NLD ရွေးကောက်ပွဲ ပြင်ဆင်မှုနဲ့ အလားအလာ

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ကယားပြည်နယ် လွိုင်ကော်မြို့ရှိ NLD ပါတီ စည်းရုံးရေးဆိုင်းဘုတ်တခု (စက်တင်ဘာ ၀၉၊ ၂၀၁၅)
(Unicode)⤵⤵⤵
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲလောက် အနိုင်မရနိုင်ပေမဲ့လည်း အစိုးရဖွဲ့နိုင်လောက်တဲ့အထိ နိုင်မယ်လို့ ယူဆတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကပြောပါတယ်။ ပါတီအကြီးအကဲဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်၊ မဝင်ဆိုတာကိုတော့ ပါတီခေါင်းဆောင်ပိုင်းက အတိအကျ မပြောသေးပါဘူး။ ဒီအကြောင်းတွေ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက မေးမြန်းထားပါတယ်။

အာဏာရပါတီ NLD ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ၈၀ ရာခိုင်နှုန်းလောက် အနိုင်ရရှိခဲ့ပြီး အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း NLD သာ ဆက်လက်နိုင်သွားမယ်လို့ ပါတီရဲ့သဘာပတိဖြစ်သူ ဦးဝင်းထိန်က VOA ကိုပြောပါတယ်။

“NLD ရေစီးနေတဲ့အရှိန်က အရှိန်ကောင်းနေတုန်းပဲဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD နိုင်လိမ့်မယ်လို့ ကျနော်ခန့်မှန်းမိပါတယ်။ ၂၀၁၅ တုန်းကတော့ ၈၀ ရာခိုင်နှုန်းလောက်နိုင်တယ်။ သို့သော် ဒီတခေါက်မှာ ၈၀ ရာခိုင်နှုန်းနိုင်ဖို့လောက်ကတော့ တော်တော်မလွယ်ဘူး။ မလွယ်တဲ့အကြောင်းက ပြီးခဲ့တဲ့လွှတ်တော်မှာ ပါဝင်ခဲ့တဲ့ NLD ကိုယ်စားလှယ်တချို့ရဲ့ ချို့ယွင်းချက်တွေပေါ့။ အဲတော့ နိုင်တော့နိုင်မယ်။ ၂၀၁၅ တုန်းကလို ၈၀ ရာခိုင်နှုန်းနိုင်ချင်ရင် ကျားကုတ်ကျားခဲလုပ်ရမယ်။ သို့သော် အစိုးရဖွဲ့နိုင်လောက်တဲ့အထိတော့ နိုင်နိုင်မယ်လို့ ကျနော်မှန်းဆပါတယ်။”

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာတရားရုံး ICJ မှာ ဦးဆောင်ခဲ့တာအပါအဝင် အခုလို ကိုဗစ်ကာလမှာ ကဏ္ဍအသီးသီးကပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ကိစ္စတွေကြောင့် လူထုရဲ့ယုံကြည်အားကိုးမှု ပိုရလာလို့ အခုလာမယ့်ရွေးကောက်ပွဲမှာလည်း NLD နိုင်မယ်လို့ ခန့်မှန်းထားကြောင်း သူကဆိုပါတယ်။

ဗဟိုအောင်နိုင်ရေးအဖွဲ့ကနေ ကိုယ်စားလှယ်လောင်းတွေကို စိစစ်ရွေးချယ်ခဲ့တဲ့ ၂၀၁၅ တုန်းက ကျင့်သုံးခဲ့တဲ့မူကို ခုတခေါက်မှာ မသုံးတော့ဘဲ မြို့နယ်၊ တိုင်းနဲ့ ပြည်နယ် အဆင့်ဆင့်ဖြတ်ကျော်ပြီးမှသာ ဗဟိုကိုရောက်မယ့် ကိုယ်စားလှယ်လောင်း စိစစ်တဲ့မူကို ဒီတခေါက်မှာ ပြောင်းလဲထားတယ်လို့သူက ပြောပါတယ်။

