covid19 -သံရုံးတွေ အလုပ်အရမ်းလုပ်တဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မင်္ဂလာယူရကြောင်း အတိုင်ပင်ခံပြော

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီးတာဝန်လည်း ထမ်းဆောင်နေသူဖြစ်ပါတယ်။
(Unicode)⤵⤵⤵
ကိုဗစ်ကာလမှာ ပြည်ပမှာရှိတဲ့ မြန်မာသံရုံးတွေအလုပ်အရမ်းလုပ်တဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအနေနဲ့ မင်္ဂလာယူရကြောင်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဇွန် ၂ ရက်မှာ ထိုင်း၊ တရုတ်နဲ့ ကိုရီးယားက မြန်မာသံအမတ်ကြီးတွေနဲ့ အွန်လိုင်းကနေ ဆွေးနွေးခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

"ကျွန်မအတွက်တော့အားရစရာအကောင်းဆုံးအချက်ကတော့ ပြည်သူတွေက သံရုံးတွေကို အားကိုးတဲ့စိတ်ဖြစ်လာတယ်ဆိုတဲ့အချက်ပါပဲ။ ပြည်သူတွေက သံရုံးတွေကို ဆက်သွယ်တယ်။ ပြန်ချင်တယ်၊ ဘယ်လိုလုပ်ရမလဲ၊ ပြဿနာရှိရင် သံရုံးတွေကို ယုံယုံကြည်ကြည်နဲ့ ဆက်သွယ်တယ်ဆိုတာ ကျွန်မလည်း နိုင်ငံခြားရေးဝန်ကြီးအနေနဲ့တော့ နည်းနည်းတော့ မင်္ဂလာယူရမှာပေါ့နော်။ (ရယ်လျက်) အဲဒါကတော့ သံရုံးတွေက တော်လို့ လို့ ဒီလိုပဲ ကျွန်မတို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ ကျွန်မတို့ပြည်သူပြည်သားတွေ ဘယ်နေရာပဲရောက်ရောက် အားကိုးရမှာက ငါတို့ရဲ့ သံရုံးပဲဖြစ်တယ်ဆိုတဲ့စိတ်လည်း ရှိစေချင်တယ်။ အဲဒီလိုရှိဖို့ဆိုတာကတော့ ကျွန်မတို့ နိုင်ငံခြားရေးရုံးက တာဝန်ပဲ။ ဗဟိုကချမှတ်လိုက်တဲ့ မူဝါဒတွေ၊ ညွှန်ကြားချက်တွေကို သက်ဆိုင်ရာ သံရုံးအသီးသီးကနေအကောင်အထည်ဖော်တဲ့နေရာမှာ မှန်ကန်ဖို့ကလည်းအရေးကြီးပါတယ် "လို့ ပြောပါတယ်။

ကိုဗစ်ကာလမှာ မြန်မာနိုင်ငံကိုပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ပို့ရေးအတွက် သက်ဆိုင်ရာနိုင်ငံက သံရုံးတွေကလည်း လုပ်ရသလို မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာနကလည်း လုပ်ရတဲ့အတွက် နှစ်ဘက်လုံးကို ကျေးဇူးတင်ကြောင်းလည်း သူက ဆက်ပြောပါတယ်။

ကိုဗစ်ဖြစ်ချိန်မှာ တရုတ်နိုင်ငံ၊ ဝူဟန်က မြန်မာကျောင်းသားတွေကို ပြန်ခေါ်နိုင်ခဲ့တာ အာရှမှာ ပထမဆုံးလည်းဖြစ်ပြီး ဒါဟာ တရုတ်က မိတ်ဆွေတွေရဲ့ ကူညီမှုတွေကြောင့်လည်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
 မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်းတွေဟာလည်း နေ့ညအချိန်မတူတဲ့နိုင်ငံတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရာမှာ မညည်းမညူတာဝန်ထမ်းဆောင်လို့ ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာ ပြည်ပက ပြန်ဝင်လာသူအများစုဟာ ထိုင်းကဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ပြန်လာတာအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းရောက်မြန်မာ တွေ ပြန်လာနိုင်ဖို့ ထိုင်းက မြန်မာသံရုံးကလည်း ကြိုးပမ်းရသလို နယ်စပ်က သံတမန်ပုဂ္ဂိုလ်တာဝန်ရှိသူတွေလည်း ကူညီခဲ့ကြတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

