NLD က ၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ဘယ်လို ရွေးချယ်မလဲ


(Unicode)⤵⤵⤵
ရွေးကောက်ပွဲဝင်ရွေးခံမယ့် NLD ပါတီကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ ဇွန်လထဲမှာ ပေးပို့ရမယ်လို့ အာဏာရ NLD ပါတီရဲ့ဗဟို တာဝန်ရှိသူတွေကပြောဆိုရာမှာ ဘယ်လိုစံနှုန်းထားပြီး ကိုယ်စားလှယ်တွေ ရွေးမလဲ မေးမြန်းထားတာကို ကိုဇော်ထက် တင်ဆက်ပေးပါမယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက် ယှဉ်ပြိုင်သွားမယ် လို့ ကြွေးကြော်ထားသလို လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအမည်တွေ ဇွန်လထဲ အပြီးပို့ပေးရမယ် လို့ အောက်ခြေပါတီခွဲတွေကို အသိပေးလိုက်ပါတယ်။ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းအတွင်း လုပ်ဆောင်မှုအပေါ် မကျေနပ်မှုတွေရှိလို့ ဗဟိုကို အတိုင်ခံထားရတဲ့ ကိုယ်စားလှယ်တွေရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက အမျိုးသမီးနဲ့ လူငယ်တွေ ပြီးတော့ပါတီအပေါ် သစ္စာစောင့်သိသူတွေကို အဓိကထား ကိုယ်စားလှယ်ရွေးချယ်ခဲ့တယ်လို့ ပါတီတာဝန်ယူခဲ့သူတွေက ပြောပြခဲ့တာမို့။ အခုတခေါက် ကိုယ်စားလှယ်တွေကို ဘယ်လို ရွေးချယ်မလဲ အများက စိတ်ဝင်စားနေပါတယ်။

NLD ပြန်ကြားရေးကော်မတီ အတွင်းရေးမှူးဖြစ်တဲ့ မုံရွာဦးအောင်ရှင်က ပါတီအနေနဲ့ ပြီးခဲ့တဲ့သက်တမ်းအပေါ်မူတည်ပြီး စဉ်းစားသုံးသပ်သွားမယ်လို့ ဗွီအိုအေကို တုံ့ပြန်ပါတယ်။

“ အရင်တုန်းက လွှတ်တော်ကိုယ်စားလှယ်တွေ အလုပ်လုပ်လား၊ မလုပ်ဘူးလား ဆိုတာကို ဗဟိုကနေပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို စာပို့ဖူးတယ်။ တလတကြိမ် အစီရင်ခံစာတင်ရမယ်၊ အဲဒီအစီရင်ခံစာကို သက်ဆိုင်ရာကမြို့နယ်ကတဆင့် ပို့ရမယ်ဆိုပြီးတော့။ အခုနောက်ပိုင်းတော့ ကျနော်သိရသလောက် သိပ်ပြီးတော့ မပေးကြတော့ဘူးဗျ။ ဒီကိုယ်စားလှယ်တွေ အလုပ်လုပ်သလား၊ မလုပ်ဘူးလား ဆိုတာကို အဲဒီ ခုနက CEC ကနေတောင်းတဲ့ စာတွေပေါ်မှာ သုံးသပ်ပြီးတော့ ရွေးချယ်လိမ့်မယ်လို့လည်း ထင်ပါတယ်။”

မေလ ၃၁ မှာ NLD ပါတီ ဗဟိုကော်မတီ အစည်းအဝေးကို နေပြည်တော် စည်ပင်ရိပ်သာမှာလုပ်ခဲ့ပြီး အဲဒီအစည်းအဝေးမှာ ပါတီ ဒုဥက္ကဋ္ဌနဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်လည်း ဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်က ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ဖို့ အချိန်ကျပြီလို့ ပြောဆိုခဲ့တာပါ။

ပါတီစည်းကမ်းမလိုက်နာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ အစိုးရ ယန္တယားမှာ ပါဝင်နေတဲ့ ဝန်ကြီးချုပ်တွေကိုလည်း အရေးယူခဲ့တာရှိသလို မေလ ၃၁ မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကိုလည်း ပါတီဗဟိုအစည်းအဝေး ကနေ ဒေါက်တာဇော်မြင့်မောင်က သတိပေးခဲ့ပါတယ်။

“ CEC ကနေသတိပေးတာ ဝန်ကြီးချုပ်တွေအားလုံး၊ ကိုယ့်တိုင်းနဲ့ပြည်နယ်မှာ ဗဟိုကချမှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း လိုက်နာ ဆောင်ရွက်ကြဖို့၊ ကျနော်တို့ COVID-19 ကာလဟာ ပြည်သူတွေက ဝိုင်းဝန်းပြီးတော့ ကူညီပြီး လိုက်နာဆောင်ရွက်လို့ ကျနော်တို့ အောင်မြင်နေတာ။ ဦးဖြိုးမင်းသိန်းကိုလည်း ဒီကနေ ဒါ သတိပေးလိုက်တာပေါ့ဗျာ။”

ပါတီဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် တို့ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရွေးခံသွားမှာပါ။ ကျန်းမာရေးကြောင့် ထိုင်းကို ဆေးကုသွားခဲ့တဲ့ NLD ပါတီဒုဥက္ကဋ္ဌ-၂ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကတော့ ပါတီတာဝန်ပေးတဲ့အပေါ်မှာ မူတည်နေတယ်လို့ မုံရွာဦးအောင်ရှင်က ပြောပါတယ်။

NLD အတွင်းရေးမှူး ၁နဲ့ ၂ တွေဖြစ်တဲ့ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်တို့ကတော့ ဝင်ရွေးခံမှာ မဟုတ်ပါဘူး။ အတွင်းရေးမှူး ၃ ဒေါက်တာအောင်မိုးညို အပါအဝင် ဗဟိုကော်မတီဝင်အများစု ဝင်ပြိုင်သွားဖို့ ရှိနေပါတယ်။ ၂၀၁၅ ရွှေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်မှာ ကျင်းပခဲ့ပြီး နိုင်ငံရေးပါတီ ၉၁ ပါတီဝင်ပြိုင်ခဲ့ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အချက်အလက် အတိုင်းဆိုရင် လက်ရှိ တည်ဆဲနိုင်ငံရေးပါတီ ၉၇ ခုရှိပါတယ်။

 ဇော်ထက်  / ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------------
(Zawgyi)⤵⤵⤵
NLD က ၂၀၂၀ ေ႐ြးေကာက္ပြဲဝင္မယ့္ ကိုယ္စားလွယ္ေလာင္းေတြကို ဘယ္လို ေ႐ြးခ်ယ္မလဲ

ေ႐ြးေကာက္ပြဲဝင္ေ႐ြးခံမယ့္ NLD ပါတီကိုယ္စားလွယ္ေလာင္း အမည္စာရင္းေတြ ဇြန္လထဲမွာ ေပးပို႔ရမယ္လို႔ အာဏာရ NLD ပါတီရဲ႕ဗဟို တာဝန္ရွိသူေတြကေျပာဆိုရာမွာ ဘယ္လိုစံႏႈန္းထားၿပီး ကိုယ္စားလွယ္ေတြ ေ႐ြးမလဲ ေမးျမန္းထားတာကို ကိုေဇာ္ထက္ တင္ဆက္ေပးပါမယ္။

အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီဟာ ျမန္မာတႏိုင္ငံလုံးအတိုင္းအတာနဲ႔ ဝင္ေရာက္ ယွဥ္ၿပိဳင္သြားမယ္ လို႔ ေႂကြးေၾကာ္ထားသလို လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္းအမည္ေတြ ဇြန္လထဲ အၿပီးပို႔ေပးရမယ္ လို႔ ေအာက္ေျခပါတီခြဲေတြကို အသိေပးလိုက္ပါတယ္။ၿပီးခဲ့တဲ့ လႊတ္ေတာ္သက္တမ္းအတြင္း လုပ္ေဆာင္မႈအေပၚ မေက်နပ္မႈေတြရွိလို႔ ဗဟိုကို အတိုင္ခံထားရတဲ့ ကိုယ္စားလွယ္ေတြရွိေနပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္တုန္းက အမ်ိဳးသမီးနဲ႔ လူငယ္ေတြ ၿပီးေတာ့ပါတီအေပၚ သစၥာေစာင့္သိသူေတြကို အဓိကထား ကိုယ္စားလွယ္ေ႐ြးခ်ယ္ခဲ့တယ္လို႔ ပါတီတာဝန္ယူခဲ့သူေတြက ေျပာျပခဲ့တာမို႔။ အခုတေခါက္ ကိုယ္စားလွယ္ေတြကို ဘယ္လို ေ႐ြးခ်ယ္မလဲ အမ်ားက စိတ္ဝင္စားေနပါတယ္။

NLD ျပန္ၾကားေရးေကာ္မတီ အတြင္းေရးမႉးျဖစ္တဲ့ မုံ႐ြာဦးေအာင္ရွင္က ပါတီအေနနဲ႔ ၿပီးခဲ့တဲ့သက္တမ္းအေပၚမူတည္ၿပီး စဥ္းစားသုံးသပ္သြားမယ္လို႔ ဗြီအိုေအကို တုံ႔ျပန္ပါတယ္။

