ကိုဗစ်ကြား မငြိမ်းချမ်းသေးတဲ့ မြန်မာ့ ငြိမ်းချမ်းရေး

ကိုဗစ်-၁၉ အတည်ပြုလူနာတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ဘေးသင့်ပြည်သူ ၁ သိန်းကျော်ဟာ နေရပ်စွန့်ခွာနေရ
(Unicode)⤵⤵⤵
တစ်ပတ် အတွင်း နောက်ထပ် သုံးသပ် ဝေဖန် စိတ်ဖြာ စရာ ဖြစ်တဲ့ နောက် သတင်းတစ်ပုဒ်ကတော့ ကိုဗစ်ကပ်ရောဂါကြား တစ်ကမ္ဘာလုံးအပစ်ရပ်ထားဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ပန်ကြားချက်ကို နိုင်ငံပေါင်း ၁၇၀ က ထောက်ခံခဲ့တဲ့အကြောင်းပါ။

ကုလအကြီးအကဲရဲ့ အဲဒီပန်ကြားချက်ကို အဖွဲ့ဝင် နိုင်ငံပေါင်း ၁၇၀ က လက်ခံကြောင်း လက်မှတ်ရေးထိုးပြီး ဇွန် ၂၂ ရက် က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလိုလက်မှတ်ရေးထိုးတဲ့နိုင်ငံတွေစာရင်းမှာတော့ ကမ္ဘာ့ သက်တမ်း အရှည်ဆုံး ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံတော့ ပါဝင်ခြင်းမရှိတာကို တွေ့ရပါတယ်။

ကုလအအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က ကပ်ရောဂါကြားမှာ တစ်ကမ္ဘာလုံး အပစ်ရပ်ထားဖို့ မတ် ၂၃ မှာ ပန်ကြားချက်ထုတ်ပြန်ခဲ့တာပါ။

အဲဒီလို ထုတ်ပြန်ခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာ့တပ်မတော်က အကြမ်းဖက်အဖွဲ့တွေရှိတဲ့ ဒေသကလွဲလို့ ကျန်ဒေသတွေမှာ တစ်ဖတ်သတ်အပစ်ရပ်တယ်လို့ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီထဲမှာရခိုင်နဲ့ ချင်းပြည်နယ်တို့ မပါရှိခဲ့သလို ကပ်ရောဂါကာလအတွင်းမှာကို အဲဒီဒေသတွေမှာ စစ်ရှိန်က မြင့်တက်နေတာပါ။
၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင် ငြိမ်းချမ်းရေး ညီလာခံ လုပ်ဖို့ ပြင်ဆင်နေပေမယ့် ရက် အတိအကျ မသတ်မှတ်နိုင်သေး
ဒီလက်မှတ်ထိုးတဲ့အထဲ မြန်မာနိုင်ငံမပါဝင်ရတဲ့ အကြောင်းအရင်းနဲ့ ကပ်ရောဂါကာလ စစ်ရေးအရှိန်လျှော့ချဖို့ ဘာတွေက ခက်ခဲနေသလဲဆိုတာနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ သဘောထားကို ဘီဘီစီက မေးမြန်းရာမှာတော့ "ပြည်တွင်းရေး ကိစ္စတွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူဘဲ နိုင်ငံ အသီးသီးရဲ့ ပကတိ အခြေအနေ အပေါ် မူတည်နေတယ်"လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ပြန်လည် ဖြေကြားပါတယ်။

"ကုလအတွင်းရေးမှူးချုပ်ရဲ့ ပဋိပက္ခများရပ်တန့်ရေး လျှော့ချရေးပြောတဲ့အခါမှာ အကုန်လုံး မပါပါဘူး။

အမေရိကန်ဆိုလည်း အကြမ်းဖက်သမားတွေ အိုင်အက်စ်တို့ တာလီဘန်တို့ကို ချန်လှပ်ထားတာရှိပါတယ်။

ဒါတွေကတော့ နိုင်ငံတွေရဲ့ ပကတိဖြစ်ပေါ်နေတဲ့အနေအထားတွေနဲ့ပဲ ဆိုင်ပါလိမ့်မယ်။

ကျွန်တော်တို့နိုင်ငံမှာလည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးဆိုင်ရာ ကြေညာချက် ထုတ်ထားတာရှိတယ်။

