ရခိုင်မြို့နယ် ၅ ခုက စစ်ဘေးရှောင်စခန်းအချို့မှာ ရေဘေးကြုံနေ

မြေပုံမြို့နယ် ရက်ချောင်း ဒုက္ခသည်စခန်း
(Unicode)⤵⤵⤵
ရခိုင်ပြည်နယ်က ဘူးသီးတောင်၊ ရသေ့တောင် မြောက်ဦး မင်းပြား မြေပုံ စတဲ့ မြို့တွေက စစ်ဘေးရှောင် စခန်း ၁၄ ခုမှာ ရေဘေးကြုံနေရတယ်လို့ စစ်ဘေးရှောင်စခန်းတွေ အကူအညီပေးနေသူ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး (REC) က အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

မုန်တိုင်းမကြာခဏ ဝင်လေ့ရှိတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက စစ်ဘေးရှောင်စခန်းတွေမှာ အခုရက်ပိုင်း မိုးဒဏ်ရေဒဏ် မလုံတဲ့ အပြင် စခန်းအတွင်း ရေကြီးတဲ့ ဒဏ်တွေကြုံနေရတယ်လို့ လည်း ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

အစိုးရတပ်နဲ့ အေအေ ရခိုင်တပ်တို့ကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတို့မှာ အခုအခါ မိုးရာသီဖြစ်တာကြောင့် ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေး၊ နေထိုင်ရေးအပြင် ပညာရေး မှာလည်း အစစအရာရာ စိုးရိမ်စိတ်တွေနဲ့ ဖြတ်သန်းနေရတယ်လို့ ဒေသခံ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ဘီဘီစီကို ပြောပါတယ်။

" အဓိက က တစ်ချို့စခန်းတွေက တောင်ခြေရင်းမှာရှိတော့ တောင်ကြားရေ ဆင်းလာတာတွေရယ်။ ရေပြည့်လာပြီး တဖြည်းဖြည်းစခန်းတွေထဲ ရေဝင်လာတာတွေရှိတယ်။ တစ်ချို့ ချောင်းဘေးမှာရှိတဲ့ စခန်းတွေကတော့ လေပြင်းတိုက်ပြီး မိုးကြီးတဲ့အခါ လေကြီးတာကော မိုးကျတာကောနဲ့ အမိုးတွေပျက်စီးကုန်တာပေါ့။ တစ်ချို့စခန်းတွေက ရေအိုင် ရေဝပ်ပြီး ထမင်းချက်မယ့်နေရာတွေ မရှိတော့တာပေါ့ အဲလို အခက်အခဲတွေ ကြုံနေရတယ်" လို့ လည်းဦးဇော်ဇော်ထွန်းကပြောပါတယ်။
စစ်ဘေးရှောင်စခန်းတွေမနှစ်ကလည်းရေဘေးကြုံရ
ရခိုင်ပြည်နယ်တစ်ခုလုံးမှာ စစ်ဘေးရှောင် စခန်းပေါင်း ၁၄၃ ခုရှိပြီး စာရင်းကောက်ယူထားတဲ့ ဒုက္ခသည် ၅၉၆၄၃ ကျော်ရှိတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး(REC) ရဲ့စာရင်းများအရ သိရပါတယ်။

ရေဘေးဒုက္ခ မခံစားရပေမယ့် တစ်ချို့ စစ်ရှောင်စခန်းတွေမှာလည်း နေရေးထိုင်ရေးနဲ့ ပတ်သက်လို့ အခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်လို့ ရခိုင်ပြည်နယ် စစ်ဘေးရှောင် ကူညီနေသူတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့ နေပူခံစခန်း တာဝန်ခံ ဒေါ်ဝါဝါရွှေကတော့ "မိုးရာသီဖြစ်တော့ နေရေးထိုင်ရေး အဆင်မပြေဘူးလေ။ အခုက မူလတန်းကျောင်းတို့ အထက်တန်းကျောင်းတို့ အလယ်တန်းကျောင်းတို့မှာ ထားတာဆိုတော့ ဇူလိုင်ဆိုရင် အစိုးရက စာသင်ကျောင်းကို တောင်းနေပြီဆိုတော့ ဘုန်းကြီးကျောင်းတွေမှာ စခန်းဆောက်လုပ်နေပါတယ်" လို့ပြောပါတယ်။

မိုးတွင်းမှာရေဝင်တဲ့စခန်းတွေရဲ့ ပြဿနာတွေသာမက ကလေးတွေရဲ့ရာသီအလိုက် ဖျားနာမှု အခြေအနေတွေကလည်း ဆိုးဝါးနေတယ်လို့ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

