္တိုင္းက လက္ရွိ NLD အမတ္တခ်ိဳ႕ ဘာေၾကာင့္ေ႐ြးေကာက္ပြဲ မဝင္တာလဲ

ရန္ကုန္တိုင္းလႊတ္ေတာ္ထဲက NLD အမတ္တခ်ိဳ႕ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲကို ဝင္ေရာက္မယွဥ္ၿပိဳင္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဝင္မၿပိဳင္ေတာ့မယ့္သူေတြထဲ လူသိမ်ားတဲ့ ႏိုင္ငံေရးသမားတခ်ိဳ႕ ပါဝင္ေနပါတယ္။

လာမယ့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ ဝင္မၿပိဳင္ေတာ့မယ့္အေၾကာင္း NLD ပါတီက အမတ္တခ်ိဳ႕ဟာ သူတို႔ရဲ႕ လူမႈ ကြန္ရက္က တစ္ဆင့္ ျပည္သူေတြကို ဒီရက္ပိုင္းအတြင္း အသိေပးလာၾကတာျဖစ္ပါတယ္။

အဲဒီလို ေ႐ြးေကာက္ပြဲမဝင္မယ့္အထဲမွာ ရန္ကုန္တိုင္းလႊတ္ေတာ္ထဲ တိုင္းအစိုးရရဲ႕ေဆာင္႐ြက္ခ်က္ေတြကို ေထာက္ျပေဆြးေႏြး ေလ့ရွိတဲ့ ေက်ာက္တံတားမဲဆႏၵနယ္ တိုင္းေဒသႀကီးလႊတ္ေတာ္အမတ္ ေဒၚၾကည္ျပာ၊ တိုင္းလႊတ္ေတာ္ ဝက္ဘ္ဆိုက္ျဖစ္ေပၚလာဖို႔ ႀကိဳးပမ္းခဲ့သူ သဃၤန္းကြၽန္ၿမိဳ႕နယ္ တိုင္းေဒသႀကီးအမတ္ ဦးေနဘုန္းလတ္ တို႔ ပါဝင္ပါတယ္။

ဒါ့အျပင္ ရန္ကင္းျပည္သူ႔လႊတ္ေတာ္အမတ္ ေဒၚဇင္မာေအာင္ကလည္းေ႐ြးေကာက္ပြဲဝင္မၿပိဳင္ေတာ့ဘူးလို႔ သတင္းေတြထြက္ေပၚေနပါတယ္။

တစ္ခါ ျပည္သူ႔လႊတ္ေတာ္ထဲ တက္တက္ႂကြႂကြေဆြးေႏြးေလ့ရွိၿပီး သတင္းမီဒီယာေတြကို ေျဖၾကားေလ့ရွိသူ မဂၤလာဒုံျပည္သူ႔လႊတ္ေတာ္အမတ္ ဦးေအာင္လႈိင္ဝင္းကလည္း လာမယ့္ေ႐ြးေကာက္ပြဲမွာ အန္အယ္လ္ဒီကေရာ တျခားဘယ္ပါတီကိုမွ ကိုယ္စားျပဳယွဥ္ၿပိဳင္မွာမဟုတ္သလို တစ္သီးပုဂၢလ အျဖစ္လည္း မယွဥ္ၿပိဳင္ဘူးလို႔သူ႔ေဖ့စ္ဘြတ္ကေန အသိေပးထားပါတယ္။

