“”တာဝန်ကိုယ်စီ ရှိကြသည်””


(Unicode)⤵⤵⤵

အညာသား

ယခုတလော Social Media ပေါ်တွင် မြို့မိ မြို့ဖ ရွေးချယ်ခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ခြင်းနှင့်ပတ်သက်၍ လည်းကောင်း တင်ထားသော Post များကို မြင်ရတွေ့ရ ဖတ်ရှုနေရပါတယ်။ ၂ဝ၂ဝ ရွေးကောက်ပွဲကို ပြည်သူ လူထု စိတ်ဝင်တစားရှိလာသည်ဟု ကောက်ချက်စွဲနိုင်ပါတယ်။ ၂ဝ၂ဝရွေးကောက်ပွဲကို စိတ်ဝင် တစားဖြစ်လာတဲ့အတွက် ဆန္ဒမဲပေးလာနိုင်မယ့်အရေအတွက် တိုးလာနိုင် သည်ဟု ယူဆနိုင်ပါတယ်။

 ဆန္ဒမဲပေးသူ အရေအတွက်တိုးလာခြင်းဟာ နိုင်ငံ့အရေးကို ပိုမိုစိတ်ဝင်စားလာသည်ဟု ယူဆလာနိုင်သဖြင့် ကောင်းတဲ့အချက်တစ်ချက်ဖြစ်ပါ တယ်။ ဆန္ဒမဲပေးပိုင်ခွင့်ဟာ နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်ဖြစ်သည့်အတွက် မိမိ၏ရပိုင်ခွင့်ကို အသုံးချခြင်းဟာ ဒီမိုကရေစီ အတွက် အရေးပါလှပါတယ်။ နိုင်ငံတော်အာဏာသည် ပြည်သူ့ထံမှ ဆင်းသက်သည်ဟူသော အချက်ကို ထောက်ခံအားပေး နေသကဲ့သို့ ဖြစ်ပါတယ်။ အနိုင်ရပါတီအနေဖြင့် အစိုးရဖွဲ့သည့်အခါ ပြည်သူ၏ Mandate ကို ရသကဲ့သို့ ဖြစ်စေပါတယ်။

သတိထားစေချင်ပါတယ်

အမျိုးသားဒီမိုကရေစီအဖွဲကချုပ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို အဆင့်(၃)ဆင့် ပြုလုပ်ထားသည်ကို တွေ့ရမှာဖြစ်ပါတယ်။ ပထမအဆင့်အနေဖြင့် မြို့နယ်မှ မြို့မိမြို့ဖနှင့် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့များက ရွေးချယ်ကြ မှာဖြစ်ပါတယ်။ ဒီအဆင့်မှာ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်လောင်းများကို တိုင်းဒေသကြီး/ပြည်နယ် အလုပ်အမှုဆောင်များ က ထပ်မံစိစစ်ရွေးချယ်ဦးမှာ ဖြစ်ပါတယ်။ ဤကဲ့သို့ ထပ်မံစိစစ်ရခြင်းမှာ ဘက်လိုက်မှု ကင်းစေရန် အုပ်စုဖွဲ့ရွေးချယ်ခြင်းမှ ကင်းဝေးစေရန်အတွက် ဖြစ်ပါတယ်။

ဒါကြောင့်မို့လည်း ကိုယ်စားလှယ်လောင်းလျှောက်သူများ၏ ကိုယ်ရေးရာဇဝင် အချက် အလက်များကို တိုင်းဒေသကြီး/ပြည်နယ် အလုပ်အမှုဆောင်များသို့ ပေးပို့ရန် ညွှန်ကြားခဲ့ပြီးဖြစ်ပါတယ်။ တစ်ဖန် တိုင်းဒေသ ကြီး/ ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့များမှ ထပ်မံစိစစ် ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများကို ဗဟို ရွေးချယ်ရေးအဖွဲ့သို့ ပေးပို့၍လည်း ညွှန်ကြားထားပြီး ဖြစ်ပါတယ်။

 ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အတည်ပြုပြီးမှသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဖြင့် ၂ဝ၂ဝ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ မြို့နယ်က ရွေးချယ်လိုက်တာနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်း မဖြစ်သေး ပါ။ ဤကဲ့သို့  မြို့နယ်အဆင့်တွင်ပင် Social Media ပေါ် တင်လိုက်ခြင်းဟာ မလိုအားအပ်တဲ့အရာများ ဖြစ်ပေါ်နိုင်ပါတယ်။

ဥပမာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းပဲဆိုပြီး အန္တရာယ်ပြုမှုများ၊ လူမှုရေးတိုက်ခိုက်မှု များ ဖြစ်ပေါ်လာနိုင်သဖြင့် သတိထား ရှောင်ရှားသင့်သည်ဟု အကြံပြုလိုပါတယ်။

လူမှန်နေရာမှန် ဖြစ်စေချင်ပါတယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းအတွက် အဆင့်(၃)ဆင့် ပြုလုပ်ထားရခြင်းမှာ နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မည့်သူများကို ရရှိလို ခြင်းကြောင့် ဖြစ်ပါတယ်။ ၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲဟာ ဒီမိုကရေစီ မျိုးစေ့ကို ချပေးတဲ့ ရွေးကောက်ပွဲအဖြစ် သတ်မှတ်မယ် ဆို သတ်မှတ်နိုင်ပါတယ်။ ယခုအခါ ဒီမိုကရေစီ အပင်ပေါက်ကလေးအဖြစ် ရှင်သန်နေပြီဖြစ်ပါတယ်။ ဤအပင်ပေါက် ကလေးကနေ၍ ဆက်လက်ရှင်သန်ဖွံ့ဖြိုးပြီး အသီးအပွင့်များ ထွက်ပေါ်လာစေရန် ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါတယ်။ ၂ဝ၂ဝ ရွေးကောက်ပွဲဟာ ဒီမိုကရေစီဥယျာဉ်မှူးများ အမှန်တကယ်လိုအပ်နေပါတယ်။ ဒါ့ကြောင့် ၂ဝ၂ဝ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအတွက် အလွန်အရေးကြီးလှပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိဖို့လည်း အထူးလိုအပ်လှပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရရှိမှလည်း ပြုစုပျိုးထောင်ခဲ့တဲ့ ဒီမိုကရေစီ အပင်ပေါက် ကလေးကို အသီးအပွင့်များ ဝေဆာလာအောင် ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။ ပြည်သူလူထုက ဒီမိုကရေစီ ဥယျာဉ်မှူးများကို ရွေးချယ်တာဝန်ပေးအပ်မှာမို့ ပြည်သူလက်သင့်ခံနိုင်သည့်၊ ပြည်သူယုံကြည်သည့် ကိုယ်စားလှယ်လောင်း များ ဖြစ်ဖို့ရာ အလွန့်အလွန် အရေးပါလှပါတယ်။ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခြင်းဟာ အရေးပါလှသည့်အတွက် အဆင့်(၃)ဆင့်အား ရွေးချယ်ရခြင်းဖြစ်ပါတယ်။

