ကပ်ရောဂါကြောင့်ထိခိုက်တဲ့ စီးပွားရေးအတွက် IMF က ဒေါ်လာ ၃၅၆ သန်းကျော်ကူညီ


(Unicode)⤵⤵⤵
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ IMF က မြန်မာနိုင်ငံ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ရင်ဆိုင်နေရတဲ့ကာလအတွင်း အရေးပေါ်အနေနဲ့ အမေရိကန်ဒေါ်လာ ၃၅၆ သန်းခွဲထောက်ပံ့မယ်လို့ သောကြာနေ့က ကြေညာလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဂယက်ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ တခြားစီးပွားရေးတွေမှာပါ ထိခိုက်နစ်နာခဲ့ရတယ်၊ ဒါကြောင့် ကပ်ရောဂါနဲ့ဆက်နွယ်ပြီး ထိခိုက်ရတဲ့စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပြုနိုင်အောင် ဒီရန်ပုံငွေကိုပေးတာလို့ IMF အဖွဲ့ရဲ့ လက်ထောက်ဦးဆောင်ညွှန်ကြားရေးမှူး မစ်ဆူဟီရို ဖူရူဆာဝါ က ပြောပါတယ်။

ဒီရန်ပုံငွေကို ကျန်းမာရေးကဏ္ဍ၊ အစားအသောက် လိုအပ်နေတဲ့သူတွေကို ထောက်ပံ့တဲ့ကဏ္ဍနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ လယ်သမားတွေကို ထောက်ပံ့နိုင်ဖို့ဖြစ်တယ်လို့လည်း သိရပါတယ်။

RFA Burmese
--------------------------------------
(Zawgyi)⤵⤵⤵




RFA Burmese
https://www.facebook.com/rfaburmese
ကပ်ရောဂါကြောင့်ထိခိုက်တဲ့ စီးပွားရေးအတွက် IMF က ဒေါ်လာ ၃၅၆ သန်းကျော်ကူညီ ကပ်ရောဂါကြောင့်ထိခိုက်တဲ့ စီးပွားရေးအတွက် IMF က ဒေါ်လာ ၃၅၆ သန်းကျော်ကူညီ Reviewed by THITHTOOLWIN on 11:25 Rating: 5
Powered by Blogger.