ကိုဗစ်ကာလ မလေးရှားမှာ နောက်ထပ်မြန်မာတဦး အဆုံးစီရင်

ဇွန်လ ၂၁ ရက်နေ့က မိမိကိုယ်ကို အဆုံးစီရင်သူ မြန်မာအလုပ်သမားကို သွားရောက်သယ်ဆောင်နေတဲ့ မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) နဲ့ မလေးရှားရဲတပ်ဖွဲ့ဝင်များ။

(Unicode)⤵⤵⤵

မလေးရှားနိုင်ငံအတွင်းမှာ COVID-19 ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှု ကန့်သတ်ထားချိန်မှာ နောက်ထပ် မြန်မာနိုင်ငံသားတဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့အတွက် အခုဆိုရင် ၈ ယောက်အထိ ရှိနေပါပြီ။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံမှာ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသွားအလာ ကန့်သတ်ထိန်းချုပ်ထားချိန်မှာ စားဝတ်နေရေး အခက်အခဲ ကြုံနေကြတဲ့ မြန်မာနိုင်ငံသားတွေကြား ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့ အဖြစ်တွေနဲ့ ကြုံနေရတာပါ။ အခုနောက်ထပ်လည်း မြန်မာနိုင်ငံသားတဦး အဆုံးစီရင်သွားတဲ့အတွက် သီတင်း ၃ ပတ်လောက်အနီး သေဆုံးသူ မြန်မာနိုင်ငံသား ၈ ယောက်အထိ ရှိသွားပြီလို့လည်း မလေးရှားအခြေစိုက် မြန်မာလူမူကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

“၈ ယောက်မြောက်ရှိပြီ။ သူ့အလောင်းကိုတော့ COVID-19 စစ်ပြီးပြီ။ သူ့အလောင်းကို ခွဲစိတ်ဖို့ ဆာဒန်းဆေးရုံကို ခေါ်ဆောင်သွားမယ်။ ပြီးတော့ သေမှုသေခင်းအရ ရဲ Report အစီရင်ခံစာလုပ်ရမယ်။”

မြန်မာနိုင်ငံသား ၅ သိန်းထက်မနည်း အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ အသွားအလာ ကန့်သတ်တားဆီးထားချိန်မှာ တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေကို ဖမ်းဆီးမှုတွေလည်း ရှိနေတာပါ။ ဒီအတွက်လည်း မြန်မာနိုင်ငံသားတွေ အထူးသဖြင့် တရားမဝင် နေထိုင်အလုပ်လုပ်နေသူတွေ အခက်အခဲတွေနဲ့ ကြုံနေကြရပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့ သတင်းတွေလည်း ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။

အခုနောက်ဆုံး သေဆုံးသွားသူကိုတော့ မလေးရှားနိုင်ငံ ဆလန်ကောပြည်နယ်ထဲက ပူချွန်းမာချူးဂျာယာ ၁၄ မိုင်ဆိုတဲ့အရပ်မှာ အလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ကြောင်းလည်း ကိုယ်တိုင်တွေ့ခဲ့သူတွေက ပြောပါတယ်။ သေဆုံးသူဟာ မြန်မာနိုင်ငံ တနင်္သာရီတိုင်း လောင်းလုံမြို့နယ် ကထောင်းနီရွာ ဇာတိဖြစ်ပြီး မလေးရှားနိုင်ငံမှာ တရားမဝင် နေထိုင်နေသူတဦး ဖြစ်ကြောင်းလည်း နီးစပ်သူ မြန်မာတဦးက ပြောပါတယ်။

“မနက် ၉ နာရီလောက်မှာ ဖုန်းဝင်လာတယ်၊ ပန်းခြံနားမှာ လူတယောက် သေနေပြီတဲ့။ အဲဒီမှာ သွားကြည့်တော့ ကျနော်တို့ လောင်းလုံမြို့နယ်က ရွာသားဖြစ်နေတယ်။ ကွာလာလမ်ပူ ပူချွန်း ၁၄ မိုင်မှာနေတာ။ အလုပ်လည်းမရှိဘူး၊ လက်မှတ်လည်းမရှိဘူး။ မြန်မာပြည် ပြန်ချင်တယ်နဲ့တူတယ်။ လာတာတော့ကြာပြီ။ သွားလိုက်ပြန်လိုက်ပဲ။ အခု မပြန်ရတာ ၃ နှစ်လောက်ရှိပြီ။ အရင်ကတည်းက မလေးရှားရောက်တာတော့ ကြာပြီ။”