လက်ရှိမှာ ကိုရီးယားကနေ ပြန်ချင်တဲ့ မြန်မာနိုင်ငံသား လေးရာကျော် ကျန်ရှိနေတယ်လို့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က အတိုင်ပင်ခံကို တင်ပြခဲ့ပါတယ်။

ထိုင်းကနေ မြန်မာကို ဧပြီ ၂၁ ရက်ကနေ အခုထိ နယ်စပ်အမှတ် ၁ တံတားကနေ ဖြတ်သန်းပြီး ပြန်သွားတဲ့သူပေါင်း လေးသောင်းကျော်ရှိပြီး နောက်ထပ် ပြန်လိုကြောင်း ဆက်သွယ်စာရင်းပေးလာသူ သုံးသောင်းလေး ထောင်ကျော်အနက် မြဝတီမဲဆောက်ဂိတ်ကနေ ပြန်လိုသူက တစ်သောင်းခြောက် ထောင်ကျော်ရှိကာ ဇွန် ၁ ရက်အထိ အဲဒီကနေ တစ်သောင်းကျော် ပြန်ဝင်သွားပြီဖြစ်တယ်လို့ ရှိနေတယ် လို့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက တင်ပြခဲ့ပါတယ်။

ကိုဗစ်အလွန်မှာ ထိုင်းကို နှစ်နိုင်ငံသဘောတူညီချက်နဲ့ အလုပ်ပြန်လုပ်ဖို့ ထိုင်းဘက်က အလုပ်သမားခြောက်သောင်းကျော်လောက် အဆိုပြုထားတယ်လို့ ထိုင်းသံအမတ်ကြီး ဦးမျိုးမြင့်သန်းကပြောပါတယ်။
တရုတ်၊ ကိုရီးယားနဲ့ ထိုင်းက မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးတွေက မြန်မာနိုင်ငံသားတွေကို ပြန်လည်ပို့ဆောင်မှုနဲ့ပတ်သက်လို့ တင်ပြခဲ့ပါတယ်။
တစ်ပတ်တစ်ခါ ကယ်ဆယ်ရေးလေယာဉ်တွေ စီစဉ်ပေးနေပြီး ပြည်ပရောက် အခက်ကြုံနေတဲ့ မြန်မာနိုင်ငံသားတွေကိုပြန်လည်ခေါ်ယူမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

လက်ရှိမှာ မြန်မာအစိုးရက ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ခေါ်ထားတဲ့ မြန်မာနိုင်ငံသား ၂၈၀၀ ကျော်ရှိနေပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

လောလောဆယ် ပြည်ပက ပြန်လာသူတွေထဲက အိန္ဒိယ၊ ယူအေအီးနဲ့ မလေးရှားကနေ ပြန်လာသူတွေထဲက ကိုဗစ်ပိုးတွေ့လူနာ ၄၀ ကျော် တွေ့ထားပြီး ကုသမှုတွေ ဆောင်ရွက်ပေးနေပါတယ်။

သံရုံးတွေဟာ အိမ်ရှင်နိုင်ငံနဲ့ မြန်မာနိုင်ငံကြား အဓိက ဆက်သွယ်ပေးတဲ့ရုံးတွေဖြစ်ပြီး ဆက်သွယ်မှုဟာကောင်းဖို့၊ ရေတိုတင်မက ရေရှည်ကောင်းဖို့ပါအမြဲကြိုးစားမျှော်မှန်းရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သံအမတ်ကြီးတွေကို ညွှန်ကြားခဲ့ပါတယ်။

BBC Burmese
----------------------------------------------
(Zawgyi)⤵⤵⤵
covid19 -သံ႐ုံးေတြ အလုပ္အရမ္းလုပ္တဲ့အတြက္ ႏိုင္ငံျခားေရးဝန္ႀကီးအေနနဲ႔ မဂၤလာယူရေၾကာင္း အတိုင္ပင္ခံေျပာ