 ဒါ့ကြောင့် ကိုယ်စားလှယ်လောင်းများကို လူမှန်နေရာမှန် ရွေးချယ်ပေးနိုင်ရန် အခြေခံအကျဆုံးဖြစ်သည့် မြို့နယ်များတွင် မြို့မိမြို့ဖများကို ထည့်သွင်းထားရခြင်းဖြစ်ပါတယ်။ အကယ်၍များ မြို့နယ်များက သူ့လူ၊ ကိုယ့်လူ ဘက်လိုက်မှုများရှိ၍ ရွေးချယ်ခဲ့ပါက စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်ကာ NLD အတွင်း ညီညွတ်မှုများ ပျက်ပြား ကာ အောင်နိုင်ရေးအတွက် ထိခိုက်နိုင်ပါတယ်။ NLD အောင်နိုင်ရေး ထိခိုက်ပါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပင်ပေါက် ကလေးကိုပါ သက်ရောက်မှုများ ရောက်ရှိသွား နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခြင်းဟာ နိုင်ငံတော်အတွက်သာမက ဒီမိုကရေစီအတွက်ပါ သက်ရောက်မှုများရှိနိုင်သဖြင့် လူမှန်နေရာမှန် ဖြစ်စေလိုခြင်း ဖြစ်ပါတယ်။

ပြည်သူတွေက စောင့်ကြည့်နေကြတယ်

၂ဝ၂ဝ ရွေးကောက်ပွဲဟာ ၂ဝ၁၅ ရွေးကောက်ပွဲကို ပြည်သူတွေဟာ ပါတီတစ်ခုတည်းကို ကြည့်ပြီး မဲပေးမှာ မဟုတ်တော့ပါ ဘူး။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီး ရပ်တည်နေတာဖြစ်ပါတယ်။ ဟုတ်တယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြိုင်ဘက်မရှိ နိုင်ငံရေးခေါင်းဆောင် ကောင်းတစ်ယောက်ဖြစ်တယ်။ ပြည်သူလူအရေး၊ နိုင်ငံ့ အရေးနဲ့ ဒီမိုကရေစီအရေးကို အမြဲတမ်းစဉ်းစားပြီး ကိုယ်ကျိုးမဖတ်ဘဲ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ပြည်သူလူထုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာတစ်ခုတည်းကို ကြည့်ပြီး ၂ဝ၁၅ ခုနှစ်မှာ အမျိုးသား  ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ခေါင်းဆောင်ကောင်း တစ်ယောက် ရရှိထားတဲ့ အခွင့်အရေးကို လက်လွတ် ခံလို့ မဖြစ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေဟာ မိမိကိုယ်တိုင် နောက်လိုက်ကောင်းများအဖြစ် တည်ဆောက်ပြီး ခေါင်းဆောင်ကောင်း၏ ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်များကို လိုက်နာကျင့်သုံးပြီး နိုင်ငံနှင့် ပြည်သူလူထု၏ အကျိုးစီးပွားအတွက်၊ ဒီမိုကရေစီရေးအတွက် ပေးဆပ်တည်ဆောက်သူများဖြစ်ဖို့ရာ အလွန်အရေးကြီးလှပါတယ်။

 ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ပြည်သူလူထုဟာ ပါတီတစ်ခုတည်းကို ကြည့်မှာ မဟုတ်ဘဲ ကိုယ်စားလှယ်လောင်း၏ အရည်အသွေး၊ အရည်အချင်းများကို ကြည့်မယ်လို့ ထုတ်ဖော်ပြောကြား ထားပြီးဖြစ်ပါတယ်။ ဒီထုတ်ဖော်ပြောကြားထားမှုကို လစ်လျူပြုလို့ မရပါဘူး။ အလေးအနက်သဘောထားပြီး ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဒီတာဝန်ကို အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် အဆင့်ဆင့်တိုင်းက ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မြို့နယ်ကလည်း မြို့နယ်အလိုက်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်ကလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက်၊ ဗဟိုကလည်း ဗဟိုအလိုက် အဆင့်ဆင့် ဒီမိုကရေစီဥယျာဉ်မှူးများကို ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် ပြည်သူ၏ ယုံကြည်မှုကို ရရှိမှာ ဖြစ်ပါတယ်။ ပြည်သူသာအမိ၊ ပြည်သူသာ အဖဆိုပြီး ကြွေးကြော်နေရုံနှင့်မပြီးပါ။ ပြည်သူယုံကြည်သော သားလိမ္မာ၊ သမီးလိမ္မာများဖြစ်အောင် တစ်နည်း ဒီမိုကရေစီ ဥယျာဉ်မှူး များဖြစ်အောင် ကြိုးပမ်းကြစေလိုပါတယ်။

