ကိုရိုနာဗိုင်းရပ်စ် - သန္ဓေတားဆေး မရနိုင်လို့ အမျိုးသမီးတွေကိုယ်ဝန်ဆောင်ရမှု များလာ


လာရာအိုဝင် ဘီဘီစီကမ္ဘာတလွှားအစီအစဉ်

(Unicode)⤵⤵⤵
ကိုရိုနာ ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်လာတော့ ကမ္ဘာတဝန်းမှာ သန်းပေါင်းများစွာသော အမျိုးသမီးတွေဟာ သန္ဓေတားဆေးတွေကို လက်လှမ်းမမီဖြစ်ကုန်ကြပြီး အကျိုးဆက်ကတော့ မလိုချင်ဘဲ ပဋိသန္ဓေတွေရသွားခဲ့ကြတာဖြစ်လာတယ်လို့ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က သတိပေးထားပါတယ်။

ဝင်ငွေနိမ့်ကျတဲ့ နိုင်ငံတွေ၊ အလယ်အလတ်ပဲ ဝင်ငွေရှိတဲ့ နိုင်ငံတွေ စုစုပေါင်း ၁၁၄ နိုင်ငံက အမျိုးသမီး ၄၇ သန်းလောက်ဟာ ခေတ်မီသန္ဓေတားဆေး တွေကို မရယူနိုင်ဘဲ ဖြစ်ကြရတယ်လို့ UNFPA ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

နိုင်ငံတွေအတွင်း လော့ခ်ဒေါင်းချ ပိတ်ဆို့မှုတွေ ခြောက်လလောက်ကြာခဲ့ပြီး ကျန်းမာရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေရင် မလိုချင်ဘဲ ရတဲ့ ကိုယ်ဝန်ပေါင်း ၇ သန်းလောက်အထိ ရှိလာနိုင်မယ်၊ ပိတ်ဆို့မှုတွေက နောက်ထပ် သုံးလပိုကြာတိုင်း နောက်ထပ် အမျိုးသမီး နှစ်သန်းကျော်က သန္ဓေတားဆေး လိုလာပြီး မရနိုင်ဖြစ်နေကြလိမ့်မယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီလို အခြေအနေမျိုးဟာ ဖိလစ်ပိုင်လို နိုင်ငံအတွက်တော့ အထူး စိတ်ပူစရာ ဖြစ်ပါတယ်။ အဲဒီမှာက သန္ဓေဖျက်ချတာကို ဥပဒေကခွင့်မပြုပါဘူး။ အမျိုးသမီးတွေက သူတို့ သန္ဓေတားဆေးအတွက် ကျန်းမာရေးဌာနတွေနဲ့ အောက်ခြေလူထုကြားထဲ လိုက်လံဝေငှပေးတဲ့ အစီအစဉ်တွေကို အားကိုးနေကြရတာပါ။

ဖိလစ်ပိုင်မှာ ကိုဗစ်-၁၉ ဖြစ်လာတဲ့ ကာလအတွင်း မလိုချင်ဘဲ ကိုယ်ဝန်ဆောင်လိုက်ရတဲ့ အမျိုးသမီး ၁ ဒဿမ ၂သန်းအထိ ရှိသွားနိုင်တယ်လို့ မနီလာက ကုလသမဂ္ဂရုံးများဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ ဂျိုးဇက်မိုက်ကယ်ဆင်းက ပြောပါတယ်။

ဒါကတော့ ကမ္ဘာ့ကပ်ရောဂါကြောင့် သန္ဓေတေားဆေး ဖြန့်ဝေရေးလုပ်ငန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ဒီတစ်နှစ်အတွင်း တဝက်ကျော် ရပ်ဆိုင်းသွားခဲ့ရရင် ဆိုတဲ့ အဆိုးဆုံးဖြစ်နိုင်မယ့် အခြေအနေအပေါ် ခန့်မှန်းတွက်ချက်ထားတာလို့ ဒေါက်တာဆင်းက ပြောပါတယ်။

မလိုချင်ဘဲ သန္ဓေရလာတဲ့အချိန် သူနာပြုဆရာ ဆရာမတွေ၊ ဝမ်းဆွဲသည်တွေကိုလည်း မတွေ့ရ၊ အရေးပေါ်ပြုစုစောင့်ရှောက်မှုတွေလည်း မရနိုင်တဲ့ အခြေအနေမျိုးနဲ့ပါ ပေါင်းစပ်လိုက်ရင် ကိုယ်ဝန်ဆောင် မိခင်တွေသေဆုံးမှု တိုးပွားလာနိုင်တယ်လို့လည်း ကုလသမဂ္ဂအဖွဲ့က သတိပေးထားပါတယ်။

ဆေးဝါးတွေလည်း နည်းနေပြီ

"ကျွန်မတို့မှာ ရှိထားတဲ့ ကွန်ဒုံးတွေ၊ ဟော်မုန်းအစားထိုးဆေးတွေနဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်အားဆေးတွေ နည်းလာနေပြီ" လို့ အစိုးရနဲ့ မသက်ဆိုင်တဲ့ ကျန်းမာရေးဝန်ဆောင်မှု ပရဟိတအဖွဲ့ Roots of Health ကို ဦးဆောင်သူ အမီနာ အီဗန်ဂျယ်လစ်စတာ ဆွာနီပိုဝယ်က ပြောပါတယ်။

