အားနည်းချိနဲ့နေတဲ့ မြန်မာ့တရားဥပဒေစိုးမိုးရေးနဲ့ အောင်လံ လူသတ်မှု

ရန်ကုန် အင်းစိန်အကျဉ်းထောင် ရှေ့ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်များ ( ဧပြီလ ၁၇၊ ၂၀၂၀)
(Unicode)⤵⤵⤵
အောင်လံလူသတ်မှုဟာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ဘယ်လောက်ထိ အားနည်းနေသလဲဆိုတာ ထင်ထင်ရှားရှားပြလိုက်တာဖြစ်ကြောင်း လူ့အခွင့်အရေး ကာကွယ်ရးလှုပ်ရှားနေသူတွေက ဗွီအိုအေကို ပြောပါတယ်။

မကွေးတိုင်း အောင်လံမြို့နယ် မှာ ဇွန်လ ၁၈ ရက်နေ့က မွတ်စလင် ဆယ်ကျော်အသက်အရွယ် ယောကျ်ာလေးတဦး လူအများရှေ့ ဓါးနဲ့ ထိုးသတ်ခံခဲ့ရတဲ့ အမှုနောက်ဆက်တွဲ အခြေအနေကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြမှာပါ။

ဒီလူသတ်မှုဟာ အောင်လံအရှေ့ဘက်ရွာ ရေပေါ်နဲ့ စခန်းကြီး ကြားက ချောင်းမှာဖြစ်ခဲ့တာပါ။ အဲဒီချောင်းမှာ ဘီးကျွံနေတဲ့ ခရီးသည်တင်ကားတစီးကို ဝိုင်းပြီးကူလုပ်ပေးနေတဲ့ မွတ်စလင်ညီအကိုလေးဦးထဲက အငယ်ဆုံး အသက် ၁၆ နှစ်အရွယ် ကိုကိုဇော်ကို သင်္ကန်းဝတ်ထားသူတဦးက ဓါးနဲ့ ထိုးသတ်ခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တွေက ဗွီအိုအေကို ပြောပါတယ်။

ဆိတ်ရောင်းဝယ်ရေးမိသားစုလုပ်ငန်း လုပ်ကိုင်နေတဲ့ ကိုကိုဇော်တို့ ညီအကိုတွေဟာ ဇွန်လ ၁၈ ရက်နေ့က ဆိတ်တွေတင်ဆောင်လာတဲ့ သူတို့ကားကို မောင်းလာစဉ်မှာ စခန်းကြီးနားမရောက်ခင် သဲချောင်းထဲ ကျွံပြီး ဘီးနစ်နေတဲ့ ခရီးသည်တင်ဘစ်ကားကို ဝိုင်းပြီး ကူနေချိန်မှာ အခင်းဖြစ်ပွားခဲ့တာပါ။

ဓါးထိုးခဲ့သူနဲ့ ဘာအညှိုးအတေးမှ မရှိပေမဲ့ အခြားဘာသာဝင်ဖြစ်နေလို့ ဆိုပြီး ခြိမ်းခြောက် မုန်းတီး စကားတွေပြောဆိုပြီး ကားဘီး မတင်အပြီးမှာ ကိုကိုဇော် ကို ဓါးနဲ့ ထိုးခဲ့တာဖြစ်တယ်လို့ အကိုအကြီးဆုံးလည်းဖြစ်၊ အခင်းဖြစ်ပွားရာနေရာမှာ ကိုယ်တိုင်လည်းရှိနေသူ အသက် (၂၆)နှစ်အရွယ် ကိုကိုမောင်က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