အထူးသဖြင့် ဘူးသီးတောင်က စခန်းတွေမှာ ကလေးတိုင်းလိုလို ဖျားနာတွေရှိနေတဲ့အတွက် စာရင်းတွေ ကောက်ထားရတယ်လို့ သူက ဆိုပါတယ်။
စစ်ဘေးရှောင်တွေ ကျောင်းတွေမှာနေထိုင်တာတွေရှိ
ကိုဇော်ဇော်ထွန်းက " တစ်ချို့လူကြီးတွေလည်း ဖျားနေတယ်ကြားတယ်၊ ဘာရောဂါလည်းမသိသေးဘူး။ ကျန်းမာရေးကို အကြောင်းကြားထားပေမဲ့ စခန်းတွေက အစိုးရဘက်မှာ စစ်ဘေးရှောင် စာရင်းမဝင်သေးလို့ရယ်။ ကျန်းမာရေးဝန်ထမ်းတွေက နယ်မြေမလုံခြုံတော့ လာဖို့ခက်ခဲတာတွေကြောင့်ရယ် ဖြစ်နေတာ" လို့ ဆိုပါတယ်။

စစ်ဘေးရှောင် အများစုဟာ ပညာရေးပိုင်းမှာလည်း လိုအပ်နေတယ်လို့ သူက ပြောပါတယ်။ အစိုးရဘက်က ဘယ်လို လုပ်မယ်ဆိုတာ အတိအကျ မသိပေမဲ့ လက်ရှိ စစ်ဘေးရှောင် ကလေးတွေရဲ့ ပညာရေးကို တော့ မိဘတွေက ပူပန်နေရတယ်လို့ စစ်ဘေးရှောင်သူတွေက ဆိုပါတယ်။

ပညာရေးနဲ့ ပတ်သက်လို့ ကိုဇော်ဇော်ထွန်းက " ပညာရေးအပိုင်းမှာတော့ လုံး၀ မစဉ်းစားနိုင်သေးတဲ့ အခြေအနေမှာရှိပါတယ်။ ကျောင်းတွေဖွင့်ဖို့ကလည်း အခြေအနေမရှိနိုင်သေးဘူးလို့ ပြည်နယ်ပညာရေးမှူးက ပြောထားတာ ရှိပါတယ်။ တိုက်ပွဲတွေဖြစ်နေတာရယ် နယ်မြေမလုံခြုံမှုတွေကြောင့် မီးရှို့ ခံထားရတဲ့ ကျောင်းတွေလည်းရှိတော့ ဒီနှစ်မှာ အခက်အခဲတွေ အများကြီးရှိနေပါတယ်" လို့ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်သူတွေ စုစုပေါင်းတသိန်းကျော်ရှိနေပြီး အဲ့ဒီကမှ သုံးပုံတပုံဟာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ စစ်ဘေးဝေးတဲ့ မြို့ပေါ်က အဆောက်အအုံတွေမှာ ဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်စခန်းမှာ နေထိုင်သူတွေဖြစ်တယ်လို့ REC ရဲ့စာရင်းများအရ သိရပါတယ်။

ရခိုင်ပြည်နယ်က တချို့ ရွာတွေမှာတော့ ရွာလုံးကျွတ်မီးရှို့ခံရတာတွေနဲ့ စာသင်ကျောင်းတွေပါ မီးရှို့ခံရတာတွေရှိတာကြောင့် ကျေးရွာကို မပြန်နိုင်ကြသလို စစ်ဘေးရှောင် စခန်းတွေကလည်း အတည်တကျ မရှိနိုင်သေးတာကြောင့် ကလေးတွေရဲ့ ပညာရေးက အလှမ်းဝေးနေဦးမှာပဲဖြစ်တယ်လို့ စစ်ဘေးရှောင်ဒေသခံ တစ်ဦးက ဆိုပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း စစ်ဘေးသင့် ပလက်ဝမှာလည်း အခုလို မိုးတွင်းရေကြီးတဲ့ဒဏ်တွေ ခံစားနေရသလို ဆောက်လုပ်ထားတဲ့ စစ်ဘေးရှောင်စခန်းက နေအိမ်တွေကလည်း မိုးမလုံတဲ့ အခြေအနေတွေရှိတယ်လို့ ကူညီပေးနေတဲ့ ဒေသခံတွေက ဆိုပါတယ်။