တာဝန်ကိုယ်စီ ရှိသင့်သည်၊ ရှိလည်းရှိရမည်

ဒီမိုကရေစီရှင်သန်ဖို့ဆိုတာ ပါတီဝင်တွေ အားကောင်းမောင်းသန်ဖြစ်ဖို့ အရေးကြီးပါတယ်။ ပါတီ အားကောင်းမောင်းသန် ဖြစ်ဖို့ဆိုတာ ပါတီဝင်တွေရဲ့ အရည်အသွေး၊ အရည်အချင်းတွေပေါ်မှာ အများကြီး မူတည်ပါတယ်။ ပါတီဝင်ဆိုတာက အဆင့်တွေသာ ကွဲသွားမှာပါ။ အဓိပ္ပာယ်က အတူတူပါပဲ။ ဆိုလိုချင်တာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရည်မှန်းချက် ပန်းတိုင်တူတဲ့ ပါတီဝင်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ပြောချင်တဲ့ အဓိပ္ပာယ်ကတော့ ရပ်ကွက်/ကျေးရွာမှာရှိတဲ့ NLD ပါတီဝင်နဲ့၊ ဗဟိုအဆင့်မှာရှိတဲ့ ပါတီဝင်ဟာ အခြေခံအားဖြင့် အတူတူပါပဲ။ အဆင့်တိုင်း၊ အဆင့်တိုင်းမှာရှိတဲ့ ပါတီဝင်များဟာ အရေးကြီး ကြပါတယ်။ အားလုံးဟာ NLD ရဲ့ မူဝါဒလမ်းစဉ်များကို လိုက်နာကျင့်သုံးပါမည်ဟု ကတိကဝတ်ခံပြီး ပါတီကို ခိုင်မာအောင် တည်ဆောက်ရင်း ဒီမိုကရေစီကို ရှင်သန်အောင် လုပ်နေကြပါတယ်။ဒါကြောင့် NLD ပါတီကြီး သန်မာပြီး ရေရှည်တည်တံ့ ခိုင်မြဲအောင် (Strong Sustainable) ပါတီဝင်တိုင်းမှာ တာဝန်ရှိနေပါတယ်။ ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီကျင့်စဉ်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါနေပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲများရှိနေခြင်းဟာ နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီ ရှိနေခြင်းကို ပြဆိုနေခြင်းဖြစ်ပါတယ်။ NLD ပါတီဟာ ၁၉၉ဝ မှာလည်း သောင်ပြိုကမ်းပြိုနိုင်ခဲ့ပြီး ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း နိုင်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်လောက်တဲ့အထိ အနိုင်ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါဟာ NLD ပါတီကို ပြည်သူတွေက ဘယ်လောက်ထိ မျှော်လင့်ခဲ့သလဲ၊ ဘယ်လောက်ထိ ယုံကြည်ခဲ့သလဲဆိုတာ သက်သေပြနေပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေရဲ့ မျှော်လင့်ချက်၊ ယုံကြည်မှုကို NLD အနေနဲ့ အလေးထားပြီး တိုင်းကျိုး၊ ပြည်ကျိုး၊ နိုင်ငံ့အကျိုးကို အရိုး ကျေကျေ အရေခမ်းခမ်း လုပ်ဆောင်ပေးရမှာ NLD ပါတီဝင်တိုင်းရဲ့ တာဝန်ဖြစ် ပါတယ်။ ငါနဲ့ ငါ့လူတွေ၊ ငါ့ကိုယ်စားလှယ် လောင်းတွေ ဆိုတဲ့အတွေးနဲ့ လုပ်ကိုင်ခဲ့မယ်ဆိုရင် ဒီမိုကရေစီခရီး အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။

၂ဝ၂ဝ ရွေးကောက်ပွဲကို အစိုးရဖွဲ့နိုင်လောက်တဲ့အထိ အနိုင်ရဖို့ အရေးတကြီး လိုအပ်ပါတယ်။ ပြည်သူက မဲပေးရွေးချယ် ကြမှာပါ။ ဒါ့ကြောင့်မို့ ပြည်သူတွေ အထင်လွဲစေမဲ့၊ မျက်စိဆံပင်မွှေး စူးစေမဲ့၊ ပြည်သူတွေ အမြင်ကပ်စေမဲ့ အပြုအမူ၊ အပြောအဆိုမျိုးကို တတ်နိုင်သမျှ အထူးဂရုပြု ရှောင်ကျဉ်ကြရပါလိမ့်မယ်။ ကိုယ်စားလှယ်လောင်းတွေဟာလည်း ပြည်သူ တွေရဲ့ ယုံကြည်မှုကို ရရှိဖို့ အရေးကြီးလှပါတယ်။ ပြည်သူတွေ ဘက်ကလည်း (ငါတို့ မဲပေးရမယ့် ကိုယ်စားလှယ်လောင်းက ငါတို့ရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာလား၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးအတွက် အားကိုးရမှာလား၊ ပေတံ တွေနဲ့ တိုင်းတာကြာတော့မှာ  ဖြစ်ပါတယ်) ပြည်သူတွေ အကဲဖြတ်နိုင်ဖို့ ကိုယ်စားလှယ်လောင်းကိုယ်စား ရပ်ကွက်/ကျေးရွာ NLD အဖွဲ့ဝင် များ၊ မြို့နယ် NLD အဖွဲ့ဝင်များ၊ ခရိုင် NLD အဖွဲ့ဝင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး NLDအဖွဲ့ဝင်များက ဝိုင်းဝန်း၍ ပြည်သူတွေထံ တင်ပြကြရမှာဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် NLD အဖွဲ့ဝင်အားလုံး စိတ်ဝမ်းမကွဲဘဲ၊ သွေးမကွဲဘဲ၊ စည်းစည်းလုံးလုံး ဆောင်ရွက်ပေးဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိသာနေပါတယ်။ ကျားဆွဲတာကို လည်း မခံပါနဲ့၊ ဟင်္သာကိုးသောင်းပျက်တဲ့ဇာတ်ကိုလည်း မခင်းကြပါနဲ့။ ဒီအသိလေးကို ရင်မှာပိုက်ပြီး ၂ဝ၂ဝ ရွေးကောက်ပွဲ ကို ဝင်ဖို့ လိုပါတယ်။