အဆုံးစီရင်သူရဲ့ ညီမဖြစ်သူကတော့ အခုလိုပြောပါတယ်။

“သူစိတ်ညစ်တာကတော့ မြန်မာပြည်ကို ပြန်ချင်တယ်လို့တော့ ပြောနေတယ်။ အလုပ်မရှိဘူး၊ ပိုက်ဆံမရှိဘူးတဲ့။”

မလေးရှားမှာ မိမိကိုယ်ကို အဆုံးစီရင်တဲ့အမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာပြီးတဲ့နောက် ပြည်ပနိုင်ငံရောက် အထောက်အထားမဲ့သူများ မြန်မာနိုင်ငံကို ပြန်လာဖို့ မျှော်လင့်ချက်မမဲ့စေလိုဘဲ ပြန်ခေါ်ဖို့ စီစဉ်နေကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၁၂၀ ကျော် အပါအဝင် ကူးစက်သူ ၈,၅၀၀ ကျော် ရှိနေပါတယ်။

မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------------------
(Zawgyi)⤵⤵⤵
ကိုဗစ္ကာလ မေလးရွားမွာ ေနာက္ထပ္ျမန္မာတဦး အဆုံးစီရင္

ဇြန္လ ၂၁ ရက္ေန႔က မိမိကိုယ္ကို အဆုံးစီရင္သူ ျမန္မာအလုပ္သမားကို သြားေရာက္သယ္ေဆာင္ေနတဲ့ ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) နဲ႔ မေလးရွားရဲတပ္ဖြဲ႕ဝင္မ်ား။

မေလးရွားႏိုင္ငံအတြင္းမွာ COVID-19 ကပ္ေရာဂါကာလ သြားလာလႈပ္ရွားမႈ ကန႔္သတ္ထားခ်ိန္မွာ ေနာက္ထပ္ ျမန္မာႏိုင္ငံသားတဦး ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္သြားတဲ့အတြက္ အခုဆိုရင္ ၈ ေယာက္အထိ ရွိေနပါၿပီ။ အျပည့္အစုံကို ထိုင္းအေျခစိုက္ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

မေလးရွားႏိုင္ငံမွာ COVID-19 ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ အသြားအလာ ကန႔္သတ္ထိန္းခ်ဳပ္ထားခ်ိန္မွာ စားဝတ္ေနေရး အခက္အခဲ ႀကဳံေနၾကတဲ့ ျမန္မာႏိုင္ငံသားေတြၾကား ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္တဲ့ အျဖစ္ေတြနဲ႔ ႀကံဳေနရတာပါ။ အခုေနာက္ထပ္လည္း ျမန္မာႏိုင္ငံသားတဦး အဆုံးစီရင္သြားတဲ့အတြက္ သီတင္း ၃ ပတ္ေလာက္အနီး ေသဆုံးသူ ျမန္မာႏိုင္ငံသား ၈ ေယာက္အထိ ရွိသြားၿပီလို႔လည္း မေလးရွားအေျခစိုက္ ျမန္မာလူမူကူညီေရးအဖြဲ႕ ဥကၠ႒ ဦးစန္းဝင္းက ေျပာပါတယ္။

“၈ ေယာက္ေျမာက္ရွိၿပီ။ သူ႔အေလာင္းကိုေတာ့ COVID-19 စစ္ၿပီးၿပီ။ သူ႔အေလာင္းကို ခြဲစိတ္ဖို႔ ဆာဒန္းေဆး႐ုံကို ေခၚေဆာင္သြားမယ္။ ၿပီးေတာ့ ေသမႈေသခင္းအရ ရဲ Report အစီရင္ခံစာလုပ္ရမယ္။”

ျမန္မာႏိုင္ငံသား ၅ သိန္းထက္မနည္း အလုပ္လုပ္ကိုင္ေနတဲ့ မေလးရွားႏိုင္ငံမွာ ကပ္ေရာဂါကာလ အသြားအလာ ကန႔္သတ္တားဆီးထားခ်ိန္မွာ တရားမဝင္ အလုပ္လုပ္ကိုင္ေနသူေတြကို ဖမ္းဆီးမႈေတြလည္း ရွိေနတာပါ။ ဒီအတြက္လည္း ျမန္မာႏိုင္ငံသားေတြ အထူးသျဖင့္ တရားမဝင္ ေနထိုင္အလုပ္လုပ္ေနသူေတြ အခက္အခဲေတြနဲ႔ ႀကဳံေနၾကရၿပီး ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္တဲ့ သတင္းေတြလည္း ထြက္ေပၚလာေနတာ ျဖစ္ပါတယ္။

