အဂတိလိုက်စားခဲ့သည့် ဒုရဲမှူး အပါအဝင် လေးဦးကို ဖမ်းဆီး


(Unicode)⤵⤵⤵
ရန်ကုန်လူငယ်များဂေဟာ စီမံခန့်ခွဲခွင့်ရရှိရေးအတွက် အငြင်းပွားမှုအပေါ် အပြန်အလှန် တရားစွဲဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အဂတိလိုက်စားခဲ့တဲ့ ဒုရဲမှူးတစ်ဦး အပါအဝင် လေးဦးကို ဖမ်းဆီး အရေးယူထားတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပြောရေးဆိုခွင့်ရှိသူ ညွန်ကြားရေးမှူး ဦးကျော်စိုးက ပြောပါတယ်။

အခုကိစ္စဟာ အဂတိလိုက်စားသူ နဲ့ အဂတိငွေပေးခဲ့သူတွေကို အရေးယူလိုက်တာ ဖြစ်တယ်လို့ ညွန်ကြားရေးမှူး ဦးကျော်စိုးက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကော်မရှင်က စုံစမ်း စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ စီမံ/အုပ်ချုပ်ဌာနက ဒုတိယရဲမှူး အောင်ဇော်မိုးဟာ အရင် ပန်းဘဲတန်းမြို့မစခန်းမှူး တာဝန်ထမ်းဆောင်စဉ်က ရဲခံဝန်ချုပ် အာမခံ ပြုလုပ်ရာမှာ ငွေကျပ်(၆)သိန်း ရယူခဲ့တာကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နဲ့ အမှုဖွင့် အရေးယူခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့လူငယ်များဂေဟာအုပ်ချုပ်ရေး အဖွဲ့၊ ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းထွန်း နဲ့ ဘဏ္ဍာရေးမှူး ဦးမြင့်ဦးတို့ နှစ်ဦးကလည်း လာဘ်ငွေပေးခဲ့တာကြောင့် အဂတိလိုက်စားမှု ကျူးလွန်ရာမှာ အားပေးကူညီခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၃ နဲ့အရေးယူထားပါတယ်။

လက်ရှိမြောင်းမြခရိုင် ဥပဒေအရာရှိ ဒေါ်နီနီဝင်းကလည်း ပန်းဘဲတန်းမြို့နယ် တရားစွဲ နဲ့ အမှုလိုက်ဦးစီးဌာန၊ စာချွန်တော်ဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်စဉ်က အမှုနှစ်မှုအတွက် အကြံပေးပြင်ဆင်လိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ငွေကျပ်(၅၇)သိန်းကို (၇)ကြိမ်ခွဲကာ လက်ခံရယူခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်တာကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ နဲ့ အမှုဖွင့် အရေးယူခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း-ဝေယံထက်ဝင်း - ဓာတ်ပုံ-ACC Myanmar / One News Myanmar
-------------------------------------------
(Zawgyi)⤵⤵⤵
အဂတိလိုက္စားခဲ့သည့္ ဒုရဲမႉး အပါအဝင္ ေလးဦးကို ဖမ္းဆီး

ရန္ကုန္လူငယ္မ်ားေဂဟာ စီမံခန္႔ခြဲခြင့္ရရွိေရးအတြက္ အျငင္းပြားမႈအေပၚ အျပန္အလွန္ တရားစြဲဆိုတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး အဂတိလိုက္စားခဲ့တဲ့ ဒုရဲမႉးတစ္ဦး အပါအဝင္ ေလးဦးကို ဖမ္းဆီး အေရးယူထားတယ္လို႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္၊ ေျပာေရးဆိုခြင့္ရွိသူ ၫြန္ၾကားေရးမႉး ဦးေက်ာ္စိုးက ေျပာပါတယ္။

အခုကိစၥဟာ အဂတိလိုက္စားသူ နဲ႔ အဂတိေငြေပးခဲ့သူေတြကို အေရးယူလိုက္တာ ျဖစ္တယ္လို႔ ၫြန္ၾကားေရးမႉး ဦးေက်ာ္စိုးက ဆိုပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ေကာ္မရွင္က စုံစမ္း စစ္ေဆးခဲ့ရာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဌာနခ်ဳပ္၊ စီမံ/အုပ္ခ်ဳပ္ဌာနက ဒုတိယရဲမႉး ေအာင္ေဇာ္မိုးဟာ အရင္ ပန္းဘဲတန္းၿမိဳ႕မစခန္းမႉး တာဝန္ထမ္းေဆာင္စဥ္က ရဲခံဝန္ခ်ဳပ္ အာမခံ ျပဳလုပ္ရာမွာ ေငြက်ပ္(၆)သိန္း ရယူခဲ့တာေၾကာင့္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ နဲ႔ အမႈဖြင့္ အေရးယူခဲ့ပါတယ္။

ဒါ့အျပင္ ရန္ကုန္ၿမိဳ႕လူငယ္မ်ားေဂဟာအုပ္ခ်ဳပ္ေရး အဖြဲ႕၊ ဥကၠ႒ ဦးဉာဏ္ထြန္းထြန္း နဲ႔ ဘ႑ာေရးမႉး ဦးျမင့္ဦးတို႔ ႏွစ္ဦးကလည္း လာဘ္ေငြေပးခဲ့တာေၾကာင့္ အဂတိလိုက္စားမႈ က်ဴးလြန္ရာမွာ အားေပးကူညီခဲ့တယ္ဆိုၿပီး အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၆၃ နဲ႔အေရးယူထားပါတယ္။

လက္ရွိေျမာင္းျမခ႐ိုင္ ဥပေဒအရာရွိ ေဒၚနီနီဝင္းကလည္း ပန္းဘဲတန္းၿမိဳ႕နယ္ တရားစြဲ နဲ႔ အမႈလိုက္ဦးစီးဌာန၊ စာခြၽန္ေတာ္ဌာနရဲ႕ ဒုတိယၫႊန္ၾကားေရးမႉး တာဝန္ထမ္းေဆာင္စဥ္က အမႈႏွစ္မႈအတြက္ အႀကံေပးျပင္ဆင္လိုတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ေငြက်ပ္(၅၇)သိန္းကို (၇)ႀကိမ္ခြဲကာ လက္ခံရယူခဲ့တယ္လို႔ စစ္ေဆးေပၚေပါက္တာေၾကာင့္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၇ နဲ႔ အမႈဖြင့္ အေရးယူခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။

သတင္း-ေဝယံထက္ဝင္း - ဓာတ္ပုံ-ACC Myanmar / One News Myanmar
https://www.facebook.com/onenewsmyan
အဂတိလိုက်စားခဲ့သည့် ဒုရဲမှူး အပါအဝင် လေးဦးကို ဖမ်းဆီး အဂတိလိုက်စားခဲ့သည့် ဒုရဲမှူး အပါအဝင် လေးဦးကို ဖမ်းဆီး Reviewed by THITHTOOLWIN on 19:53 Rating: 5
Powered by Blogger.