"ကျနော့် ညီလေးက သစ်ကိုင်းကို ကားဘီးအောက် ထိုးပြီးတဲ့ အချိန်၊ ကျနော်တို့က ကားဆီကိုပြန်ဖို့ လုပ်နေချိန် သူကလှမ်းပြောတယ်။ အကိုကြီးရေ ကျနော်ဒီသစ်ကိုင်းလေးကို ကားအောက်ထဲ ထိုးပေးလိုက်အုံးမယ်၊ ပြီးရင်လာခဲ့မယ် ဆိုပြီး လှမ်းပြောပြီးတော့ ထိုးလိုက်ချိန်မှာပဲ အဲဒီသူက ဆဲဆိုပြီး မင်းတို့ ပြန်ရဲ ပြန်ကြည့်ဆိုပြီး ပြောတယ်။ အဲဒီအချိန်မှာ ကျနော်က ကိုယ့်ကားဘက်ဆီကို ပြန်သွားနေချိန်မှာ ကျနော် ညီဆီကနေ အား ကနဲဆိုတဲ့ အော်သံ ကြားလိုက်တယ်။ ကျနော်လှည့်ကြည့်လိုက်တော့ လည်ပင်းကို ဓါးနဲ့ ထိုးပြီးသွားပြီ။ ပြီးတော့ နောက်တချက် အသဲဘက်ကို ထိုးလိုက်တယ်။ ကျနော်တို့တွေ သူဆီကို ပြေးသွားချိန်ကျမှ အနားက လူတွေရော၊ ရဲတွေပါ ရောက်လာပြီတော့ မင်းတို့ လူနာသာ မင်းတို့ ဆေးရုံ အမြန်ဆုံး ပို့ဆိုပြီး ရဲတွေကပြောတယ်။ အဲတော့ ကျနော်တို့လည်း လဲကျနေတဲ့ ညီလေးရဲ့ ခန္ဒာကိုယ်ကို ပွေ့ပြီးတော့ အနားက လူတွေကို ကျနော် အကူအညီတောင်းသေးတယ်။ ဘယ်သူမှ အကူအညီမပေးကြဘူး။ အဲဒါနဲ့ ကျနော်တို့ သုံးဘီးကားကို ငှားပြီးတော့ အောင်လံဆေးရုံ အပို့မှာ လမ်းမှာတင် ကျနော့် ညီလေး အသက်မရှိတော့ဘူး။"

မေး။ ။ ဒီအမှုနဲ့ ပတ်သက်လို့ အခု အာဏာပိုင်တွေဘက်က ဘယ်လို ကိုင်တွယ်နေလဲရှင့်။

ဖြေ။။ အာဏာပိုင်တွေဘက်က တန်းပြီးတော့ ဖမ်းတယ်ပေါ့ဗျာ။ ကျနော်တို့ ညီအသတ်ခံရပြီးချင်းမှာပဲ ရဲတွေ ရောက်ချလာတယ်။ အဲဒီမှာ သူတို့ကပြောတယ်။ မင်းတို့ တရားခံကို မကြည့်နဲ့၊ ကိုယ့်ညီကိုယ်ပဲ ဆေးရုံအမြန်ပို့လို့ပြောတယ်။ အခင်းဖြစ်နေချိန်မှာ ရဲတွေလည်း ချောင်းရဲ့ တဖက်ထိပ် မှာရှိနေတယ်လို့ ကျနော်တို့ နောက်ပိုင်းမှာ သိရတယ်။

ဒီလူသတ်မှုနဲ့ ပတ်သက်လို့ အောင်လံမြို့နယ် ရဲတပ်ဖွဲ့ကို အသံလွှင့်ချိန်မတိုင်ခင်ထိ ဗွီအိုအေက ကြိုးစားဆက်သွယ်ခဲ့ပေမယ့် ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။ အခုလို ညီဖြစ်သူ အသတ်ခံရတာနဲ့ပတ်သက်လို့သက်ဆိုင်ရာ မကွေးတိုင်း အစိုးရအနေနဲ့ တရားဥပဒနဲ့အညီတရားမျှတရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံကြောင်း ကိုကိုမောင်က အခုလိုပြောပါတယ်။

" ကျနော့် မျက်စိရှေ့မှာ တင် ဒီလို မြင်တွေ့လိုက်ရတော့ ကျနော် ရင်ကျိုးမတတ်ဖြစ်ရတယ်။ ကျနော် တောင်းဆိုချင်တာက ကျနော့် ညီသတ်တဲ့သူကို ဥပဒေအရ ထိုက်တန်တဲ့ အပြစ်ပေးတာကို လိုချင်ပါတယ်။ နောက်တချက်ကတော့ နောက်နောင် ကျနော့် ညီလိုမျိုး အမှားအယွင်းမရှိတဲ့ လူငယ်လေးတွေ ဒီလိုမျိုး မဖြစ်ရအောင်လို့ ဥပဒေအရ ကာကွယ်ပေးပါ၊ မှန်မှန်ကန်ကန် လုပ်ပေးပါလို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်။"

