Facebook စည်းကမ်း ချိုးဖောက်ပြီးတင်တဲ့ နိုင်ငံရေးသမားတွေရဲ့ ပို့စ်တွေမှာ သတိပေးချက် ထည့်မယ်

လူမှုကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ Facebook, Twitter နဲ့ Instagram.
(Unicode)⤵⤵⤵
ကမ္ဘာကျော် လူမှုကွန်ရက်တခုဖြစ်တဲ့ Facebook ကုမ္ပဏီက သမ္မတ Trump အပါအဝင် သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဘဲ ချိုးဖောက်ပြီး တင်နေတဲ့ပို့စ်တွေ အားလုံးမှာ သတိပေးချက် တွဲထည့်သွားမယ်လို့ အေပီသတင်းတပုဒ်မှာ ပြောထားပါတယ်။

သမ္မတ Trump အပါအဝင် နိုင်ငံရေးသမားတွေဆီက သတင်းဖြစ်စေလောက်တဲ့ ပို့စ်တွေဟာ Facebook ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီဘူးဆိုရင် သတိပေးချက်ပါ ထည့်သွားမယ်လို့ Facebook က ပြောလိုက်တာပါ။

သမ္မတ Trump က စာတိုက်ကနေ မဲထည့်တာတွေဟာ မဲမသမာမှုတွေ ဖြစ်စေနိုင်တယ်လို့ ပြောထားတာနဲ့ ပတ်သက်ပြီး Facebook ရဲ့ အမှုဆောင်အရာရှိချုပ် Mark Zuckerberg က တစုံတရာ လုပ်ဆောင်ခဲ့ခြင်း မရှိပါဘူး။

ဒါပေမယ့် Twitter ကတော့ သူတို့ဆီမှာ အဲဒီလိုတင်တာတွေမှာ တခြားအချက်အလက်တွေနဲ့ တိုက်ဆိုင်ကြည့်ရှုနိုင်ဖို့ "get the facts" ဆိုတာကိုပါ တွဲထည့်ပေးခဲ့ပါတယ်။

ဒါ့အပြင် မဲရုံတွေမှာ မဲလာပေးတဲ့သူတွေကို တရားဝင်နေထိုင်ကြောင်း ဟုတ်မဟုတ် တာဝန်ရှိသူတွေက စစ်ဆေးတာတွေ လုပ်နေတယ်ဆိုတဲ့ သတင်းလိုမျိုး လူတွေ မဲလာမပေးအောင် ရည်ရွယ်ပြီး သတင်းမှားတွေ လွှင့်နေတာတွေကိုလည်း Facebook က တားမြစ်နေပါတယ်။

ဒါ့အပြင် အမေရိကန်ရွေးကောက်ပွဲ မတိုင်ခင် ၇၂ နာရီအတွင်း ဒေသန္တရ မဲရုံတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းမှားတွေကို ဖယ်ရှားနိုင်အောင် သူတို့ဘက်ကလည်း အင်အားတိုးချဲ့ လုပ်ဆောင်နေတယ်လို့ Facebook က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------------
(Zawgyi)⤵⤵⤵
Facebook စည္းကမ္း ခ်ိဳးေဖာက္ၿပီးတင္တဲ့ ႏိုင္ငံေရးသမားေတြရဲ႕ ပို႔စ္ေတြမွာ သတိေပးခ်က္ ထည့္မယ္

ကမာၻေက်ာ္ လူမႈကြန္ရက္တခုျဖစ္တဲ့ Facebook ကုမၸဏီက သမၼတ Trump အပါအဝင္ သူတို႔ရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြကို မလိုက္နာဘဲ ခ်ိဳးေဖာက္ၿပီး တင္ေနတဲ့ပို႔စ္ေတြ အားလုံးမွာ သတိေပးခ်က္ တြဲထည့္သြားမယ္လို႔ ေအပီသတင္းတပုဒ္မွာ ေျပာထားပါတယ္။

သမၼတ Trump အပါအဝင္ ႏိုင္ငံေရးသမားေတြဆီက သတင္းျဖစ္ေစေလာက္တဲ့ ပို႔စ္ေတြဟာ Facebook ရဲ႕ စည္းမ်ဥ္းစည္းကမ္းနဲ႔ မညီဘူးဆိုရင္ သတိေပးခ်က္ပါ ထည့္သြားမယ္လို႔ Facebook က ေျပာလိုက္တာပါ။

သမၼတ Trump က စာတိုက္ကေန မဲထည့္တာေတြဟာ မဲမသမာမႈေတြ ျဖစ္ေစႏိုင္တယ္လို႔ ေျပာထားတာနဲ႔ ပတ္သက္ၿပီး Facebook ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Mark Zuckerberg က တစုံတရာ လုပ္ေဆာင္ခဲ့ျခင္း မရွိပါဘူး။

ဒါေပမယ့္ Twitter ကေတာ့ သူတို႔ဆီမွာ အဲဒီလိုတင္တာေတြမွာ တျခားအခ်က္အလက္ေတြနဲ႔ တိုက္ဆိုင္ၾကည့္ရႈႏိုင္ဖို႔ "get the facts" ဆိုတာကိုပါ တြဲထည့္ေပးခဲ့ပါတယ္။

ဒါ့အျပင္ မဲ႐ုံေတြမွာ မဲလာေပးတဲ့သူေတြကို တရားဝင္ေနထိုင္ေၾကာင္း ဟုတ္မဟုတ္ တာဝန္ရွိသူေတြက စစ္ေဆးတာေတြ လုပ္ေနတယ္ဆိုတဲ့ သတင္းလိုမ်ိဳး လူေတြ မဲလာမေပးေအာင္ ရည္႐ြယ္ၿပီး သတင္းမွားေတြ လႊင့္ေနတာေတြကိုလည္း Facebook က တားျမစ္ေနပါတယ္။

ဒါ့အျပင္ အေမရိကန္ေ႐ြးေကာက္ပြဲ မတိုင္ခင္ ၇၂ နာရီအတြင္း ေဒသႏၲရ မဲ႐ုံေတြရဲ႕ အေျခအေနနဲ႔ ပတ္သက္ၿပီး သတင္းမွားေတြကို ဖယ္ရွားႏိုင္ေအာင္ သူတို႔ဘက္ကလည္း အင္အားတိုးခ်ဲ႕ လုပ္ေဆာင္ေနတယ္လို႔ Facebook က ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/facebook-warned-political-posts/5479933.html
Facebook စည်းကမ်း ချိုးဖောက်ပြီးတင်တဲ့ နိုင်ငံရေးသမားတွေရဲ့ ပို့စ်တွေမှာ သတိပေးချက် ထည့်မယ် Facebook စည်းကမ်း ချိုးဖောက်ပြီးတင်တဲ့ နိုင်ငံရေးသမားတွေရဲ့ ပို့စ်တွေမှာ သတိပေးချက် ထည့်မယ် Reviewed by THITHTOOLWIN on 11:25 Rating: 5
Powered by Blogger.