ICJ အစီရင်ခံစာကို လျှို့ဝှက်အဆင့်သတ်မှတ်ထားတယ်လို့ အစိုးရ ပြော


(Unicode)⤵⤵⤵
မြန်မာအစိုးရဘက်က ICJ ထံ တင်သွင်းထားတဲ့ ပထမဆုံး အစီရင်ခံစာနဲ့ ပတ်သက်ပြီး အများပြည်သူက ပွင့်ပွင့် လင်းလင်း အသိမပေးတဲ့အတွက် ဝေဖန်မှုတချို့နဲ့ ရင်ဆိုင်နေရပြီး သမ္မတရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ထံ တင်ပြခဲ့တဲ့ ပထမဆုံးအစီရင်ခံစာကို မြန်မာအစိုးရက လူသိရှင်ကြား မထုတ်ပြန်တာဟာ ICJ ရဲ့ ကြားဖြတ်စီရင်ချက်တွေကို အကောင်အထည်ဖော်နိုင်မှု မရှိတာကြောင့်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ဝေဖန်နေပြီး ဒါကို အစိုးရဘက်က မဟုတ်ကြောင်း ငြင်းဆိုလိုက်တာပါ။

ဂမ်ဘီယာရဲ့ တရားစွဲဆိုထားမှုနဲ့ ပတ်သက်လို့ တရားရုံးမှာ ကြားနာခဲ့စဉ်ကာလ ကတည်းက အများပြည်သူ သိရှိအောင် ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ပြောပါတယ်။

“ဒါက သူ့ Procedure အတိုင်း သွားနေတာ။ ဒါကြောင့်မို့ ကျွန်တော်တို့က ထုတ်မပြောတာ။ ဒီဟာမှ လျှို့ဝှက် စရာတွေ ဘာတွေ မရှိဘူး။ ဘာလို့လဲဆိုရင် တရားရုံးမှာ စပြီးရင်ဆိုင်ကတည်းကိုက Public hearing နဲ့ သွားတာ ဒီဟာကို လျှို့ဝှက်ထားချင်ရင် အဲဒီကတည်းက ကျွန်တော်တို့က Public hearing ကို သွားမှာ မဟုတ်ဘူး”

ဒီကနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ RFA က နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို မေးမြန်းရာမှာ ဦးဇော်ဌေးက အစီရင်ခံစာကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က လျှို့ဝှက်အဆင့် သတ်မှတ် ထားဖြစ်ပြီး မြန်မာနဲ့ ဂမ်ဘီယာနှစ်နိုင်ငံလုံးက ထုတ်ဖော်ပြောခွင့် မရှိဘူးလို့ ပြောပါတယ်။

“တရားရုံးကလည်းပဲ Provisional  measures နဲ့ ပတ်သက်ပြီး တင်ပြချက်ကို  confidential အဆင့် သတ်မှတ်ပါတယ်။ ကျွန်တော်တို့နိုင်ငံကတင်တဲ့ ရီပို့ကို ဂမ်ဘီယာကိုလည်း ပေးတယ်။ ဂမ်ဘီယာ ကလည်း သူပြောလို့ မရဘူး။ ကျွန်တော်တို့ကလည်း ပြောလို့မရဘူး။ Provisional measures နဲ့ ပတ်သက်လို့ ချမှတ်ထားတဲ့အပေါ်မှာ ဆောင်ရွက်ချက်တွေက မပြည့်စုံလို့ဆိုတာ မဟုတ်ဘူး။ ကျွန်တော်တို့က မူလအတိုင်း Genocide Convention ကို ဖောက်ဖျက်ခြင်းမရှိဘူး။ ဟိုးအရင်ကတည်း ကအတိုင်းထိုးခဲ့တာ။ ခုချိန်ထိ တိုင်လည်း ဖောက်ဖျက်ခြင်းမရှိဘူး”

အစီရင်ခံစာမှာ ထည့်သွင်းတင်ပြချက်နဲ့ လက်တွေ့မြေပြင်မှာဖြစ်နေတာနဲ့ ကွာဟချက်တွေရှိတာမို့ အစီရင်ခံစာကို အများသိရအောင် ထုတ်မပြောတာလို့ ယူဆကြောင်း အစ္စလာမ်နိုင်ငံရေးသမား ဦးသာအေးက ပြောပါတယ်။