အခုလို အောင်လံမြို့နယ်တွင်း ဖြစ်ပွားခဲ့တဲ့ လူသတ်မှုမှာ ရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ နိုင်ငံသားတွေကို တန်းတူ အကာအကွယ်ပေးရေး လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိတာ ထင်ရှားတယ်လို့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ဗွီအိုအေကို ပြောပါတယ်။

" အဲဒီလို ဖြစ်နေချိန်မှာ အနားမှာ ရဲ ရှိနေရင်၊ မလှမ်းမကမ်းမှာရှိနေရင် အဲဒီရဲတွေမှာလည်း တာဝန်ရှိတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှု အများကြီး လုပ်ရမယ်။ နောက်ပြီးတော့ ရဲတပ်ဖွဲ့မှာရှိတဲ့သူတွေအနေနဲ့ လူမျိုးရေး၊ ဘာသာရေးကို အမြင်မထားရဘူး။ သူတို့ အမြင်ထားရမှာက တရားဥပဒေပဲ။ ဘယ်လူမျိုး ဘယ်ဘာသာကပဲဖြစ်ဖြစ် ဥပဒေချိုးဖောက်လာလို့ရှိရင် ဥပဒေအရပဲ အရေးယူရမယ်။ အခုဟာက ရွေးကောက်ပွဲ နီးလာတဲ့အခါမှာ ရတဲ့နည်းနဲ့ ဝင်ပြီးတော့ အနှောင့်အယှက်ပေးလိုတဲ့ အခြေအနေတွေ ရှိနေတယ်။"

ဒီအမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ အမုန်းတရားအခြေခံတဲ့ အကြမ်းဖက်သတ်ဖြတ်မှူမျိုး ထပ်မံ မပေါ်ပေါက်ရေး အစိုးရအနေနဲ့ ဥပဒေပြဌာန်းသတ်မှတ်ပေးဖို့ ဗြိတိန်အခြေစိုက် မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားမှုကွန်ယက် BHRN ကတောင်းဆိုထားပါတယ်။ ဒါအပြင် ဒီအမှုကို ဥပဒေနဲ့အညီ တရားမျှတမှုရှိအောင်ဆောင်ရွက်ပေးဖို့ လိုကြောင်းလည်း BHRN အမှုဆောင်ညွန်ကြားရေးမှူး ဦးကျော်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

"Hate Crime ဆိုတဲ့ လူမျိုးရေး မုန်းတီးပြီးတော့ ကျူးလွန်တဲ့ လူသတ်မှုမျိုး၊ ပြစ်မှုမျိုးဆိုတဲ့ ရာဇဝတ် ပုဒ်မမျိုး မြန်မာပြည်မှာ မရှိဘူး။ မရှိတဲ့အတွက် ကျနော်တို့ တောင်းဆိုတာက ဒီလို ပုဒ်မမျိုး ရှိသင့်တယ်။ ဒါတွေကို တားဆီးဖို့အတွက် ထိရောက်တဲ့ ဥပဒေရှိဖို့ လိုအပ်တယ်။ လူတယောက်ကို သူရဲ့ ဘာသာတရား၊ လူမျိုးရေးကို ခေါ်ပြီး ဓါးနဲ့ ထိုးသတ်တာက တော်တော် ကြောက်စရာကောင်းတဲ့ ပြစ်မှုတခုပါ။ နောက် ဝမ်းနည်းစရာကောင်းတာက အနီးအနားမှာရှိတဲ့ သူတွေကလည်း ဒါကို အချိန်မှီ မတားဆီးနိုင်လိုက်တာက တော်တော်လေး ဝမ်းနည်းဖို့ကောင်းတယ်။ အပြစ်မဲ့ လူငယ်လေး တဦး အသက်ငယ်ငယ်လေးနဲ့ အသက်ဆုံးရှုံးရတယ်ဆိုတော့ ကျနော်တို့ နှမြောမိပါတယ်။"