ချင်းပြည်နယ်ပလက်ဝမှာ စစ်ဘေးရှောင်သူ ကိုးထောင်ကျော်ရှိနေပြီး ဆမီးမြို့က စစ်ဘေးရှောင် စခန်းမှာပဲ အများစုက အကူအညီရတဲ့အတွက် ကျန် ပလက်ဝမြို့ပေါ်မှာ စားနပ်ရိက္ခာ မလုံလောက်မှုတွေ ဆန်မလုံလောက်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ ချင်းပြည်နယ် စည်ပင်လျှပ်စစ်နဲ့ စက်မှုလက်မှု ဝန်ကြီး ဦးစိုးထက်က ဘီဘီစီကို ပြောပါတယ်။

အခုအခါ စာသင်ကျောင်းတွေပြန်ဖွင့်ဖို့ အခြေအနေနဲ့ ပတ်သက်လို့ ဘာမှ မသိရှိရသေးသလို နယ်မြေ မလုံခြုံမှုတွေကြောင့် ဒေသခံ အများစုကတော့ စိုးရိမ်သောကရောက်နေတာပဲဖြစ်တယ်လို့ ပလက်ဝဒေသခံ များက ဘီဘီစီကို ပြောခဲ့ပါတယ်။

BBC Burmese
------------------------------------------
(Zawgyi)⤵⤵⤵
ရခိုင္ၿမိဳ႕နယ္ ၅ ခုက စစ္ေဘးေရွာင္စခန္းအခ်ိဳ႕မွာ ေရေဘးႀကဳံေန

ရခိုင္ျပည္နယ္က ဘူးသီးေတာင္၊ ရေသ့ေတာင္ ေျမာက္ဦး မင္းျပား ေျမပုံ စတဲ့ ၿမိဳ႕ေတြက စစ္ေဘးေရွာင္ စခန္း ၁၄ ခုမွာ ေရေဘးႀကဳံေနရတယ္လို႔ စစ္ေဘးေရွာင္စခန္းေတြ အကူအညီေပးေနသူ ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္စုမ်ား အစည္းအ႐ုံး (REC) က အတြင္းေရးမႉး ဦးေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

မုန္တိုင္းမၾကာခဏ ဝင္ေလ့ရွိတဲ့ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းက စစ္ေဘးေရွာင္စခန္းေတြမွာ အခုရက္ပိုင္း မိုးဒဏ္ေရဒဏ္ မလုံတဲ့ အျပင္ စခန္းအတြင္း ေရႀကီးတဲ့ ဒဏ္ေတြႀကဳံေနရတယ္လို႔ လည္း ဦးေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

အစိုးရတပ္နဲ႔ ေအေအ ရခိုင္တပ္တို႔ၾကား တိုက္ပြဲေတြ ျဖစ္ေနတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝတို႔မွာ အခုအခါ မိုးရာသီျဖစ္တာေၾကာင့္ ဒုကၡသည္စခန္းေတြမွာ က်န္းမာေရး၊ ေနထိုင္ေရးအျပင္ ပညာေရး မွာလည္း အစစအရာရာ စိုးရိမ္စိတ္ေတြနဲ႔ ျဖတ္သန္းေနရတယ္လို႔ ေဒသခံ ဒုကၡသည္ေတြကို ကူညီေပးေနသူေတြက ဘီဘီစီကို ေျပာပါတယ္။

" အဓိက က တစ္ခ်ိဳ႕စခန္းေတြက ေတာင္ေျခရင္းမွာရွိေတာ့ ေတာင္ၾကားေရ ဆင္းလာတာေတြရယ္။ ေရျပည့္လာၿပီး တျဖည္းျဖည္းစခန္းေတြထဲ ေရဝင္လာတာေတြရွိတယ္။ တစ္ခ်ိဳ႕ ေခ်ာင္းေဘးမွာရွိတဲ့ စခန္းေတြကေတာ့ ေလျပင္းတိုက္ၿပီး မိုးႀကီးတဲ့အခါ ေလႀကီးတာေကာ မိုးက်တာေကာနဲ႔ အမိုးေတြပ်က္စီးကုန္တာေပါ့။ တစ္ခ်ိဳ႕စခန္းေတြက ေရအိုင္ ေရဝပ္ၿပီး ထမင္းခ်က္မယ့္ေနရာေတြ မရွိေတာ့တာေပါ့ အဲလို အခက္အခဲေတြ ႀကဳံေနရတယ္" လို႔ လည္းဦးေဇာ္ေဇာ္ထြန္းကေျပာပါတယ္။