အကြမ်းဖက်ဒေသများမပါ အကြမ်းဖက်သမားတွေရှိတဲ့နေရာမပါလို့ ထုတ်ပြန်ထားပါတယ်။

ဒီလိုခြွင်းချက် ရှိတဲ့အတွက် အားလုံးလက်မှတ်ရေးထိုးတဲ့အခါမှာ အကြွင်းမဲ့ဆိုတာကို လက်မှတ်ထိုးဖို့ မပါဝင်ရခြင်းဖြစ်တယ်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေး ကြေညာချက်ထုတ်ပြီးတဲ့အခါမှာလည်း လက်တွေ့အခြေအနေက ချောင်းမြောင်း တိုက်ခိုက်တာတွေရှိလာတယ်။

ပြည်သူလူထုကို အကာအကွယ်ယူပြီး တိုက်ခိုက်တာဖြစ်လာတယ်။ လမ်းမကြီးပေါ်တွေ တက်ပြီးတော့ မိုင်းထောင်မိုင်းခွဲတာတွေဖြစ်လာတယ်။

ဒါတွေကတော့ ကျွန်တော်တို့က စစ်ဆင်ရေးအရ ဆောင်ရွက်ရမှာဖြစ်တယ်" လို့ တပ်မတော်ရဲ့ ရပ်တည်ချက်ကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
နေပြည်တော် တွေ့ဆုံပွဲ တစ်ခုမှာ တွေ့ရတဲ့ ရက္ခိုင့်တပ်တော် အေအေ ကိုယ်စားလှယ် အဖွဲ့
ဒီ ကိုဗစ်၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာပဲ တပ်မတော်ဟာ အပစ်ရပ် ကာလရှည်ကြာ ထိန်းထားနိုင်ခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံး ကေအန်န်ယူ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အေတို့နဲ့ လည်း စစ်ရေးတင်းမာမှုတွေ ပြန် ရှိလာနေပါတယ်။

လက်ရှိ အန်အယ်လ်ဒီအစိုးရသက်တမ်းက ကုန်ဆုံးဖို့ ဆယ်လခန့်သာ ကျန်ရှိတော့တတဲ့ အချိန်မှာ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံ နောက်တစ်ကြိမ် ကျင်းပဖို့ကိုလည်း ဒီရက်ပိုင်းအတွင်း အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ် လက်မှတ်ထိုးအဖွဲ့တွေ အသည်းအသန် ကြိုးစားနေရပါတယ်။

လက်ကျန်သက်တမ်းအတွင်း စစ်ရေးအရှိန်လျှော့ချရေးနဲ့ ပြည်တွင်း ငြမ်းချမ်းရေးဖြစ်စဉ်က ကိုဗစ်နဲ့အတူ အစိုးရဖြေရှင်းရမယ့် စိန်ခေါ်ချက်ကြီးတစ်ခု ဖြစ်လာနေပါတယ်။

စစ်ရေးနဲ့ တိုင်ရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးကတော့ လက်ကျန် အစိုးရ သက်တမ်း အတွင်း လုံးဝအပစ်ရပ်သွားဖို့ကတော့ ခက်ခဲနေဦးမယ် လို့ သုံးသပ်ပါတယ်။

ကပ်ရောဂါကာလမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာ ကပ်ရောဂါထက်ပိုပြီး တစ်ဖက်နဲ့တစ်ဖက် အာဃာတတွေ ပိုကြီးနေကြလို့လို့ သူက ဆိုပါတယ်။

"အခု ရခိုင်မှာတိုက်ပွဲတွေပြင်းထန်နေသလို ရှမ်းမြောက်မှာလည်း ကေအိုင်အေတို့၊ တီအန်အယ်လ်အေတို့၊ ကိုးကန့်တို့နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေတာတွေ့ရတယ်။

တကယ်တော့ ကေအန်န်ယူနဲ့ရော မြောက်ပိုင်းလေးဖွဲ့နဲ့ရော တိုက်ပွဲတွေပြန်ဖြစ်နေတာက ကပ်ရောဂါမတိုင်ခင်တည်းက ဖြစ်နေတာ။

ကပ်ရောဂါကာလမှာ (တိုက်ပွဲ) လျှော့ချဖို့ဆိုတာကလည်း သဘောတူညီချက်မရရင် လျှော့ချလို့ မရဘူး။

အဲဒီတော့ နောက်လထဲမှာ JMC (အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေးကော်မတီအစည်းအဝေး) ကျင်းပမယ်ပြောတာကိုး။

