ဝန်ကြီးချုပ်အများစု ရွေးကောက်ပွဲပြန်ဝင်ဖို့ စာရင်းပေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီ အစည်းအဝေးတစ်ခုမှာ တိုင်းဒေသကြီးဝန်ကြီးချုပ် တချို့တက်ရောက်ကြစဉ်
(Unicode)⤵⤵⤵
ရန်ကုန်တိုင်းဝန်ကြီးချုပ်ကလွဲလို့ တိုင်းနဲ့ပြည်နယ်တွေက ဝန်ကြီးချုပ်အတော်များများဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ လက်ရှိ သူတို့မဲဆန္ဒနယ်တွေမှာ ပြန်ပြီး အရွေးခံဖို့ စာရင်းတွေ ပေးထားကြတယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်။

ရွေးကောက်ပွဲပြန်ဝင်မယ့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကတော့ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ကရင်၊ကချင်နဲ့ချင်း ပြည်နယ်နဲ့ တိုင်း ၈ ခုက ဖြစ်ပြီး ဒါကို ဝန်ကြီးချုပ်တချို့က အတည်ပြုသလို NLD ပါတီ မြို့နယ်အလုပ်အမှုဆောင်တွေကလည်း ဘီဘီစီကို အတည်ပြုပါတယ်။

သူတို့တွေဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အရင်အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်တွေကပဲ ပြန်ဝင်ဖို့ ပါတီကို လျှောက်ထားခဲ့ကြတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ကတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကျန်းမာရေးကြောင့် ဝင်ပြိုင်တော့မှာ မဟုတ် ဘူးလို့ သတင်းမီဒီယာ တချို့ကို ထုတ်ပြောထားပါတယ်။

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကတော့ သူရဲ့ တိုင်းဒေသကြီးမှာ မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေ ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ အရင်အနိုင်ရခဲ့တဲ့ ကော့သောင်းမဲဆန္ဒနယ် တိုင်းဒေသကြီးနေရာကနေ ဝင်ပြိုင်ဖို့ လျှောက်ခဲ့ရတာလို့ ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာလည်း ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရထားခဲ့တဲ့ အမရပူရမြို့နယ်ကနေ တိုင်းဒေသကြီး ကိုယ်စားလှယ်အဖြစ် အရွေးခံဖို့ အဆိုပြုထားတယ်လို့ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ပြောပါတယ်။

ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ဟာလည်း အရင်အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်နယ်မြေတွေမှာ ဝင်အရွေးခံဖို့ စာရင်းပေးထားပြီ ဖြစ်တယ်လို့ သူတို့ရဲ့ ကိုယ်ရေးအရာရှိတွေက ဘီဘီစီကို အတည်ပြုပြောပါတယ်။

ကချင်ပြည်နယ်မှာတော့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က သူ့အနိုင်ရခဲ့တဲ့ မြစ်ကြီးနား မဲဆန္ဒနယ်က ပြည်နယ် ကိုယ်စားလှယ်နေရာကို ဝင်ပြိုင်ခဲ့ပေမယ့် သူ့ကို အရန်နေရာပဲ ပေးခဲ့ပြီး လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန်ကိုတော့ လျာထားအဖြစ် ရွေးချယ်ခဲ့ပါတယ်။

ဒါကို မြို့မိမြို့ဖတွေနဲ့ ပြည်နယ်အလုပ်အမှုဆောင်တွေက မဲပေးရွေးချယ်ခဲ့တာဆိုပြီးတော့ ကချင်ပြည်နယ် NLD ပါတီဝင် ကိုမျိုးဇော်ဦးက ပြောပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်ဟာလည်း သူတို့ အရင်အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်တွေကနေ ရွေးကောက်ပွဲ ပြန်ဝင်ဖို့ ပါတီကို အဆိုပြုထားကြတယ်လို့ NLD ပါတီရဲ့ ပြည်နယ်အလုပ်အမှုဆောင်တွေက ဘီဘီစီကို အတည်ပြုပါတယ်။

အခုလို ဝန်ကြီးချုပ်တွေအပြင် ပြည်နယ်နဲ့ တိုင်းတွေက ဝန်ကြီးတွေ အများစုဟာလည်း အရင်အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်နေရာတွေမှာ ပြန်ဝင်ဖို့ လျှောက်ထားကြတယ်လို့ မြို့နယ်ပါတီဝင်တွေက ပြောပါတယ်။