သူ့အဖွဲ့က ဖိလစ်ပိုင်က ပွာတိုပရင်ဆက်စာနဲ့ ပါလာဝန်ပြည်နယ်ထဲက ဝေးလံသီခေါင်တဲ့အရပ်တွေက လူထုတွေဆီကို မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ အခမဲ့ ဆောင်ရွက်ပေးနေတာပါ။ အခုတော့ ကပ်ရောဂါကြောင့် ကမ္ဘာတလွှား လေယာဉ်တွေမထွက်၊ သင်္ဘောတွေ မသွားနဲ့ဖြစ်ကုန်လို့ သူတို့ဆီမှာ သိုလှောင်ထားတဲ့ ဆေးပစ္စည်းတွေက နည်းပါးလာနေပါပြီ။

အစိုးရရဲ့ မိသားစု စီမံကိန်းအစီအစဉ်က တာဝန်ရှိသူတွေကတော့ သူတို့ဆီမှာ သန္ဓေတားဆေးမျိုးစုံ အလုံအလောက်ရှိပါတယ်လို့ ဘီဘီစီကို ပြောပါတယ်။ ဒါပေမယ့် လက်ရှိ အကန့်အသတ်တွေကြောင့် အဲဒီဆေးတွေကို ပြည်နယ်တိုင်းကို ပို့ဖို့ လူတွေလက်ထဲ အရောက်ထည့်ဖို့ကတော့ တော်တော်လေး အခက်အခဲရှိတယ်လို့ ဆိုပါတယ်။
Roots of Health အဖွဲ့က သူနာပြုဆရာမ ရှယ်ရီက အောက်ခြေလူထုဆီ ဆေးတွေလိုက်ဖြန့်ပေး
"အမျိုးသမီးတစ်ယောက်ဆို ကျွန်မတို့ ဆေးခန်းဆီ အရောက်လာဖို့ ၁၀ ကီလိုမီတာလောက် လမ်းလျှောက်ခဲ့ရတယ်၊ လမ်းမှာလည်း စစ်ဆေးရေး ဂိတ်တွေကို ဖြတ်ရတယ်၊ ဂိတ်တိုင်းမှာလည်း သူ ဘာကြောင့် ကျွန်မတို့ဆီကို သွားဖို့ လိုအပ်တာလဲ ဆိုတာကို ရှင်းပြခဲ့ရတယ်" လို့ ပလာဝန်ပြည်နယ် ပွာတိုပရင်ဆက်စတာမြို့က ကျန်းမာရေးဌာနမှာ အလုပ်လုပ်တဲ့ အနာလီဇာ ဟာရဲရားက ပြောပါတယ်။

ပလာဝန်ပြည်နယ်အပါအဝင် ဖိလစ်ပိုင်က ဒေသတချို့မှာ ကွာရန်တင်းကာလအတွင်း တစ်အိမ်ထောင်က လူတစ်ဦးပဲ အပြင်ထွက်ဖို့ ခွင့်ပြုလက်မှတ် ထုတ်ပေးထားပါတယ်။

"အဲဒီလက်မှတ်က အပြင်ထွက်ခွင့် ရှိသူဟာ အမျိုးသားပဲ ဖြစ်ရမယ်လို့တော့ မသတ်မှတ်ထားပါဘူး၊ ဒါပေမယ့် တကယ့် လက်တွေ့မှာ အမျိုးသားတွေပဲ အပြင်ထွက်ကြတာမျိုး ဖြစ်နေပါတယ်" လို့ မစ္စဆွာနာပိုဝယ်က ပြောပြပါတယ်။

"ဒါကြောင့် အမျိုးသမီးတွေက အပြင်ထွက်ပြီး သန္ဓေတားဆေးလာယူဖို့ဆိုတာကလည်း လွယ်လှတဲ့ ကိစ္စမဟုတ်ဘူး၊ အထူးသဖြင့် သူတို့ ဒီလို ဆေးသုံးနေတယ်ဆိုတာကို ခင်ပွန်း ယောက်ျား အမျိုးသားအဖော်က သိမထားရင်ပေါ့။"

ပလာဝန်ပြည်နယ်လို ဒေသတွေမှာ အခုတော့ ပိတ်ဆို့ကန့်သတ်ထားတာတွေကို ဖြေလျှော့ပေးလာပြီး အများသုံး သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေလည်း ပြန် ပြေးဆွဲစပြုလာပါပြီ၊ ဒါပေမယ့် လူချင်း ခပ်ခွာခွာနေရေး စည်းကမ်းတွေအရ အရင်လို စီးရေ များများနဲ့ ပြေးဆွဲတာမျိုးတော့ မလုပ်သေးပါဘူး။
ကိုရိုနာကပ်ဘေးကာလမှာ ဖိလစ်ပိုင် အမျိုးသမီးတွေက သူတို့ သုံးနေကျ တားဆေးတွေ ရဖို့ ခက်လာတယ်လို့ ပြောကြပါတယ်။
"အမျိုးသမီးတွေက သူတို့မှာ ဆေးကုန်နေပြီ၊ နောက်ထပ်လိုနေပြီဆိုပြီး ကျွန်မတို့ဆီကို မက်ဆေ့ချ်တွေလှမ်းပို့ကြတာ ရှိတယ်၊ အခုအထိ လှမ်းပြောနေကြတုန်းပဲ။ ဒါပေမယ့် သူတို့ ဒီကို လာယူဖို့ကျတော့လည်း အပြင်မထွက်ရဲကြဘူး" လို့ မစ္စဆွာနာပိုဝယ်က ပြောပါတယ်။