အခုေနာက္ဆုံး ေသဆုံးသြားသူကိုေတာ့ မေလးရွားႏိုင္ငံ ဆလန္ေကာျပည္နယ္ထဲက ပူခြၽန္းမာခ်ဴးဂ်ာယာ ၁၄ မိုင္ဆိုတဲ့အရပ္မွာ အေလာင္းကို ေတြ႕ရွိခဲ့တာ ျဖစ္ေၾကာင္းလည္း ကိုယ္တိုင္ေတြ႕ခဲ့သူေတြက ေျပာပါတယ္။ ေသဆုံးသူဟာ ျမန္မာႏိုင္ငံ တနသၤာရီတိုင္း ေလာင္းလုံၿမိဳ႕နယ္ ကေထာင္းနီ႐ြာ ဇာတိျဖစ္ၿပီး မေလးရွားႏိုင္ငံမွာ တရားမဝင္ ေနထိုင္ေနသူတဦး ျဖစ္ေၾကာင္းလည္း နီးစပ္သူ ျမန္မာတဦးက ေျပာပါတယ္။

“မနက္ ၉ နာရီေလာက္မွာ ဖုန္းဝင္လာတယ္၊ ပန္းၿခံနားမွာ လူတေယာက္ ေသေနၿပီတဲ့။ အဲဒီမွာ သြားၾကည့္ေတာ့ က်ေနာ္တို႔ ေလာင္းလုံၿမိဳ႕နယ္က ႐ြာသားျဖစ္ေနတယ္။ ကြာလာလမ္ပူ ပူခြၽန္း ၁၄ မိုင္မွာေနတာ။ အလုပ္လည္းမရွိဘူး၊ လက္မွတ္လည္းမရွိဘူး။ ျမန္မာျပည္ ျပန္ခ်င္တယ္နဲ႔တူတယ္။ လာတာေတာ့ၾကာၿပီ။ သြားလိုက္ျပန္လိုက္ပဲ။ အခု မျပန္ရတာ ၃ ႏွစ္ေလာက္ရွိၿပီ။ အရင္ကတည္းက မေလးရွားေရာက္တာေတာ့ ၾကာၿပီ။”

အဆုံးစီရင္သူရဲ႕ ညီမျဖစ္သူကေတာ့ အခုလိုေျပာပါတယ္။

“သူစိတ္ညစ္တာကေတာ့ ျမန္မာျပည္ကို ျပန္ခ်င္တယ္လို႔ေတာ့ ေျပာေနတယ္။ အလုပ္မရွိဘူး၊ ပိုက္ဆံမရွိဘူးတဲ့။”

မေလးရွားမွာ မိမိကိုယ္ကို အဆုံးစီရင္တဲ့အမႈေတြ ဆက္တိုက္ဆိုသလို ျဖစ္လာၿပီးတဲ့ေနာက္ ျပည္ပႏိုင္ငံေရာက္ အေထာက္အထားမဲ့သူမ်ား ျမန္မာႏိုင္ငံကို ျပန္လာဖို႔ ေမွ်ာ္လင့္ခ်က္မမဲ့ေစလိုဘဲ ျပန္ေခၚဖို႔ စီစဥ္ေနေၾကာင္း ျမန္မာ ႏိုင္ငံျခားေရးဝန္ႀကီးဌာနနဲ႔ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးစိုးဟန္က အစိုးရရဲ႕ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

မေလးရွားႏိုင္ငံမွာ COVID-19 ေရာဂါေၾကာင့္ ေသဆုံးသူ ၁၂၀ ေက်ာ္ အပါအဝင္ ကူးစက္သူ ၈,၅၀၀ ေက်ာ္ ရွိေနပါတယ္။

မေအးေအးမာ  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/myanmar-worker-suicide-in-malaysia/5471250.html
ကိုဗစ်ကာလ မလေးရှားမှာ နောက်ထပ်မြန်မာတဦး အဆုံးစီရင် ကိုဗစ်ကာလ မလေးရှားမှာ နောက်ထပ်မြန်မာတဦး အဆုံးစီရင် Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.