“ထုတ်မပြောဘူး ဆိုတာကတော့ လက်တွေ့မှာ တချို့ကိစ္စတွေကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ထားတယ် ဆိုတာ ဆင်ခြေနဲ့ အစီရင်ခံစာတင်ထားတာ ဖြစ်ချင်လည်း ဖြစ်နိုင်တယ်။ လက်တွေ့မှာကျတော့ ဒါတွေက မရှိဘူး။ မရှိတဲ့အခါကျတော့ တင်လိုက်တဲ့အစီရင်ခံစာနဲ့ လက်တွေ့မှာ ကွာဟနေတယ်ဆိုတာကို လူတိုင်း သိမှာကို စိုးရိမ်တာလည်း ရှိချင်ရှိမှာပေါ့။ နောက်တစ်ဖက်က ဖွင့်ပြောလိုက်ရင် တိုက်ခိုက်မယ့်သူတွေကလည်း ရှိရင်ရှိမှာပေါ့။ ဒါတွေကြောင့်လည်း သူတို့က ဘာမှပွင့်ပွင့်လင်းလင်း အသိမပေးဘဲဖြစ်နေတာ။ အဓိကကတော့ တင်ထားတဲ့ဟာနဲ့ နယ်မြေမှာ ရှိနေတဲ့ဟာ ကွဲလွဲချက်တွေရှိနေလို့ ပြည်သူကို ချမပြတာလို့ ကျွန်တော် ထင်ပါတယ်”

လက်တွေ့မှာ အစိုးရဘက်က ဘာသာမတူသူ လူနည်းစုတွေကြား ခွဲခြားဆက်ဆံမှုတွေ ပပျောက်အောင် ဆောင်ရွက်တာ၊ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်လာအောင် ပြန်လာမယ့် သူတွေကို နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သက်ပြီး ထင်သာမြင်သာရှိအောင် ဆောင်ရွက်ပေးမယ့် အစီစဉ်မျိုးတွေ မတွေ့ရဘူးလို့ ဦးသာအေးက ပြောပါတယ်။

မြေပြင်အခြေအနေနဲ့ ကွဲလွဲလို့ မထုတ်ပြန်ဘူးဆိုတာတွေဟာ နိုင်ငံရေးအရ စွပ်စွဲချက်တွေသာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ တာဝန်က တရားရုံးကို တင်ပြဖို့သာဖြစ်ပါတယ်။ ကျွန်တော်တို့ တင်ပြပြီးဖြစ်ပါတယ်။ အစီရင်ခံစာကို public site လုပ်ဖို့က တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ပဲ သက်ဆိုင်ပါတယ်။ မြေပြင်အခြေအနေနဲ့ ကွဲလွဲလို့ မထုတ်ပြန်ဘူး ဆိုတာက နိုင်ငံရေးအရ စွပ်စွဲချက်တွေလို့ပဲ ကျွန်တော် မြင်ပါတယ်”

ICJ က မြန်မာအပေါ်ချမှတ်ထားတဲ့ ကြားဖြတ်စီရင်ချက်တွေ လေးခုဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာကို ထိခိုက် နိုင်တဲ့ အချက်တွေမပါဘဲ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ စာချုပ်ပါ အချက်အလက်တွေကို လိုက်နာဖို့နဲ့ တားဆီးဆောင်ရွက်ဖို့သာဖြစ်တယ်လို့ ဦးစိုးဟန်က ပြောပါတယ်။