ကွာရန်တင်းလုပ်နေကြရတုန်းမှာ ကိုယ့်အဖော်နဲ့ အတူနေနေရတဲ့ အမျိုးသမီးတွေအတွက် ပိုပြီး အခက်အခဲရှိကြတယ်လို့ သူက ဆက်ပြောပါတယ်။

"ဆေးမသုံးဘဲ ကိုယ့်ဟာကိုယ် သန္ဓေမရအောင် ရှောင်ပြီးနေကြတဲ့ ဖိလစ်ပိုင်အမျိုးသမီးတွေက ဒီလို အတူတူနေနေကြရတဲ့ ကာလတွေမှာ ကိုယ်ဝန်ရသွားနိုင်တဲ့ ရက်ရှောင်ပြီးမှ အတူနေဖို့ ယောက်ျားကို ပြောဖို့ကျတော့လည်း ပိုပြီး ခက်ခဲကြပါတယ်။"
Roots of Health nurse Shery wears personal protective equipment when she visits people's homes
Roots of Health အဖွဲ့ကတော့ ဒီကာလမှာလည်း သန္ဓေတားဆေး အလိုအပ်ဆုံး သူတွေဆီ တစ်အိမ်တက်ဆင်း လိုက်ပြီး ဆေးတွေကို အခမဲ့ လိုက်ဖြန့်ပေးပါတယ်။

"အဲဒီလို အပြင်ထွက်ပြီး အိမ်တွေသွားရတာ ပထမတော့ ကျွန်မကိုယ်တိုင်လည်း ပိုးကူးခံရမှာကို အတော်ကြီး ကြောက်ခဲ့တယ်၊ ကျွန်မမှာလည်း ခြောက်လသား ကလေးလေးရှိနေတာမို့ပါ" လို့ သူနာပြုဆရာမ ရှယ်ရီဗီလာဂါဆီယာက ပြောပါတယ်။

"တော်တော်တော့ စွန့်စားရတဲ့အလုပ်ပါ။ ဒါပေမယ့်လည်း ကျွန်မတို့ သွားတွေ့တဲ့ အမျိုးသမီး အများစုက သူတို့ဟာသူတို့ဆို သန္ဓေတားဆေးတွေကို ဝယ်သုံးနိုင်ကြသူတွေ မဟုတ်ပါဘူး။"
ဆရာမ ရှယ်ရီက သူ့ရဲ့ ခြောက်လသား ကလေးဆီကို ဗိုင်းရပ်စ်ပိုး ကူးမှာကိုလည်း စိုးရိမ်နေခဲ့ရတယ်လို့ ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့်လည်း မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုတွေကို ရယူတဲ့နေရာမှာ အမျိုးသမီးတွေအတွက် ပိုပြီး ကြီးမားတဲ့ အဟန့်အတားတွေကို ကြုံရပြန်ပါတယ်။

"အမျိုးသမီးတစ်ယောက်က သူ့ကို သန္ဓေတားဆေးကို အိမ်မှာ မဟုတ်ဘဲ တခြားတစ်နေရာမှာ ထိုးပေးဖို့ ကျွန်မကို တောင်းပန်တယ်၊ သူ ဒီလို ဆေးသုံးနေတာ သူ့ ယောက်ျားမသိလို့ပါတဲ့။ သူ အလျင်စလိုကြီး ရောက်လာပြီး အမြန်ထိုးပေးဖို့ ပြောတာ၊ သူ့မှာလည်း အိမ်တွင်း အကြမ်းဖက်ခံထားရတဲ့ လက္ခဏာတွေ တွေ့ရတယ်" လို့ ရှယ်ရီ ဗီလာဂါဆီယာက ပြန်ပြောပြပါတယ်။

ပလာဝန်ပြည်နယ်ဟာ ဖိလစ်ပိုင်မှာ သက်ငယ် ကိုယ်ဝန်ဆောင်နှုန်း အများဆုံးတွေ့ရတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ကိုရိုနာကပ်ရောဂါကြီးဖြစ်မလာခင်ကတောင် အမျိုးသမီးတွေ အနေနဲ့ သန္ဓေတားဆေး၊ သားဆက်ခြားဆေးတွေ ရယူသုံးစွဲဖို့က အခက်အခဲတွေနဲ့ပါ။
အိမ်ထောင်မရှိသေးတဲ့ အမျိုးသမီး တစ်ဝက်လောက်ကလည်း တားဆေးတစ်မျိုးမျိုးမသုံးကြဘူးလို့ စစ်တမ်းအရ သိရ
"ကျွန်မဆီ လာတွေ့တဲ့ မိန်းကလေးတစ်ယောက်ကဆို ဆယ်ကျော်သက်နဲ့ မိခင်ဖြစ်လာရသူပါ၊ သူက နောက်ထပ် ကိုယ်ဝန်မရအောင် ကလေးကို မိခင်နို့ပဲ တိုက်နေတယ်ဆိုပြီး ပြောပါတယ်၊ တကယ်တော့ အဲဒီနည်းကလည်း ကိုယ်ဝန်မရနိုင်ဘူးဆိုတာ လုံးဝ မဟုတ်ပါဘူး" လို့ ရှယ်ရီ ဗယ်လာဂါဆီယာက ပြောပါတယ်။