ရည်ရွယ်ချက်များ ပေါက်မြောက်ဖို့ ငါတို့ကြိုးစားစို့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်ရခြင်းရဲ့ ရည်ရွယ်ချက်ထဲမှာ ''အများပြည်သူတို့၏ ဆန္ဒနဲ့ကိုက်ညီ၍ အခြေခံ လူ့အခွင့်အရေးများကို အာမခံမည့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော် ဖြစ်ပေါ်လာစေရန်'' ဆိုသည့် ရည်ရွယ်ချက် ပါရှိပါတယ်။ ဒါ့အပြင် ''နောင်ခေတ်အဆက်ဆက်၌ မြန်မာနိုင်ငံသည် ပြည်သူလူထုဆန္ဒနှင့်အညီ ဒီမိုကရေစီ ပြည်ထောင်စု ကြီးအဖြစ် တည်ထွန်းစေရန်'' ... ''အာဏာရှင်ဆန်၍ ပြည်သူလူထုကို ဖိစီး နှိပ်စက်မည့် နိုင်ငံရေးစနစ်မျိုး မည်သည့်အခါမျှ ပေါ်ပေါက်ခြင်း မရှိစေရေးအတွက် လုပ်ကိုင်ဆောင်ရွက်သွားရန်''
ဒီရည်ရွယ်ချက်တွေကို ပေါက်မြောက် အကောင်အထည်ဖော်ရန် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ NLD အနိုင်ရဖို့ အထူးလိုအပ်ပါ တယ်။

 ၂ဝ၂ဝ ရွေးကောက်ပွဲဟာ စိန်ခေါ်မှု ကြီးမားပါလိမ့်မယ်။ ခက်ခဲပါလိမ့်မယ်။ အဖွဲ့ဝင်တွေအနေနဲ့ အလွယ်တကူ အနိုင်ရမယ်လို့ မထင်လိုက်ကြပါနဲ့။ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲဝင်စဉ်ကထက် ပိုမိုကြိုးစားရပါလိမ့်မယ်။ ပိုမိုစည်းလုံးရ ပါလိမ့်မယ်။  ပြည်သူနဲ့လည်း ပိုမိုထိတွေ့ရပါလိမ့်မယ်။ အိမ်တိုင်ရာ ရောက် ပိုမိုသွားရပါလိမ့်မယ်။ ဒီအချက်တွေကို အလေး ဂရုပြုရင်းနဲ့ ၂ဝ၂ဝ အထွေ ထွေရွေးကောက်ပွဲမှာ အောင်မြင်အောင် ကြိုးပမ်းကြပါလို့ တိုက်တွန်းနှိုး ဆော်လိုက်ပါရစေ။

အညာသား
The Mandalay News Journal
--------------------------------------------
(Zawgyi)⤵⤵⤵
“”တာဝန္ကိုယ္စီ ရွိၾကသည္””

အညာသား

ယခုတေလာ Social Media ေပၚတြင္ ၿမိဳ႕မိ ၿမိဳ႕ဖ ေ႐ြးခ်ယ္ျခင္းႏွင့္ပတ္သက္၍လည္းေကာင္း၊ လႊတ္ေတာ္ကိုယ္စားလွယ္ ေ႐ြးခ်ယ္ျခင္းႏွင့္ပတ္သက္၍ လည္းေကာင္း တင္ထားေသာ Post မ်ားကို ျမင္ရေတြ႕ရ ဖတ္ရႈေနရပါတယ္။ ၂ဝ၂ဝ ေ႐ြးေကာက္ပြဲကို ျပည္သူ လူထု စိတ္ဝင္တစားရွိလာသည္ဟု ေကာက္ခ်က္စြဲႏိုင္ပါတယ္။ ၂ဝ၂ဝေ႐ြးေကာက္ပြဲကို စိတ္ဝင္ တစားျဖစ္လာတဲ့အတြက္ ဆႏၵမဲေပးလာႏိုင္မယ့္အေရအတြက္ တိုးလာႏိုင္ သည္ဟု ယူဆႏိုင္ပါတယ္။ ဆႏၵမဲေပးသူ အေရအတြက္တိုးလာျခင္းဟာ ႏိုင္ငံ့အေရးကို ပိုမိုစိတ္ဝင္စားလာသည္ဟု ယူဆလာႏိုင္သျဖင့္ ေကာင္းတဲ့အခ်က္တစ္ခ်က္ျဖစ္ပါ တယ္။ ဆႏၵမဲေပးပိုင္ခြင့္ဟာ ႏိုင္ငံသားတစ္ဦး၏ ရပိုင္ခြင့္ျဖစ္သည့္အတြက္ မိမိ၏ရပိုင္ခြင့္ကို အသုံးခ်ျခင္းဟာ ဒီမိုကေရစီ အတြက္ အေရးပါလွပါတယ္။ ႏိုင္ငံေတာ္အာဏာသည္ ျပည္သူ႔ထံမွ ဆင္းသက္သည္ဟူေသာ အခ်က္ကို ေထာက္ခံအားေပး ေနသကဲ့သို႔ ျဖစ္ပါတယ္။ အႏိုင္ရပါတီအေနျဖင့္ အစိုးရဖြဲ႕သည့္အခါ ျပည္သူ၏ Mandate ကို ရသကဲ့သို႔ ျဖစ္ေစပါတယ္။