ရခိုင္ျပည္နယ္တစ္ခုလုံးမွာ စစ္ေဘးေရွာင္ စခန္းေပါင္း ၁၄၃ ခုရွိၿပီး စာရင္းေကာက္ယူထားတဲ့ ဒုကၡသည္ ၅၉၆၄၃ ေက်ာ္ရွိတယ္လို႔ ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္စုမ်ား အစည္းအ႐ုံး(REC) ရဲ႕စာရင္းမ်ားအရ သိရပါတယ္။

ေရေဘးဒုကၡ မခံစားရေပမယ့္ တစ္ခ်ိဳ႕ စစ္ေရွာင္စခန္းေတြမွာလည္း ေနေရးထိုင္ေရးနဲ႔ ပတ္သက္လို႔ အခက္အခဲေတြနဲ႔ႀကဳံေတြ႕ေနရတယ္လို႔ ရခိုင္ျပည္နယ္ စစ္ေဘးေရွာင္ ကူညီေနသူေတြက ဆိုပါတယ္။

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕ ေနပူခံစခန္း တာဝန္ခံ ေဒၚဝါဝါေ႐ႊကေတာ့ "မိုးရာသီျဖစ္ေတာ့ ေနေရးထိုင္ေရး အဆင္မေျပဘူးေလ။ အခုက မူလတန္းေက်ာင္းတို႔ အထက္တန္းေက်ာင္းတို႔ အလယ္တန္းေက်ာင္းတို႔မွာ ထားတာဆိုေတာ့ ဇူလိုင္ဆိုရင္ အစိုးရက စာသင္ေက်ာင္းကို ေတာင္းေနၿပီဆိုေတာ့ ဘုန္းႀကီးေက်ာင္းေတြမွာ စခန္းေဆာက္လုပ္ေနပါတယ္" လို႔ေျပာပါတယ္။

မိုးတြင္းမွာေရဝင္တဲ့စခန္းေတြရဲ႕ ျပႆနာေတြသာမက ကေလးေတြရဲ႕ရာသီအလိုက္ ဖ်ားနာမႈ အေျခအေနေတြကလည္း ဆိုးဝါးေနတယ္လို႔ ကိုေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

အထူးသျဖင့္ ဘူးသီးေတာင္က စခန္းေတြမွာ ကေလးတိုင္းလိုလို ဖ်ားနာေတြရွိေနတဲ့အတြက္ စာရင္းေတြ ေကာက္ထားရတယ္လို႔ သူက ဆိုပါတယ္။

ကိုေဇာ္ေဇာ္ထြန္းက " တစ္ခ်ိဳ႕လူႀကီးေတြလည္း ဖ်ားေနတယ္ၾကားတယ္၊ ဘာေရာဂါလည္းမသိေသးဘူး။ က်န္းမာေရးကို အေၾကာင္းၾကားထားေပမဲ့ စခန္းေတြက အစိုးရဘက္မွာ စစ္ေဘးေရွာင္ စာရင္းမဝင္ေသးလို႔ရယ္။ က်န္းမာေရးဝန္ထမ္းေတြက နယ္ေျမမလုံၿခဳံေတာ့ လာဖို႔ခက္ခဲတာေတြေၾကာင့္ရယ္ ျဖစ္ေနတာ" လို႔ ဆိုပါတယ္။

စစ္ေဘးေရွာင္ အမ်ားစုဟာ ပညာေရးပိုင္းမွာလည္း လိုအပ္ေနတယ္လို႔ သူက ေျပာပါတယ္။ အစိုးရဘက္က ဘယ္လို လုပ္မယ္ဆိုတာ အတိအက် မသိေပမဲ့ လက္ရွိ စစ္ေဘးေရွာင္ ကေလးေတြရဲ႕ ပညာေရးကို ေတာ့ မိဘေတြက ပူပန္ေနရတယ္လို႔ စစ္ေဘးေရွာင္သူေတြက ဆိုပါတယ္။