"ကြၽန္ေတာ္တစ္ေယာက္တည္းယူဆခ်က္က ဘာမွသက္ေရာက္မႈမရွိလို႔ ကြၽန္ေတာ္ ဝင္မၿပိဳင္တာေပါ့။ လႊတ္ေတာ္ထဲက ဘယ္သူပဲ တက္လာတက္လာ ပါတီရဲ႕ မူဝါဒအတိုင္းပဲ မဲေပးရတယ္။ ကြၽန္ေတာ္တို႔လည္း မဲေပးခဲ့တယ္။ အဲဒီေတာ့ လႊတ္ေတာ္မွာ ဘယ္သူျဖစ္ျဖစ္ သိပ္ၿပီးေတာ့ ထူးထူးျခားျခားလုပ္ လို႔မရဘူးေပါ့။ ပါတီရဲ႕မူအတိုင္းသြားေနတာျဖစ္တဲ့အတြက္။ ကြၽန္ေတာ္တို႔ကလည္း ကိုယ့္ရဲ႕ကိုယ္ေရးကိုယ္တာအတြက္စဥ္းစားရတာေပါ့။ ကြၽန္ေတာ္တို႔က ဒီေနရာမွာ အေျပာင္းအလဲျဖစ္ခ်င္လို႔ ဝင္လာခဲ့တယ္။ ခုက်ေတာ့အေျပာင္းအလဲဆိုတာက ပါတီကလုပ္တဲ့အေျပာင္းအလဲေပါ့။ ကြၽန္ေတာ္တစ္ေယာက္ တည္း လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္ေအနနဲ႔ လုပ္တဲ့အေျပာင္းအလဲမ်ိဳး သိပ္မရွိဘူးေပါ့။ အဲဒါေၾကာင့္ ကြၽန္ေတာ္က ပိုၿပီးတန္ဖိုးရွိတဲ့အလုပ္ လုပ္ခ်င္တာပါ။ လႊတ္ေတာ္အလုပ္က တန္ဖိုးမရွိဘူးလို႔ေျပာတာမဟုတ္ပါဘူး။ နည္းနည္းပဲျဖစ္ပါေစေပါ့။ ကိုယ့္ဉာဏ္ကိုယ့္ခြန္အားနဲ႔ သုံးၿပီးေတာ့ လုပ္ရတဲ့အလုပ္မ်ိဳးေတြလုပ္ခ်င္တယ္ေပါ့၊ ကြၽန္ေတာ္တို႔က။ အဲဒီအတြက္ပါ" လို႔ သူက ေျပာပါတယ္။

ပါတီကို ကိုယ္စားျပဳၿပီးဝင္ေရာက္ယွဥ္ၿပိဳင္ကတည္းက ပါတီက ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကိုလိုက္နာရဖို႔ရွိတာကိုေတာ့ သိရွိထားတယ္လို႔ ဦးေအာင္လႈိင္ဝင္းက ဆိုပါတယ္။

ဒါေပမဲ့ ျမန္မာလႊတ္ေတာ္ေတြရဲ႕ သက္တမ္းက ငါးႏွစ္ျဖစ္ၿပီး ေနာက္လာမယ့္သက္တမ္းငါးႏွစ္ကို ဝင္ၿပိဳင္ၿပီး တာဝန္ထမ္းေဆာင္ဖို႔ရွိလာရင္ အသက္ေလးဆယ္ေက်ာ္သြားမယ့္အေျခအေနျဖစ္သြားႏိုင္ၿပီး တျခားအလုပ္ေတြလည္းလုပ္ခ်င္တဲ့အတြက္ ခုလိုဆုံးျဖတ္တာျဖစ္တယ္လို႔ သူက ဆက္ေျပာပါတယ္။ ဒါေပမဲ့ ပါတီဝင္အျဖစ္ေတာ့ဆက္ရွိေနမယ္လို႔ ဦးေအာင္လႈိင္ဝင္းကေျပာပါတယ္။

ေဒၚၾကည္ျပာက ခင္ပြန္းျဖစ္သူ ေ႐ြးေကာက္ပြဲဝင္မွာေၾကာင့္ ေနာက္တန္းကေန အကူအညီေပးဖို႔ ဆုံးျဖတ္ထားၿပီး ေနာင္လာမယ့္ငါးႏွစ္မွာ ပါတီႏိုင္ငံေရးဆက္လုပ္မယ္လို႔ သူ႔ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ေဒၚၾကည္ျပာနဲ႔ ေဒၚဇင္မာေအာင္တို႔ကို ဘီဘီစီက ဇြန္ ၁၇ ရက္မွာ ဖုန္းနဲ႔အႀကိမ္ႀကိမ္ ဆက္သြယ္ေမးျမန္းထားေပမယ့္ အဆက္အသြယ္ မရရွိေသးပါဘူး။

ဦးေနဘုန္းလတ္ကေတာ့ မိသားစုအေရးကိစၥေၾကာင့္ မၿပိဳင္ဖို႔ ဆုံးျဖတ္တာျဖစ္ၿပီး ပါတီမွာ ဆက္ရွိေန မယ္လို႔ ဘီဘီစီကိုေျပာပါတယ္။

"ပါတီမွာေတာ့ဆက္ရွိမယ္။ သဃၤန္းကြၽန္းၿမိဳ႕နယ္ အလုပ္အမႈေဆာင္အဖြဲ႕အျဖစ္လည္း ဆက္ရွိေမယ္။ ပါတီမွာလည္း ဗဟိုျပန္ၾကားေရးေကာ္မတီ အေနနဲ႔ပါေတာ့ ပါတီ Position ေတြကေတာ့ ဆက္ရွိေနမယ္။ ပါတီကိုပဲ နည္းနည္းပိုၿပီးအာ႐ုံစိုက္လုပ္မယ္"လို႔ ဦးေနဘုန္းလတ္က ဘီဘီစီကို ေျပာပါတယ္။