သတိထားေစခ်င္ပါတယ္

အမ်ိဳးသားဒီမိုကေရစီအဖြဲကခ်ဳပ္၏ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္မႈကို အဆင့္(၃)ဆင့္ ျပဳလုပ္ထားသည္ကို ေတြ႕ရမွာျဖစ္ပါတယ္။ ပထမအဆင့္အေနျဖင့္ ၿမိဳ႕နယ္မွ ၿမိဳ႕မိၿမိဳ႕ဖႏွင့္ ၿမိဳ႕နယ္အလုပ္အမႈေဆာင္အဖြဲ႕မ်ားက ေ႐ြးခ်ယ္ၾက မွာျဖစ္ပါတယ္။ ဒီအဆင့္မွာ ေ႐ြးခ်ယ္ခံရတဲ့ ကိုယ္စားလွယ္ေလာင္းမ်ားကို တိုင္းေဒသႀကီး/ျပည္နယ္ အလုပ္အမႈေဆာင္မ်ား က ထပ္မံစိစစ္ေ႐ြးခ်ယ္ဦးမွာ ျဖစ္ပါတယ္။ ဤကဲ့သို႔ ထပ္မံစိစစ္ရျခင္းမွာ ဘက္လိုက္မႈ ကင္းေစရန္ အုပ္စုဖြဲ႕ေ႐ြးခ်ယ္ျခင္းမွ ကင္းေဝးေစရန္အတြက္ ျဖစ္ပါတယ္။

ဒါေၾကာင့္မို႔လည္း ကိုယ္စားလွယ္ေလာင္းေလွ်ာက္သူမ်ား၏ ကိုယ္ေရးရာဇဝင္ အခ်က္ အလက္မ်ားကို တိုင္းေဒသႀကီး/ျပည္နယ္ အလုပ္အမႈေဆာင္မ်ားသို႔ ေပးပို႔ရန္ ၫႊန္ၾကားခဲ့ၿပီးျဖစ္ပါတယ္။ တစ္ဖန္ တိုင္းေဒသ ႀကီး/ ျပည္နယ္အလုပ္အမႈေဆာင္အဖြဲ႕မ်ားမွ ထပ္မံစိစစ္ ေ႐ြးခ်ယ္ထားသည့္ ကိုယ္စားလွယ္ေလာင္းမ်ားကို ဗဟို ေ႐ြးခ်ယ္ေရးအဖြဲ႕သို႔ ေပးပို႔၍လည္း ၫႊန္ၾကားထားၿပီး ျဖစ္ပါတယ္။

 ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕က အတည္ျပဳၿပီးမွသာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၏ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ျဖင့္ ၂ဝ၂ဝ ေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။ ၿမိဳ႕နယ္က ေ႐ြးခ်ယ္လိုက္တာနဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၏ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း မျဖစ္ေသး ပါ။ ဤကဲ့သို႔  ၿမိဳ႕နယ္အဆင့္တြင္ပင္ Social Media ေပၚ တင္လိုက္ျခင္းဟာ မလိုအားအပ္တဲ့အရာမ်ား ျဖစ္ေပၚႏိုင္ပါတယ္။

ဥပမာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းပဲဆိုၿပီး အႏၲရာယ္ျပဳမႈမ်ား၊ လူမႈေရးတိုက္ခိုက္မႈ မ်ား ျဖစ္ေပၚလာႏိုင္သျဖင့္ သတိထား ေရွာင္ရွားသင့္သည္ဟု အႀကံျပဳလိုပါတယ္။

လူမွန္ေနရာမွန္ ျဖစ္ေစခ်င္ပါတယ္

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၏ ၂ဝ၂ဝ ေ႐ြးေကာက္ပြဲအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္ျခင္းအတြက္ အဆင့္(၃)ဆင့္ ျပဳလုပ္ထားရျခင္းမွာ ႏိုင္ငံေတာ္ႏွင့္ ျပည္သူလူထု၏ အက်ိဳးစီးပြားကို ေဖာ္ေဆာင္ေပးႏိုင္မည့္သူမ်ားကို ရရွိလို ျခင္းေၾကာင့္ ျဖစ္ပါတယ္။ ၂ဝ၁၅ခုႏွစ္ ေ႐ြးေကာက္ပြဲဟာ ဒီမိုကေရစီ မ်ိဳးေစ့ကို ခ်ေပးတဲ့ ေ႐ြးေကာက္ပြဲအျဖစ္ သတ္မွတ္မယ္ ဆို သတ္မွတ္ႏိုင္ပါတယ္။ ယခုအခါ ဒီမိုကေရစီ အပင္ေပါက္ကေလးအျဖစ္ ရွင္သန္ေနၿပီျဖစ္ပါတယ္။ ဤအပင္ေပါက္ ကေလးကေန၍ ဆက္လက္ရွင္သန္ဖြံ႕ၿဖိဳးၿပီး အသီးအပြင့္မ်ား ထြက္ေပၚလာေစရန္ ျပဳစုပ်ိဳးေထာင္ေပးရန္ လိုအပ္ပါတယ္။ ၂ဝ၂ဝ ေ႐ြးေကာက္ပြဲဟာ ဒီမိုကေရစီဥယ်ာဥ္မႉးမ်ား အမွန္တကယ္လိုအပ္ေနပါတယ္။ ဒါ့ေၾကာင့္ ၂ဝ၂ဝ ေ႐ြးေကာက္ပြဲဟာ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီအတြက္ အလြန္အေရးႀကီးလွပါတယ္။

ဒါ့အျပင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အႏိုင္ရရွိဖို႔လည္း အထူးလိုအပ္လွပါတယ္။ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ အႏိုင္ရရွိမွလည္း ျပဳစုပ်ိဳးေထာင္ခဲ့တဲ့ ဒီမိုကေရစီ အပင္ေပါက္ ကေလးကို အသီးအပြင့္မ်ား ေဝဆာလာေအာင္ ေဆာင္႐ြက္ေပးႏိုင္မွာျဖစ္ပါတယ္။ ျပည္သူလူထုက ဒီမိုကေရစီ ဥယ်ာဥ္မႉးမ်ားကို ေ႐ြးခ်ယ္တာဝန္ေပးအပ္မွာမို႔ ျပည္သူလက္သင့္ခံႏိုင္သည့္၊ ျပည္သူယုံၾကည္သည့္ ကိုယ္စားလွယ္ေလာင္း မ်ား ျဖစ္ဖို႔ရာ အလြန႔္အလြန္ အေရးပါလွပါတယ္။ ကိုယ္စားလွယ္ေလာင္းမ်ား ေ႐ြးခ်ယ္ျခင္းဟာ အေရးပါလွသည့္အတြက္ အဆင့္(၃)ဆင့္အား ေ႐ြးခ်ယ္ရျခင္းျဖစ္ပါတယ္။