မြို့မိ မြို့ဖတွေက မရွေးတဲ့သူတွေကတော့ ကိုယ်စားလှယ်လောင်းအဖြစ် အဆိုပြုလွှာတွေကို ကိုယ်တိုင်တင်သွင်းခဲ့ကြပြီး ရန်ကုန်တိုင်းထဲမှာတော့ အဆိုပြုလွှာ ငါးရာကျော် လက်ခံရထားတယ်လို့ ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ ဦးမြင့်ဌေးက ပြောပါတယ်။

ပါတီဘက်ကတော့ မြို့မိမြို့ဖတွေက တင်တဲ့စာရင်းတွေအပြင် ကိုယ်တိုင်တင်တဲ့ အဆိုပြုလွှာတွေကို စိစစ်ပြီးမှ ကိုယ်စားလှယ်လောင်း ရွေးချယ်မှာ ဖြစ်တယ်လို့ ပါတီပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်က ပြောပါတယ်။

BBC Burmese
-------------------------------
(Zawgyi)⤵⤵⤵
ဝန္ႀကီးခ်ဳပ္အမ်ားစု ေ႐ြးေကာက္ပြဲျပန္ဝင္ဖို႔ စာရင္းေပး

ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ကလြဲလို႔ တိုင္းနဲ႔ျပည္နယ္ေတြက ဝန္ႀကီးခ်ဳပ္အေတာ္မ်ားမ်ားဟာ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ လက္ရွိ သူတို႔မဲဆႏၵနယ္ေတြမွာ ျပန္ၿပီး အေ႐ြးခံဖို႔ စာရင္းေတြ ေပးထားၾကတယ္လို႔ ဘီဘီစီက စုံစမ္းသိရပါတယ္။

ေ႐ြးေကာက္ပြဲျပန္ဝင္မယ့္ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေတြကေတာ့ မႏၲေလး၊ ပဲခူး၊ ဧရာဝတီ၊ တနသၤာရီ၊ ရခိုင္၊ ကရင္၊ကခ်င္နဲ႔ခ်င္း ျပည္နယ္နဲ႔ တိုင္း ၈ ခုက ျဖစ္ၿပီး ဒါကို ဝန္ႀကီးခ်ဳပ္တခ်ိဳ႕က အတည္ျပဳသလို NLD ပါတီ ၿမိဳ႕နယ္အလုပ္အမႈေဆာင္ေတြကလည္း ဘီဘီစီကို အတည္ျပဳပါတယ္။

သူတို႔ေတြဟာ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အရင္အႏိုင္ရခဲ့တဲ့ မဲဆႏၵနယ္ေတြကပဲ ျပန္ဝင္ဖို႔ ပါတီကို ေလွ်ာက္ထားခဲ့ၾကတာ ျဖစ္ပါတယ္။

ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ကေတာ့ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ က်န္းမာေရးေၾကာင့္ ဝင္ၿပိဳင္ေတာ့မွာ မဟုတ္ ဘူးလို႔ သတင္းမီဒီယာ တခ်ိဳ႕ကို ထုတ္ေျပာထားပါတယ္။

တနသၤာရီတိုင္းဝန္ႀကီးခ်ဳပ္ ဦးျမင့္ေမာင္ကေတာ့ သူရဲ႕ တိုင္းေဒသႀကီးမွာ မၿပီးျပတ္ေသးတဲ့ လုပ္ငန္းေတြ ဆက္လက္အေကာင္အထည္ေဖာ္ႏိုင္ဖို႔ အရင္အႏိုင္ရခဲ့တဲ့ ေကာ့ေသာင္းမဲဆႏၵနယ္ တိုင္းေဒသႀကီးေနရာကေန ဝင္ၿပိဳင္ဖို႔ ေလွ်ာက္ခဲ့ရတာလို႔ ဘီဘီစီကို ေျပာပါတယ္။

ဒါ့အျပင္ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာလည္း ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲမွာ အႏိုင္ရထားခဲ့တဲ့ အမရပူရၿမိဳ႕နယ္ကေန တိုင္းေဒသႀကီး ကိုယ္စားလွယ္အျဖစ္ အေ႐ြးခံဖို႔ အဆိုျပဳထားတယ္လို႔ မႏၲေလးတိုင္း ခ်မ္းျမသာစည္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ေအာင္က ေျပာပါတယ္။

