Orion အာကာသယာဉ်အတွက် စမ်းသပ်မှုအောင်မြင်ကြောင်း နာဆာပြော

Orion အာကာသယာဉ် လွတ်တင်မှုမြင်ကွင်း
(Unicode)⤵⤵⤵
အမေရိကန် အာကာသအေဂျင်စီ NASA အတွက် တည်ဆောက်ပေးတဲ့ Orion အာကာသယာဉ် အတွက် အရေးကြီးတဲ့ စမ်းသပ်မှု ပြီးစီး အောင်မြင်ခဲ့ပြီလို့ အမေရိကန် လေကြောင်းဆိုင်ရာ ကုမ္ပဏီ Lockheed Martin က ပြောပါတယ်။ ဒီ Orion အာကာသယာဉ်နဲ့ အမေရိကန် အာကာသယာဉ်မှူးတွေကို လကမ္ဘာပေါ်ကို ထပ်မံ ပို့လွှတ်ဖို့ NASA က စီစဉ်နေတာပါ။

ဒီလ အစောပိုင်းမှာ ကိုလိုရာဒိုပြည်နယ်က Lockheed Martin ကုမ္ပဏီရဲ့ သုတေသနစခန်းမှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုကို မှတ်တမ်း တင်ထားတဲ့ ဗီဒီယိုကိုကြာသပတေးနေ့ကတော့ ထုတ်ပြန်ခဲ့ပါတယ်။

စမ်းသပ်မှု အောင်မြင်ပြီး လမျက်နှာပြင်ပေါ် ဆိုက်ကပ်ရေး နည်းစနစ်တွေကိုလည်း အတည်ပြု နိုင်ခဲ့ကြောင်းနဲ့ ဒီ စမ်းသပ်မှုက Orion အာသာသယာဉ် ပုံစံသစ် တည်ဆောက်ရာမှာ အထောက်အကူ ပြုမှာ ဖြစ်ကြောင်း Lockheed Martin ကုမ္ပဏီက ပြောပါတယ်။

NASA ကတော့ ၂၀၂၁ ခုနှစ် အစောဆုံးထားပြီး ဒီ အာကာသယာဉ် ပထမဆုံး စမ်းသပ် ပစ်လွှတ်မှုကို ပြုလုပ်နိုင်မယ်လို့ ခန့်မှန်ထားပြီး ၂၀၂၄ ခုနှစ်မှာ လကမ္ဘာကို ပစ်လွှတ်ဖို့ စီစဉ်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
------------------------------
(Zawgyi)⤵⤵⤵





https://burmese.voanews.com/a/nasa-say-testing-of-orion-spaceship-is-successful/5468526.html
Orion အာကာသယာဉ်အတွက် စမ်းသပ်မှုအောင်မြင်ကြောင်း နာဆာပြော Orion အာကာသယာဉ်အတွက် စမ်းသပ်မှုအောင်မြင်ကြောင်း နာဆာပြော Reviewed by THITHTOOLWIN on 09:30 Rating: 5
Powered by Blogger.