COVID လူနာ စံချိန်တင်တိုးလာတဲ့ အိန္ဒိယမှာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ခွင့်တွေ ပယ်ဖျက်



Share/Bookmark
မွမ်ဘိုင်းမြို့မှာ အမျိုးသမီးကို COVID-19 ကူးစက်မှုရှိမရှိ စစ်ဆေးနိုင်ရေး လုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတဦး။ (ဇွန် ၁၉၊ ၂၀၂၀)
(Unicode)⤵⤵⤵
အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီက ဆေးရုံတွေမှာ ခွင့်ယူထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေအားလုံး အမြန်ဆုံး အလုပ်ပြန်ဝင်ကြဖို့ အစိုးရက အမိန့်ထုတ်ပြန်ထားချိန်မှာပဲ အိန္ဒိယနိုင်ငံထဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကလည်း စံချိန်တင် မြင့်တက်လာနေပါတယ်။

ခွင့်ယူထားသူတွေ အလုပ်ပြန်ဆင်းဖို့ ညွှန်ကြားချက်ထုတ်ပြန်ပြီး နောက်တရက် စနေနေ့မှာ ရောဂါကူးစက်မှု ၁၄,၅၁၆ ရှိခဲ့ပြီး တရက်တည်း ကူးစက်မှုနှုန်းလည်း စံချိန်တင်သွားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ စုစုပေါင်း ၃၀၉,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၂,၉၀၀ ကျော်ရှိလို့ အိန္ဒိယနိုင်ငံဟာ အမေရိကန်၊ ဘရာဇီးနဲ့ ရုရှားနိုင်ငံတို့ပြီးရင် ကမ္ဘာပေါ်မှာ စတုတ္ထမြောက် ရောဂါကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

နယူးဒေလီမြို့တွင်း အစိုးရဆေးရုံတွေမှာ ဝန်ထမ်းတွေကို ခွင့်ခံစားခွင့်တွေ ပြန်ရုပ်သိမ်းဖို့နဲ့ မယူမဖြစ် အခြေအနေကျမှ ခွင့်ယူဖို့ ဒေလီမြို့တော် အစိုးရက သောကြာနေ့က အမိန့်ထုတ်ခဲ့တာပါ။

ဒေလီနဲ့ မွမ်ဘိုင်းမြို့ကြီးတွေက ဆေးရုံတွေမှာ မနိုင်မနင်းဖြစ်လာတဲ့ အခြေအနေကို စိုးရိမ်တာကြောင့် ကိုယ့်နိုင်ငံသားတွေကို အိန္ဒိယထဲကနေ ထွက်ခွာခိုင်းနေတဲ့ နိုင်ငံတွေလည်း တနေ့တခြား ပိုများလာနေပါတယ်။

အခုနောက်ဆုံး ကယ်ဆယ်ရေးလေယာဉ် စီစဉ်ပေးတဲ့နိုင်ငံက အိုင်ယာလန်နိုင်ငံဖြစ်ပြီး လာမယ့်ရက်တွေထဲ COVID-19 လူနာတွေအတွက်ရော တခြား ကျန်းမာရေးကိစ္စတွေအတွက်ပါ ဆေးကုသခံယူရေးအပိုင်းမှာ အခက်အခဲတွေ ရှိလာနိုင်ကြောင်း အိုင်ယာလန်သံရုံး ဒုတိယအတွင်းဝန် Máirtín Cronin က အီးမေးလ်မှာ ရေးသားထားတယ်လို့ ရိုက်တာသတင်းက ပြောပါတယ်။

မတ်လကတည်းက ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ တရုတ်၊ မလေးရှား အပါအဝင် နိုင်ငံအတော်များများက သူတို့နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူဖို့အရေး အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း အိန္ဒိယ သတင်းဌာနတွေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------------
(Zawgyi)⤵⤵⤵
COVID လူနာ စံခ်ိန္တင္တိုးလာတဲ့ အိႏၵိယမွာ က်န္းမာေရးဝန္ထမ္းေတြရဲ႕ ခြင့္ေတြ ပယ္ဖ်က္