“ အရင္တုန္းက လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အလုပ္လုပ္လား၊ မလုပ္ဘူးလား ဆိုတာကို ဗဟိုကေနၿပီးေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို စာပို႔ဖူးတယ္။ တလတႀကိမ္ အစီရင္ခံစာတင္ရမယ္၊ အဲဒီအစီရင္ခံစာကို သက္ဆိုင္ရာကၿမိဳ႕နယ္ကတဆင့္ ပို႔ရမယ္ဆိုၿပီးေတာ့။ အခုေနာက္ပိုင္းေတာ့ က်ေနာ္သိရသေလာက္ သိပ္ၿပီးေတာ့ မေပးၾကေတာ့ဘူးဗ်။ ဒီကိုယ္စားလွယ္ေတြ အလုပ္လုပ္သလား၊ မလုပ္ဘူးလား ဆိုတာကို အဲဒီ ခုနက CEC ကေနေတာင္းတဲ့ စာေတြေပၚမွာ သုံးသပ္ၿပီးေတာ့ ေ႐ြးခ်ယ္လိမ့္မယ္လို႔လည္း ထင္ပါတယ္။”

ေမလ ၃၁ မွာ NLD ပါတီ ဗဟိုေကာ္မတီ အစည္းအေဝးကို ေနျပည္ေတာ္ စည္ပင္ရိပ္သာမွာလုပ္ခဲ့ၿပီး အဲဒီအစည္းအေဝးမွာ ပါတီ ဒုဥကၠ႒နဲ႔ မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္လည္း ျဖစ္တဲ့ ေဒါက္တာေဇာ္ျမင့္ေမာင္က ကိုယ္စားလွယ္ေလာင္းေတြ ေ႐ြးခ်ယ္ဖို႔ အခ်ိန္က်ၿပီလို႔ ေျပာဆိုခဲ့တာပါ။

ပါတီစည္းကမ္းမလိုက္နာတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ နဲ႔ အစိုးရ ယႏၲယားမွာ ပါဝင္ေနတဲ့ ဝန္ႀကီးခ်ဳပ္ေတြကိုလည္း အေရးယူခဲ့တာရွိသလို ေမလ ၃၁ မွာ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ကိုလည္း ပါတီဗဟိုအစည္းအေဝး ကေန ေဒါက္တာေဇာ္ျမင့္ေမာင္က သတိေပးခဲ့ပါတယ္။

“ CEC ကေနသတိေပးတာ ဝန္ႀကီးခ်ဳပ္ေတြအားလုံး၊ ကိုယ့္တိုင္းနဲ႔ျပည္နယ္မွာ ဗဟိုကခ်မွတ္ထားတဲ့ စည္းကမ္းခ်က္ေတြအတိုင္း လိုက္နာ ေဆာင္႐ြက္ၾကဖို႔၊ က်ေနာ္တို႔ COVID-19 ကာလဟာ ျပည္သူေတြက ဝိုင္းဝန္းၿပီးေတာ့ ကူညီၿပီး လိုက္နာေဆာင္႐ြက္လို႔ က်ေနာ္တို႔ ေအာင္ျမင္ေနတာ။ ဦးၿဖိဳးမင္းသိန္းကိုလည္း ဒီကေန ဒါ သတိေပးလိုက္တာေပါ့ဗ်ာ။”

ပါတီဥကၠ႒ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္ တို႔ လာမယ့္ေ႐ြးေကာက္ပြဲမွာ ဝင္ေ႐ြးခံသြားမွာပါ။ က်န္းမာေရးေၾကာင့္ ထိုင္းကို ေဆးကုသြားခဲ့တဲ့ NLD ပါတီဒုဥကၠ႒-၂ မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ကေတာ့ ပါတီတာဝန္ေပးတဲ့အေပၚမွာ မူတည္ေနတယ္လို႔ မုံ႐ြာဦးေအာင္ရွင္က ေျပာပါတယ္။

NLD အတြင္းေရးမႉး ၁နဲ႔ ၂ ေတြျဖစ္တဲ့ ဦးဉာဏ္ဝင္း၊ ဦးဟံသာျမင့္တို႔ကေတာ့ ဝင္ေ႐ြးခံမွာ မဟုတ္ပါဘူး။ အတြင္းေရးမႉး ၃ ေဒါက္တာေအာင္မိုးညိဳ အပါအဝင္ ဗဟိုေကာ္မတီဝင္အမ်ားစု ဝင္ၿပိဳင္သြားဖို႔ ရွိေနပါတယ္။ ၂၀၁၅ ေ႐ႊးေကာက္ပြဲကို ႏိုဝင္ဘာ ၈ ရက္မွာ က်င္းပခဲ့ၿပီး ႏိုင္ငံေရးပါတီ ၉၁ ပါတီဝင္ၿပိဳင္ခဲ့ပါတယ္။ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ အခ်က္အလက္ အတိုင္းဆိုရင္ လက္ရွိ တည္ဆဲႏိုင္ငံေရးပါတီ ၉၇ ခုရွိပါတယ္။

 ေဇာ္ထက္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/how-nld-will-choose-candidate-for-election-/5444932.html
NLD က ၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ဘယ်လို ရွေးချယ်မလဲ NLD က ၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ဘယ်လို ရွေးချယ်မလဲ Reviewed by THITHTOOLWIN on 08:02 Rating: 5
Powered by Blogger.