GPSကိုပြိုင်ဖို့ တရုတ်ရဲ့ နောက်ဆုံးဂြိုဟ်တု လွှတ်တင်

အမေရိကန်ရဲ့ GPS စနစ်ကို ယှဉ်ပြိုင်မယ့် တရုတ်ရဲ့ ကိုယ်ပိုင် တည်နေရာပြ ဘေဒိုး BDS စနစ်အတွက် နောက်ဆုံးဂြိုဟ်တုကို လွှတ်တင်လိုက်ပါတယ်။
(Unicode)⤵⤵⤵
အမေရိကန်ရဲ့ GPS တည်နေရာပြစနစ်ကို ယှဉ်ပြိုင်မယ့် တရုတ်ရဲ့ ကိုယ်ပိုင် တည်နေရာပြစနစ် BDS အတွက် နောက်ဆုံးဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်လိုက်နိုင်တဲ့အတွက် တရုတ်နိုင်ငံဟာ အာကာသထဲမှာ အင်အားကြီးနိုင်ငံ တစ်နိုင်ငံအဖြစ် နောက်ထပ် တစ်ပန်းသာသွားပြီ ဖြစ်ပါတယ်။

ဇွန်လ ၂၃ ရက် အင်္ဂါနေ့က Beidou Navigation Satellite System (BDS) အတွက် နောက်ဆုံး လွှတ်တင်လိုက်တဲ့ ဆက်သွယ်ရေးဂြိုဟ်တုကြောင့် တရုတ်အစိုးရဟာ အမေရိကန်အစိုးရပိုင် GPS ကမ္ဘာတဝန်း တည်နေရာပြစနစ်အပေါ် အားကိုးစရာ မလိုတော့ပါဘူး။

ဒေါ်လာ ၁၀ ဘီလျံတန်တဲ့ အဲဒီ 'ဘေဒိုး အမှတ် ၃'ကွန်ရက်စနစ်ဟာ ဆက်သွယ်ရေးဂြိုဟ်တု ၃၅ ခုနဲ့ ဖွဲ့စည်းထားပြီး ကမ္ဘာတဝန်းက တည်နေရာတွေကို ညွှန်ပြနိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကိစ္စ၊ ကုန်သွယ်ရေးကိစ္စ၊ ဟောင်ကောင်အရေး စတာတွေနဲ့ပတ်သက်လို့ တရုတ်နဲ့ အမေရိကန်အကြား တင်းမာမှုတွေ မြင့်တက်လာနေချိန်မှာပဲ တရုတ်က အခုနောက်ဆုံး ဆက်သွယ်ရေးဂြိုဟ်တုကို လွှတ်တင်လိုက်တာပါ။

ဂြိုဟ်တုကို ပြီးခဲ့တဲ့ သီတင်းပတ်က လွှတ်တင်ဖို့ စီစဉ်ထားတာ ဖြစ်ပေမဲ့ စမ်းသပ် ပစ်လွှတ်မှုတွေ လုပ်ခဲ့စဉ် နည်းပညာပိုင်း ချို့ယွင်းချက်တွေ တွေ့ခဲ့ရတဲ့အတွက် နှောင့်နှေးခဲ့ရတာပါ။

BDS ဘေဒိုး တည်နေရာပြ ဂြိုဟ်တု ဆက်သွယ်ရေးစနစ်ရဲ့ ဒီတတိယ ဗားရှင်းဟာ တခြားတည်နေရာပြ စနစ်တွေဖြစ်တဲ့ ရုရှားရဲ့ GLONASS စနစ်နဲ့ ဥရောပရဲ့ Galileo စနစ် နေရာမှာရော အမေရိကန်ရဲ့ GPS စနစ် နေရာမှာပါ အစားထိုး အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

နောက်ထပ် စီမံကိန်းတွေအရ BDS စနစ်ကို အဓိက အခြေပြုပြီး သုံးရပိုလွယ်၊ ဖွဲ့စည်းရလွယ်တဲ့ စနစ်တစ်ခုကို ၂၀၃၅ ခုနှစ်မတိုင်ခင် အွန်လိုင်းပေါ် အရောက်တင်ပေးနိုင်မယ်လို့ ကတိပြုထားပါတယ်။

Big Dipper လို့ အဓိပ္ပာယ်ရတဲ့ BeiDou ဘေဒိုးစနစ်ရဲ့ ပထမဗားရှင်းကို ၂၀၁၂ ခုနှစ်မှာ ဖျက်သိမ်းခဲ့တာပါ။

တရုတ် ကိုယ်ပိုင် အဆင့်မြင့် နည်းပညာစနစ်တွေ တိုးတက်လာစေဖို့ တရုတ်အစိုးရက ငွေကြေး အမြောက်အမြား ထောက်ပံ့ခဲတဲ့အတွက် ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း တရုတ်အာကာသ စီမံကိန်း အလျင်အမြန် တိုးတက် အောင်မြင်လာခဲ့ပါတယ်။