အိႏၵိယႏိုင္ငံ ၿမိဳ႕ေတာ္ နယူးေဒလီက ေဆး႐ုံေတြမွာ ခြင့္ယူထားတဲ့ က်န္းမာေရးဝန္ထမ္းေတြအားလုံး အျမန္ဆုံး အလုပ္ျပန္ဝင္ၾကဖို႔ အစိုးရက အမိန႔္ထုတ္ျပန္ထားခ်ိန္မွာပဲ အိႏၵိယႏိုင္ငံထဲ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကလည္း စံခ်ိန္တင္ ျမင့္တက္လာေနပါတယ္။

ခြင့္ယူထားသူေတြ အလုပ္ျပန္ဆင္းဖို႔ ၫႊန္ၾကားခ်က္ထုတ္ျပန္ၿပီး ေနာက္တရက္ စေနေန႔မွာ ေရာဂါကူးစက္မႈ ၁၄,၅၁၆ ရွိခဲ့ၿပီး တရက္တည္း ကူးစက္မႈႏႈန္းလည္း စံခ်ိန္တင္သြားခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ စုစုေပါင္း ၃၀၉,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁၂,၉၀၀ ေက်ာ္ရွိလို႔ အိႏၵိယႏိုင္ငံဟာ အေမရိကန္၊ ဘရာဇီးနဲ႔ ႐ုရွားႏိုင္ငံတို႔ၿပီးရင္ ကမာၻေပၚမွာ စတုတၳေျမာက္ ေရာဂါကူးစက္မႈ အမ်ားဆုံးႏိုင္ငံ ျဖစ္ပါတယ္။

နယူးေဒလီၿမိဳ႕တြင္း အစိုးရေဆး႐ုံေတြမွာ ဝန္ထမ္းေတြကို ခြင့္ခံစားခြင့္ေတြ ျပန္႐ုပ္သိမ္းဖို႔နဲ႔ မယူမျဖစ္ အေျခအေနက်မွ ခြင့္ယူဖို႔ ေဒလီၿမိဳ႕ေတာ္ အစိုးရက ေသာၾကာေန႔က အမိန႔္ထုတ္ခဲ့တာပါ။

ေဒလီနဲ႔ မြမ္ဘိုင္းၿမိဳ႕ႀကီးေတြက ေဆး႐ုံေတြမွာ မႏိုင္မနင္းျဖစ္လာတဲ့ အေျခအေနကို စိုးရိမ္တာေၾကာင့္ ကိုယ့္ႏိုင္ငံသားေတြကို အိႏၵိယထဲကေန ထြက္ခြာခိုင္းေနတဲ့ ႏိုင္ငံေတြလည္း တေန႔တျခား ပိုမ်ားလာေနပါတယ္။

အခုေနာက္ဆုံး ကယ္ဆယ္ေရးေလယာဥ္ စီစဥ္ေပးတဲ့ႏိုင္ငံက အိုင္ယာလန္ႏိုင္ငံျဖစ္ၿပီး လာမယ့္ရက္ေတြထဲ COVID-19 လူနာေတြအတြက္ေရာ တျခား က်န္းမာေရးကိစၥေတြအတြက္ပါ ေဆးကုသခံယူေရးအပိုင္းမွာ အခက္အခဲေတြ ရွိလာႏိုင္ေၾကာင္း အိုင္ယာလန္သံ႐ုံး ဒုတိယအတြင္းဝန္ Máirtín Cronin က အီးေမးလ္မွာ ေရးသားထားတယ္လို႔ ႐ိုက္တာသတင္းက ေျပာပါတယ္။

မတ္လကတည္းက ဂ်ာမနီ၊ ျပင္သစ္၊ အီတလီ၊ တ႐ုတ္၊ မေလးရွား အပါအဝင္ ႏိုင္ငံအေတာ္မ်ားမ်ားက သူတို႔ႏိုင္ငံသားေတြကို ျပန္လည္ေခၚယူဖို႔အေရး အစိုးရနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္ခဲ့ေၾကာင္း အိႏၵိယ သတင္းဌာနေတြက ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/covid19-india-health-workers/5470861.html

Share/Bookmark

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