ဓါးနဲ့ ထိုးခဲ့သူဟာ အောင်လံမြို့နယ် အောင်မြေကုန်းရွာ ဘုန်းကြီးကျောင်းမှ ဝါတော် ၆ဝါရှိ ဘုန်းကြီးဦးနန္ဒဝံသ (တပ်မတော်သားဟောင်း ထွန်းနိုင်ဝင်း) ဖြစ်တယ်လို့ BHRN ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ လက်ရှိမှာ တော့ ရဲက သူ့ကို လူဝတ်လဲပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ စွဲချက်နဲ့ သရက်ထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရကြောင်း အသတ်ခံခဲ့ရတဲ့ ကိုကိုဇော် ရဲ့ မိသားစုက ဗွီအိုအေကို ပြောပါတယ်။

အင်ကြင်းနိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------------------
(Zawgyi)⤵⤵⤵
အားနည္းခ်ိနဲ႔ေနတဲ့ ျမန္မာ့တရားဥပေဒစိုးမိုးေရးနဲ႔ ေအာင္လံ လူသတ္မႈ

ေအာင္လံလူသတ္မႈဟာ ျမန္မာႏိုင္ငံမွာ တရားဥပေဒစိုးမိုးေရး ဘယ္ေလာက္ထိ အားနည္းေနသလဲဆိုတာ ထင္ထင္ရွားရွားျပလိုက္တာျဖစ္ေၾကာင္း လူ႔အခြင့္အေရး ကာကြယ္ရးလႈပ္ရွားေနသူေတြက ဗြီအိုေအကို ေျပာပါတယ္။

မေကြးတိုင္း ေအာင္လံၿမိဳ႕နယ္ မွာ ဇြန္လ ၁၈ ရက္ေန႔က မြတ္စလင္ ဆယ္ေက်ာ္အသက္အ႐ြယ္ ေယာက်္ာေလးတဦး လူအမ်ားေရွ႕ ဓါးနဲ႔ ထိုးသတ္ခံခဲ့ရတဲ့ အမႈေနာက္ဆက္တြဲ အေျခအေနကို ဆက္သြယ္ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က တင္ျပမွာပါ။

ဒီလူသတ္မႈဟာ ေအာင္လံအေရွ႕ဘက္႐ြာ ေရေပၚနဲ႔ စခန္းႀကီး ၾကားက ေခ်ာင္းမွာျဖစ္ခဲ့တာပါ။ အဲဒီေခ်ာင္းမွာ ဘီးကြၽံေနတဲ့ ခရီးသည္တင္ကားတစီးကို ဝိုင္းၿပီးကူလုပ္ေပးေနတဲ့ မြတ္စလင္ညီအကိုေလးဦးထဲက အငယ္ဆုံး အသက္ ၁၆ ႏွစ္အ႐ြယ္ ကိုကိုေဇာ္ကို သကၤန္းဝတ္ထားသူတဦးက ဓါးနဲ႔ ထိုးသတ္ခဲ့တာျဖစ္တယ္လို႔ မိသားစုဝင္ေတြက ဗြီအိုေအကို ေျပာပါတယ္။

ဆိတ္ေရာင္းဝယ္ေရးမိသားစုလုပ္ငန္း လုပ္ကိုင္ေနတဲ့ ကိုကိုေဇာ္တို႔ ညီအကိုေတြဟာ ဇြန္လ ၁၈ ရက္ေန႔က ဆိတ္ေတြတင္ေဆာင္လာတဲ့ သူတို႔ကားကို ေမာင္းလာစဥ္မွာ စခန္းႀကီးနားမေရာက္ခင္ သဲေခ်ာင္းထဲ ကြၽံၿပီး ဘီးနစ္ေနတဲ့ ခရီးသည္တင္ဘစ္ကားကို ဝိုင္းၿပီး ကူေနခ်ိန္မွာ အခင္းျဖစ္ပြားခဲ့တာပါ။

ဓါးထိုးခဲ့သူနဲ႔ ဘာအညႇိဳးအေတးမွ မရွိေပမဲ့ အျခားဘာသာဝင္ျဖစ္ေနလို႔ ဆိုၿပီး ၿခိမ္းေျခာက္ မုန္းတီး စကားေတြေျပာဆိုၿပီး ကားဘီး မတင္အၿပီးမွာ ကိုကိုေဇာ္ ကို ဓါးနဲ႔ ထိုးခဲ့တာျဖစ္တယ္လို႔ အကိုအႀကီးဆုံးလည္းျဖစ္၊ အခင္းျဖစ္ပြားရာေနရာမွာ ကိုယ္တိုင္လည္းရွိေနသူ အသက္ (၂၆)ႏွစ္အ႐ြယ္ ကိုကိုေမာင္က ဗြီအိုေအကို အခုလို ေျပာျပပါတယ္။