၂၀၀၃ ခုနှစ်မှာ တရုတ်နိုင်ငံဟာ သူ့ကိုယ်ပိုင် အာကာသယာဉ်မှူးတွေ လိုက်ပါတဲ့ အာကာသယာဉ် လွှတ်တင်နိုင်တဲ့ ကမ္ဘာ့ တတိယမြောက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

အဲဒီအချိန်ကစလို့ တရုတ်ဟာ အာကာသ စမ်းသပ်စခန်းတစ်ခု တည်ဆောက်ခဲ့ပြီး လပေါ်ကို ယာဉ်နှစ်စင်း စေလွှတ်ခဲ့ပါတယ်။

ဒီလိုစေလွှတ်တာဟာ အာကာသစခန်းတစ်ခု အမြဲ ထားရှိဖို့၊ အာကာသယာဉ်မှူးတွေ ပါတဲ့ ခရီးစဉ်တစ်ခု လဆီ စေလွှတ်နိုင်ဖို့၊ ဂြိုဟ်ပတ်ယာဉ်တစ်စင်း အင်္ဂါဂြိုဟ်ပေါ် တင်လွှတ်နိုင်အောင် ပထမဆုံးအကြိမ် ကြိုးစားဖို့ တရုတ်အစိုးရက ပြင်ဆင်တာလို့ ယူဆနေကြပါတယ်။

အဲဒီလို လုပ်နိုင်ခဲ့ရင်တော့ အာကာသစူးစမ်းရှာဖွေမှုမှာ တရုတ်ဟာ အမေရိကန်ရဲ့ အရေးပါတဲ့ ပြိုင်ဘက်နိုင်ငံတစ်ခု ဖြစ်လာပါလိမ့်မယ်။
အမေရိကန်နဲ့ တရုတ်အကြား အဆင်မပြေတဲ့ ဆက်ဆံရေး

အခုနှစ်အစပိုင်းက စလို့ ကိစ္စရပ်အတော်များများနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန်အကြား ဆက်ဆံရေး တစ်နေ့တစ်ခြား ဆိုးဝါးလာခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအပေါ် တရုတ်အစိုးရရဲ့ ကိုင်တွယ် ဖြေရှင်းပုံနဲ့ပတ်သက်လို့ အမေရိကန် သမ္မတထရန့်နဲ့ သူအစိုးရက ထပ်ခါတလဲလဲ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ဒီဇင်ဘာလက တရုတ်နိုင်ငံမှာ ပထမဆုံး စပေါ်ပေါက်ခဲ့တာပါ။

ဟောင်ကောင်မှာ လုံခြုံရေးဥပဒေသစ်တစ်ခု တရုတ်အစိုးရက ဖိအားပေး ပြဌာန်းခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်သမ္မတက ဟောင်ကောင်ကို ပေးထားတဲ့ ကုန်သွယ်ရေးနဲ့ ခရီးသွားလာရေးဆိုင်ရာ အထူးအခွင့်အရေးတွေ ပြန်ရုပ်သိမ်းမယ်လို့ ပြီးခဲ့တဲ့လက ထုတ်ဖော်ကြေညာခဲ့ပါတယ်။

အခုသီတင်းပတ်မှာလည်း အမေရိကန် လုံခြုံရေး အကြံပေးပုဂ္ဂိုလ်ဟောင်း ဂျွန် ဘိုလ်တန် က သူ့ရဲ့စာအုပ်သစ်ထဲမှာ သမ္မတထရမ့်ဟာ သမ္မတရွေးကောက်ပွဲမှာ ပြန်အရွေးခံနိုင်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အကူအညီ တောင်းခဲ့တယ်လို့ ဖော်ပြခဲ့တဲ့အတွက် တရုတ် အမေရိကန် ဆက်ဆံရေးအပေါ် ဝေဖန်မှုတွေ တိုးပွားထွက်ပေါ်ခဲ့ပါတယ်။

BBC Burmese
----------------------------------------
(Zawgyi)⤵⤵⤵
GPSကိုၿပိဳင္ဖို႔ တ႐ုတ္ရဲ႕ ေနာက္ဆုံးၿဂိဳဟ္တု လႊတ္တင္

အေမရိကန္ရဲ႕ GPS တည္ေနရာျပစနစ္ကို ယွဥ္ၿပိဳင္မယ့္ တ႐ုတ္ရဲ႕ ကိုယ္ပိုင္ တည္ေနရာျပစနစ္ BDS အတြက္ ေနာက္ဆုံးၿဂိဳဟ္တုကို ေအာင္ျမင္စြာ လႊတ္တင္လိုက္ႏိုင္တဲ့အတြက္ တ႐ုတ္ႏိုင္ငံဟာ အာကာသထဲမွာ အင္အားႀကီးႏိုင္ငံ တစ္ႏိုင္ငံအျဖစ္ ေနာက္ထပ္ တစ္ပန္းသာသြားၿပီ ျဖစ္ပါတယ္။