 ဒါ့ေၾကာင့္ ကိုယ္စားလွယ္ေလာင္းမ်ားကို လူမွန္ေနရာမွန္ ေ႐ြးခ်ယ္ေပးႏိုင္ရန္ အေျခခံအက်ဆုံးျဖစ္သည့္ ၿမိဳ႕နယ္မ်ားတြင္ ၿမိဳ႕မိၿမိဳ႕ဖမ်ားကို ထည့္သြင္းထားရျခင္းျဖစ္ပါတယ္။ အကယ္၍မ်ား ၿမိဳ႕နယ္မ်ားက သူ႔လူ၊ ကိုယ့္လူ ဘက္လိုက္မႈမ်ားရွိ၍ ေ႐ြးခ်ယ္ခဲ့ပါက စိတ္ဝမ္းကြဲမႈမ်ား ျဖစ္ေပၚကာ NLD အတြင္း ညီၫြတ္မႈမ်ား ပ်က္ျပား ကာ ေအာင္ႏိုင္ေရးအတြက္ ထိခိုက္ႏိုင္ပါတယ္။ NLD ေအာင္ႏိုင္ေရး ထိခိုက္ပါက ျမန္မာႏိုင္ငံ၏ ဒီမိုကေရစီ အပင္ေပါက္ ကေလးကိုပါ သက္ေရာက္မႈမ်ား ေရာက္ရွိသြား ႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္စားလွယ္ေလာင္းမ်ား ေ႐ြးခ်ယ္ျခင္းဟာ ႏိုင္ငံေတာ္အတြက္သာမက ဒီမိုကေရစီအတြက္ပါ သက္ေရာက္မႈမ်ားရွိႏိုင္သျဖင့္ လူမွန္ေနရာမွန္ ျဖစ္ေစလိုျခင္း ျဖစ္ပါတယ္။

ျပည္သူေတြက ေစာင့္ၾကည့္ေနၾကတယ္

၂ဝ၂ဝ ေ႐ြးေကာက္ပြဲဟာ ၂ဝ၁၅ ေ႐ြးေကာက္ပြဲကို ျပည္သူေတြဟာ ပါတီတစ္ခုတည္းကို ၾကည့္ၿပီး မဲေပးမွာ မဟုတ္ေတာ့ပါ ဘူး။ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ဟာ ေဒၚေအာင္ဆန္းစုၾကည္ကို ဗဟိုျပဳၿပီး ရပ္တည္ေနတာျဖစ္ပါတယ္။ ဟုတ္တယ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ၿပိဳင္ဘက္မရွိ ႏိုင္ငံေရးေခါင္းေဆာင္ ေကာင္းတစ္ေယာက္ျဖစ္တယ္။ ျပည္သူလူအေရး၊ ႏိုင္ငံ့ အေရးနဲ႔ ဒီမိုကေရစီအေရးကို အၿမဲတမ္းစဥ္းစားၿပီး ကိုယ္က်ိဳးမဖတ္ဘဲ ေဆာင္႐ြက္ေနတာျဖစ္ပါတယ္။ ျပည္သူလူထုဟာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ မ်က္ႏွာတစ္ခုတည္းကို ၾကည့္ၿပီး ၂ဝ၁၅ ခုႏွစ္မွာ အမ်ိဳးသား  ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကို မဲေပးခဲ့တာ ျဖစ္ပါတယ္။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဟာ ေခါင္းေဆာင္ေကာင္း တစ္ေယာက္ ရရွိထားတဲ့ အခြင့္အေရးကို လက္လြတ္ ခံလို႔ မျဖစ္ပါဘူး။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အဖြဲ႕ဝင္ေတြဟာ မိမိကိုယ္တိုင္ ေနာက္လိုက္ေကာင္းမ်ားအျဖစ္ တည္ေဆာက္ၿပီး ေခါင္းေဆာင္ေကာင္း၏ ခ်မွတ္ထားတဲ့ မူဝါဒလမ္းစဥ္မ်ားကို လိုက္နာက်င့္သုံးၿပီး ႏိုင္ငံႏွင့္ ျပည္သူလူထု၏ အက်ိဳးစီးပြားအတြက္၊ ဒီမိုကေရစီေရးအတြက္ ေပးဆပ္တည္ေဆာက္သူမ်ားျဖစ္ဖို႔ရာ အလြန္အေရးႀကီးလွပါတယ္။

 ၂ဝ၂ဝ ေ႐ြးေကာက္ပြဲမွာ ျပည္သူလူထုဟာ ပါတီတစ္ခုတည္းကို ၾကည့္မွာ မဟုတ္ဘဲ ကိုယ္စားလွယ္ေလာင္း၏ အရည္အေသြး၊ အရည္အခ်င္းမ်ားကို ၾကည့္မယ္လို႔ ထုတ္ေဖာ္ေျပာၾကား ထားၿပီးျဖစ္ပါတယ္။ ဒီထုတ္ေဖာ္ေျပာၾကားထားမႈကို လစ္လ်ဴျပဳလို႔ မရပါဘူး။ အေလးအနက္သေဘာထားၿပီး ျပင္ဆင္ဖို႔ လိုအပ္ပါတယ္။ ဒီတာဝန္ကို အမ်ိဳးသားဒီမို ကေရစီအဖြဲ႕ခ်ဳပ္ အဖြဲ႕ဝင္ အဆင့္ဆင့္တိုင္းက ေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။ ၿမိဳ႕နယ္ကလည္း ၿမိဳ႕နယ္အလိုက္၊ တိုင္းေဒသႀကီးနဲ႔ျပည္နယ္ကလည္း တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အလိုက္၊ ဗဟိုကလည္း ဗဟိုအလိုက္ အဆင့္ဆင့္ ဒီမိုကေရစီဥယ်ာဥ္မႉးမ်ားကို ေ႐ြးခ်ယ္ၾကရမွာ ျဖစ္ပါတယ္။ ဒါမွသာလွ်င္ ျပည္သူ၏ ယုံၾကည္မႈကို ရရွိမွာ ျဖစ္ပါတယ္။ ျပည္သူသာအမိ၊ ျပည္သူသာ အဖဆိုၿပီး ေႂကြးေၾကာ္ေန႐ုံႏွင့္မၿပီးပါ။ ျပည္သူယုံၾကည္ေသာ သားလိမၼာ၊ သမီးလိမၼာမ်ားျဖစ္ေအာင္ တစ္နည္း ဒီမိုကေရစီ ဥယ်ာဥ္မႉး မ်ားျဖစ္ေအာင္ ႀကိဳးပမ္းၾကေစလိုပါတယ္။