ဒါေပမဲ့ ရန္ကုန္တိုင္းထဲက လႊတ္ေတာ္အမတ္ အမ်ားစုကေတာ့ ေ႐ြးေကာက္ပြဲကို ျပန္ၿပိဳင္ဖို႔ စာရင္းတင္တားတယ္လို႔သိရၿပီး ဗဟိုက ဆုံးျဖတ္မွာျဖစ္လို႔ ဘယ္ႏွေယာက္ျပန္ပါမပါေတာ့ မေျပာႏိုင္ဘူးလို႔ ဦးေနဘုန္းလတ္က ေျပာပါတယ္။

အမ်ိဳးသားလႊတ္ေတာ္အမတ္ျဖစ္တဲ့ စာေရးဆရာ ဦးသန္းစိုး(သန္းစိုး-ေဘာဂေဗဒ)ကလည္း ေ႐ြးေကာက္ပြဲမဝင္တဲ့အေၾကာင္း ေဖ့စ္ဘြတ္မွာေရးသားခဲ့ပါတယ္။

အခုလို လူငယ္နဲ႔အမ်ိဳးသမီးလႊတ္ေတာ္အမတ္တခ်ိဳ႕ ေ႐ြးေကာက္ပြဲ ျပန္မဝင္ဘူးလု႔ိ ဆုံးျဖတ္တဲ့အေပၚ ရန္ကုန္တိုင္းလႊတ္ေတာ္ထဲက သူ႔အေတြ႕အႀကဳံေပၚမူတည္ၿပီး ဆိပ္ႀကီးခေနာင္တိုအမတ္ ေဒၚစႏၵာမင္းက ဘီဘီစီကို အခုလို ေျပာပါတယ္။

"လႊတ္ေတာ္ကိုယ္စားလွယ္တာဝန္ကိုေက်ပြန္ခ်င္တဲ့ကိုယ္စားလွယ္ေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္တာဝန္ကို လုပ္ခ်င္တဲ့သူေတြ၊ ဥပေဒပါအတိုင္းေပးအပ္ထားတဲ့တာဝန္ကို လုပ္ခ်င္တဲ့သူေတြအားလုံးက ဘာတစ္ခုမွလုပ္ခြင့္မရဘဲနဲ႔ စိတ္ဓာတ္က်ရတယ္။ ကြၽန္မတို႔ေတြကေလ။ ဒါေၾကာင့္မို႔လို႔လည္း လူငယ္ေတြက ျပန္မၿပိဳင္ခ်င္တဲ့သေဘာတရားလို႔ ကြၽန္မျမင္တယ္။ ေနာက္လာမယ့္လႊတ္ေတာ္ႀကီးရဲ႕အခန္းက႑ေတြကိုေရာ အစိုးရဘက္ရဲ႕ အခန္းက႑ေတြကိုေရာ တက္တက္ႂကြႂကြလုပ္ေဆာင္ေပးႏိုင္မယ့္လူေတြကို ေ႐ြးခ်ယ္ေပးႏိုင္မယ္လို႔ ကြၽန္မေမွ်ာ္လင့္ပါတယ္။ ကြၽန္မတို႔ ပါတီကလည္း ေ႐ြးခ်ယ္ေပးႏိုင္ပါတယ္"လို႔ သူက ေျပာပါတယ္။

ေဒၚစႏၵာမင္းကေတာ့ ၂၀၂၀ ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ကိုယ္စားလွယ္ေလာင္းေလွ်ာက္လႊာတင္ထားပါတယ္။

NLD က ကိုယ္စားလွယ္ေလာင္းေတြကို ဒီဇြန္လကုန္အၿပီး သတ္ေ႐ြးခ်ယ္ထုတ္ျပန္မွာျဖစ္ၿပီး အရည္အခ်င္း ခ်င္း တူေနရင္ လူငယ္၊ အမ်ိဳးသမီးနဲ႔ တိုင္းရင္းသားကို ဦးစားေပးေ႐ြးခ်ယ္မယ္လို႔ ပါတီမူဝါဒကို ထုတ္ျပန္ထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53074651
ရန်ကုန်တိုင်းက လက်ရှိ NLD အမတ်တချို့ ဘာကြောင့်ရွေးကောက်ပွဲ မဝင်တာလဲ ရန်ကုန်တိုင်းက လက်ရှိ NLD အမတ်တချို့ ဘာကြောင့်ရွေးကောက်ပွဲ မဝင်တာလဲ Reviewed by THITHTOOLWIN on 20:22 Rating: 5
Powered by Blogger.