စစ်တွေ GTC အနီး ရထားလမ်းဘေးမှာ စစ်တပ်ကားမိုင်းခွဲခံရ၊ ဒေသခံအချို့ဒဏ်ရာရတာရှိလို့ဆို

မိုင်း ၂လုံးပေါက်ကွဲခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်ဒဏ်ရာရသူတော့မရှိ
(Unicode)⤵⤵⤵
ရခိုင် ပြည်နယ် မြို့တော် စစ်တွေ မြို့နယ်ထဲက ရေချမ်းပြင်ကျေးရွာအနီးရှိ အစိုးရနည်းပညာတက္ကသိုလ် (GTC) အနီးက ရထားလမ်းမှာ ဒီကနေ့ ဇွန် ၂၇ ရက်နေ့ နေ့လယ် ၂နာရီခွဲခန့်က တပ်မတော်ရဲ့ စစ်ကြောင်းကိုမိုင်းခွဲတိုက်ခံခဲ့ရပြီး အဲဒီ နောက် တပ်ဘက်က ပစ်ခတ်တာတွေလည်းရှိခဲ့တယ်လို့ စစ်တွေမြို့ခံအချို့ကပြောပါတယ်။

မိုင်း ၂ လုံးပေါက်ကွဲခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်ဒဏ်ရာရသူတော့မရှိဘူးလို့ သိရပါတယ်။

' ' ဖြစ်တဲ့နေရာကလည်း စစ်တွေမြို့အပိုင်ဆိုပေမယ့် မြို့နဲ့က ၇မိုင်နဲ့လောက်လှမ်းတယ်။ အဲဒီရထားလမ်းနားမှာ ရွာတွေရှိတယ်။ မွတ်စလင်ကျေးရွာတစ်ခုလည်းရှိတယ်။ ၂ဦးဒဏ်ရာရသွား တယ်လို့တော့ကြားရတယ်။ ၂ ဦးဆိုတာပဲအတည်ပြုနိုင်ပြီး ဒဏ်ရာပြင်းသလား၊ ဘယ်ရွာကလည်းဆိုတာ အတည်မပြုနိုင်သေးဘူး။ အခုထိအဲဒီဘက်ကိုဆက်သွယ်လို့ရသလောက် တိုက်ပွဲကတော့မဖြစ်ဘူး။ မိုင်းခွဲခံရလို့ အဲနေရာအနီးကို တပ်ကပစ်ခတ်တာလို့ သိရတယ်။ ရွာသားတွေကလည်းပစ်ခတ်သံတွေကြားတော့ ဖုန်းတွေလည်းပိတ်ကုန်ကြတယ်။'' လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး အတွင်းရေးမှူးကိုဇော်ဇော်ထွန်းကပြောပါတယ်။

စစ်တွေမြို့ ရေချမ်းပြင်ရွာအနီးက ရထားလမ်းဘေးမှာ မိုင်း၂လုံးပေါက်ကွဲခဲ့တာဖြစ်ပေမယ့် ရွာသားအချို့ဒဏ်ရာရတယ်ဆိုတဲ့အကြောင်းကိုတော့ မကြားမိသေးဘူးလို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်က ဘီဘီစီကိုပြောပါတယ်။

' ' တပ်ကသွားနေကြလမ်းကြောင်းမှာလာထောင်ထားတာ။ အခုတပ်က နောက်ထပ်ရှင်းတော့ မိုင်း နောက်၃လုံးထပ်တွေ့တယ်။ အဲဒီလမ်းကြောင်းကပုံမှန်သွားနေကြလမ်းကြောင်း။ တစ်လမ်းလုံးက တပ်တွေရှိနေတော့ တပ်ကတောက်လျှောက်သွားနေကြတာ။ လူမရှိတဲ့ ရထားလမ်းဘေးမှာထောင်တာ။''လို့ သူကပြောပါတယ်။

အခင်းဖြစ်ရာနေရာနဲ့ တစ်မိုင်ခန့်အကွာလောက်မှာရှိတဲ့ ကျက်တက်ပြင်ကျေးရွာသားတစ်ဦးက ပေါက်ကွဲသံကြားအပြီးမှာ ပစ်ခတ်သံအများအပြားကိုကြားခဲ့ရတယ်လို့ ဘီဘီစီကို အတည်ပြု ပါတယ်။