အာဏာရပါတီအနေနဲ့ ပါတီကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်တဲ့နေရာမှာ ခွဲခြားမှုမရှိ တသားတည်းဖြစ်ဖို့လိုတယ်လို့ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းက အခုလိုပြောထားပါတယ်။

“လက်ရှိအချိန်မှာ ဒီကိုယ်စားလှယ်လောင်းရွေးချယ်မှုနဲ့ ပတ်သက်ပြီးတော့ ပါတီတွင်းအစီအစဉ်နဲ့ လုပ်ဆောင်နေတဲ့အခါကျတော့ ပြင်ပမှာပေါ့လေ သတင်းထုတ်ပြန်တာမျိုးတွေ မတွေ့ရတဲ့အခါကျတော့ ၂၀၁၅ ထက် ပိုပြီးတော့ စည်းစနစ်ကျတယ် ပိုအားကောင်း ပိုသာလွန်တယ်လို့ သုံးသပ်ဖို့တော့ခက်ဦးမယ်။ သို့သော်လည်းပဲ ဒီ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်မှာတော့ ကိုယ်စားလှယ်လောင်းတွေကို ကျောသားရင်သား မခွဲခြားဘဲနဲ့ ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်တင်မြှောက်နိုင်ဖို့က မဖြစ်မနေ လိုအပ်နေတယ်လို့ မြင်ပါတယ်။”

NLD ပါတီတွင်း လူထုယုံကြည်မှု အများဆုံးရထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မလားဆိုတာနဲ့ ပတ်သက်ပြီးတော့ ပါတီတွင်းပြောရေးဆိုခွင့်ရှိသူတွေလည်း အတိအကျ မသိသေးဘူးလို့ ဆိုပါတယ်။

“ပထမအဆင့်က မြို့နယ်ကပြီးတာနဲ့ တိုင်းကိုတက်မှာ။ တိုင်းကနေ တခါထပ်စိစစ်ပြီးမှ ဗဟိုကိုရောက်မှာဗျ။ အဲဒါကြောင့် ကျနော်တို့ ဗဟိုအနေနဲ့ ဒီဟာကို မသိနိုင်သေးဘူးဗျ။”

ဒါကတော့ NLD ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာဦးအောင်ရှင် ပြောသွားတာပါ။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကတော့ ၂၀၁၂၊ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလို အခု ၂၀၂၀ ရွေးကောက်ပွဲမှာလည်း တာမွေမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အမည်စာရင်းပေးထားတယ်လို့ ဆိုပါတယ်။

ကော့မှူးမြို့နယ် အမျိုးုသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဖြစ်သူ ဦးအေးသိန်းကတော့ အတိုင်ပင်ခံပုဂ္ဂိုလ် အမည်စာရင်းတင် မတင်ဆိုတာနဲ့ ပတ်သက်ပြီး ....

“ပါတီတွင်း ကိစ္စတွေကို ဦးလေးတို့ပြောခွင့်မရှိဘူး။ အဲဒါကြောင့် နည်းနည်းညည်းခံပေးပါနော်။ ကော်မရှင်က ထွက်မှ အတည်ဖြစ်မှာဆိုတော့လေ အဘတို့ပြောတဲ့အခါမှာလည်း အမှားမှားအယွင်းယွင်း တလွဲတွေဖြစ်ရင် မကောင်းဘူးပေါ့။ အဲဒါကြောင့်မို့လို့ ကော်မရှင်အထွက်ကလေး နည်းနည်းစောင့်လိုက်ပါနော်။”

ပါတီသဘာပတိဖြစ်သူ ဦးဝင်းထိန်ကတော့ အတိုင်ပင်ခံရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မလားဆိုတာကို အခုလိုပြောသွားပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပတ်သက်လို့ ကော့မှူးမှာရွေးကောက်ပွဲဝင် မဝင်ဆိုတာကတော့ ကျနော်တို့ပြောလို့မဖြစ်နိုင်တဲ့ ကိစ္စ ဒါတချက်။ နောက်တချက်က ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ ရာထူးဟာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်မှ လုပ်ခွင့်ရှိမှာလား။ လွှတ်တော်ကိုယ်စားလှယ် မဟုတ်လည်း တင်မြှောက်ခွင့် ရှိသလားဆိုတဲ့ ဥပဒေအကြောင်းအရာတွေလည်း စဉ်းစားစရာရှိပါတယ်။”