ကိုဗစ္ကာလမွာ ျပည္ပမွာရွိတဲ့ ျမန္မာသံ႐ုံးေတြအလုပ္အရမ္းလုပ္တဲ့အတြက္ ႏိုင္ငံျခားေရးဝန္ႀကီးတစ္ဦးအေနနဲ႔ မဂၤလာယူရေၾကာင္း ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ဇြန္ ၂ ရက္မွာ ထိုင္း၊ တ႐ုတ္နဲ႔ ကိုရီးယားက ျမန္မာသံအမတ္ႀကီးေတြနဲ႔ အြန္လိုင္းကေန ေဆြးေႏြးခန္းမွာ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့တာပါ။

"ကြၽန္မအတြက္ေတာ့အားရစရာအေကာင္းဆုံးအခ်က္ကေတာ့ ျပည္သူေတြက သံ႐ုံးေတြကို အားကိုးတဲ့စိတ္ျဖစ္လာတယ္ဆိုတဲ့အခ်က္ပါပဲ။ ျပည္သူေတြက သံ႐ုံးေတြကို ဆက္သြယ္တယ္။ ျပန္ခ်င္တယ္၊ ဘယ္လိုလုပ္ရမလဲ၊ ျပႆနာရွိရင္ သံ႐ုံးေတြကို ယုံယုံၾကည္ၾကည္နဲ႔ ဆက္သြယ္တယ္ဆိုတာ ကြၽန္မလည္း ႏိုင္ငံျခားေရးဝန္ႀကီးအေနနဲ႔ေတာ့ နည္းနည္းေတာ့ မဂၤလာယူရမွာေပါ့ေနာ္။ (ရယ္လ်က္) အဲဒါကေတာ့ သံ႐ုံးေတြက ေတာ္လို႔ လို႔ ဒီလိုပဲ ကြၽန္မတို႔ သတ္မွတ္ရမွာျဖစ္ပါတယ္။ ကြၽန္မတို႔ျပည္သူျပည္သားေတြ ဘယ္ေနရာပဲေရာက္ေရာက္ အားကိုးရမွာက ငါတို႔ရဲ႕ သံ႐ုံးပဲျဖစ္တယ္ဆိုတဲ့စိတ္လည္း ရွိေစခ်င္တယ္။ အဲဒီလိုရွိဖို႔ဆိုတာကေတာ့ ကြၽန္မတို႔ ႏိုင္ငံျခားေရး႐ုံးက တာဝန္ပဲ။ ဗဟိုကခ်မွတ္လိုက္တဲ့ မူဝါဒေတြ၊ ၫႊန္ၾကားခ်က္ေတြကို သက္ဆိုင္ရာ သံ႐ုံးအသီးသီးကေနအေကာင္အထည္ေဖာ္တဲ့ေနရာမွာ မွန္ကန္ဖို႔ကလည္းအေရးႀကီးပါတယ္ "လို႔ ေျပာပါတယ္။

ကိုဗစ္ကာလမွာ ျမန္မာႏိုင္ငံကိုျပန္လိုတဲ့ ျမန္မာႏိုင္ငံသားေတြကို ျပန္ပို႔ေရးအတြက္ သက္ဆိုင္ရာႏိုင္ငံက သံ႐ုံးေတြကလည္း လုပ္ရသလို ျမန္မာႏိုင္ငံျခား ေရးဝန္ႀကီးဌာနကလည္း လုပ္ရတဲ့အတြက္ ႏွစ္ဘက္လုံးကို ေက်းဇူးတင္ေၾကာင္းလည္း သူက ဆက္ေျပာပါတယ္။

ကိုဗစ္ျဖစ္ခ်ိန္မွာ တ႐ုတ္ႏိုင္ငံ၊ ဝူဟန္က ျမန္မာေက်ာင္းသားေတြကို ျပန္ေခၚႏိုင္ခဲ့တာ အာရွမွာ ပထမဆုံးလည္းျဖစ္ၿပီး ဒါဟာ တ႐ုတ္က မိတ္ေဆြေတြရဲ႕ ကူညီမႈေတြေၾကာင့္လည္း ျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ဆိုပါတယ္။

ေနာက္ပိုင္းမွာ ျပည္ပက ျပန္ဝင္လာသူအမ်ားစုဟာ ထိုင္းကျဖစ္ၿပီး နယ္စပ္ျဖတ္ေက်ာ္ျပန္လာတာအမ်ားဆုံးျဖစ္တယ္လို႔ ဆိုပါတယ္။ ထိုင္းေရာက္ျမန္မာ ေတြ ျပန္လာႏိုင္ဖို႔ ထိုင္းက ျမန္မာသံ႐ုံးကလည္း ႀကိဳးပမ္းရသလို နယ္စပ္က သံတမန္ပုဂၢိဳလ္တာဝန္ရွိသူေတြလည္း ကူညီခဲ့ၾကတယ္လို႔ ေဒၚေအာင္ဆန္း စုၾကည္က ေျပာပါတယ္။