၂၀၁၇ ခုနှစ်က တစ်နိုင်ငံလုံးမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ အိမ်ထောင်မရှိသေးပဲ လိင်ပိုင်းအရ နိုးကြားအရွယ်ရောက်နေတဲ့ အမျိုးသမီးထဲက ၄၉ ရာခိုင်နှုန်းက ဘယ်လို သန္ဓေတားနည်း တားဆေးမှ မသုံးကြဘူးလို့ ဆိုပါတယ်။ အိမ်ထောင်ရှိပြီးသား ကလေးမလိုချင်သူ အမျိုးသမီး ၁၇ ရာခိုင်နှုန်းကလည်း သန္ဓေတားဆေးတွေ မသုံးဘူးဆိုတာ တွေ့ရပါတယ်။

"ဖိလစ်ပိုင်မှာ အမျိုးသမီးတွေက မိသားစုစီမံကိန်းကို မလိုက်နာကြတဲ့ နံပါတ်တစ်အကြောင်းရင်းကတော့ သူတို့က ဆေးသုံးရင် ဖြစ်လာမယ့် ဘေးထွက်ဆိုးကျိုးဆိုတာတွေကို ကြောက်တာရယ်၊ မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှု ပေးတာကို ဆန့်ကျင်တဲ့ အုပ်စုတွေက အထောက်အထားမရှိတဲ့ သတင်းအမှားတွေ ဖြန့်နေတာကို ယုံကြည်သွားကြတာရယ်ကြောင့် ဖြစ်တယ်" လို့ UNFPA က ဒေါက်တာ ဂျိုးဇက် မိုက်ကယ်ဆင်းက ပြောပါတယ်။

"ဒီမှာ လူများစုက ကက်သလစ်ဘာသာဝင်တွေ ဖြစ်ကြတယ်၊ ရှေးရိုးအစဉ်အလာစွဲကို ကြီးကြီးမားမားကိုင်ထားတဲ့ ဘာသာရေး ခေါင်းဆောင်တွေကလည်း သြဇာကြီးကြတယ်၊ တစ်ခါ တောင်ပိုင်းမှာတော့ ဒီလိုပဲ လူထုအပေါ် သြဇာကြီးတဲ့ မွတ်ဆလင်ခေါင်းဆောင်တွေ ရှိကြပြန်တယ်" လို့ သူက ကြုံရတဲ့ အနေအထားကို ဆက်ရှင်းပြပါတယ်။

မလိုချင်ဘဲ ကိုယ်ဝန်တွေ ရလာခြင်းဟာ အမျိုးသမီးတွေအတွက် လူမှုရေး၊ စီးပွားရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်တွေကို တိုးပြီး ခံစားလာရစေပါတယ်။

"အထူးသဖြင့် အခုလို ကိုဗစ်-၁၉ ကပ်ရောဂါကြီးနဲ့ ရင်ဆိုင်နေရချိန်မှာ မလိုချင်ဘဲ ကိုယ်ဝန်ရလာလိုက်ရင် အမျိုးသမီးတွေအတွက် ငွေကြေးအရလည်း အခက်အခဲကြီးတွေနဲ့ တွေ့သွားရစေတယ်" လို့ သူနာပြုဆရာမ ရှယ်ရီက ဆိုပါတယ်။

" တော်တော် ဝမ်းနည်းစရာပါ၊ အမျိုးသမီးတွေအတွက် ရွေးချယ်ခွင့်နဲ့ သူတို့ရွေးချယ်တဲ့အတိုင်း မလိုချင်တဲ့ အချိန် ကိုယ်ဝန်ရမသွားအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ဆေးဝါးတွေကို ရယူနိုင်ခွင့် ရှိသင့်ပါတယ်။"

BBC Burmese
-----------------------------------
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ - သေႏၶတားေဆး မရႏိုင္လို႔ အမ်ိဳးသမီးေတြကိုယ္ဝန္ေဆာင္ရမႈ မ်ားလာ

လာရာအိုဝင္ ဘီဘီစီကမာၻတလႊားအစီအစဥ္

ကို႐ိုနာ ကမာၻ႔ကပ္ေရာဂါႀကီး ျဖစ္လာေတာ့ ကမာၻတဝန္းမွာ သန္းေပါင္းမ်ားစြာေသာ အမ်ိဳးသမီးေတြဟာ သေႏၶတားေဆးေတြကို လက္လွမ္းမမီျဖစ္ကုန္ၾကၿပီး အက်ိဳးဆက္ကေတာ့ မလိုခ်င္ဘဲ ပဋိသေႏၶေတြရသြားခဲ့ၾကတာျဖစ္လာတယ္လို႔ ကုလသမဂၢလူဦးေရ ရန္ပုံေငြအဖြဲ႕ (UNFPA) က သတိေပးထားပါတယ္။