' ' ပစ်ခတ်သံက အချက် ၂၀လောက်ရှိတယ်။ အဲ့နားကကပ်နေတဲ့ မွတ်စလင်ရွာကတစ်ယောက်တော့ ထိသွားတယ်လို့ကြားတယ်။''လို့လည်းသူကပြောပြပါတယ်။

လတ်တလောမှာ စစ်တွေ - ရေချမ်းပြင်ကားလမ်းကိုလည်း ပိတ်ထားလိုက်တယ်လို့ စစ်တွေမြို့ခံတွေထံကသိရပါတယ်။

' ' လူထုကတော့စိုးရိမ်တာပေါ့။ အေအေကလည်းအရပ်သားလိုရောပြီးနေထိုင်ပြီးလုပ်နေတော့ တပ်က လည်းဘာမှလုပ်လို့မရ။ သတင်းအတိအကျမရရင် ဘာမှလုပ်လို့မရဘူးဖြစ်နေတာ ပေါ့။''လို့ အစိုးရရုံးစိုက်ရာ စစ်တွေမြို့အပိုင် ကျေးရွာတွေအထိ ပေါက်ကွဲမှုတွေရှိလာတဲ့အပေါ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ကပြောပြပါတယ်။

BBC Burmese
----------------------------------
(Zawgyi)⤵⤵⤵
စစ္ေတြ GTC အနီး ရထားလမ္းေဘးမွာ စစ္တပ္ကားမိုင္းခြဲခံရ၊ ေဒသခံအခ်ိဳ႕ဒဏ္ရာရတာရွိလို႔ဆို

ရခိုင္ ျပည္နယ္ ၿမိဳ႕ေတာ္ စစ္ေတြ ၿမိဳ႕နယ္ထဲက ေရခ်မ္းျပင္ေက်း႐ြာအနီးရွိ အစိုးရနည္းပညာတကၠသိုလ္ (GTC) အနီးက ရထားလမ္းမွာ ဒီကေန႔ ဇြန္ ၂၇ ရက္ေန႔ ေန႔လယ္ ၂နာရီခြဲခန႔္က တပ္မေတာ္ရဲ႕ စစ္ေၾကာင္းကိုမိုင္းခြဲတိုက္ခံခဲ့ရၿပီး အဲဒီ ေနာက္ တပ္ဘက္က ပစ္ခတ္တာေတြလည္းရွိခဲ့တယ္လို႔ စစ္ေတြၿမိဳ႕ခံအခ်ိဳ႕ကေျပာပါတယ္။

မိုင္း ၂ လုံးေပါက္ကြဲခဲ့ၿပီး တပ္မေတာ္ဘက္က ထိခိုက္ဒဏ္ရာရသူေတာ့မရွိဘူးလို႔ သိရပါတယ္။

' ' ျဖစ္တဲ့ေနရာကလည္း စစ္ေတြၿမိဳ႕အပိုင္ဆိုေပမယ့္ ၿမိဳ႕နဲ႔က ၇မိုင္နဲ႔ေလာက္လွမ္းတယ္။ အဲဒီရထားလမ္းနားမွာ ႐ြာေတြရွိတယ္။ မြတ္စလင္ေက်း႐ြာတစ္ခုလည္းရွိတယ္။ ၂ဦးဒဏ္ရာရသြား တယ္လို႔ေတာ့ၾကားရတယ္။ ၂ ဦးဆိုတာပဲအတည္ျပဳႏိုင္ၿပီး ဒဏ္ရာျပင္းသလား၊ ဘယ္႐ြာကလည္းဆိုတာ အတည္မျပဳႏိုင္ေသးဘူး။ အခုထိအဲဒီဘက္ကိုဆက္သြယ္လို႔ရသေလာက္ တိုက္ပြဲကေတာ့မျဖစ္ဘူး။ မိုင္းခြဲခံရလို႔ အဲေနရာအနီးကို တပ္ကပစ္ခတ္တာလို႔ သိရတယ္။ ႐ြာသားေတြကလည္းပစ္ခတ္သံေတြၾကားေတာ့ ဖုန္းေတြလည္းပိတ္ကုန္ၾကတယ္။'' လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ားအစည္းအ႐ုံး အတြင္းေရးမႉးကိုေဇာ္ေဇာ္ထြန္းကေျပာပါတယ္။