ပညာေရးနဲ႔ ပတ္သက္လို႔ ကိုေဇာ္ေဇာ္ထြန္းက " ပညာေရးအပိုင္းမွာေတာ့ လုံး၀ မစဥ္းစားႏိုင္ေသးတဲ့ အေျခအေနမွာရွိပါတယ္။ ေက်ာင္းေတြဖြင့္ဖို႔ကလည္း အေျခအေနမရွိႏိုင္ေသးဘူးလို႔ ျပည္နယ္ပညာေရးမႉးက ေျပာထားတာ ရွိပါတယ္။ တိုက္ပြဲေတြျဖစ္ေနတာရယ္ နယ္ေျမမလုံၿခဳံမႈေတြေၾကာင့္ မီးရႈိ႕ ခံထားရတဲ့ ေက်ာင္းေတြလည္းရွိေတာ့ ဒီႏွစ္မွာ အခက္အခဲေတြ အမ်ားႀကီးရွိေနပါတယ္" လို႔ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ စစ္ေဘးေရွာင္သူေတြ စုစုေပါင္းတသိန္းေက်ာ္ရွိေနၿပီး အဲ့ဒီကမွ သုံးပုံတပုံဟာ စာသင္ေက်ာင္း၊ ဘုန္းႀကီးေက်ာင္းနဲ႔ စစ္ေဘးေဝးတဲ့ ၿမိဳ႕ေပၚက အေဆာက္အအုံေတြမွာ ဖြင့္လွစ္ထားတဲ့ စစ္ေဘးေရွာင္စခန္းမွာ ေနထိုင္သူေတြျဖစ္တယ္လို႔ REC ရဲ႕စာရင္းမ်ားအရ သိရပါတယ္။

ရခိုင္ျပည္နယ္က တခ်ိဳ႕ ႐ြာေတြမွာေတာ့ ႐ြာလုံးကြၽတ္မီးရႈိ႕ခံရတာေတြနဲ႔ စာသင္ေက်ာင္းေတြပါ မီးရႈိ႕ခံရတာေတြရွိတာေၾကာင့္ ေက်း႐ြာကို မျပန္ႏိုင္ၾကသလို စစ္ေဘးေရွာင္ စခန္းေတြကလည္း အတည္တက် မရွိႏိုင္ေသးတာေၾကာင့္ ကေလးေတြရဲ႕ ပညာေရးက အလွမ္းေဝးေနဦးမွာပဲျဖစ္တယ္လို႔ စစ္ေဘးေရွာင္ေဒသခံ တစ္ဦးက ဆိုပါတယ္။

ခ်င္းျပည္နယ္ေတာင္ပိုင္း စစ္ေဘးသင့္ ပလက္ဝမွာလည္း အခုလို မိုးတြင္းေရႀကီးတဲ့ဒဏ္ေတြ ခံစားေနရသလို ေဆာက္လုပ္ထားတဲ့ စစ္ေဘးေရွာင္စခန္းက ေနအိမ္ေတြကလည္း မိုးမလုံတဲ့ အေျခအေနေတြရွိတယ္လို႔ ကူညီေပးေနတဲ့ ေဒသခံေတြက ဆိုပါတယ္။

ခ်င္းျပည္နယ္ပလက္ဝမွာ စစ္ေဘးေရွာင္သူ ကိုးေထာင္ေက်ာ္ရွိေနၿပီး ဆမီးၿမိဳ႕က စစ္ေဘးေရွာင္ စခန္းမွာပဲ အမ်ားစုက အကူအညီရတဲ့အတြက္ က်န္ ပလက္ဝၿမိဳ႕ေပၚမွာ စားနပ္ရိကၡာ မလုံေလာက္မႈေတြ ဆန္မလုံေလာက္မႈေတြ ရွိေနဆဲျဖစ္တယ္လို႔ ခ်င္းျပည္နယ္ စည္ပင္လွ်ပ္စစ္နဲ႔ စက္မႈလက္မႈ ဝန္ႀကီး ဦးစိုးထက္က ဘီဘီစီကို ေျပာပါတယ္။

အခုအခါ စာသင္ေက်ာင္းေတြျပန္ဖြင့္ဖို႔ အေျခအေနနဲ႔ ပတ္သက္လို႔ ဘာမွ မသိရွိရေသးသလို နယ္ေျမ မလုံၿခဳံမႈေတြေၾကာင့္ ေဒသခံ အမ်ားစုကေတာ့ စိုးရိမ္ေသာကေရာက္ေနတာပဲျဖစ္တယ္လို႔ ပလက္ဝေဒသခံ မ်ားက ဘီဘီစီကို ေျပာခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53129251
ရခိုင်မြို့နယ် ၅ ခုက စစ်ဘေးရှောင်စခန်းအချို့မှာ ရေဘေးကြုံနေ ရခိုင်မြို့နယ် ၅ ခုက စစ်ဘေးရှောင်စခန်းအချို့မှာ ရေဘေးကြုံနေ Reviewed by THITHTOOLWIN on 21:04 Rating: 5
Powered by Blogger.