တောင်ကိုရီးယားအပေါ် စစ်ရေးတုံ့ပြန်မှုအားလုံး ရပ်ဆိုင်းကြောင်း မြောက်ကိုရီးယားကြေညာ

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un။ (မေ ၂၄၊ ၂၀၂၀)
(Unicode)⤵⤵⤵
တောင်ကိုရီးယားအပေါ် စစ်ရေးအရ တုံ့ပြန်မှုအားလုံးကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက ရပ်ဆိုင်းလိုက်တယ်လို့ နိုင်ငံပိုင်သတင်းက ဗုဒ္ဓဟူးနေ့မှာ ကြေငြာပါတယ်။ ဘယ်လို စစ်ရေးတုံ့ပြန်မှုတွေလည်း ဆိုတာကိုတော့ အတိအကျပြောမထားပါဘူး။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un။
သီတင်းပတ်နဲ့ချီ ခြိမ်းချောက်လာတဲ့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေကြောင့် နှစ်နိုင်ငံကြားတင်းမာမှု တိုးလာတာကို ထင်ထင်ရှားရှား လေ ျှာ့ချလိုက်တာလည်း ဖြစ်ပါတယ်။ နိုင်ငံပိုင် KCNA သတင်းဌာနရဲ့ အဆိုအရ အာဏာရပါတီရဲ့ ဗဟိုစစ်ရေးကော်မရှင်အစည်းအဝေးမှာ Kim Jong Un က ပေါ်ပေါက်လာတဲ့အခြေအနေတွေကို ဆင်ခြင်သုံးသပ်ပြီး အဲဒီစစ်ရေးလှုပ်ရှားမှုတွေကို ရပ်ဆိုင်းလိုက်တာပါ။

ဘယ်လို စစ်ရေးလုပ်ဆောင်မှုကို ရပ်ဆိုင်းလိုက်တာလဲဆိုတာနဲ့ တောင်ကိုရီးယားအပေါ် ရန်စတဲ့လုပ်ရပ်တွေ ရပ်ဆိုင်းလိုက်ပြီလားဆိုတာကတော့ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။

နှစ်နိုင်ငံဆက်ဆံရေး အဆိုးဘက်ကို ဦးတည်သွားနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေက မြောက်ကိုရီးယားရဲ့ ဒီလုပ်ရပ်ကြောင့် အံ့အားသင့်ခဲ့ကြတာပါ။

မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေးကို တာဝန်ယူလုပ်ကိုင်နေတဲ့ တောင်ကိုရီးယားနိုင်ငံကနှစ်နိုင်ငံပေါင်းစည်းရေးဝန်ကြီးဌာန ပြောခွင့်ရသူကတေ့ာ အခြေအနေကို စောင့်ကြည့်နေပြီး နှစ်နိုင်ငံသဘောတူထားတဲ့ ကိစ္စရပ်တွေကို ဆက်ပြီး လိုက်နာသွားမယ်လို့ပြောပါတယ်။

၂၀၁၈ ခုနှစ်က သဘောတူချက်ထဲမှာတော့ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့နဲ့ စစ်ရေးတင်းမာမှုတွေလေ ျှာ့ချသွားဖို့ ပါဝင်ပေမယ့် တောင်ကိုရီးယားဘက်က ရှေ့ဆက်အကောင်အထည်ဖော်ဖို့ ပျက်ကွက်တယ်ဆိုပြီး မြောက်ကိုရီးယားက မကျေမနပ်ဖြစ်နေတာပါ။ နိုင်ငံတကာအရေးယူ ဒဏ်ခတ်မှုတွေကြောင့် တောင်ကိုရီးယားဘက်က သဘောတူညီမှုအတိုင်း အပြည့်အဝ အကောင်အထည် မဖော်နိုင်တာလည်းဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
---------------------------------------------------------
(Zawgyi)⤵⤵⤵
ေတာင္ကိုရီးယားအေပၚ စစ္ေရးတုံ႔ျပန္မႈအားလုံး ရပ္ဆိုင္းေၾကာင္း ေျမာက္ကိုရီးယားေၾကညာ

ေတာင္ကိုရီးယားအေပၚ စစ္ေရးအရ တုံ႔ျပန္မႈအားလုံးကို ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္မ္ဂ်ဳံအြန္းက ရပ္ဆိုင္းလိုက္တယ္လို႔ ႏိုင္ငံပိုင္သတင္းက ဗုဒၶဟူးေန႔မွာ ေၾကျငာပါတယ္။ ဘယ္လို စစ္ေရးတုံ႔ျပန္မႈေတြလည္း ဆိုတာကိုေတာ့ အတိအက်ေျပာမထားပါဘူး။