တာဝန္ကိုယ္စီ ရွိသင့္သည္၊ ရွိလည္းရွိရမည္

ဒီမိုကေရစီရွင္သန္ဖို႔ဆိုတာ ပါတီဝင္ေတြ အားေကာင္းေမာင္းသန္ျဖစ္ဖို႔ အေရးႀကီးပါတယ္။ ပါတီ အားေကာင္းေမာင္းသန္ ျဖစ္ဖို႔ဆိုတာ ပါတီဝင္ေတြရဲ႕ အရည္အေသြး၊ အရည္အခ်င္းေတြေပၚမွာ အမ်ားႀကီး မူတည္ပါတယ္။ ပါတီဝင္ဆိုတာက အဆင့္ေတြသာ ကြဲသြားမွာပါ။ အဓိပၸာယ္က အတူတူပါပဲ။ ဆိုလိုခ်င္တာက အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဟာ ရည္မွန္းခ်က္ ပန္းတိုင္တူတဲ့ ပါတီဝင္ေတြနဲ႔ ဖြဲ႕စည္းထားတာပါ။ ေျပာခ်င္တဲ့ အဓိပၸာယ္ကေတာ့ ရပ္ကြက္/ေက်း႐ြာမွာရွိတဲ့ NLD ပါတီဝင္နဲ႔၊ ဗဟိုအဆင့္မွာရွိတဲ့ ပါတီဝင္ဟာ အေျခခံအားျဖင့္ အတူတူပါပဲ။ အဆင့္တိုင္း၊ အဆင့္တိုင္းမွာရွိတဲ့ ပါတီဝင္မ်ားဟာ အေရးႀကီး ၾကပါတယ္။ အားလုံးဟာ NLD ရဲ႕ မူဝါဒလမ္းစဥ္မ်ားကို လိုက္နာက်င့္သုံးပါမည္ဟု ကတိကဝတ္ခံၿပီး ပါတီကို ခိုင္မာေအာင္ တည္ေဆာက္ရင္း ဒီမိုကေရစီကို ရွင္သန္ေအာင္ လုပ္ေနၾကပါတယ္။ဒါေၾကာင့္ NLD ပါတီႀကီး သန္မာၿပီး ေရရွည္တည္တံ့ ခိုင္ၿမဲေအာင္ (Strong Sustainable) ပါတီဝင္တိုင္းမွာ တာဝန္ရွိေနပါတယ္။ ေ႐ြးေကာက္ပြဲေတြဟာ ဒီမိုကေရစီက်င့္စဥ္မွာ အေရးႀကီးတဲ့ အခန္းက႑က ပါေနပါတယ္။ တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲမ်ားရွိေနျခင္းဟာ ႏိုင္ငံတစ္ႏိုင္ငံမွာ ဒီမိုကေရစီ ရွိေနျခင္းကို ျပဆိုေနျခင္းျဖစ္ပါတယ္။ NLD ပါတီဟာ ၁၉၉ဝ မွာလည္း ေသာင္ၿပိဳကမ္းၿပိဳႏိုင္ခဲ့ၿပီး ၂ဝ၁၂ ၾကားျဖတ္ ေ႐ြးေကာက္ပြဲမွာလည္း ႏိုင္ခဲ့ပါတယ္။ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ အစိုးရဖြဲ႕ႏိုင္ေလာက္တဲ့အထိ အႏိုင္ရရွိခဲ့ၿပီးျဖစ္ပါတယ္။ ဒါဟာ NLD ပါတီကို ျပည္သူေတြက ဘယ္ေလာက္ထိ ေမွ်ာ္လင့္ခဲ့သလဲ၊ ဘယ္ေလာက္ထိ ယုံၾကည္ခဲ့သလဲဆိုတာ သက္ေသျပေနပါတယ္။ ဒါေၾကာင့္မို႔ ျပည္သူေတြရဲ႕ ေမွ်ာ္လင့္ခ်က္၊ ယုံၾကည္မႈကို NLD အေနနဲ႔ အေလးထားၿပီး တိုင္းက်ိဳး၊ ျပည္က်ိဳး၊ ႏိုင္ငံ့အက်ိဳးကို အ႐ိုး ေက်ေက် အေရခမ္းခမ္း လုပ္ေဆာင္ေပးရမွာ NLD ပါတီဝင္တိုင္းရဲ႕ တာဝန္ျဖစ္ ပါတယ္။ ငါနဲ႔ ငါ့လူေတြ၊ ငါ့ကိုယ္စားလွယ္ ေလာင္းေတြ ဆိုတဲ့အေတြးနဲ႔ လုပ္ကိုင္ခဲ့မယ္ဆိုရင္ ဒီမိုကေရစီခရီး အလွမ္းေဝးေနဦးမွာ ျဖစ္ပါတယ္။