အဲဒီမှာ ကေအန်န်ယူနဲ့ တိုက်ပွဲတွေလျှော့ချနိုင်မလားစောင့်ကြည့်ရမယ်။ အစိုးရသက်တမ်း ဆယ်လအတွင်းမှာ လုံးဝအပစ်ရပ်သွားဖို့ကတော့ ခက်ခဲနေဦးမယ်ထင်တယ်။

ဒီမြောက်ပိုင်းလေးဖွဲ့နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမယ်ဆိုရင်လည်း တကယ်တမ်းက ဆွေးနွေးနိုင်မယ့် အခြေအနေမရှိဘူး" လို့ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

လက်ရှိအစိုးရ အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ပြောရရင်တော့ NCA ထိုးထားတဲ့အဖွဲ့တွေနဲ့ ရွေးကောက်ပွဲမကျင်းပခင် ညီလာခံကျင်းပရေးကိုပဲ လုံးပမ်းနေပုံရတယ်လို့လည်: ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို အစဉ်တစိုက် လေ့လာပြီး စာအုပ်တွေ ရေးသားနေသူ ဦးမောင်မောင်စိုးကို မှတ်ချက်ပြုပါတယ်။

BBC Burmese
----------------------------------------------
(Zawgyi)⤵⤵⤵
ကိုဗစ္ၾကား မၿငိမ္းခ်မ္းေသးတဲ့ ျမန္မာ့ ၿငိမ္းခ်မ္းေရး

တစ္ပတ္ အတြင္း ေနာက္ထပ္ သုံးသပ္ ေဝဖန္ စိတ္ျဖာ စရာ ျဖစ္တဲ့ ေနာက္ သတင္းတစ္ပုဒ္ကေတာ့ ကိုဗစ္ကပ္ေရာဂါၾကား တစ္ကမာၻလုံးအပစ္ရပ္ထားဖို႔ ကုလသမဂၢ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ပန္ၾကားခ်က္ကို ႏိုင္ငံေပါင္း ၁၇၀ က ေထာက္ခံခဲ့တဲ့အေၾကာင္းပါ။

ကုလအႀကီးအကဲရဲ႕ အဲဒီပန္ၾကားခ်က္ကို အဖြဲ႕ဝင္ ႏိုင္ငံေပါင္း ၁၇၀ က လက္ခံေၾကာင္း လက္မွတ္ေရးထိုးၿပီး ဇြန္ ၂၂ ရက္ က ထုတ္ျပန္ခဲ့ပါတယ္။

အဲဒီလိုလက္မွတ္ေရးထိုးတဲ့ႏိုင္ငံေတြစာရင္းမွာေတာ့ ကမာၻ႔ သက္တမ္း အရွည္ဆုံး ျပည္တြင္းစစ္ ျဖစ္ပြားေနတဲ့ ျမန္မာႏိုင္ငံေတာ့ ပါဝင္ျခင္းမရွိတာကို ေတြ႕ရပါတယ္။

ကုလအအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယိုဂူတားရက္စ္က ကပ္ေရာဂါၾကားမွာ တစ္ကမာၻလုံး အပစ္ရပ္ထားဖို႔ မတ္ ၂၃ မွာ ပန္ၾကားခ်က္ထုတ္ျပန္ခဲ့တာပါ။

အဲဒီလို ထုတ္ျပန္ခဲ့ၿပီးတဲ့ေနာက္ပိုင္း ျမန္မာ့တပ္မေတာ္က အၾကမ္းဖက္အဖြဲ႕ေတြရွိတဲ့ ေဒသကလြဲလို႔ က်န္ေဒသေတြမွာ တစ္ဖတ္သတ္အပစ္ရပ္တယ္လို႔ ေၾကညာခဲ့ပါတယ္။

ဒါေပမဲ့ အဲဒီထဲမွာရခိုင္နဲ႔ ခ်င္းျပည္နယ္တို႔ မပါရွိခဲ့သလို ကပ္ေရာဂါကာလအတြင္းမွာကို အဲဒီေဒသေတြမွာ စစ္ရွိန္က ျမင့္တက္ေနတာပါ။