ဝင္ေငြနိမ့္က်တဲ့ ႏိုင္ငံေတြ၊ အလယ္အလတ္ပဲ ဝင္ေငြရွိတဲ့ ႏိုင္ငံေတြ စုစုေပါင္း ၁၁၄ ႏိုင္ငံက အမ်ိဳးသမီး ၄၇ သန္းေလာက္ဟာ ေခတ္မီသေႏၶတားေဆး ေတြကို မရယူႏိုင္ဘဲ ျဖစ္ၾကရတယ္လို႔ UNFPA ရဲ႕ အစီရင္ခံစာက ဆိုပါတယ္။

ႏိုင္ငံေတြအတြင္း ေလာ့ခ္ေဒါင္းခ် ပိတ္ဆို႔မႈေတြ ေျခာက္လေလာက္ၾကာခဲ့ၿပီး က်န္းမာေရးလုပ္ငန္းေတြ ရပ္ဆိုင္းေနရင္ မလိုခ်င္ဘဲ ရတဲ့ ကိုယ္ဝန္ေပါင္း ၇ သန္းေလာက္အထိ ရွိလာႏိုင္မယ္၊ ပိတ္ဆို႔မႈေတြက ေနာက္ထပ္ သုံးလပိုၾကာတိုင္း ေနာက္ထပ္ အမ်ိဳးသမီး ႏွစ္သန္းေက်ာ္က သေႏၶတားေဆး လိုလာၿပီး မရႏိုင္ျဖစ္ေနၾကလိမ့္မယ္လို႔ အဲဒီအစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ဒီလို အေျခအေနမ်ိဳးဟာ ဖိလစ္ပိုင္လို ႏိုင္ငံအတြက္ေတာ့ အထူး စိတ္ပူစရာ ျဖစ္ပါတယ္။ အဲဒီမွာက သေႏၶဖ်က္ခ်တာကို ဥပေဒကခြင့္မျပဳပါဘူး။ အမ်ိဳးသမီးေတြက သူတို႔ သေႏၶတားေဆးအတြက္ က်န္းမာေရးဌာနေတြနဲ႔ ေအာက္ေျခလူထုၾကားထဲ လိုက္လံေဝငွေပးတဲ့ အစီအစဥ္ေတြကို အားကိုးေနၾကရတာပါ။

ဖိလစ္ပိုင္မွာ ကိုဗစ္-၁၉ ျဖစ္လာတဲ့ ကာလအတြင္း မလိုခ်င္ဘဲ ကိုယ္ဝန္ေဆာင္လိုက္ရတဲ့ အမ်ိဳးသမီး ၁ ဒႆမ ၂သန္းအထိ ရွိသြားႏိုင္တယ္လို႔ မနီလာက ကုလသမဂၢ႐ုံးမ်ားဆိုင္ရာ ကိုယ္စားလွယ္ ေဒါက္တာ ဂ်ိဳးဇက္မိုက္ကယ္ဆင္းက ေျပာပါတယ္။

ဒါကေတာ့ ကမာၻ႔ကပ္ေရာဂါေၾကာင့္ သေႏၶေတားေဆး ျဖန္႔ေဝေရးလုပ္ငန္းေတြ၊ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းေတြ ဒီတစ္ႏွစ္အတြင္း တဝက္ေက်ာ္ ရပ္ဆိုင္းသြားခဲ့ရရင္ ဆိုတဲ့ အဆိုးဆုံးျဖစ္ႏိုင္မယ့္ အေျခအေနအေပၚ ခန္႔မွန္းတြက္ခ်က္ထားတာလို႔ ေဒါက္တာဆင္းက ေျပာပါတယ္။

မလိုခ်င္ဘဲ သေႏၶရလာတဲ့အခ်ိန္ သူနာျပဳဆရာ ဆရာမေတြ၊ ဝမ္းဆြဲသည္ေတြကိုလည္း မေတြ႕ရ၊ အေရးေပၚျပဳစုေစာင့္ေရွာက္မႈေတြလည္း မရႏိုင္တဲ့ အေျခအေနမ်ိဳးနဲ႔ပါ ေပါင္းစပ္လိုက္ရင္ ကိုယ္ဝန္ေဆာင္ မိခင္ေတြေသဆုံးမႈ တိုးပြားလာႏိုင္တယ္လို႔လည္း ကုလသမဂၢအဖြဲ႕က သတိေပးထားပါတယ္။

ေဆးဝါးေတြလည္း နည္းေနၿပီ

"ကြၽန္မတို႔မွာ ရွိထားတဲ့ ကြန္ဒုံးေတြ၊ ေဟာ္မုန္းအစားထိုးေဆးေတြနဲ႔ အမ်ိဳးသမီး ကိုယ္ဝန္ေဆာင္အားေဆးေတြ နည္းလာေနၿပီ" လို႔ အစိုးရနဲ႔ မသက္ဆိုင္တဲ့ က်န္းမာေရးဝန္ေဆာင္မႈ ပရဟိတအဖြဲ႕ Roots of Health ကို ဦးေဆာင္သူ အမီနာ အီဗန္ဂ်ယ္လစ္စတာ ဆြာနီပိုဝယ္က ေျပာပါတယ္။