ဒါကြောင့် တရားရုံးက တောင်းဆိုတဲ့အတိုင်း အစီရင်ခံစာကို မြန်မာအစိုးရ ဝန်ကြီးဌာနတွေဘက်က တက်နိုင်သလောက် နေ့မအား၊ ညမအား ကြိုးစားပြီး တင်ပြခဲ့တာဖြစ်ပြီး အစိုးရ အပြောင်းအလဲတွေဖြစ်ပြီး နောက်ပိုင်းမှာလည်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ICJ က မြန်မာအပေါ် ချမှတ်ထားတဲ့ ကြားဖြတ်စီရင်ချက်တွေကတော့ (၁) မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာမွတ်စလင် လူမျိုးစုတွေအပေါ် သတ်ဖြတ်တာ၊ စိတ်ရောကိုယ်ပါ အန္တရာယ် ကျရောက်အောင် လုပ်ဆောင်တာ အပါအဝင် လူမျိုးတုံးသတ်ဖြတ်မှုမြောက်စေတဲ့ လုပ်ဆောင်ချက်အားလုံးကို အစွမ်းကုန် ကာကွယ်တားဆီးပေးဖို့၊ (၂) တပ်မတော် ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေက ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်အောင် ပူးပေါင်းကြံစည်မှု၊ သွေးထိုးလှုံ့ဆော်မှု စတာတွေ မကျူးလွန်အောင် ကြပ်မတ်ဖို့ (၃) လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ နေရာဒေသတွေက သက်သေ အထောက်အထား အားလုံးကို ဖျက်ဆီးမှုမရှိအောင် မူလအတိုင်း ကာကွယ်ထိန်းသိမ်းထားဖို့ နဲ့ (၄) မြန်မာ နိုင်ငံဘက်က ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို တရားရုံးကို ပုံမှန်တင်ပြဖို့ တရားရုံးက အမိန့်ချမှတ် ထားတာဖြစ်ပါတယ်။

ဒီနေ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာအစိုးရ အနေနဲ့ ICJ တရားရုံးမှာ သွားရောက်ရင်ဆိုင်ရတဲ့အခါ ကုန်ကျတဲ့ ရှေ့နေငှားခနဲ့ ပတ်သက်ပြီး သတင်းသမားတွေက မေးမြန်းခဲ့မှုအပေါ် တာဝန်ရှိသူတွေက ထုတ်ဖော်မပြောသလို ဂမ်ဘီယာနိုင်ငံက တရားရုံးထံ တင်ပြရမယ့် အစီရင်ခံစာကို ၃ လ နောက်ဆုတ်ဖို့ တင်ပြမှုအပေါ်လည်း မှတ်ချက်မပြုလိုကြောင်း ပြောကြားခဲ့ပါတယ်။

သက်စုအောင်၊ ဝေမာထွန်း / RFA Burmese
-----------------------------------------------

(Zawgyi)⤵⤵⤵
ICJ အစီရင္ခံစာကို လွ်ိဳ႕ဝွက္အဆင့္သတ္မွတ္ထားတယ္လို႔ အစိုးရ ေျပာ

ျမန္မာအစိုးရဘက္က ICJ ထံ တင္သြင္းထားတဲ့ ပထမဆုံး အစီရင္ခံစာနဲ႔ ပတ္သက္ၿပီး အမ်ားျပည္သူက ပြင့္ပြင့္ လင္းလင္း အသိမေပးတဲ့အတြက္ ေဝဖန္မႈတခ်ိဳ႕နဲ႔ ရင္ဆိုင္ေနရၿပီး သမၼတ႐ုံးနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနကေတာ့ လုပ္ထုံးလုပ္နည္းအတိုင္း လုပ္ေဆာင္ေနတာျဖစ္တယ္လို႔ ျပန္လည္တုံ႔ျပန္လိုက္ပါတယ္။

အျပည္ျပည္ဆိုင္ရာ တရား႐ုံး ICJ ထံ တင္ျပခဲ့တဲ့ ပထမဆုံးအစီရင္ခံစာကို ျမန္မာအစိုးရက လူသိရွင္ၾကား မထုတ္ျပန္တာဟာ ICJ ရဲ႕ ၾကားျဖတ္စီရင္ခ်က္ေတြကို အေကာင္အထည္ေဖာ္ႏိုင္မႈ မရွိတာေၾကာင့္လို႔ ႐ိုဟင္ဂ်ာအေရးလႈပ္ရွားသူေတြက ေဝဖန္ေနၿပီး ဒါကို အစိုးရဘက္က မဟုတ္ေၾကာင္း ျငင္းဆိုလိုက္တာပါ။