ဧရာဝတီတိုင္းဝန္ႀကီးခ်ဳပ္ ဦးလွမိုးေအာင္၊ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္၊ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုတို႔ဟာလည္း အရင္အႏိုင္ရခဲ့တဲ့ မဲဆႏၵနယ္နယ္ေျမေတြမွာ ဝင္အေ႐ြးခံဖို႔ စာရင္းေပးထားၿပီ ျဖစ္တယ္လို႔ သူတို႔ရဲ႕ ကိုယ္ေရးအရာရွိေတြက ဘီဘီစီကို အတည္ျပဳေျပာပါတယ္။

ကခ်င္ျပည္နယ္မွာေတာ့ ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္က သူ႔အႏိုင္ရခဲ့တဲ့ ျမစ္ႀကီးနား မဲဆႏၵနယ္က ျပည္နယ္ ကိုယ္စားလွယ္ေနရာကို ဝင္ၿပိဳင္ခဲ့ေပမယ့္ သူ႔ကို အရန္ေနရာပဲ ေပးခဲ့ၿပီး လက္ရွိျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးအင္ထုံးခါးေနာ္ဆန္ကိုေတာ့ လ်ာထားအျဖစ္ ေ႐ြးခ်ယ္ခဲ့ပါတယ္။

ဒါကို ၿမိဳ႕မိၿမိဳ႕ဖေတြနဲ႔ ျပည္နယ္အလုပ္အမႈေဆာင္ေတြက မဲေပးေ႐ြးခ်ယ္ခဲ့တာဆိုၿပီးေတာ့ ကခ်င္ျပည္နယ္ NLD ပါတီဝင္ ကိုမ်ိဳးေဇာ္ဦးက ေျပာပါတယ္။

ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းနဲ႔ ခ်င္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဆလိုင္းလ်န္လြယ္ဟာလည္း သူတို႔ အရင္အႏိုင္ရခဲ့တဲ့ မဲဆႏၵနယ္ေတြကေန ေ႐ြးေကာက္ပြဲ ျပန္ဝင္ဖို႔ ပါတီကို အဆိုျပဳထားၾကတယ္လို႔ NLD ပါတီရဲ႕ ျပည္နယ္အလုပ္အမႈေဆာင္ေတြက ဘီဘီစီကို အတည္ျပဳပါတယ္။

အခုလို ဝန္ႀကီးခ်ဳပ္ေတြအျပင္ ျပည္နယ္နဲ႔ တိုင္းေတြက ဝန္ႀကီးေတြ အမ်ားစုဟာလည္း အရင္အႏိုင္ရခဲ့တဲ့ မဲဆႏၵနယ္ေနရာေတြမွာ ျပန္ဝင္ဖို႔ ေလွ်ာက္ထားၾကတယ္လို႔ ၿမိဳ႕နယ္ပါတီဝင္ေတြက ေျပာပါတယ္။

ၿမိဳ႕မိ ၿမိဳ႕ဖေတြက မေ႐ြးတဲ့သူေတြကေတာ့ ကိုယ္စားလွယ္ေလာင္းအျဖစ္ အဆိုျပဳလႊာေတြကို ကိုယ္တိုင္တင္သြင္းခဲ့ၾကၿပီး ရန္ကုန္တိုင္းထဲမွာေတာ့ အဆိုျပဳလႊာ ငါးရာေက်ာ္ လက္ခံရထားတယ္လို႔ ရန္ကုန္တိုင္း အလုပ္အမႈေဆာင္အဖြဲ႕ ဥကၠဌ ဦးျမင့္ေဌးက ေျပာပါတယ္။

ပါတီဘက္ကေတာ့ ၿမိဳ႕မိၿမိဳ႕ဖေတြက တင္တဲ့စာရင္းေတြအျပင္ ကိုယ္တိုင္တင္တဲ့ အဆိုျပဳလႊာေတြကို စိစစ္ၿပီးမွ ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္မွာ ျဖစ္တယ္လို႔ ပါတီျပန္ၾကားေရးအဖြဲ႕ဝင္ မုံ႐ြာေအာင္ရွင္က ေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53070731
ဝန်ကြီးချုပ်အများစု ရွေးကောက်ပွဲပြန်ဝင်ဖို့ စာရင်းပေး ဝန်ကြီးချုပ်အများစု ရွေးကောက်ပွဲပြန်ဝင်ဖို့ စာရင်းပေး Reviewed by THITHTOOLWIN on 03:15 Rating: 5
Powered by Blogger.