၂ဝ၂ဝ ေ႐ြးေကာက္ပြဲကို အစိုးရဖြဲ႕ႏိုင္ေလာက္တဲ့အထိ အႏိုင္ရဖို႔ အေရးတႀကီး လိုအပ္ပါတယ္။ ျပည္သူက မဲေပးေ႐ြးခ်ယ္ ၾကမွာပါ။ ဒါ့ေၾကာင့္မို႔ ျပည္သူေတြ အထင္လြဲေစမဲ့၊ မ်က္စိဆံပင္ေမႊး စူးေစမဲ့၊ ျပည္သူေတြ အျမင္ကပ္ေစမဲ့ အျပဳအမူ၊ အေျပာအဆိုမ်ိဳးကို တတ္ႏိုင္သမွ် အထူးဂ႐ုျပဳ ေရွာင္က်ဥ္ၾကရပါလိမ့္မယ္။ ကိုယ္စားလွယ္ေလာင္းေတြဟာလည္း ျပည္သူ ေတြရဲ႕ ယုံၾကည္မႈကို ရရွိဖို႔ အေရးႀကီးလွပါတယ္။ ျပည္သူေတြ ဘက္ကလည္း (ငါတို႔ မဲေပးရမယ့္ ကိုယ္စားလွယ္ေလာင္းက ငါတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္မွာလား၊ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီေရးအတြက္ အားကိုးရမွာလား၊ ေပတံ ေတြနဲ႔ တိုင္းတာၾကာေတာ့မွာ  ျဖစ္ပါတယ္) ျပည္သူေတြ အကဲျဖတ္ႏိုင္ဖို႔ ကိုယ္စားလွယ္ေလာင္းကိုယ္စား ရပ္ကြက္/ေက်း႐ြာ NLD အဖြဲ႕ဝင္ မ်ား၊ ၿမိဳ႕နယ္ NLD အဖြဲ႕ဝင္မ်ား၊ ခ႐ိုင္ NLD အဖြဲ႕ဝင္မ်ား၊ ျပည္နယ္ႏွင့္တိုင္းေဒသႀကီး NLDအဖြဲ႕ဝင္မ်ားက ဝိုင္းဝန္း၍ ျပည္သူေတြထံ တင္ျပၾကရမွာျဖစ္ပါတယ္။ ဒါကို ၾကည့္ျခင္းအားျဖင့္ NLD အဖြဲ႕ဝင္အားလုံး စိတ္ဝမ္းမကြဲဘဲ၊ ေသြးမကြဲဘဲ၊ စည္းစည္းလုံးလုံး ေဆာင္႐ြက္ေပးဖို႔ ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာ သိသာေနပါတယ္။ က်ားဆြဲတာကို လည္း မခံပါနဲ႔၊ ဟသၤာကိုးေသာင္းပ်က္တဲ့ဇာတ္ကိုလည္း မခင္းၾကပါနဲ႔။ ဒီအသိေလးကို ရင္မွာပိုက္ၿပီး ၂ဝ၂ဝ ေ႐ြးေကာက္ပြဲ ကို ဝင္ဖို႔ လိုပါတယ္။

ရည္႐ြယ္ခ်က္မ်ား ေပါက္ေျမာက္ဖို႔ ငါတို႔ႀကိဳးစားစို႔

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ထူေထာင္ရျခင္းရဲ႕ ရည္႐ြယ္ခ်က္ထဲမွာ ''အမ်ားျပည္သူတို႔၏ ဆႏၵနဲ႔ကိုက္ညီ၍ အေျခခံ လူ႔အခြင့္အေရးမ်ားကို အာမခံမည့္ စစ္မွန္ေသာ ဒီမိုကေရစီႏိုင္ငံေတာ္ ျဖစ္ေပၚလာေစရန္'' ဆိုသည့္ ရည္႐ြယ္ခ်က္ ပါရွိပါတယ္။ ဒါ့အျပင္ ''ေနာင္ေခတ္အဆက္ဆက္၌ ျမန္မာႏိုင္ငံသည္ ျပည္သူလူထုဆႏၵႏွင့္အညီ ဒီမိုကေရစီ ျပည္ေထာင္စု ႀကီးအျဖစ္ တည္ထြန္းေစရန္'' ... ''အာဏာရွင္ဆန္၍ ျပည္သူလူထုကို ဖိစီး ႏွိပ္စက္မည့္ ႏိုင္ငံေရးစနစ္မ်ိဳး မည္သည့္အခါမွ် ေပၚေပါက္ျခင္း မရွိေစေရးအတြက္ လုပ္ကိုင္ေဆာင္႐ြက္သြားရန္''
ဒီရည္႐ြယ္ခ်က္ေတြကို ေပါက္ေျမာက္ အေကာင္အထည္ေဖာ္ရန္ ၂ဝ၂ဝ ေ႐ြးေကာက္ပြဲမွာ NLD အႏိုင္ရဖို႔ အထူးလိုအပ္ပါ တယ္။

 ၂ဝ၂ဝ ေ႐ြးေကာက္ပြဲဟာ စိန္ေခၚမႈ ႀကီးမားပါလိမ့္မယ္။ ခက္ခဲပါလိမ့္မယ္။ အဖြဲ႕ဝင္ေတြအေနနဲ႔ အလြယ္တကူ အႏိုင္ရမယ္လို႔ မထင္လိုက္ၾကပါနဲ႔။ ၂ဝ၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲဝင္စဥ္ကထက္ ပိုမိုႀကိဳးစားရပါလိမ့္မယ္။ ပိုမိုစည္းလုံးရ ပါလိမ့္မယ္။  ျပည္သူနဲ႔လည္း ပိုမိုထိေတြ႕ရပါလိမ့္မယ္။ အိမ္တိုင္ရာ ေရာက္ ပိုမိုသြားရပါလိမ့္မယ္။ ဒီအခ်က္ေတြကို အေလး ဂ႐ုျပဳရင္းနဲ႔ ၂ဝ၂ဝ အေထြ ေထြေ႐ြးေကာက္ပြဲမွာ ေအာင္ျမင္ေအာင္ ႀကိဳးပမ္းၾကပါလို႔ တိုက္တြန္းႏႈိး ေဆာ္လိုက္ပါရေစ။

အညာသား
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal
“”တာဝန်ကိုယ်စီ ရှိကြသည်”” “”တာဝန်ကိုယ်စီ ရှိကြသည်”” Reviewed by THITHTOOLWIN on 02:45 Rating: 5
Powered by Blogger.