ရေနံချက်ဖို ဆီကန်အတွင်း ပြုတ်ကျသွားသော သမီးဖြစ်သူအား ဆင်းကယ်ရာမှ နှစ်ယောက်စလုံးသေ


(Unicode)⤵⤵⤵
မုံရွာ၊ ဇွန် ၂၄

မုံရွာမြို့နယ် ကျောက္ကာရေနံချက်ဖိုဆီကန်အတွင်း ပြုတ်ကျသွားသော သမီးအားဆင်းကယ်ရာမှ သားအဖနှစ်ဦးစလုံး သေဆုံးသွားကြောင်း မုံရွာနယ်မြေရဲစခန်းမှ သိရသည်။

ယနေ့နံနက်ပိုင်း ၁၀ ခွဲခန့်က ကျောက္ကာရေနံချက်ဖိုတစ်ခုတွင် ချက်ဖိုမန်နေဂျာ၏ ၂ နှစ်အရွယ်ရှိ လမ်းလျှောက်တတ်စ သမီးဖြစ်သူမှာ ဒုတိယအဆင့် ချက်ပြီးသား ရေနံကန်အတွင်း ပြုတ်ကျသွားသဖြင့် ဖအေဖြစ်သူကိုယ်တိုင် ဆင်းကယ်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာနယ်မြေစခန်းမှူး ရဲအုပ်ခင်သန်းက ပြောသည်။

"ရေနံစိမ်းကို သုံးဆင့်ချက်တဲ့ကန်တွေထဲမှာ ဒုတိယအဆင့်ချက်ပြီးသားကန်ထဲ ကလေးက ပြုတ်ကျသွားတာ။ အဲဒီမှာ သူ့အဖေက ဆင်းကယ်ပေမယ့် ရေနံဆိုတော့ နှစ်ယောက်စလုံး အသက်ပါသွားတယ်" ဟု ရဲအုပ်ခင်သန်းက ဆက်ပြောသည်။

အဆိုပါ သေဆုံးသွားသည့် သားအဖ နှစ်ဦးမှာ မြိုင်မြို့နယ် လင်းကတောရွာဇာတိများဖြစ်ကာ အမျိုးနီးစပ်တော်သည့် ကျောက္ကာရေနံချက်ဖိုတွင် မန်နေဂျာအလုပ်လာလုပ်စဉ် ယခုကဲ့သို့ ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း  ရဲတပ်ဖွဲ့က ဆိုသည်။

၎င်းဖြစ်စဉ်အား မုံရွာနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၉/၂၀၂၀ ဖြင့်ဖွင့်လှစ် စစ်ဆေးလျက်ရှိသည်။

မောင်လေးငယ်ငယ်
https://www.facebook.com/mgmglay.ngenge
-------------------------------
(Zawgyi)⤵⤵⤵
ေရနံခ်က္ဖို ဆီကန္အတြင္း ျပဳတ္က်သြားေသာ သမီးျဖစ္သူအား ဆင္းကယ္ရာမွ ႏွစ္ေယာက္စလုံးေသ

မုံ႐ြာ၊ ဇြန္ ၂၄

မုံ႐ြာၿမိဳ႕နယ္ ေက်ာကၠာေရနံခ်က္ဖိုဆီကန္အတြင္း ျပဳတ္က်သြားေသာ သမီးအားဆင္းကယ္ရာမွ သားအဖႏွစ္ဦးစလုံး ေသဆုံးသြားေၾကာင္း မုံ႐ြာနယ္ေျမရဲစခန္းမွ သိရသည္။

ယေန႔နံနက္ပိုင္း ၁၀ ခြဲခန႔္က ေက်ာကၠာေရနံခ်က္ဖိုတစ္ခုတြင္ ခ်က္ဖိုမန္ေနဂ်ာ၏ ၂ ႏွစ္အ႐ြယ္ရွိ လမ္းေလွ်ာက္တတ္စ သမီးျဖစ္သူမွာ ဒုတိယအဆင့္ ခ်က္ၿပီးသား ေရနံကန္အတြင္း ျပဳတ္က်သြားသျဖင့္ ဖေအျဖစ္သူကိုယ္တိုင္ ဆင္းကယ္ခဲ့ျခင္းျဖစ္ေၾကာင္း မုံ႐ြာနယ္ေျမစခန္းမႉး ရဲအုပ္ခင္သန္းက ေျပာသည္။

"ေရနံစိမ္းကို သုံးဆင့္ခ်က္တဲ့ကန္ေတြထဲမွာ ဒုတိယအဆင့္ခ်က္ၿပီးသားကန္ထဲ ကေလးက ျပဳတ္က်သြားတာ။ အဲဒီမွာ သူ႔အေဖက ဆင္းကယ္ေပမယ့္ ေရနံဆိုေတာ့ ႏွစ္ေယာက္စလုံး အသက္ပါသြားတယ္" ဟု ရဲအုပ္ခင္သန္းက ဆက္ေျပာသည္။

အဆိုပါ ေသဆုံးသြားသည့္ သားအဖ ႏွစ္ဦးမွာ ၿမိဳင္ၿမိဳ႕နယ္ လင္းကေတာ႐ြာဇာတိမ်ားျဖစ္ကာ အမ်ိဳးနီးစပ္ေတာ္သည့္ ေက်ာကၠာေရနံခ်က္ဖိုတြင္ မန္ေနဂ်ာအလုပ္လာလုပ္စဥ္ ယခုကဲ့သို႔ ျဖစ္စဥ္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း  ရဲတပ္ဖြဲ႕က ဆိုသည္။

၎ျဖစ္စဥ္အား မုံ႐ြာနယ္ေျမရဲစခန္း ေသမႈေသခင္းအမွတ္စဥ္ ၉/၂၀၂၀ ျဖင့္ဖြင့္လွစ္ စစ္ေဆးလ်က္ရွိသည္။

ေမာင္ေလးငယ္ငယ္
https://www.facebook.com/mgmglay.ngenge
ရေနံချက်ဖို ဆီကန်အတွင်း ပြုတ်ကျသွားသော သမီးဖြစ်သူအား ဆင်းကယ်ရာမှ နှစ်ယောက်စလုံးသေ ရေနံချက်ဖို ဆီကန်အတွင်း ပြုတ်ကျသွားသော သမီးဖြစ်သူအား ဆင်းကယ်ရာမှ နှစ်ယောက်စလုံးသေ Reviewed by THITHTOOLWIN on 19:38 Rating: 5
Powered by Blogger.