သက်ဆိုင်ရာမြို့နယ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းတာကို မနေ့က အပြီးသတ်ခဲ့တာပါ။ ဘယ်သူတွေကို ရွေးချယ်သွားမလဲဆိုတာကတော့ အဆင့်ဆင့်စိစစ်ရမှာဖြစ်လို့ ရွေးကောက်ပွဲဝင်မယ့် ပါတီကိုယ်စားလှယ်စာရင်းကို ဇွန်လကုန်မှသာ ဗဟိုကော်မတီက သိရမယ်လို့ ဆိုပါတယ်။

စုစု  / ဗွီအိုအေ (မြန်မာပိုင်း)
---------------------------------------
(Zawgyi)⤵⤵⤵
NLD ေ႐ြးေကာက္ပြဲ ျပင္ဆင္မႈနဲ႔ အလားအလာ

လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ NLD ပါတီဟာ ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲေလာက္ အႏိုင္မရႏိုင္ေပမဲ့လည္း အစိုးရဖြဲ႕ႏိုင္ေလာက္တဲ့အထိ ႏိုင္မယ္လို႔ ယူဆတဲ့အေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ သဘာပတိအဖြဲ႕ဝင္ ဦးဝင္းထိန္ကေျပာပါတယ္။ ပါတီအႀကီးအကဲျဖစ္သူ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ေ႐ြးေကာက္ပြဲဝင္၊ မဝင္ဆိုတာကိုေတာ့ ပါတီေခါင္းေဆာင္ပိုင္းက အတိအက် မေျပာေသးပါဘူး။ ဒီအေၾကာင္းေတြ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက ေမးျမန္းထားပါတယ္။

အာဏာရပါတီ NLD ဟာ ၿပီးခဲ့တဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းက ၈၀ ရာခိုင္ႏႈန္းေလာက္ အႏိုင္ရရွိခဲ့ၿပီး အခုလာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာလည္း NLD သာ ဆက္လက္ႏိုင္သြားမယ္လို႔ ပါတီရဲ႕သဘာပတိျဖစ္သူ ဦးဝင္းထိန္က VOA ကိုေျပာပါတယ္။

“NLD ေရစီးေနတဲ့အရွိန္က အရွိန္ေကာင္းေနတုန္းပဲျဖစ္တယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ NLD ႏိုင္လိမ့္မယ္လို႔ က်ေနာ္ခန႔္မွန္းမိပါတယ္။ ၂၀၁၅ တုန္းကေတာ့ ၈၀ ရာခိုင္ႏႈန္းေလာက္ႏိုင္တယ္။ သို႔ေသာ္ ဒီတေခါက္မွာ ၈၀ ရာခိုင္ႏႈန္းႏိုင္ဖို႔ေလာက္ကေတာ့ ေတာ္ေတာ္မလြယ္ဘူး။ မလြယ္တဲ့အေၾကာင္းက ၿပီးခဲ့တဲ့လႊတ္ေတာ္မွာ ပါဝင္ခဲ့တဲ့ NLD ကိုယ္စားလွယ္တခ်ိဳ႕ရဲ႕ ခ်ိဳ႕ယြင္းခ်က္ေတြေပါ့။ အဲေတာ့ ႏိုင္ေတာ့ႏိုင္မယ္။ ၂၀၁၅ တုန္းကလို ၈၀ ရာခိုင္ႏႈန္းႏိုင္ခ်င္ရင္ က်ားကုတ္က်ားခဲလုပ္ရမယ္။ သို႔ေသာ္ အစိုးရဖြဲ႕ႏိုင္ေလာက္တဲ့အထိေတာ့ ႏိုင္ႏိုင္မယ္လို႔ က်ေနာ္မွန္းဆပါတယ္။”

ပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ႏိုင္ငံတကာတရား႐ုံး ICJ မွာ ဦးေဆာင္ခဲ့တာအပါအဝင္ အခုလို ကိုဗစ္ကာလမွာ က႑အသီးသီးကပုဂၢိဳလ္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးတဲ့ကိစၥေတြေၾကာင့္ လူထုရဲ႕ယုံၾကည္အားကိုးမႈ ပိုရလာလို႔ အခုလာမယ့္ေ႐ြးေကာက္ပြဲမွာလည္း NLD ႏိုင္မယ္လို႔ ခန႔္မွန္းထားေၾကာင္း သူကဆိုပါတယ္။

ဗဟိုေအာင္ႏိုင္ေရးအဖြဲ႕ကေန ကိုယ္စားလွယ္ေလာင္းေတြကို စိစစ္ေ႐ြးခ်ယ္ခဲ့တဲ့ ၂၀၁၅ တုန္းက က်င့္သုံးခဲ့တဲ့မူကို ခုတေခါက္မွာ မသုံးေတာ့ဘဲ ၿမိဳ႕နယ္၊ တိုင္းနဲ႔ ျပည္နယ္ အဆင့္ဆင့္ျဖတ္ေက်ာ္ၿပီးမွသာ ဗဟိုကိုေရာက္မယ့္ ကိုယ္စားလွယ္ေလာင္း စိစစ္တဲ့မူကို ဒီတေခါက္မွာ ေျပာင္းလဲထားတယ္လို႔သူက ေျပာပါတယ္။

အာဏာရပါတီအေနနဲ႔ ပါတီကိုယ္စားလွယ္ေလာင္း စိစစ္ေ႐ြးခ်ယ္တဲ့ေနရာမွာ ခြဲျခားမႈမရွိ တသားတည္းျဖစ္ဖို႔လိုတယ္လို႔ ႏိုင္ငံေရးသုံးသပ္သူ ေဒါက္တာရန္မ်ိဳးသိန္းက အခုလိုေျပာထားပါတယ္။

“လက္ရွိအခ်ိန္မွာ ဒီကိုယ္စားလွယ္ေလာင္းေ႐ြးခ်ယ္မႈနဲ႔ ပတ္သက္ၿပီးေတာ့ ပါတီတြင္းအစီအစဥ္နဲ႔ လုပ္ေဆာင္ေနတဲ့အခါက်ေတာ့ ျပင္ပမွာေပါ့ေလ သတင္းထုတ္ျပန္တာမ်ိဳးေတြ မေတြ႕ရတဲ့အခါက်ေတာ့ ၂၀၁၅ ထက္ ပိုၿပီးေတာ့ စည္းစနစ္က်တယ္ ပိုအားေကာင္း ပိုသာလြန္တယ္လို႔ သုံးသပ္ဖို႔ေတာ့ခက္ဦးမယ္။ သို႔ေသာ္လည္းပဲ ဒီ ၂၀၂၀ ေ႐ြးေကာက္ပြဲမတိုင္ခင္မွာေတာ့ ကိုယ္စားလွယ္ေလာင္းေတြကို ေက်ာသားရင္သား မခြဲျခားဘဲနဲ႔ ထိထိေရာက္ေရာက္ က်ယ္က်ယ္ျပန႔္ျပန႔္ ေ႐ြးခ်ယ္တင္ေျမႇာက္ႏိုင္ဖို႔က မျဖစ္မေန လိုအပ္ေနတယ္လို႔ ျမင္ပါတယ္။”

NLD ပါတီတြင္း လူထုယုံၾကည္မႈ အမ်ားဆုံးရထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ ေကာ့မႉးမဲဆႏၵနယ္မွာ ဝင္ေရာက္ယွဥ္ၿပိဳင္မလားဆိုတာနဲ႔ ပတ္သက္ၿပီးေတာ့ ပါတီတြင္းေျပာေရးဆိုခြင့္ရွိသူေတြလည္း အတိအက် မသိေသးဘူးလို႔ ဆိုပါတယ္။