သူ႔အဖြဲ႕က ဖိလစ္ပိုင္က ပြာတိုပရင္ဆက္စာနဲ႔ ပါလာဝန္ျပည္နယ္ထဲက ေဝးလံသီေခါင္တဲ့အရပ္ေတြက လူထုေတြဆီကို မ်ိဳးဆက္ပြား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းေတြ အခမဲ့ ေဆာင္႐ြက္ေပးေနတာပါ။ အခုေတာ့ ကပ္ေရာဂါေၾကာင့္ ကမာၻတလႊား ေလယာဥ္ေတြမထြက္၊ သေဘၤာေတြ မသြားနဲ႔ျဖစ္ကုန္လို႔ သူတို႔ဆီမွာ သိုေလွာင္ထားတဲ့ ေဆးပစၥည္းေတြက နည္းပါးလာေနပါၿပီ။

အစိုးရရဲ႕ မိသားစု စီမံကိန္းအစီအစဥ္က တာဝန္ရွိသူေတြကေတာ့ သူတို႔ဆီမွာ သေႏၶတားေဆးမ်ိဳးစုံ အလုံအေလာက္ရွိပါတယ္လို႔ ဘီဘီစီကို ေျပာပါတယ္။ ဒါေပမယ့္ လက္ရွိ အကန္႔အသတ္ေတြေၾကာင့္ အဲဒီေဆးေတြကို ျပည္နယ္တိုင္းကို ပို႔ဖို႔ လူေတြလက္ထဲ အေရာက္ထည့္ဖို႔ကေတာ့ ေတာ္ေတာ္ေလး အခက္အခဲရွိတယ္လို႔ ဆိုပါတယ္။

"အမ်ိဳးသမီးတစ္ေယာက္ဆို ကြၽန္မတို႔ ေဆးခန္းဆီ အေရာက္လာဖို႔ ၁၀ ကီလိုမီတာေလာက္ လမ္းေလွ်ာက္ခဲ့ရတယ္၊ လမ္းမွာလည္း စစ္ေဆးေရး ဂိတ္ေတြကို ျဖတ္ရတယ္၊ ဂိတ္တိုင္းမွာလည္း သူ ဘာေၾကာင့္ ကြၽန္မတို႔ဆီကို သြားဖို႔ လိုအပ္တာလဲ ဆိုတာကို ရွင္းျပခဲ့ရတယ္" လို႔ ပလာဝန္ျပည္နယ္ ပြာတိုပရင္ဆက္စတာၿမိဳ႕က က်န္းမာေရးဌာနမွာ အလုပ္လုပ္တဲ့ အနာလီဇာ ဟာရဲရားက ေျပာပါတယ္။

ပလာဝန္ျပည္နယ္အပါအဝင္ ဖိလစ္ပိုင္က ေဒသတခ်ိဳ႕မွာ ကြာရန္တင္းကာလအတြင္း တစ္အိမ္ေထာင္က လူတစ္ဦးပဲ အျပင္ထြက္ဖို႔ ခြင့္ျပဳလက္မွတ္ ထုတ္ေပးထားပါတယ္။

"အဲဒီလက္မွတ္က အျပင္ထြက္ခြင့္ ရွိသူဟာ အမ်ိဳးသားပဲ ျဖစ္ရမယ္လို႔ေတာ့ မသတ္မွတ္ထားပါဘူး၊ ဒါေပမယ့္ တကယ့္ လက္ေတြ႕မွာ အမ်ိဳးသားေတြပဲ အျပင္ထြက္ၾကတာမ်ိဳး ျဖစ္ေနပါတယ္" လို႔ မစၥဆြာနာပိုဝယ္က ေျပာျပပါတယ္။

"ဒါေၾကာင့္ အမ်ိဳးသမီးေတြက အျပင္ထြက္ၿပီး သေႏၶတားေဆးလာယူဖို႔ဆိုတာကလည္း လြယ္လွတဲ့ ကိစၥမဟုတ္ဘူး၊ အထူးသျဖင့္ သူတို႔ ဒီလို ေဆးသုံးေနတယ္ဆိုတာကို ခင္ပြန္း ေယာက္်ား အမ်ိဳးသားအေဖာ္က သိမထားရင္ေပါ့။"

ပလာဝန္ျပည္နယ္လို ေဒသေတြမွာ အခုေတာ့ ပိတ္ဆို႔ကန္႔သတ္ထားတာေတြကို ေျဖေလွ်ာ့ေပးလာၿပီး အမ်ားသုံး သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းေတြလည္း ျပန္ ေျပးဆြဲစျပဳလာပါၿပီ၊ ဒါေပမယ့္ လူခ်င္း ခပ္ခြာခြာေနေရး စည္းကမ္းေတြအရ အရင္လို စီးေရ မ်ားမ်ားနဲ႔ ေျပးဆြဲတာမ်ိဳးေတာ့ မလုပ္ေသးပါဘူး။