"က်ေနာ့္ ညီေလးက သစ္ကိုင္းကို ကားဘီးေအာက္ ထိုးၿပီးတဲ့ အခ်ိန္၊ က်ေနာ္တို႔က ကားဆီကိုျပန္ဖို႔ လုပ္ေနခ်ိန္ သူကလွမ္းေျပာတယ္။ အကိုႀကီးေရ က်ေနာ္ဒီသစ္ကိုင္းေလးကို ကားေအာက္ထဲ ထိုးေပးလိုက္အုံးမယ္၊ ၿပီးရင္လာခဲ့မယ္ ဆိုၿပီး လွမ္းေျပာၿပီးေတာ့ ထိုးလိုက္ခ်ိန္မွာပဲ အဲဒီသူက ဆဲဆိုၿပီး မင္းတို႔ ျပန္ရဲ ျပန္ၾကည့္ဆိုၿပီး ေျပာတယ္။ အဲဒီအခ်ိန္မွာ က်ေနာ္က ကိုယ့္ကားဘက္ဆီကို ျပန္သြားေနခ်ိန္မွာ က်ေနာ္ ညီဆီကေန အား ကနဲဆိုတဲ့ ေအာ္သံ ၾကားလိုက္တယ္။ က်ေနာ္လွည့္ၾကည့္လိုက္ေတာ့ လည္ပင္းကို ဓါးနဲ႔ ထိုးၿပီးသြားၿပီ။ ၿပီးေတာ့ ေနာက္တခ်က္ အသဲဘက္ကို ထိုးလိုက္တယ္။ က်ေနာ္တို႔ေတြ သူဆီကို ေျပးသြားခ်ိန္က်မွ အနားက လူေတြေရာ၊ ရဲေတြပါ ေရာက္လာၿပီေတာ့ မင္းတို႔ လူနာသာ မင္းတို႔ ေဆး႐ုံ အျမန္ဆုံး ပို႔ဆိုၿပီး ရဲေတြကေျပာတယ္။ အဲေတာ့ က်ေနာ္တို႔လည္း လဲက်ေနတဲ့ ညီေလးရဲ႕ ခႏၵာကိုယ္ကို ေပြ႕ၿပီးေတာ့ အနားက လူေတြကို က်ေနာ္ အကူအညီေတာင္းေသးတယ္။ ဘယ္သူမွ အကူအညီမေပးၾကဘူး။ အဲဒါနဲ႔ က်ေနာ္တို႔ သုံးဘီးကားကို ငွားၿပီးေတာ့ ေအာင္လံေဆး႐ုံ အပို႔မွာ လမ္းမွာတင္ က်ေနာ့္ ညီေလး အသက္မရွိေတာ့ဘူး။"

ေမး။ ။ ဒီအမႈနဲ႔ ပတ္သက္လို႔ အခု အာဏာပိုင္ေတြဘက္က ဘယ္လို ကိုင္တြယ္ေနလဲရွင့္။

ေျဖ။။ အာဏာပိုင္ေတြဘက္က တန္းၿပီးေတာ့ ဖမ္းတယ္ေပါ့ဗ်ာ။ က်ေနာ္တို႔ ညီအသတ္ခံရၿပီးခ်င္းမွာပဲ ရဲေတြ ေရာက္ခ်လာတယ္။ အဲဒီမွာ သူတို႔ကေျပာတယ္။ မင္းတို႔ တရားခံကို မၾကည့္နဲ႔၊ ကိုယ့္ညီကိုယ္ပဲ ေဆး႐ုံအျမန္ပို႔လို႔ေျပာတယ္။ အခင္းျဖစ္ေနခ်ိန္မွာ ရဲေတြလည္း ေခ်ာင္းရဲ႕ တဖက္ထိပ္ မွာရွိေနတယ္လို႔ က်ေနာ္တို႔ ေနာက္ပိုင္းမွာ သိရတယ္။