သီတင္းပတ္နဲ႔ခ်ီ ၿခိမ္းေခ်ာက္လာတဲ့ ေျမာက္ကိုရီးယားရဲ႕ လုပ္ရပ္ေတြေၾကာင့္ ႏွစ္ႏိုင္ငံၾကားတင္းမာမႈ တိုးလာတာကို ထင္ထင္ရွားရွား ေလ ွ်ာ့ခ်လိုက္တာလည္း ျဖစ္ပါတယ္။ ႏိုင္ငံပိုင္ KCNA သတင္းဌာနရဲ႕ အဆိုအရ အာဏာရပါတီရဲ႕ ဗဟိုစစ္ေရးေကာ္မရွင္အစည္းအေဝးမွာ Kim Jong Un က ေပၚေပါက္လာတဲ့အေျခအေနေတြကို ဆင္ျခင္သုံးသပ္ၿပီး အဲဒီစစ္ေရးလႈပ္ရွားမႈေတြကို ရပ္ဆိုင္းလိုက္တာပါ။

ဘယ္လို စစ္ေရးလုပ္ေဆာင္မႈကို ရပ္ဆိုင္းလိုက္တာလဲဆိုတာနဲ႔ ေတာင္ကိုရီးယားအေပၚ ရန္စတဲ့လုပ္ရပ္ေတြ ရပ္ဆိုင္းလိုက္ၿပီလားဆိုတာကေတာ့ ရွင္းရွင္းလင္းလင္းမရွိေသးပါဘူး။

ႏွစ္ႏိုင္ငံဆက္ဆံေရး အဆိုးဘက္ကို ဦးတည္သြားႏိုင္တဲ့အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ထားတဲ့ ေတာင္ကိုရီးယား တာဝန္ရွိသူေတြက ေျမာက္ကိုရီးယားရဲ႕ ဒီလုပ္ရပ္ေၾကာင့္ အံ့အားသင့္ခဲ့ၾကတာပါ။

ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ ဆက္ဆံေရးကို တာဝန္ယူလုပ္ကိုင္ေနတဲ့ ေတာင္ကိုရီးယားႏိုင္ငံကႏွစ္ႏိုင္ငံေပါင္းစည္းေရးဝန္ႀကီးဌာန ေျပာခြင့္ရသူကေတ့ာ အေျခအေနကို ေစာင့္ၾကည့္ေနၿပီး ႏွစ္ႏိုင္ငံသေဘာတူထားတဲ့ ကိစၥရပ္ေတြကို ဆက္ၿပီး လိုက္နာသြားမယ္လို႔ေျပာပါတယ္။

၂၀၁၈ ခုႏွစ္က သေဘာတူခ်က္ထဲမွာေတာ့ စီးပြားေရးပူးေပါင္းေဆာင္႐ြက္ဖို႔နဲ႔ စစ္ေရးတင္းမာမႈေတြေလ ွ်ာ့ခ်သြားဖို႔ ပါဝင္ေပမယ့္ ေတာင္ကိုရီးယားဘက္က ေရွ႕ဆက္အေကာင္အထည္ေဖာ္ဖို႔ ပ်က္ကြက္တယ္ဆိုၿပီး ေျမာက္ကိုရီးယားက မေက်မနပ္ျဖစ္ေနတာပါ။ ႏိုင္ငံတကာအေရးယူ ဒဏ္ခတ္မႈေတြေၾကာင့္ ေတာင္ကိုရီးယားဘက္က သေဘာတူညီမႈအတိုင္း အျပည့္အဝ အေကာင္အထည္ မေဖာ္ႏိုင္တာလည္းျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/Korea-tension/5475285.html
တောင်ကိုရီးယားအပေါ် စစ်ရေးတုံ့ပြန်မှုအားလုံး ရပ်ဆိုင်းကြောင်း မြောက်ကိုရီးယားကြေညာ တောင်ကိုရီးယားအပေါ် စစ်ရေးတုံ့ပြန်မှုအားလုံး ရပ်ဆိုင်းကြောင်း မြောက်ကိုရီးယားကြေညာ Reviewed by THITHTOOLWIN on 19:09 Rating: 5
Powered by Blogger.