"အမ်ိဳးသမီးေတြက သူတို႔မွာ ေဆးကုန္ေနၿပီ၊ ေနာက္ထပ္လိုေနၿပီဆိုၿပီး ကြၽန္မတို႔ဆီကို မက္ေဆ့ခ်္ေတြလွမ္းပို႔ၾကတာ ရွိတယ္၊ အခုအထိ လွမ္းေျပာေနၾကတုန္းပဲ။ ဒါေပမယ့္ သူတို႔ ဒီကို လာယူဖို႔က်ေတာ့လည္း အျပင္မထြက္ရဲၾကဘူး" လို႔ မစၥဆြာနာပိုဝယ္က ေျပာပါတယ္။

ကြာရန္တင္းလုပ္ေနၾကရတုန္းမွာ ကိုယ့္အေဖာ္နဲ႔ အတူေနေနရတဲ့ အမ်ိဳးသမီးေတြအတြက္ ပိုၿပီး အခက္အခဲရွိၾကတယ္လို႔ သူက ဆက္ေျပာပါတယ္။

"ေဆးမသုံးဘဲ ကိုယ့္ဟာကိုယ္ သေႏၶမရေအာင္ ေရွာင္ၿပီးေနၾကတဲ့ ဖိလစ္ပိုင္အမ်ိဳးသမီးေတြက ဒီလို အတူတူေနေနၾကရတဲ့ ကာလေတြမွာ ကိုယ္ဝန္ရသြားႏိုင္တဲ့ ရက္ေရွာင္ၿပီးမွ အတူေနဖို႔ ေယာက္်ားကို ေျပာဖို႔က်ေတာ့လည္း ပိုၿပီး ခက္ခဲၾကပါတယ္။"

Roots of Health အဖြဲ႕ကေတာ့ ဒီကာလမွာလည္း သေႏၶတားေဆး အလိုအပ္ဆုံး သူေတြဆီ တစ္အိမ္တက္ဆင္း လိုက္ၿပီး ေဆးေတြကို အခမဲ့ လိုက္ျဖန္႔ေပးပါတယ္။

"အဲဒီလို အျပင္ထြက္ၿပီး အိမ္ေတြသြားရတာ ပထမေတာ့ ကြၽန္မကိုယ္တိုင္လည္း ပိုးကူးခံရမွာကို အေတာ္ႀကီး ေၾကာက္ခဲ့တယ္၊ ကြၽန္မမွာလည္း ေျခာက္လသား ကေလးေလးရွိေနတာမို႔ပါ" လို႔ သူနာျပဳဆရာမ ရွယ္ရီဗီလာဂါဆီယာက ေျပာပါတယ္။

"ေတာ္ေတာ္ေတာ့ စြန္႔စားရတဲ့အလုပ္ပါ။ ဒါေပမယ့္လည္း ကြၽန္မတို႔ သြားေတြ႕တဲ့ အမ်ိဳးသမီး အမ်ားစုက သူတို႔ဟာသူတို႔ဆို သေႏၶတားေဆးေတြကို ဝယ္သုံးႏိုင္ၾကသူေတြ မဟုတ္ပါဘူး။"

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္လည္း မ်ိဳးဆက္ပြားက်န္းမာေရး ေစာင့္ေရွာက္မႈ ဝန္ေဆာင္မႈေတြကို ရယူတဲ့ေနရာမွာ အမ်ိဳးသမီးေတြအတြက္ ပိုၿပီး ႀကီးမားတဲ့ အဟန္႔အတားေတြကို ႀကဳံရျပန္ပါတယ္။

"အမ်ိဳးသမီးတစ္ေယာက္က သူ႔ကို သေႏၶတားေဆးကို အိမ္မွာ မဟုတ္ဘဲ တျခားတစ္ေနရာမွာ ထိုးေပးဖို႔ ကြၽန္မကို ေတာင္းပန္တယ္၊ သူ ဒီလို ေဆးသုံးေနတာ သူ႔ ေယာက္်ားမသိလို႔ပါတဲ့။ သူ အလ်င္စလိုႀကီး ေရာက္လာၿပီး အျမန္ထိုးေပးဖို႔ ေျပာတာ၊ သူ႔မွာလည္း အိမ္တြင္း အၾကမ္းဖက္ခံထားရတဲ့ လကၡဏာေတြ ေတြ႕ရတယ္" လို႔ ရွယ္ရီ ဗီလာဂါဆီယာက ျပန္ေျပာျပပါတယ္။

ပလာဝန္ျပည္နယ္ဟာ ဖိလစ္ပိုင္မွာ သက္ငယ္ ကိုယ္ဝန္ေဆာင္ႏႈန္း အမ်ားဆုံးေတြ႕ရတဲ့ ေဒသတစ္ခုျဖစ္ပါတယ္။ ကို႐ိုနာကပ္ေရာဂါႀကီးျဖစ္မလာခင္ကေတာင္ အမ်ိဳးသမီးေတြ အေနနဲ႔ သေႏၶတားေဆး၊ သားဆက္ျခားေဆးေတြ ရယူသုံးစြဲဖို႔က အခက္အခဲေတြနဲ႔ပါ။

"ကြၽန္မဆီ လာေတြ႕တဲ့ မိန္းကေလးတစ္ေယာက္ကဆို ဆယ္ေက်ာ္သက္နဲ႔ မိခင္ျဖစ္လာရသူပါ၊ သူက ေနာက္ထပ္ ကိုယ္ဝန္မရေအာင္ ကေလးကို မိခင္ႏို႔ပဲ တိုက္ေနတယ္ဆိုၿပီး ေျပာပါတယ္၊ တကယ္ေတာ့ အဲဒီနည္းကလည္း ကိုယ္ဝန္မရႏိုင္ဘူးဆိုတာ လုံးဝ မဟုတ္ပါဘူး" လို႔ ရွယ္ရီ ဗယ္လာဂါဆီယာက ေျပာပါတယ္။