ဇြန္လ ၂၃ ရက္ အဂၤါေန႔က Beidou Navigation Satellite System (BDS) အတြက္ ေနာက္ဆုံး လႊတ္တင္လိုက္တဲ့ ဆက္သြယ္ေရးၿဂိဳဟ္တုေၾကာင့္ တ႐ုတ္အစိုးရဟာ အေမရိကန္အစိုးရပိုင္ GPS ကမာၻတဝန္း တည္ေနရာျပစနစ္အေပၚ အားကိုးစရာ မလိုေတာ့ပါဘူး။

ေဒၚလာ ၁၀ ဘီလ်ံတန္တဲ့ အဲဒီ 'ေဘဒိုး အမွတ္ ၃'ကြန္ရက္စနစ္ဟာ ဆက္သြယ္ေရးၿဂိဳဟ္တု ၃၅ ခုနဲ႔ ဖြဲ႕စည္းထားၿပီး ကမာၻတဝန္းက တည္ေနရာေတြကို ၫႊန္ျပႏိုင္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကိစၥ၊ ကုန္သြယ္ေရးကိစၥ၊ ေဟာင္ေကာင္အေရး စတာေတြနဲ႔ပတ္သက္လို႔ တ႐ုတ္နဲ႔ အေမရိကန္အၾကား တင္းမာမႈေတြ ျမင့္တက္လာေနခ်ိန္မွာပဲ တ႐ုတ္က အခုေနာက္ဆုံး ဆက္သြယ္ေရးၿဂိဳဟ္တုကို လႊတ္တင္လိုက္တာပါ။

ၿဂိဳဟ္တုကို ၿပီးခဲ့တဲ့ သီတင္းပတ္က လႊတ္တင္ဖို႔ စီစဥ္ထားတာ ျဖစ္ေပမဲ့ စမ္းသပ္ ပစ္လႊတ္မႈေတြ လုပ္ခဲ့စဥ္ နည္းပညာပိုင္း ခ်ိဳ႕ယြင္းခ်က္ေတြ ေတြ႕ခဲ့ရတဲ့အတြက္ ေႏွာင့္ေႏွးခဲ့ရတာပါ။

BDS ေဘဒိုး တည္ေနရာျပ ၿဂိဳဟ္တု ဆက္သြယ္ေရးစနစ္ရဲ႕ ဒီတတိယ ဗားရွင္းဟာ တျခားတည္ေနရာျပ စနစ္ေတြျဖစ္တဲ့ ႐ုရွားရဲ႕ GLONASS စနစ္နဲ႔ ဥေရာပရဲ႕ Galileo စနစ္ ေနရာမွာေရာ အေမရိကန္ရဲ႕ GPS စနစ္ ေနရာမွာပါ အစားထိုး အသုံးျပဳႏိုင္မယ္လို႔ ဆိုပါတယ္။

ေနာက္ထပ္ စီမံကိန္းေတြအရ BDS စနစ္ကို အဓိက အေျချပဳၿပီး သုံးရပိုလြယ္၊ ဖြဲ႕စည္းရလြယ္တဲ့ စနစ္တစ္ခုကို ၂၀၃၅ ခုႏွစ္မတိုင္ခင္ အြန္လိုင္းေပၚ အေရာက္တင္ေပးႏိုင္မယ္လို႔ ကတိျပဳထားပါတယ္။

Big Dipper လို႔ အဓိပၸာယ္ရတဲ့ BeiDou ေဘဒိုးစနစ္ရဲ႕ ပထမဗားရွင္းကို ၂၀၁၂ ခုႏွစ္မွာ ဖ်က္သိမ္းခဲ့တာပါ။

တ႐ုတ္ ကိုယ္ပိုင္ အဆင့္ျမင့္ နည္းပညာစနစ္ေတြ တိုးတက္လာေစဖို႔ တ႐ုတ္အစိုးရက ေငြေၾကး အေျမာက္အျမား ေထာက္ပံ့ခဲတဲ့အတြက္ ၿပီးခဲ့တဲ့ ႏွစ္ ၂၀ အတြင္း တ႐ုတ္အာကာသ စီမံကိန္း အလ်င္အျမန္ တိုးတက္ ေအာင္ျမင္လာခဲ့ပါတယ္။