စစ္ေတြၿမိဳ႕ ေရခ်မ္းျပင္႐ြာအနီးက ရထားလမ္းေဘးမွာ မိုင္း၂လုံးေပါက္ကြဲခဲ့တာျဖစ္ေပမယ့္ ႐ြာသားအခ်ိဳ႕ဒဏ္ရာရတယ္ဆိုတဲ့အေၾကာင္းကိုေတာ့ မၾကားမိေသးဘူးလို႔ ရခိုင္ျပည္နယ္အစိုးရ အဖြဲ႕ လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးမင္းသန႔္က ဘီဘီစီကိုေျပာပါတယ္။

' ' တပ္ကသြားေနၾကလမ္းေၾကာင္းမွာလာေထာင္ထားတာ။ အခုတပ္က ေနာက္ထပ္ရွင္းေတာ့ မိုင္း ေနာက္၃လုံးထပ္ေတြ႕တယ္။ အဲဒီလမ္းေၾကာင္းကပုံမွန္သြားေနၾကလမ္းေၾကာင္း။ တစ္လမ္းလုံးက တပ္ေတြရွိေနေတာ့ တပ္ကေတာက္ေလွ်ာက္သြားေနၾကတာ။ လူမရွိတဲ့ ရထားလမ္းေဘးမွာေထာင္တာ။''လို႔ သူကေျပာပါတယ္။

အခင္းျဖစ္ရာေနရာနဲ႔ တစ္မိုင္ခန႔္အကြာေလာက္မွာရွိတဲ့ က်က္တက္ျပင္ေက်း႐ြာသားတစ္ဦးက ေပါက္ကြဲသံၾကားအၿပီးမွာ ပစ္ခတ္သံအမ်ားအျပားကိုၾကားခဲ့ရတယ္လို႔ ဘီဘီစီကို အတည္ျပဳ ပါတယ္။

' ' ပစ္ခတ္သံက အခ်က္ ၂၀ေလာက္ရွိတယ္။ အဲ့နားကကပ္ေနတဲ့ မြတ္စလင္႐ြာကတစ္ေယာက္ေတာ့ ထိသြားတယ္လို႔ၾကားတယ္။''လို႔လည္းသူကေျပာျပပါတယ္။

လတ္တေလာမွာ စစ္ေတြ - ေရခ်မ္းျပင္ကားလမ္းကိုလည္း ပိတ္ထားလိုက္တယ္လို႔ စစ္ေတြၿမိဳ႕ခံေတြထံကသိရပါတယ္။

' ' လူထုကေတာ့စိုးရိမ္တာေပါ့။ ေအေအကလည္းအရပ္သားလိုေရာၿပီးေနထိုင္ၿပီးလုပ္ေနေတာ့ တပ္က လည္းဘာမွလုပ္လို႔မရ။ သတင္းအတိအက်မရရင္ ဘာမွလုပ္လို႔မရဘူးျဖစ္ေနတာ ေပါ့။''လို႔ အစိုးရ႐ုံးစိုက္ရာ စစ္ေတြၿမိဳ႕အပိုင္ ေက်း႐ြာေတြအထိ ေပါက္ကြဲမႈေတြရွိလာတဲ့အေပၚ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ကေျပာျပပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53203027
စစ်တွေ GTC အနီး ရထားလမ်းဘေးမှာ စစ်တပ်ကားမိုင်းခွဲခံရ၊ ဒေသခံအချို့ဒဏ်ရာရတာရှိလို့ဆို စစ်တွေ GTC အနီး ရထားလမ်းဘေးမှာ စစ်တပ်ကားမိုင်းခွဲခံရ၊ ဒေသခံအချို့ဒဏ်ရာရတာရှိလို့ဆို Reviewed by THITHTOOLWIN on 21:54 Rating: 5
Powered by Blogger.