ဒီလက္မွတ္ထိုးတဲ့အထဲ ျမန္မာႏိုင္ငံမပါဝင္ရတဲ့ အေၾကာင္းအရင္းနဲ႔ ကပ္ေရာဂါကာလ စစ္ေရးအရွိန္ေလွ်ာ့ခ်ဖို႔ ဘာေတြက ခက္ခဲေနသလဲဆိုတာနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ရဲ႕ သေဘာထားကို ဘီဘီစီက ေမးျမန္းရာမွာေတာ့ "ျပည္တြင္းေရး ကိစၥေတြဟာ တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ မတူဘဲ ႏိုင္ငံ အသီးသီးရဲ႕ ပကတိ အေျခအေန အေပၚ မူတည္ေနတယ္"လို႔ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရး အဖြဲ႕က ျပန္လည္ ေျဖၾကားပါတယ္။

"ကုလအတြင္းေရးမႉးခ်ဳပ္ရဲ႕ ပဋိပကၡမ်ားရပ္တန႔္ေရး ေလွ်ာ့ခ်ေရးေျပာတဲ့အခါမွာ အကုန္လုံး မပါပါဘူး။

အေမရိကန္ဆိုလည္း အၾကမ္းဖက္သမားေတြ အိုင္အက္စ္တို႔ တာလီဘန္တို႔ကို ခ်န္လွပ္ထားတာရွိပါတယ္။

ဒါေတြကေတာ့ ႏိုင္ငံေတြရဲ႕ ပကတိျဖစ္ေပၚေနတဲ့အေနအထားေတြနဲ႔ပဲ ဆိုင္ပါလိမ့္မယ္။

ကြၽန္ေတာ္တို႔ႏိုင္ငံမွာလည္း ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးနဲ႔ ထာဝရၿငိမ္းခ်မ္းေရးဆိုင္ရာ ေၾကညာခ်က္ ထုတ္ထားတာရွိတယ္။

အၾကမ္းဖက္ေဒသမ်ားမပါ အၾကမ္းဖက္သမားေတြရွိတဲ့ေနရာမပါလို႔ ထုတ္ျပန္ထားပါတယ္။

ဒီလိုႁခြင္းခ်က္ ရွိတဲ့အတြက္ အားလုံးလက္မွတ္ေရးထိုးတဲ့အခါမွာ အႂကြင္းမဲ့ဆိုတာကို လက္မွတ္ထိုးဖို႔ မပါဝင္ရျခင္းျဖစ္တယ္။

ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးနဲ႔ ထာဝရၿငိမ္းခ်မ္းေရး ေၾကညာခ်က္ထုတ္ၿပီးတဲ့အခါမွာလည္း လက္ေတြ႕အေျခအေနက ေခ်ာင္းေျမာင္း တိုက္ခိုက္တာေတြရွိလာတယ္။

ျပည္သူလူထုကို အကာအကြယ္ယူၿပီး တိုက္ခိုက္တာျဖစ္လာတယ္။ လမ္းမႀကီးေပၚေတြ တက္ၿပီးေတာ့ မိုင္းေထာင္မိုင္းခြဲတာေတြျဖစ္လာတယ္။

ဒါေတြကေတာ့ ကြၽန္ေတာ္တို႔က စစ္ဆင္ေရးအရ ေဆာင္႐ြက္ရမွာျဖစ္တယ္" လို႔ တပ္မေတာ္ရဲ႕ ရပ္တည္ခ်က္ကို ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ဒီ ကိုဗစ္၁၉ ကပ္ေရာဂါ ျဖစ္ပြားေနခ်ိန္မွာပဲ တပ္မေတာ္ဟာ အပစ္ရပ္ ကာလရွည္ၾကာ ထိန္းထားႏိုင္ခဲ့တဲ့ ကရင္အမ်ိဳးသား အစည္းအ႐ုံး ေကအန္န္ယူ၊ ကခ်င္လြတ္ေျမာက္ေရးအဖြဲ႕ ေကအိုင္ေအတို႔နဲ႔ လည္း စစ္ေရးတင္းမာမႈေတြ ျပန္ ရွိလာေနပါတယ္။

လက္ရွိ အန္အယ္လ္ဒီအစိုးရသက္တမ္းက ကုန္ဆုံးဖို႔ ဆယ္လခန႔္သာ က်န္ရွိေတာ့တတဲ့ အခ်ိန္မွာ ၂၁ ရာစု ပင္လုံၿငိမ္းခ်မ္းေရး ညီလာခံ ေနာက္တစ္ႀကိမ္ က်င္းပဖို႔ကိုလည္း ဒီရက္ပိုင္းအတြင္း အစိုးရ၊ တပ္မေတာ္နဲ႔ အပစ္ရပ္ လက္မွတ္ထိုးအဖြဲ႕ေတြ အသည္းအသန္ ႀကိဳးစားေနရပါတယ္။