၂၀၀၃ ခုႏွစ္မွာ တ႐ုတ္ႏိုင္ငံဟာ သူ႔ကိုယ္ပိုင္ အာကာသယာဥ္မႉးေတြ လိုက္ပါတဲ့ အာကာသယာဥ္ လႊတ္တင္ႏိုင္တဲ့ ကမာၻ႔ တတိယေျမာက္ႏိုင္ငံ ျဖစ္လာခဲ့ပါတယ္။

အဲဒီအခ်ိန္ကစလို႔ တ႐ုတ္ဟာ အာကာသ စမ္းသပ္စခန္းတစ္ခု တည္ေဆာက္ခဲ့ၿပီး လေပၚကို ယာဥ္ႏွစ္စင္း ေစလႊတ္ခဲ့ပါတယ္။

ဒီလိုေစလႊတ္တာဟာ အာကာသစခန္းတစ္ခု အၿမဲ ထားရွိဖို႔၊ အာကာသယာဥ္မႉးေတြ ပါတဲ့ ခရီးစဥ္တစ္ခု လဆီ ေစလႊတ္ႏိုင္ဖို႔၊ ၿဂိဳဟ္ပတ္ယာဥ္တစ္စင္း အဂၤါၿဂိဳဟ္ေပၚ တင္လႊတ္ႏိုင္ေအာင္ ပထမဆုံးအႀကိမ္ ႀကိဳးစားဖို႔ တ႐ုတ္အစိုးရက ျပင္ဆင္တာလို႔ ယူဆေနၾကပါတယ္။

အဲဒီလို လုပ္ႏိုင္ခဲ့ရင္ေတာ့ အာကာသစူးစမ္းရွာေဖြမႈမွာ တ႐ုတ္ဟာ အေမရိကန္ရဲ႕ အေရးပါတဲ့ ၿပိဳင္ဘက္ႏိုင္ငံတစ္ခု ျဖစ္လာပါလိမ့္မယ္။

အေမရိကန္နဲ႔ တ႐ုတ္အၾကား အဆင္မေျပတဲ့ ဆက္ဆံေရး

အခုႏွစ္အစပိုင္းက စလို႔ ကိစၥရပ္အေတာ္မ်ားမ်ားနဲ႔ ပတ္သက္ၿပီး တ႐ုတ္နဲ႔ အေမရိကန္အၾကား ဆက္ဆံေရး တစ္ေန႔တစ္ျခား ဆိုးဝါးလာခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြားမႈအေပၚ တ႐ုတ္အစိုးရရဲ႕ ကိုင္တြယ္ ေျဖရွင္းပုံနဲ႔ပတ္သက္လို႔ အေမရိကန္ သမၼတထရန႔္နဲ႔ သူအစိုးရက ထပ္ခါတလဲလဲ ေဝဖန္ျပစ္တင္ခဲ့ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ဟာ ဒီဇင္ဘာလက တ႐ုတ္ႏိုင္ငံမွာ ပထမဆုံး စေပၚေပါက္ခဲ့တာပါ။

ေဟာင္ေကာင္မွာ လုံၿခဳံေရးဥပေဒသစ္တစ္ခု တ႐ုတ္အစိုးရက ဖိအားေပး ျပဌာန္းခဲ့တာကို တုံ႔ျပန္တဲ့အေနနဲ႔ အေမရိကန္သမၼတက ေဟာင္ေကာင္ကို ေပးထားတဲ့ ကုန္သြယ္ေရးနဲ႔ ခရီးသြားလာေရးဆိုင္ရာ အထူးအခြင့္အေရးေတြ ျပန္႐ုပ္သိမ္းမယ္လို႔ ၿပီးခဲ့တဲ့လက ထုတ္ေဖာ္ေၾကညာခဲ့ပါတယ္။

အခုသီတင္းပတ္မွာလည္း အေမရိကန္ လုံၿခဳံေရး အႀကံေပးပုဂၢိဳလ္ေဟာင္း ဂြၽန္ ဘိုလ္တန္ က သူ႔ရဲ႕စာအုပ္သစ္ထဲမွာ သမၼတထရမ့္ဟာ သမၼတေ႐ြးေကာက္ပြဲမွာ ျပန္အေ႐ြးခံႏိုင္ဖို႔ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ကို အကူအညီ ေတာင္းခဲ့တယ္လို႔ ေဖာ္ျပခဲ့တဲ့အတြက္ တ႐ုတ္ အေမရိကန္ ဆက္ဆံေရးအေပၚ ေဝဖန္မႈေတြ တိုးပြားထြက္ေပၚခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53156345
GPSကိုပြိုင်ဖို့ တရုတ်ရဲ့ နောက်ဆုံးဂြိုဟ်တု လွှတ်တင် GPSကိုပြိုင်ဖို့ တရုတ်ရဲ့ နောက်ဆုံးဂြိုဟ်တု လွှတ်တင် Reviewed by THITHTOOLWIN on 19:22 Rating: 5
Powered by Blogger.