ဂမ္ဘီယာရဲ႕ တရားစြဲဆိုထားမႈနဲ႔ ပတ္သက္လို႔ တရား႐ုံးမွာ ၾကားနာခဲ့စဥ္ကာလ ကတည္းက အမ်ားျပည္သူ သိရွိေအာင္ ေဆာင္႐ြက္ခဲ့ၿပီးျဖစ္တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ၫြန္ၾကားေရးမႉးခ်ဳပ္ ဦးခ်မ္းေအးက ေျပာပါတယ္။

“ဒါက သူ႔ Procedure အတိုင္း သြားေနတာ။ ဒါေၾကာင့္မို႔ ကြၽန္ေတာ္တို႔က ထုတ္မေျပာတာ။ ဒီဟာမွ လွ်ိဳ႕ဝွက္ စရာေတြ ဘာေတြ မရွိဘူး။ ဘာလို႔လဲဆိုရင္ တရား႐ုံးမွာ စၿပီးရင္ဆိုင္ကတည္းကိုက Public hearing နဲ႔ သြားတာ ဒီဟာကို လွ်ိဳ႕ဝွက္ထားခ်င္ရင္ အဲဒီကတည္းက ကြၽန္ေတာ္တို႔က Public hearing ကို သြားမွာ မဟုတ္ဘူး”

ဒီကေန႔ ေနျပည္ေတာ္ သတင္းစာရွင္းလင္းပြဲမွာ RFA က ႏိုင္ငံေတာ္ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကို ေမးျမန္းရာမွာ ဦးေဇာ္ေဌးက အစီရင္ခံစာကို အျပည္ျပည္ဆိုင္ရာ တရား႐ုံး ICJ က လွ်ိဳ႕ဝွက္အဆင့္ သတ္မွတ္ ထားျဖစ္ၿပီး ျမန္မာနဲ႔ ဂမ္ဘီယာႏွစ္ႏိုင္ငံလုံးက ထုတ္ေဖာ္ေျပာခြင့္ မရွိဘူးလို႔ ေျပာပါတယ္။

“တရား႐ုံးကလည္းပဲ Provisional  measures နဲ႔ ပတ္သက္ၿပီး တင္ျပခ်က္ကို  confidential အဆင့္ သတ္မွတ္ပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံကတင္တဲ့ ရီပို႔ကို ဂမ္ဘီယာကိုလည္း ေပးတယ္။ ဂမ္ဘီယာ ကလည္း သူေျပာလို႔ မရဘူး။ ကြၽန္ေတာ္တို႔ကလည္း ေျပာလို႔မရဘူး။ Provisional measures နဲ႔ ပတ္သက္လို႔ ခ်မွတ္ထားတဲ့အေပၚမွာ ေဆာင္႐ြက္ခ်က္ေတြက မျပည့္စုံလို႔ဆိုတာ မဟုတ္ဘူး။ ကြၽန္ေတာ္တို႔က မူလအတိုင္း Genocide Convention ကို ေဖာက္ဖ်က္ျခင္းမရွိဘူး။ ဟိုးအရင္ကတည္း ကအတိုင္းထိုးခဲ့တာ။ ခုခ်ိန္ထိ တိုင္လည္း ေဖာက္ဖ်က္ျခင္းမရွိဘူး”

အစီရင္ခံစာမွာ ထည့္သြင္းတင္ျပခ်က္နဲ႔ လက္ေတြ႕ေျမျပင္မွာျဖစ္ေနတာနဲ႔ ကြာဟခ်က္ေတြရွိတာမို႔ အစီရင္ခံစာကို အမ်ားသိရေအာင္ ထုတ္မေျပာတာလို႔ ယူဆေၾကာင္း အစၥလာမ္ႏိုင္ငံေရးသမား ဦးသာေအးက ေျပာပါတယ္။