၂၀၁၇ ခုႏွစ္က တစ္ႏိုင္ငံလုံးမွာ ေကာက္ယူခဲ့တဲ့ စစ္တမ္းအရ အိမ္ေထာင္မရွိေသးပဲ လိင္ပိုင္းအရ ႏိုးၾကားအ႐ြယ္ေရာက္ေနတဲ့ အမ်ိဳးသမီးထဲက ၄၉ ရာခိုင္ႏႈန္းက ဘယ္လို သေႏၶတားနည္း တားေဆးမွ မသုံးၾကဘူးလို႔ ဆိုပါတယ္။ အိမ္ေထာင္ရွိၿပီးသား ကေလးမလိုခ်င္သူ အမ်ိဳးသမီး ၁၇ ရာခိုင္ႏႈန္းကလည္း သေႏၶတားေဆးေတြ မသုံးဘူးဆိုတာ ေတြ႕ရပါတယ္။

"ဖိလစ္ပိုင္မွာ အမ်ိဳးသမီးေတြက မိသားစုစီမံကိန္းကို မလိုက္နာၾကတဲ့ နံပါတ္တစ္အေၾကာင္းရင္းကေတာ့ သူတို႔က ေဆးသုံးရင္ ျဖစ္လာမယ့္ ေဘးထြက္ဆိုးက်ိဳးဆိုတာေတြကို ေၾကာက္တာရယ္၊ မ်ိဳးဆက္ပြားက်န္းမာေရးေစာင့္ေရွာက္မႈ ေပးတာကို ဆန္႔က်င္တဲ့ အုပ္စုေတြက အေထာက္အထားမရွိတဲ့ သတင္းအမွားေတြ ျဖန္႔ေနတာကို ယုံၾကည္သြားၾကတာရယ္ေၾကာင့္ ျဖစ္တယ္" လို႔ UNFPA က ေဒါက္တာ ဂ်ိဳးဇက္ မိုက္ကယ္ဆင္းက ေျပာပါတယ္။

"ဒီမွာ လူမ်ားစုက ကက္သလစ္ဘာသာဝင္ေတြ ျဖစ္ၾကတယ္၊ ေရွး႐ိုးအစဥ္အလာစြဲကို ႀကီးႀကီးမားမားကိုင္ထားတဲ့ ဘာသာေရး ေခါင္းေဆာင္ေတြကလည္း ၾသဇာႀကီးၾကတယ္၊ တစ္ခါ ေတာင္ပိုင္းမွာေတာ့ ဒီလိုပဲ လူထုအေပၚ ၾသဇာႀကီးတဲ့ မြတ္ဆလင္ေခါင္းေဆာင္ေတြ ရွိၾကျပန္တယ္" လို႔ သူက ႀကဳံရတဲ့ အေနအထားကို ဆက္ရွင္းျပပါတယ္။

မလိုခ်င္ဘဲ ကိုယ္ဝန္ေတြ ရလာျခင္းဟာ အမ်ိဳးသမီးေတြအတြက္ လူမႈေရး၊ စီးပြားေရးနဲ႔ စိတ္ပိုင္းဆိုင္ရာ အက်ိဳးဆက္ေတြကို တိုးၿပီး ခံစားလာရေစပါတယ္။

"အထူးသျဖင့္ အခုလို ကိုဗစ္-၁၉ ကပ္ေရာဂါႀကီးနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ မလိုခ်င္ဘဲ ကိုယ္ဝန္ရလာလိုက္ရင္ အမ်ိဳးသမီးေတြအတြက္ ေငြေၾကးအရလည္း အခက္အခဲႀကီးေတြနဲ႔ ေတြ႕သြားရေစတယ္" လို႔ သူနာျပဳဆရာမ ရွယ္ရီက ဆိုပါတယ္။

" ေတာ္ေတာ္ ဝမ္းနည္းစရာပါ၊ အမ်ိဳးသမီးေတြအတြက္ ေ႐ြးခ်ယ္ခြင့္နဲ႔ သူတို႔ေ႐ြးခ်ယ္တဲ့အတိုင္း မလိုခ်င္တဲ့ အခ်ိန္ ကိုယ္ဝန္ရမသြားေအာင္ ကာကြယ္ႏိုင္တဲ့ နည္းလမ္းေတြ ေဆးဝါးေတြကို ရယူႏိုင္ခြင့္ ရွိသင့္ပါတယ္။"

BBC Burmese
https://www.bbc.com/burmese/world-52798462
ကိုရိုနာဗိုင်းရပ်စ် - သန္ဓေတားဆေး မရနိုင်လို့ အမျိုးသမီးတွေကိုယ်ဝန်ဆောင်ရမှု များလာ ကိုရိုနာဗိုင်းရပ်စ် - သန္ဓေတားဆေး မရနိုင်လို့ အမျိုးသမီးတွေကိုယ်ဝန်ဆောင်ရမှု များလာ Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.