ကိုဗစ်ကြောင့် အမေရိကန်မှာ အာရှနွယ်ဖွား မုန်းတီးမှု ကျယ်ပြန့်

နယူးယောက်မြို့ရှိ တရုတ်တန်းမှာ သွားလာနေကြသူများ။ (မေ ၁၆၊ ၂၀၂၀)
(Unicode)⤵⤵⤵
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့် စတင်ကူးစက်ပြီးနောက် မတ်လလယ်ကတည်းက စလို့ အာရှနွယ်ဖွား မုန်းတီးရေး လုပ်ဆောင်မှုတွေ ၂,၁၀၀ ကျော် စာရင်းယူနိုင်ခဲ့တယ်လို့ ဒီဖြစ်ရပ်တွေကို စောင့်ကြည့်တဲ့ STOP AAPI Hate ဆိုတဲ့အဖွဲ့က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိတဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး မုန်းတီးစိတ်အခြေခံ ပြောဆိုတာတွေ အပါအဝင် လူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေ နှုတ်နဲ့ ပြောဆိုနှောင့်ယှက်မှုတွေက အများစုဖြစ်ပြီး ဒီထဲမှာတော့ အာရှတိုက်သားတွေကို အဆောက်အဦထဲ ပေးမဝင်တာ၊ တံတွေးနဲ့ထွေးတာလို ကိုယ်ထိလက်ရောက် ကျူးလွန်မှု ၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။

အဆိုးရွားဆုံး ဖြစ်ရပ်တခုကတော့ တက္ကဆက်စ်ပြည်နယ်မှာ လူငယ်တဦးက အာရှနွယ်ဖွားတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ဖြန့်ဖြူးနေပါတယ်ဆိုပြီး စူပါမားကက်တခုမှာ အာရှအမျိုးသားတဦးနဲ့ သူ့ကလေးငယ် ၂ ဦးကို ဓားနဲ့ လိုက်ထိုးခဲ့တာပဲ ဖြစ်ပါတယ်။

ဒီလို အာရှတိုက်သားတွေကို ပစ်မှတ်ထားတဲ့ဖြစ်ရပ်ဟာ ၂၀၀၃ ခုနှစ် အသက်ရှူလမ်းကြောင်းဆိုင်ရာ SARS ရောဂါ ကူးစက်မှုတုန်းကလည်း ဖြစ်ခဲ့သေးတာပါ။

အခုတခေါက်မှာတော့ သမ္မတ Donald Trump နဲ့ တခြားနိုင်ငံရေးသမားတချို့က ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု အစပိုင်းမှာ တရုတ်က ဖုံးထားတယ်၊ ဒါ့ကြောင့် အခြေအနေတွေ ပိုဆိုးကုန်တာဖြစ်တယ်လို့ ပြောခဲ့ပြီး တရုတ်နဲ့ အမေရိကန်ကြား တင်းမာမှု ဖြစ်နေတဲ့ အနေအထားမှာ အခုလို အာရှမုန်းတီးရေး လုပ်ရပ်တွေလည်း တွေ့နေရတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------
(Zawgyi)⤵⤵⤵
ကိုဗစ္ေၾကာင့္ အေမရိကန္မွာ အာရွႏြယ္ဖြား မုန္းတီးမႈ က်ယ္ျပန႔္

အေမရိကန္ျပည္ေထာင္စုမွာ ကို႐ိုနာဗိုင္းရပ္စ္ က်ယ္က်ယ္ျပန႔္ျပန႔္ စတင္ကူးစက္ၿပီးေနာက္ မတ္လလယ္ကတည္းက စလို႔ အာရွႏြယ္ဖြား မုန္းတီးေရး လုပ္ေဆာင္မႈေတြ ၂,၁၀၀ ေက်ာ္ စာရင္းယူႏိုင္ခဲ့တယ္လို႔ ဒီျဖစ္ရပ္ေတြကို ေစာင့္ၾကည့္တဲ့ STOP AAPI Hate ဆိုတဲ့အဖြဲ႕က ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ စတင္ေတြ႕ရွိတဲ့ တ႐ုတ္ႏိုင္ငံနဲ႔ ပတ္သက္ၿပီး မုန္းတီးစိတ္အေျခခံ ေျပာဆိုတာေတြ အပါအဝင္ လူမ်ိဳးေရးခြဲျခားတဲ့ စကားလုံးေတြ ႏႈတ္နဲ႔ ေျပာဆိုေႏွာင့္ယွက္မႈေတြက အမ်ားစုျဖစ္ၿပီး ဒီထဲမွာေတာ့ အာရွတိုက္သားေတြကို အေဆာက္အဦထဲ ေပးမဝင္တာ၊ တံေတြးနဲ႔ေထြးတာလို ကိုယ္ထိလက္ေရာက္ က်ဴးလြန္မႈ ၈ ရာခိုင္ႏႈန္း ပါဝင္ပါတယ္။

အဆိုး႐ြားဆုံး ျဖစ္ရပ္တခုကေတာ့ တကၠဆက္စ္ျပည္နယ္မွာ လူငယ္တဦးက အာရွႏြယ္ဖြားေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ကို ျဖန႔္ျဖဴးေနပါတယ္ဆိုၿပီး စူပါမားကက္တခုမွာ အာရွအမ်ိဳးသားတဦးနဲ႔ သူ႔ကေလးငယ္ ၂ ဦးကို ဓားနဲ႔ လိုက္ထိုးခဲ့တာပဲ ျဖစ္ပါတယ္။

ဒီလို အာရွတိုက္သားေတြကို ပစ္မွတ္ထားတဲ့ျဖစ္ရပ္ဟာ ၂၀၀၃ ခုႏွစ္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ SARS ေရာဂါ ကူးစက္မႈတုန္းကလည္း ျဖစ္ခဲ့ေသးတာပါ။

အခုတေခါက္မွာေတာ့ သမၼတ Donald Trump နဲ႔ တျခားႏိုင္ငံေရးသမားတခ်ိဳ႕က ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈ အစပိုင္းမွာ တ႐ုတ္က ဖုံးထားတယ္၊ ဒါ့ေၾကာင့္ အေျခအေနေတြ ပိုဆိုးကုန္တာျဖစ္တယ္လို႔ ေျပာခဲ့ၿပီး တ႐ုတ္နဲ႔ အေမရိကန္ၾကား တင္းမာမႈ ျဖစ္ေနတဲ့ အေနအထားမွာ အခုလို အာရွမုန္းတီးေရး လုပ္ရပ္ေတြလည္း ေတြ႕ေနရတာပါ။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/covid-us-asian-hate-crime/5479963.html
ကိုဗစ်ကြောင့် အမေရိကန်မှာ အာရှနွယ်ဖွား မုန်းတီးမှု ကျယ်ပြန့် ကိုဗစ်ကြောင့် အမေရိကန်မှာ အာရှနွယ်ဖွား မုန်းတီးမှု ကျယ်ပြန့် Reviewed by THITHTOOLWIN on 11:25 Rating: 5
Powered by Blogger.