“ထုတ္မေျပာဘူး ဆိုတာကေတာ့ လက္ေတြ႕မွာ တခ်ိဳ႕ကိစၥေတြကို ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ထားတယ္ ဆိုတာ ဆင္ေျခနဲ႔ အစီရင္ခံစာတင္ထားတာ ျဖစ္ခ်င္လည္း ျဖစ္ႏိုင္တယ္။ လက္ေတြ႕မွာက်ေတာ့ ဒါေတြက မရွိဘူး။ မရွိတဲ့အခါက်ေတာ့ တင္လိုက္တဲ့အစီရင္ခံစာနဲ႔ လက္ေတြ႕မွာ ကြာဟေနတယ္ဆိုတာကို လူတိုင္း သိမွာကို စိုးရိမ္တာလည္း ရွိခ်င္ရွိမွာေပါ့။ ေနာက္တစ္ဖက္က ဖြင့္ေျပာလိုက္ရင္ တိုက္ခိုက္မယ့္သူေတြကလည္း ရွိရင္ရွိမွာေပါ့။ ဒါေတြေၾကာင့္လည္း သူတို႔က ဘာမွပြင့္ပြင့္လင္းလင္း အသိမေပးဘဲျဖစ္ေနတာ။ အဓိကကေတာ့ တင္ထားတဲ့ဟာနဲ႔ နယ္ေျမမွာ ရွိေနတဲ့ဟာ ကြဲလြဲခ်က္ေတြရွိေနလို႔ ျပည္သူကို ခ်မျပတာလို႔ ကြၽန္ေတာ္ ထင္ပါတယ္”

လက္ေတြ႕မွာ အစိုးရဘက္က ဘာသာမတူသူ လူနည္းစုေတြၾကား ခြဲျခားဆက္ဆံမႈေတြ ပေပ်ာက္ေအာင္ ေဆာင္႐ြက္တာ၊ ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္ေတြ ေနရပ္ျပန္လာေအာင္ ျပန္လာမယ့္ သူေတြကို ႏိုင္ငံသားျဖစ္ခြင့္နဲ႔ ပတ္သက္ၿပီး ထင္သာျမင္သာရွိေအာင္ ေဆာင္႐ြက္ေပးမယ့္ အစီစဥ္မ်ိဳးေတြ မေတြ႕ရဘူးလို႔ ဦးသာေအးက ေျပာပါတယ္။

ေျမျပင္အေျခအေနနဲ႔ ကြဲလြဲလို႔ မထုတ္ျပန္ဘူးဆိုတာေတြဟာ ႏိုင္ငံေရးအရ စြပ္စြဲခ်က္ေတြသာျဖစ္တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ အၿမဲတမ္းအတြင္းဝန္ ဦးစိုးဟန္က ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ရဲ႕ တာဝန္က တရား႐ုံးကို တင္ျပဖို႔သာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ တင္ျပၿပီးျဖစ္ပါတယ္။ အစီရင္ခံစာကို public site လုပ္ဖို႔က တရား႐ုံးရဲ႕ လုပ္ထုံးလုပ္နည္းေတြနဲ႔ပဲ သက္ဆိုင္ပါတယ္။ ေျမျပင္အေျခအေနနဲ႔ ကြဲလြဲလို႔ မထုတ္ျပန္ဘူး ဆိုတာက ႏိုင္ငံေရးအရ စြပ္စြဲခ်က္ေတြလို႔ပဲ ကြၽန္ေတာ္ ျမင္ပါတယ္”

ICJ က ျမန္မာအေပၚခ်မွတ္ထားတဲ့ ၾကားျဖတ္စီရင္ခ်က္ေတြ ေလးခုဟာ ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အျခာကို ထိခိုက္ ႏိုင္တဲ့ အခ်က္ေတြမပါဘဲ လူမ်ိဳးတုံးသတ္ျဖတ္မႈ ကာကြယ္ေရး သေဘာတူစာခ်ဳပ္မွာ လက္မွတ္ေရးထိုးထားတဲ့ ႏိုင္ငံတစ္ႏိုင္ငံအေနနဲ႔ စာခ်ဳပ္ပါ အခ်က္အလက္ေတြကို လိုက္နာဖို႔နဲ႔ တားဆီးေဆာင္႐ြက္ဖို႔သာျဖစ္တယ္လို႔ ဦးစိုးဟန္က ေျပာပါတယ္။