“ပထမအဆင့္က ၿမိဳ႕နယ္ကၿပီးတာနဲ႔ တိုင္းကိုတက္မွာ။ တိုင္းကေန တခါထပ္စိစစ္ၿပီးမွ ဗဟိုကိုေရာက္မွာဗ်။ အဲဒါေၾကာင့္ က်ေနာ္တို႔ ဗဟိုအေနနဲ႔ ဒီဟာကို မသိႏိုင္ေသးဘူးဗ်။”

ဒါကေတာ့ NLD ျပန္ၾကားေရးေကာ္မတီ အတြင္းေရးမႉး မုံ႐ြာဦးေအာင္ရွင္ ေျပာသြားတာပါ။ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ကေတာ့ ၂၀၁၂၊ ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းကလို အခု ၂၀၂၀ ေ႐ြးေကာက္ပြဲမွာလည္း တာေမြၿမိဳ႕နယ္ကေန ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔အတြက္ အမည္စာရင္းေပးထားတယ္လို႔ ဆိုပါတယ္။

ေကာ့မႉးၿမိဳ႕နယ္ အမ်ိဳးုသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ဥကၠ႒ ျဖစ္သူ ဦးေအးသိန္းကေတာ့ အတိုင္ပင္ခံပုဂၢိဳလ္ အမည္စာရင္းတင္ မတင္ဆိုတာနဲ႔ ပတ္သက္ၿပီး ....

“ပါတီတြင္း ကိစၥေတြကို ဦးေလးတို႔ေျပာခြင့္မရွိဘူး။ အဲဒါေၾကာင့္ နည္းနည္းညည္းခံေပးပါေနာ္။ ေကာ္မရွင္က ထြက္မွ အတည္ျဖစ္မွာဆိုေတာ့ေလ အဘတို႔ေျပာတဲ့အခါမွာလည္း အမွားမွားအယြင္းယြင္း တလြဲေတြျဖစ္ရင္ မေကာင္းဘူးေပါ့။ အဲဒါေၾကာင့္မို႔လို႔ ေကာ္မရွင္အထြက္ကေလး နည္းနည္းေစာင့္လိုက္ပါေနာ္။”

ပါတီသဘာပတိျဖစ္သူ ဦးဝင္းထိန္ကေတာ့ အတိုင္ပင္ခံေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္မလားဆိုတာကို အခုလိုေျပာသြားပါတယ္။

“ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ ပတ္သက္လို႔ ေကာ့မႉးမွာေ႐ြးေကာက္ပြဲဝင္ မဝင္ဆိုတာကေတာ့ က်ေနာ္တို႔ေျပာလို႔မျဖစ္ႏိုင္တဲ့ ကိစၥ ဒါတခ်က္။ ေနာက္တခ်က္က ဥပေဒေၾကာင္းအရ ၾကည့္မယ္ဆိုရင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ဆိုတဲ့ ရာထူးဟာ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္မွ လုပ္ခြင့္ရွိမွာလား။ လႊတ္ေတာ္ကိုယ္စားလွယ္ မဟုတ္လည္း တင္ေျမႇာက္ခြင့္ ရွိသလားဆိုတဲ့ ဥပေဒအေၾကာင္းအရာေတြလည္း စဥ္းစားစရာရွိပါတယ္။”

သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္း အမည္စာရင္းတင္သြင္းတာကို မေန႔က အၿပီးသတ္ခဲ့တာပါ။ ဘယ္သူေတြကို ေ႐ြးခ်ယ္သြားမလဲဆိုတာကေတာ့ အဆင့္ဆင့္စိစစ္ရမွာျဖစ္လို႔ ေ႐ြးေကာက္ပြဲဝင္မယ့္ ပါတီကိုယ္စားလွယ္စာရင္းကို ဇြန္လကုန္မွသာ ဗဟိုေကာ္မတီက သိရမယ္လို႔ ဆိုပါတယ္။

စုစု  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/myanmar-election-nld/5464767.html
NLD ရွေးကောက်ပွဲ ပြင်ဆင်မှုနဲ့ အလားအလာ NLD ရွေးကောက်ပွဲ ပြင်ဆင်မှုနဲ့ အလားအလာ Reviewed by THITHTOOLWIN on 03:15 Rating: 5
Powered by Blogger.