ဒီလူသတ္မႈနဲ႔ ပတ္သက္လို႔ ေအာင္လံၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ကို အသံလႊင့္ခ်ိန္မတိုင္ခင္ထိ ဗြီအိုေအက ႀကိဳးစားဆက္သြယ္ခဲ့ေပမယ့္ ဖုန္းေခၚဆိုလို႔ မရခဲ့ပါဘူး။ အခုလို ညီျဖစ္သူ အသတ္ခံရတာနဲ႔ပတ္သက္လို႔သက္ဆိုင္ရာ မေကြးတိုင္း အစိုးရအေနနဲ႔ တရားဥပဒနဲ႔အညီတရားမွ်တေရးအတြက္ ဝိုင္းဝန္းေဆာင္႐ြက္ေပးဖို႔ ေမတၱာရပ္ခံေၾကာင္း ကိုကိုေမာင္က အခုလိုေျပာပါတယ္။

" က်ေနာ့္ မ်က္စိေရွ႕မွာ တင္ ဒီလို ျမင္ေတြ႕လိုက္ရေတာ့ က်ေနာ္ ရင္က်ိဳးမတတ္ျဖစ္ရတယ္။ က်ေနာ္ ေတာင္းဆိုခ်င္တာက က်ေနာ့္ ညီသတ္တဲ့သူကို ဥပေဒအရ ထိုက္တန္တဲ့ အျပစ္ေပးတာကို လိုခ်င္ပါတယ္။ ေနာက္တခ်က္ကေတာ့ ေနာက္ေနာင္ က်ေနာ့္ ညီလိုမ်ိဳး အမွားအယြင္းမရွိတဲ့ လူငယ္ေလးေတြ ဒီလိုမ်ိဳး မျဖစ္ရေအာင္လို႔ ဥပေဒအရ ကာကြယ္ေပးပါ၊ မွန္မွန္ကန္ကန္ လုပ္ေပးပါလို႔ က်ေနာ္တို႔ ေတာင္းဆိုခ်င္ပါတယ္။"

အခုလို ေအာင္လံၿမိဳ႕နယ္တြင္း ျဖစ္ပြားခဲ့တဲ့ လူသတ္မႈမွာ ရဲတပ္ဖြဲ႕အေနနဲ႔ ဥပေဒနဲ႔အညီ ႏိုင္ငံသားေတြကို တန္းတူ အကာအကြယ္ေပးေရး လုပ္ေဆာင္ႏိုင္ခဲ့ျခင္း မရွိတာ ထင္ရွားတယ္လို႔ ေရွ႕ေန ဦးေရာဘတ္ဆန္းေအာင္က ဗြီအိုေအကို ေျပာပါတယ္။

" အဲဒီလို ျဖစ္ေနခ်ိန္မွာ အနားမွာ ရဲ ရွိေနရင္၊ မလွမ္းမကမ္းမွာရွိေနရင္ အဲဒီရဲေတြမွာလည္း တာဝန္ရွိတယ္။ က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာ ရဲတပ္ဖြဲ႕ကို ျပဳျပင္ေျပာင္းလဲမႈ အမ်ားႀကီး လုပ္ရမယ္။ ေနာက္ၿပီးေတာ့ ရဲတပ္ဖြဲ႕မွာရွိတဲ့သူေတြအေနနဲ႔ လူမ်ိဳးေရး၊ ဘာသာေရးကို အျမင္မထားရဘူး။ သူတို႔ အျမင္ထားရမွာက တရားဥပေဒပဲ။ ဘယ္လူမ်ိဳး ဘယ္ဘာသာကပဲျဖစ္ျဖစ္ ဥပေဒခ်ိဳးေဖာက္လာလို႔ရွိရင္ ဥပေဒအရပဲ အေရးယူရမယ္။ အခုဟာက ေ႐ြးေကာက္ပြဲ နီးလာတဲ့အခါမွာ ရတဲ့နည္းနဲ႔ ဝင္ၿပီးေတာ့ အေႏွာင့္အယွက္ေပးလိုတဲ့ အေျခအေနေတြ ရွိေနတယ္။"