ဒါေၾကာင့္ တရား႐ုံးက ေတာင္းဆိုတဲ့အတိုင္း အစီရင္ခံစာကို ျမန္မာအစိုးရ ဝန္ႀကီးဌာနေတြဘက္က တက္ႏိုင္သေလာက္ ေန႔မအား၊ ညမအား ႀကိဳးစားၿပီး တင္ျပခဲ့တာျဖစ္ၿပီး အစိုးရ အေျပာင္းအလဲေတြျဖစ္ၿပီး ေနာက္ပိုင္းမွာလည္း ဆက္လက္ေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ သူက ေျပာပါတယ္။

ICJ က ျမန္မာအေပၚ ခ်မွတ္ထားတဲ့ ၾကားျဖတ္စီရင္ခ်က္ေတြကေတာ့ (၁) ျမန္မာႏိုင္ငံအေနနဲ႔ ႐ိုဟင္ဂ်ာမြတ္စလင္ လူမ်ိဳးစုေတြအေပၚ သတ္ျဖတ္တာ၊ စိတ္ေရာကိုယ္ပါ အႏၲရာယ္ က်ေရာက္ေအာင္ လုပ္ေဆာင္တာ အပါအဝင္ လူမ်ိဳးတုံးသတ္ျဖတ္မႈေျမာက္ေစတဲ့ လုပ္ေဆာင္ခ်က္အားလုံးကို အစြမ္းကုန္ ကာကြယ္တားဆီးေပးဖို႔၊ (၂) တပ္မေတာ္ ဒါမွမဟုတ္ စစ္ဘက္ဆိုင္ရာအဖြဲ႕အစည္းေတြက ႐ိုဟင္ဂ်ာ မြတ္စလင္ေတြကို လူမ်ိဳးတုံးသတ္ျဖတ္မႈ၊ လူမ်ိဳးတုံးသတ္ျဖတ္မႈက်ဴးလြန္ေအာင္ ပူးေပါင္းႀကံစည္မႈ၊ ေသြးထိုးလႈံ႕ေဆာ္မႈ စတာေတြ မက်ဴးလြန္ေအာင္ ၾကပ္မတ္ဖို႔ (၃) လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဳးလြန္ခဲ့တယ္လို႔ စြပ္စြဲခံထားရတဲ့ ေနရာေဒသေတြက သက္ေသ အေထာက္အထား အားလုံးကို ဖ်က္ဆီးမႈမရွိေအာင္ မူလအတိုင္း ကာကြယ္ထိန္းသိမ္းထားဖို႔ နဲ႔ (၄) ျမန္မာ ႏိုင္ငံဘက္က ေဆာင္႐ြက္ထားရွိမႈ အေျခအေနေတြကို တရား႐ုံးကို ပုံမွန္တင္ျပဖို႔ တရား႐ုံးက အမိန႔္ခ်မွတ္ ထားတာျဖစ္ပါတယ္။

ဒီေန႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ျမန္မာအစိုးရ အေနနဲ႔ ICJ တရား႐ုံးမွာ သြားေရာက္ရင္ဆိုင္ရတဲ့အခါ ကုန္က်တဲ့ ေရွ႕ေနငွားခနဲ႔ ပတ္သက္ၿပီး သတင္းသမားေတြက ေမးျမန္းခဲ့မႈအေပၚ တာဝန္ရွိသူေတြက ထုတ္ေဖာ္မေျပာသလို ဂမ္ဘီယာႏိုင္ငံက တရား႐ုံးထံ တင္ျပရမယ့္ အစီရင္ခံစာကို ၃ လ ေနာက္ဆုတ္ဖို႔ တင္ျပမႈအေပၚလည္း မွတ္ခ်က္မျပဳလိုေၾကာင္း ေျပာၾကားခဲ့ပါတယ္။

သက္စုေအာင္၊ ေဝမာထြန္း / RFA Burmese
https://www.rfa.org/burmese/program_2/myanmar-govt-icj-court-06192020061050.html
ICJ အစီရင်ခံစာကို လျှို့ဝှက်အဆင့်သတ်မှတ်ထားတယ်လို့ အစိုးရ ပြော ICJ အစီရင်ခံစာကို လျှို့ဝှက်အဆင့်သတ်မှတ်ထားတယ်လို့ အစိုးရ ပြော Reviewed by THITHTOOLWIN on 19:41 Rating: 5
Powered by Blogger.