လက္က်န္သက္တမ္းအတြင္း စစ္ေရးအရွိန္ေလွ်ာ့ခ်ေရးနဲ႔ ျပည္တြင္း ျငမ္းခ်မ္းေရးျဖစ္စဥ္က ကိုဗစ္နဲ႔အတူ အစိုးရေျဖရွင္းရမယ့္ စိန္ေခၚခ်က္ႀကီးတစ္ခု ျဖစ္လာေနပါတယ္။

စစ္ေရးနဲ႔ တိုင္ရင္းသားအေရးေလ့လာသူ ဦးေမာင္ေမာင္စိုးကေတာ့ လက္က်န္ အစိုးရ သက္တမ္း အတြင္း လုံးဝအပစ္ရပ္သြားဖို႔ကေတာ့ ခက္ခဲေနဦးမယ္ လို႔ သုံးသပ္ပါတယ္။

ကပ္ေရာဂါကာလမွာ တိုက္ပြဲေတြဆက္ျဖစ္ေနတာ ကပ္ေရာဂါထက္ပိုၿပီး တစ္ဖက္နဲ႔တစ္ဖက္ အာဃာတေတြ ပိုႀကီးေနၾကလို႔လို႔ သူက ဆိုပါတယ္။

"အခု ရခိုင္မွာတိုက္ပြဲေတြျပင္းထန္ေနသလို ရွမ္းေျမာက္မွာလည္း ေကအိုင္ေအတို႔၊ တီအန္အယ္လ္ေအတို႔၊ ကိုးကန႔္တို႔နဲ႔ တိုက္ပြဲေတြ ျပန္ျဖစ္ေနတာေတြ႕ရတယ္။

တကယ္ေတာ့ ေကအန္န္ယူနဲ႔ေရာ ေျမာက္ပိုင္းေလးဖြဲ႕နဲ႔ေရာ တိုက္ပြဲေတြျပန္ျဖစ္ေနတာက ကပ္ေရာဂါမတိုင္ခင္တည္းက ျဖစ္ေနတာ။

ကပ္ေရာဂါကာလမွာ (တိုက္ပြဲ) ေလွ်ာ့ခ်ဖို႔ဆိုတာကလည္း သေဘာတူညီခ်က္မရရင္ ေလွ်ာ့ခ်လို႔ မရဘူး။

အဲဒီေတာ့ ေနာက္လထဲမွာ JMC (အပစ္ရပ္ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီအစည္းအေဝး) က်င္းပမယ္ေျပာတာကိုး။

အဲဒီမွာ ေကအန္န္ယူနဲ႔ တိုက္ပြဲေတြေလွ်ာ့ခ်ႏိုင္မလားေစာင့္ၾကည့္ရမယ္။ အစိုးရသက္တမ္း ဆယ္လအတြင္းမွာ လုံးဝအပစ္ရပ္သြားဖို႔ကေတာ့ ခက္ခဲေနဦးမယ္ထင္တယ္။

ဒီေျမာက္ပိုင္းေလးဖြဲ႕နဲ႔ ပတ္သက္ၿပီးေတာ့ ေဆြးေႏြးမယ္ဆိုရင္လည္း တကယ္တမ္းက ေဆြးေႏြးႏိုင္မယ့္ အေျခအေနမရွိဘူး" လို႔ ဦးေမာင္ေမာင္စိုးက သုံးသပ္ပါတယ္။

လက္ရွိအစိုးရ အေနနဲ႔ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္လို႔ ေျပာရရင္ေတာ့ NCA ထိုးထားတဲ့အဖြဲ႕ေတြနဲ႔ ေ႐ြးေကာက္ပြဲမက်င္းပခင္ ညီလာခံက်င္းပေရးကိုပဲ လုံးပမ္းေနပုံရတယ္လို႔လည္: ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ေတြကို အစဥ္တစိုက္ ေလ့လာၿပီး စာအုပ္ေတြ ေရးသားေနသူ ဦးေမာင္ေမာင္စိုးကို မွတ္ခ်က္ျပဳပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53193232
ကိုဗစ်ကြား မငြိမ်းချမ်းသေးတဲ့ မြန်မာ့ ငြိမ်းချမ်းရေး ကိုဗစ်ကြား မငြိမ်းချမ်းသေးတဲ့ မြန်မာ့ ငြိမ်းချမ်းရေး Reviewed by THITHTOOLWIN on 21:51 Rating: 5
Powered by Blogger.