လက္ရွိမွာ ကိုရီးယားကေန ျပန္ခ်င္တဲ့ ျမန္မာႏိုင္ငံသား ေလးရာေက်ာ္ က်န္ရွိေနတယ္လို႔ ကိုရီးယားႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးသန႔္စင္က အတိုင္ပင္ခံကို တင္ျပခဲ့ပါတယ္။

ထိုင္းကေန ျမန္မာကို ဧၿပီ ၂၁ ရက္ကေန အခုထိ နယ္စပ္အမွတ္ ၁ တံတားကေန ျဖတ္သန္းၿပီး ျပန္သြားတဲ့သူေပါင္း ေလးေသာင္းေက်ာ္ရွိၿပီး ေနာက္ထပ္ ျပန္လိုေၾကာင္း ဆက္သြယ္စာရင္းေပးလာသူ သုံးေသာင္းေလး ေထာင္ေက်ာ္အနက္ ျမဝတီမဲေဆာက္ဂိတ္ကေန ျပန္လိုသူက တစ္ေသာင္းေျခာက္ ေထာင္ေက်ာ္ရွိကာ ဇြန္ ၁ ရက္အထိ အဲဒီကေန တစ္ေသာင္းေက်ာ္ ျပန္ဝင္သြားၿပီျဖစ္တယ္လို႔ ရွိေနတယ္ လို႔ ထိုင္းႏိုင္ငံဆိုင္ရာျမန္မာသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္းက တင္ျပခဲ့ပါတယ္။

ကိုဗစ္အလြန္မွာ ထိုင္းကို ႏွစ္ႏိုင္ငံသေဘာတူညီခ်က္နဲ႔ အလုပ္ျပန္လုပ္ဖို႔ ထိုင္းဘက္က အလုပ္သမားေျခာက္ေသာင္းေက်ာ္ေလာက္ အဆိုျပဳထားတယ္လို႔ ထိုင္းသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္းကေျပာပါတယ္။

တစ္ပတ္တစ္ခါ ကယ္ဆယ္ေရးေလယာဥ္ေတြ စီစဥ္ေပးေနၿပီး ျပည္ပေရာက္ အခက္ႀကဳံေနတဲ့ ျမန္မာႏိုင္ငံသားေတြကိုျပန္လည္ေခၚယူမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ဆိုပါတယ္။

လက္ရွိမွာ ျမန္မာအစိုးရက ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျပန္ေခၚထားတဲ့ ျမန္မာႏိုင္ငံသား ၂၈၀၀ ေက်ာ္ရွိေနၿပီလို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ေလာေလာဆယ္ ျပည္ပက ျပန္လာသူေတြထဲက အိႏၵိယ၊ ယူေအအီးနဲ႔ မေလးရွားကေန ျပန္လာသူေတြထဲက ကိုဗစ္ပိုးေတြ႕လူနာ ၄၀ ေက်ာ္ ေတြ႕ထားၿပီး ကုသမႈေတြ ေဆာင္႐ြက္ေပးေနပါတယ္။

သံ႐ုံးေတြဟာ အိမ္ရွင္ႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံၾကား အဓိက ဆက္သြယ္ေပးတဲ့႐ုံးေတြျဖစ္ၿပီး ဆက္သြယ္မႈဟာေကာင္းဖို႔၊ ေရတိုတင္မက ေရရွည္ေကာင္းဖို႔ပါအၿမဲႀကိဳးစားေမွ်ာ္မွန္းရတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က သံအမတ္ႀကီးေတြကို ၫႊန္ၾကားခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52876137
covid19 -သံရုံးတွေ အလုပ်အရမ်းလုပ်တဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မင်္ဂလာယူရကြောင်း အတိုင်ပင်ခံပြော covid19 -သံရုံးတွေ အလုပ်အရမ်းလုပ်တဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မင်္ဂလာယူရကြောင်း အတိုင်ပင်ခံပြော Reviewed by THITHTOOLWIN on 19:47 Rating: 5
Powered by Blogger.