ဒီအမႈနဲ႔ ပတ္သက္လို႔ ျမန္မာႏိုင္ငံမွာ အမုန္းတရားအေျခခံတဲ့ အၾကမ္းဖက္သတ္ျဖတ္မႉမ်ိဳး ထပ္မံ မေပၚေပါက္ေရး အစိုးရအေနနဲ႔ ဥပေဒျပဌာန္းသတ္မွတ္ေပးဖို႔ ၿဗိတိန္အေျခစိုက္ ျမန္မာ့လူ႔အခြင့္အေရးလႈပ္ရွားမႈကြန္ယက္ BHRN ကေတာင္းဆိုထားပါတယ္။ ဒါအျပင္ ဒီအမႈကို ဥပေဒနဲ႔အညီ တရားမွ်တမႈရွိေအာင္ေဆာင္႐ြက္ေပးဖို႔ လိုေၾကာင္းလည္း BHRN အမႈေဆာင္ၫြန္ၾကားေရးမႉး ဦးေက်ာ္ဝင္းက ဗြီအိုေအကို ေျပာပါတယ္။

"Hate Crime ဆိုတဲ့ လူမ်ိဳးေရး မုန္းတီးၿပီးေတာ့ က်ဴးလြန္တဲ့ လူသတ္မႈမ်ိဳး၊ ျပစ္မႈမ်ိဳးဆိုတဲ့ ရာဇဝတ္ ပုဒ္မမ်ိဳး ျမန္မာျပည္မွာ မရွိဘူး။ မရွိတဲ့အတြက္ က်ေနာ္တို႔ ေတာင္းဆိုတာက ဒီလို ပုဒ္မမ်ိဳး ရွိသင့္တယ္။ ဒါေတြကို တားဆီးဖို႔အတြက္ ထိေရာက္တဲ့ ဥပေဒရွိဖို႔ လိုအပ္တယ္။ လူတေယာက္ကို သူရဲ႕ ဘာသာတရား၊ လူမ်ိဳးေရးကို ေခၚၿပီး ဓါးနဲ႔ ထိုးသတ္တာက ေတာ္ေတာ္ ေၾကာက္စရာေကာင္းတဲ့ ျပစ္မႈတခုပါ။ ေနာက္ ဝမ္းနည္းစရာေကာင္းတာက အနီးအနားမွာရွိတဲ့ သူေတြကလည္း ဒါကို အခ်ိန္မွီ မတားဆီးႏိုင္လိုက္တာက ေတာ္ေတာ္ေလး ဝမ္းနည္းဖို႔ေကာင္းတယ္။ အျပစ္မဲ့ လူငယ္ေလး တဦး အသက္ငယ္ငယ္ေလးနဲ႔ အသက္ဆုံးရႈံးရတယ္ဆိုေတာ့ က်ေနာ္တို႔ ႏွေျမာမိပါတယ္။"

ဓါးနဲ႔ ထိုးခဲ့သူဟာ ေအာင္လံၿမိဳ႕နယ္ ေအာင္ေျမကုန္း႐ြာ ဘုန္းႀကီးေက်ာင္းမွ ဝါေတာ္ ၆ဝါရွိ ဘုန္းႀကီးဦးနႏၵဝံသ (တပ္မေတာ္သားေဟာင္း ထြန္းႏိုင္ဝင္း) ျဖစ္တယ္လို႔ BHRN ရဲ႕ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။ လက္ရွိမွာ ေတာ့ ရဲက သူ႔ကို လူဝတ္လဲၿပီး ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ စြဲခ်က္နဲ႔ သရက္ေထာင္မွာ ထိန္းသိမ္းထားတယ္လို႔ သိရေၾကာင္း အသတ္ခံခဲ့ရတဲ့ ကိုကိုေဇာ္ ရဲ႕ မိသားစုက ဗြီအိုေအကို ေျပာပါတယ္။

အင္ၾကင္းႏိုင္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/human-rights-defenders-call-for-justice-over-a-muslim-teenager-who-was-allegedly-stabbed-to-death-by-a-buddhist-monk/5479702.html
အားနည်းချိနဲ့နေတဲ့ မြန်မာ့တရားဥပဒေစိုးမိုးရေးနဲ့ အောင်လံ လူသတ်မှု အားနည်းချိနဲ့နေတဲ့ မြန်မာ့တရားဥပဒေစိုးမိုးရေးနဲ့ အောင်လံ လူသတ်မှု Reviewed by THITHTOOLWIN on 21:54 Rating: 5
Powered by Blogger.